
အသက်၏အနှစ်သာရ — The Life Core
နောက်ဆက်တွဲ ၂: အသက်တာ၏နှိုင်းစာချက်များ
ဘုရားသခင်သည် မကြာခဏ ဝိညာဉ်ရားရာသမ္မာတရားများအပေါ်၌ ကျနော်တို့၏နားလည် သဘောခြင်းကို နက်ရှိုင်းစေပါသည်။ ကျနော်တို့အသက် အတွက် ဘုရားသခင်ပေးအပ်သည့် နှိုင်းစာချက်များကို လေ့လာသောအခါ ကိုယ်တော်သည် အရေးကြီးဆုံးသောသမ္မာတရားများကို မယုံကြည်နိုင်လောက် အောင်ပင် ရှင်းလင်းစေပါသည်။ အသက်တာနှိုင်းစာချက် လေးမျိုးမှာ၊

၁။ အသက်ပေါက်ဖွားခြင်း - မျိုးစေ့၏နှိုင်းစာချက်
ဝိညာဉ်ရေးရာကြီးထွားမှု၏အစပြုခြင်း
“ငါအမှန်အကန်ဆိုသည်ကား မြေ၌ကျသောစပါးစေ့သည် မပျက်လျှင် တခုတည်းနေ၏။ ပျက်လျှင်မူကား များစွာသောအသီးကို သီးတတ်၏။ မိမိ အသက်ကို နှမြောသောသူသည် အသက်ဆုံးလိမ့်မည်။ ဤလောက၌ မိမိအသက်ကို မုန်းသောသူမူကား ထာဝရအသက်ကို စောင့်ရှောက်လျက်နေ၏”(ယော၊၁၂:၂၄-၂၅)။
“သင်တို့သည် ဖောက်ပြန်ပျက်စီးတတ်သောမျိုးစေ့အားဖြင့် ဖြစ်ပွားသည် မဟုတ်၊ မဖောက်ပြန် မပျက်စီးတတ်သောမျိုးစေ့တည်းဟူသော အသက်ရှင်၍ အစဉ်အမြဲတည်တော်မူသော ဘုရားသခင်၏နှုတ်ကပတ်တော်အားဖြင့် ဖြစ်ပွား သောသူများဖြစ်ကြ၏“(၁ပေ၊၁:၂၃)။
၂။ အသက်တာ၏န ယ်ပယ် - အသက်တာ၏နှိုင်းစာချက်
ဝိညာဉ်ရေးရာကြီးထွားမှု၏အခြေခံတရားများ
“သားတော်ကို ယုံကြည်သောသူသည် ထာဝရအသက်ကိုရ၏။ သားတော်ကို ပယ်သောသူမူကား အသက်ကိုမတွေ့ရ။ ထိုသူ၏အပေါ်၌ ဘုရားသခင် ၏အမျက်တော် တည်နေသည်ဟု ယောဟန်ဟောလေ၏“ (ယော၊၃:၃၆)။
“ယေရှုသည် ခရစ်တော်တည်းဟူသော ဘုရားသခင်၏သားတော်ဖြစ် တော်မူသည်ကို သင်တို့သည် ယုံမည်အကြောင်း ထိုသို့ယုံ၍ နာမတော်အားဖြင့် အသက်ကိုရမည်အကြောင်း ဤမျှလောက်ရေးထားလျက် ရှိသတည်း။“(ယော၊ ၂၀:၃၁)။
၃။ အသက်တာ၏ကြီးထွားမှု - ကြီးထွားမှု၏နှိုင်းစာချက်
ဝိညာဉ်ရေးရာကြီးထွားမှု၏အဆင့်များ
“အဘတို့၊ သင်တို့သည် ရှေ့ဦးစွာကပင် ရှိတော်မူသောသူကို သိသော ကြောင့် သင်တို့အား ငါရေး၍ပေးလိုက်၏။ လူပျိုးတို့၊ သင်တို့သည် မာရ်နတ်ကို အောင်သောကြောင့် သင်တို့အား ငါရေး၍ ပေးလိုက်၏။ သူငယ်တို့၊ သင်တို့သည် ခမည်းတော်ကိုသိသောကြောင့် သင်တို့အား ငါရေး၍ပေးလိုက်၏။ အဘတို့၊ သင်တို့သည် ရှေ့ဦးစွာကပင် ရှိတော်မူသောသူကို သိသောကြောင့် သင်တို့အား ငါရေး၍ ပေးလိုက်ခဲ့ပြီ။ လူပျိုတို့၊ သင်တို့သည် ခွန်အားနှင့် ပြည့်စုံ၍ ဘုရားသခင် ၏နှုတ်ကပတ်တော်၌ မှီဝဲဆည်းကပ် သဖြင့် မာရ်နတ်ကို အောင်သောကြောင့် သင်တို့အား ငါရေး၍ပေးလိုက်ခဲ့ပြီ“(၁ယော၊၂:၁၃-၁၄)။
၄။ အသက်တာပြောင်းလဲခြင်း - ပြောင်းလဲခြင်း၏နှိုင်းစာချက်
ဝိညာဉ်ရေးရာကြီးထွားမှု၏ရည်ရွယ်ချက်
“ဘုရားသခင်သည် အလိုတော်ရှိသည့်အတိုင်း ကိုယ်ကိုပေးတော်မူ၏။ မျိုးစေ့အသီးသီးတို့အားလည်း မိမိတို့မျိုးအတိုင်း ကိုယ်ကိုပေးတော်မူ၏။ အသားရှိ သမျှတို့သည် တမျိုးတည်းမဟုတ်။ လူသားတမျိုး၊ အမဲသားတမျိုး၊ ငါးသားတမျိုး၊ ငှက်သားတမျိုး အသီးအသီးရှိကြ၏(၁ကော၊ ၁၅:၂၈-၂၉)။
“ကောင်းကင်အကောင်အထည်လည်း ရှိ၏။ မြေကြီးအကောင်အထည် လည်းရှိ၏။ ကောင်းကင်အကောင်အထည်၏ဂုဏ်အသရေလည်းတမျိုး၊ မြေကြီး အကောင်အထည်၏ဂုဏ်အသရေလည်း တမျိုးဖြစ်၏။ … ထိုနည်းတူ သေသော သူတို့၏ထမြောက်ခြင်းအကြောင်းအရာဖြစ်၏။ ကိုယ်သည် စိုက်သောအခါ ပုတ်တတ်သောသဘောရှိ၏။ ထမြောက်သောအခါ မပုတ်နိုင်သောအဖြစ်၌ တည်၏”(၁ကော၊၁၅:၄၀၊၄၂)။
© Paul J. Bucknell · Burmese translation: ဓမ္မဆရာတော် ဦးဘီထန်း (Bee Htan) · Biblical Foundations for Freedom