အသက်၏အနှစ်သာရ — The Life Core. ခရစ်ယာန် အသက်တာ၏ အခြေခံအမှန်တရားများ. Burmese edition banner with a growing seedling at sunrise over mountains.

အသက်၏အနှစ်သာရ — The Life Core

နောက်ဆက်တွဲ ၃- စီးဆင်းမှု

Original Burmese The Life Core appendix 3 diagram 1

၁ယော၊၂၁၂-၁၄ထဲက အထက်ပါဇယား၏စီးဆင်းမှုသည် ဤအချက်နှစ် ချက်ကို သိမ်းထားသည်-(၁)လှိုင်းတံပိုး၏ရွေ့လျားမှုကြောင့် တန်ခိုးပြည့်စုံသော ဘုရားသခင်၏ရည်ရွယ်ချက်နှင့်အတူ(၂)ဘုရားသခင်၏လမ်းစဉ်များကို ဝိညာဉ် ရေးရာ ကြီးထွားဖွံ့ဖြိုးမှု အဆင့်သုံးဆင့်၌ တွေ့မြင်ရသည်။

အစက်ပေါက်များပါဝင်သည့်မျဉ်းကြောင်းများသည် နည်းပညာအရ ၁ယော၌ တွေ့မြင်ရသည့်ရုပ်ပုံ အစိတ်အပိုင်းမဟုတ်သော်လည်း အသင်းတော်၏ ရုပ်လုံးကို ပိုမိုပြည့်စုံစေဖို့ရန် ထည့်သွင်းခြင်းဖြစ်သည်။ ရှာဖွေသူအဆင့်ရှိသည် စက်ဝိုင်းပုံသည် ဘုရားသခင်ထံသို့ လူများလာရောက်ရန်အတွက် ဘုရားသခင် နှိုးဆော်သည့်နေရာဖြစ်သည်။ ဇယားအဆုံးပိုင်းသည် အသင်းတော်၏လမ်းညွှန် မှုကို ကြီးမားစွာပုံသွင်းသည့် တတိယအဆင့်၏ချဲ့ထွင်ခြင်းအဖြစ် ဖြည့်ဆည်း ပေးခြင်းဖြစ်သည်။ ဤတပ်ဆင်သူများသည် အချိန်ပြည့် သို့မဟုတ် အချိန်ပိုင်း ဘုရားသခင်၏လူတို့ကို တည်ဆောက်ဖို့ရန် သူတို့၏ခွန်အားများကို ပြန်လည် မြှုပ်နှံခြင်းဖြစ်သည်။

ဘုရားပေးသည့်အသက်သည် မိမိလူတို့အတွက် ဘုရားတရားကြည်ညို သည့်အကျင့်စရိုက်ကို ဖန်တီးရန် မြစ်ရေသဖွယ်စီးဆင်းလျက်ရှိပြီး သူတို့၏ ယုံကြည်ခြင်း ကြီးထွားခြင်းအတွက် အကောင်းဆုံးဖြစ်သည်။ သူတို့သည် ယုံကြည်ခြင်းအားဖြင့် ဘုရားသခင်ကိုသိရှိလေ ဘုရားသခင်နှင့် ပို၍နီးကပ်လေ၊ ကိုယ်တော်၏ကြီးမားသော ရည်ရွယ်ချက်များကို ပိုမိုကောင်းမွန်စွာ ထမ်းဆောင် နိုင်လေဖြစ်၏။ သန့်ရှင်းမြင့်မြတ်သောအလုပ်ကို အစပြု၍ ဆက်လက်တည်စေမည့် ဘုရားသခင်သည် ဘုန်းအသရေရှိသမျှနှင့် ပြည့်စုံပါစေသော။ ထိုသမ္မာတရား၏ ဖြစ်တည်မှုသည် ဤလောက၌ သခင်ဘုရား၏အလုပ်ကို တုံ့ပြန်နိုင်ဖို့ရန် ကျနော်တို့အား အားကြီးစွာနိုးကြားစေသင့်သည်။ သို့မှသာ ၎င်းသည် ကျနော်တို့ အသက်တာနှင့်လေ့ကျင့်သင်ကြားခြင်းအတွက် အရှိန်အဝါကြီးသည့် တို့ထိမှုဖြစ် နိုင်ပေမည်။

© Paul J. Bucknell · Burmese translation: ဓမ္မဆရာတော် ဦးဘီထန်း (Bee Htan) · Biblical Foundations for Freedom