အသက်၏အနှစ်သာရ — The Life Core. ခရစ်ယာန် အသက်တာ၏ အခြေခံအမှန်တရားများ. Burmese edition banner with a growing seedling at sunrise over mountains.

အသက်၏အနှစ်သာရ — The Life Core

နောက်ဆက်တွဲ ၄: စာရေးသူ၏အကြောင်း

Paul သည် ၁၉၈၀ ခုနှစ်ကတည်းက ပင်လယ်ရပ်ခြား အသင်းတော်တည် ထောင်သူအဖြစ် အမှုတော် ထမ်းဆောင်ခဲ့ပြီး အမေရိကန်ပြည်ထောင်စုမှာလည်း ၁၉၉၀ ခုနှစ်ကတည်းက သင်းအုပ်တာဝန်ထမ်းဆောင်ခဲ့သူ ဖြစ်ပါသည်။ ဘုရား သခင်က သူ့ကို Biblical Foundations for Freedom တည်ထောင်ရန် ၂၀၀၀ ခုနှစ်တွင် ခေါ်ခဲ့၍ စာအုပ်များကို ရေးသားကာ နိုင်ငံတကာ ခရစ်ယာန်ခေါင်းဆောင် လေ့ကျင့်သင်ကြားခြင်းကို လုပ်ဆောင်လျက် ဒေသန္တာရအသင်းတော်၌ အမှုတော် ထမ်းဆောင်ခဲ့၏။

Paul ၏ကျယ်ပြန့်သော နယ်ပယ်အပိုင်းအခြားဖြစ်သည့် ခရစ်ယာန် အသက်တာ၊ တပည့်တော်မွေးထုတ်ခြင်း၊ ဘုရားတရားကြည်ညိုလျက် အသက် ရှင်ခြင်း၊ ခေါင်းဆောင်မှု လေ့ကျင့်သင်ကြားခြင်း၊ အိမ်ထောင်ရေး၊ မိဘပြုစုခြင်း၊ စိုးရိမ်ခြင်း၊ ဓမ္မဟောင်းဓမ္မသစ် အနက်ဖွင့်ခြင်းနှင့်ဝိညာဉ်ရေးရာ အသက်တာ ခေါင်းစဉ်များစွာတို့ကို ရေးသားပြုစုသူဖြစ်ပါသည်။

Paul သည် လွန်ခဲ့သည့် ၃၅ နှစ်အထက်ကပင် အိမ်ထောင်ပြုခဲ့သူဖြစ် ပါသည်။ သားသမီးရှစ်ယောက်နှင့် မြေးသုံးယောက်ထွန်းကားခဲ့ပါသည်။ Paul နှင့်သူ့ဇနီး Linda တို့သည် သူတို့အသက်တာ၌ အံဩဖွယ်ရာဘုရားသခင်၏ ကောင်းကြီးမင်္ဂလာများကို အစဉ်တွေ့မြင်ကြရ၏။

Paul နှင့် Linda လင်မယားနှစ်ဦးတို့၏အကြောင်းကို ပိုမိုသိရှိလိုပါက BFF လုပ်ငန်း onlineပေါ်၌ ဝင်ရောက်ကြည့်ရှုနိုင်ပါသည်။

www.foundationsforfreedom.net

© Paul J. Bucknell · Burmese translation: ဓမ္မဆရာတော် ဦးဘီထန်း (Bee Htan) · Biblical Foundations for Freedom