အသက်၏အနှစ်သာရ — The Life Core. ခရစ်ယာန် အသက်တာ၏ အခြေခံအမှန်တရားများ. Burmese edition banner with a growing seedling at sunrise over mountains.

အသက်၏အနှစ်သာရ — The Life Core

အခန်း ၄၀ — အသက်၏အင်အား

ဤစာအုပ်၏စိန်ခေါ်ချက်ကား သင်ယူ၍မရနိုင်သောအမှန်တရားကို ထင် ထင်ရှားရှား ဖြစ်စေပါသည်။ ၎င်းသည် ကျနော်တို့၏အသက်တာ၌ အထူးသဖြင့် မိမိတို့၏လေ့ကျင့်သင်ကြားခြင်း၌ အဆက်မပြတ်လွှမ်းမိုးသော အရာဖြစ်ပေ သည်။

ကျနော်တို့သည် ဆေးဝါးကုသမှုနည်းဟန်၌ ဇီဝဗေဒပညာရှင်တစ်ဦး၏ လုပ်ထုံးလုပ်နည်းအတိုင်း ဖြစ်စဉ်ကို သင်ယူနေခြင်းမျှသာမဟုတ်ပေ။ ဇီဝဗေဒ ပညာရှင်တစ်ဦးသည် မိမိ၏အတွေ့အကြုံကိုသာ စောင့်ကြည့်တတ်၏။ ကျနော်တို့ သည် ဘုရားသခင်ရည်ရွယ်သည့်အသက်ကို သုတေသနပြုဖို့မဟုတ်ပဲ တွေ့ကြုံ ခံစားဖို့ရန် ခေါ်ထားခြင်းခံရသူများဖြစ်သည်။

ကျနော်တို့လည်းပဲ ကျမ်းတတ်ဆရာများ၊ သင်အုပ်များ၊ ဓမ္မဆရာများနှင့် ခရစ်ယာန်ခေါင်းဆောင်များနည်းတူ မှားယွင်းမှုများကို ကျူးလွန်ကြ၏။ ကျနော်တို့ သည် မိမိတို့၏လုပ်ငန်းကိုသာ အာရုံစိုက်လျက် မိမိတို့နှင့်အခြားသူများ၏အထဲ၌ ရှိသည့် ခရစ်တော်တန်ခိုးတော်ကို အနည်းငယ်မျှသာအာရုံစိုက်ကြ၏။ အာရုံစိုက် ရမည့်မေးခွန်းတချို့မှာ၊

➡ ကျနော်တို့သည် အခြားသူများကို သာသနာလုပ်ငန်းနှင့် အမှု တော်မြတ်အတွက် ကောင်းမွန်စွာ လေ့ကျင့် တပ်ဆင်ပါသလား။

➡ ခေါင်းဆောင်များလေ့ကျင့်ပေးရာ၌ မည်သည့်အရာကဖြစ် မြောက်စေသည်ကို စေ့စေ့စပ်စပ် သုံးသပ် အကဲဖြတ်ပါသလား။

➡ ဘုရားတရားကြည်ညိုသည့်ခေါင်းဆောင်မွေးထုတ်ခြင်းကို ထိခိုက်စေသည့် နိမ့်ကျသောလက္ခဏာများကို ဘာ့ကြောင့် ကျနော်တို့သည်း ခံပါသနည်း။

ကျနော်တို့သည် မည်သည့်ကျောင်းကိုတက်ခဲ့သည်ဖြစ်စေ၊ မည်သည့်အ သင်းတော်၌ ပါဝင်သည်ဖြစ်စေ၊ မည်သည့်ရာထူးကိုပိုင်ဆိုင်ထားသည်ဖြစ်စေ ကိစ္စမရှိပါဘူး၊ အခြားသူများ အသက်တာပြောင်းလဲခြင်း ခံစားစေခြင်းငှာ တပည့် တော်မွေးထုတ်ခြင်းကသာ ကိစ္စရှိသောအရာဖြစ်ပါသည်။ (ကျနော်ဟာ အသက်တာ ပြောင်းလဲခြင်းအပေါ်၌ ဦးတည်သည့်တရားဟောခြင်း၊ သင်ကြားခြင်း၊ အကြံပေး တိုင်ပင်ခြင်း၊ တအိမ်တက်ဆင်းသွားရောက်ခြင်း၊ ညွှန်ပြပေးခြင်း၊ မေးဆက်ခြင်း နှင့်စကားစမြည်ပြောဆိုခြင်းတို့ကို ကျယ်ကျယ်ပြန့်ပြန့်လုပ်ဆောင်လျက်ရှိ၏။ တစ်ဦးအပေါ်တစ်ဦး တပည့်တော်မွေးထုတ်ခြင်းသည် အလွယ်ကူဆုံးသောအရာ ဖြစ်သည်။

အကယ်၍ ကျနော်တို့လုပ်ဆောင်သောအရာများသည် အသက်တာပြောင်း လဲခြင်း မရှိဘူးဆိုပါက ကျနော်တို့လုပ်ဆောင်သောအရာများသည် မည်ကဲ့သို့ဖြစ် သည်ကို အရေးတကြီး ပြန်လည်တွက်ချက်ဖို့ လိုအပ်ပါလိမ့်မည်။ ကျနော်တို့သည် မိမိတို့၏ဓမ္မကျောင်းများ၊ အသင်းတော်များနှင့်လူဦးရေ အရေအတွက်ကြောင့် ဂုဏ်ယူနိုင်သော်လည်း ခရစ်တော်၏မေတ္တာနှင့်ရုပ်လုံးသဏ္ဍာန် ပေါ်လွင်ထင် ရှားခြင်း မရှိပါက ကျနော်တို့လုပ်ဆောင်သမျှသည် အချည်းနှီးသာဖြစ်သည်။

တာဝန်ယူ ဆောင်ရွက်ခြင်း

ကျနော်တို့သည် အခြားသူများကို မွေးထုတ်တပ်ဆင်ပေးရန်ဖြစ်သည်။ သို့မှသာ သူတို့သည် အခြားသူများကို ဝိညာဉ်ရေးရာကြီးထွားခြင်း အဆင့်သုံးဆင့်၌ တပည့်တော်ဖြစ်စေနိုင်မည်ဖြစ်သည်။ ယုံကြည်သူအသီးသီးတို့သည် ဤအဆင့်များ ကို ဖြတ်ကျော်ကြရမည်။

ခရစ်တော်အားဖြင့် လူတိုင်းစုံလင်ခြင်းသို့ ရောက်၍ လူခပ်သိမ်းတို့ကို ဆက်သအံ့သောငှာ ငါတို့သည် လူခပ်သိမ်းတို့ကို သတိပေး၍ သတိအမျိုးမျိုးနှင့် ဆုံးမသွန်သင်လျက် ခရစ်တော်၏တရားကို ဟောပြောကြ၏။ ထိုသို့အလို့ငှာ ငါသည် အမှုဆောင်ရွက်၍ ငါ၌တန်ခိုးတော် ပြုပြင်အားထုတ်တော်မူ သည်အတိုင်း ကြိုးစားအားထုတ်လေ့ရှိ၏(ကော၊၁:၂၈-၂၉)။

ဘုရားသခင်သည် အဆင့်အမျိုးမျိုးတို့၌ ယုံကြည်သူများအပေါ်တွင် မည်သည့်အရာလုပ်ဆောင်နေသည်ကို တိတိကျကျ စဉ်းစားခြင်းအားဖြင့် ကျနော် တို့သည် သခင်ဘုရားနှင့်အတူ မည်ကဲ့သို့ လုပ်ဆောင်မည်ကို ပို၍ကောင်းကောင်း သိရှိနိုင်သည်။

ယနေ့ ကမ္ဘာတဝှမ်းရှိ ကျနော်တို့အသင်းတော်များ၌ တပည့်တော်မွေး ထုတ်ခြင်း မလုပ်ဆောင်ပဲ နေရသည့်အကြောင်းရင်းမှာ ယေရှု၏မိန့်တော်ချက်ကို မလုပ်ဆောင်လိုသောကြောင့်ဖြစ်သည်။ ကျနော်တို့၏ ဖြေရှင်းနည်းမှာ လူတို့အား ဘုရားသခင်ပေးအပ်သည့်အသက်ကို ထောက်ခံအတည်ပြုခြင်းသာဖြစ်သည်။ ထိုအသက်သည် ဘုရားသခင်၏လူတို့ကို တိကျသောလမ်းစဉ်များ၌ ကြီးထွားရန် အားပေးအားမြှောက်ပြု၍ အခြားသူများအပေါ်၌ ဘုရားသခင်ပြုစေလိုသည့် အရာကို သိရှိဖို့ရန်အတွက် သူတို့၏အသက်တာကို မြှင့်တင်ပေးတတ်၏။

ဦးစားပေးသတ်မှတ်ရန် အရေးတကြီးလိုအပ်မှု

ကျနော်တို့သည် မိမိတို့ကိုယ်တိုင် ကြိုးစားအားထုတ်၍ မိမိတို့၏လေ့ကျင့် သင်ကြားခြင်း၌ ဝိညာဉ်ရေးရာအသက်တာဖြစ်စဉ်ကို ဦးစားပေးသတ်မှတ်လာ သောအခါ သိသာထင်ရှားသည့် အပြောင်းအလဲများ ရှိလာပါလိမ့်မည်။

အကယ်၍ ဘုရားသခင်၏လူတို့သည် ကြီးထွားခြင်းမရှိပါက လေ့ကျင့် သင်ကြားပေးသူဖြစ်သည့် ကျနော်တို့၏ရှုံးနိမ့်ခြင်းပင်ဖြစ်သည်။ အပင်သည် အစဉ် ကြီးထွား၍ ကြီးရင့်လာသည့်နှင့်အမျှ အသီးများစွာသီးလာ၏။ အကယ်၍ အပင်သည် ကြီးထွားခြင်းမရှိပါက လယ်လုပ်သောသူသည် ထိုအပင်၌ ပိုးရှိနိုင် သည်ကိုလည်းကောင်း၊ ရေလုံလောက်မှုမရှိသည်ကိုလည်းကောင်း၊ အခြား မြေဩဇာလိုအပ်မှုရှိနိုင်သည်ကို လည်းကောင်း သိရှိပါလိမ့်မည်။

အသင်းတော်သည် ဘုရားသခင်၏လူတို့အား မကြီးထွားစေနိုင်သည့် ကြီးမားသောပြဿသနာတစ်ရပ် ရင်ဆိုင်နေရသည်။ ဘုရားတရားကြည်ညိုသည့် ဘခေါင်းဆောင်များကို ကောင်းကောင်းမွေးထုတ်ခြင်းမရှိသည့် အသင်းတော်များ၊ ကျမ်းစာကျောင်းများနှင့်ခရစ်ယာန်လေ့ကျင့်ရေး သင်တန်းကျောင်းများသည် ပြဿနာ ဝန်းရံလျက်ရှိ၏။

ဘုရားသခင်သည် အခြားသူများကို စုံလင်ခြင်းသို့ ကြီးထွားစေဖို့ရန် ပြောင်းလဲစေနိုင်သည်ဟူသော ယုံကြည်မှုမရှိပါက ထိုနေရာသည် ဘုရားတရား ကြည်ညိုသည့် လေ့ကျင့်သင်ကြားခြင်းမရှိသောကြောင့် ဖြစ်ပါလိမ့်မည်။ အသင်း တော်သည် ယုံကြည်သူအပေါင်းတို့၌ အမှန်တကယ်ဖြစ်သင့်သည့် အသက်တာ ကြီးထွားဖွံ့ဖြိုးခြင်းထက် ဘုရားတရားကြည်ညိုခြင်းဆိုင်ရာ ဟန်ဆောင်မှုက လွှမ်းမိုး လာပါလိမ့်မည်။

ဘုရားသခင်သည် ကျနော်တို့အထဲ၌ သန့်ရှင်းသောဝိညာဉ်တော် တန်ခိုးအားဖြင့် ဝိညာဉ်ရေးရာ အသက်တာဖြစ်စဉ်အတိုင်း လုပ်ဆောင်လျက် နေသည်ကို ကျနော်တို့တစ်ဖန် အတည်ပြုသောအခါ ကျနော်တို့အထဲ၌ တစ်ဖန်ရှင် သန်လာသည့် ဘုရားသခင်၏အသက်ကို ကျနော်တို့တွေ့မြင်ပါလိမ့်မည်။ ၎င်းသည် အသင်းတော်တည်းဟူသော DNA အသက်အူတိုင်ဖြစ်ပါသည်။ ကျနော်တို့သည် ကျနော်တို့၏နောက်ဆုံးရည်မှန်းချက်ပန်းတိုင်ဖြစ်သည့် ဘုရားသခင်၏မေတ္တာနှင့် အလင်းတရားကို သယ်ဆောင်သည့်နေရာ စုံလင်ခြင်းအဆင့်သို့ ကြီးထွားလျက် ဘုရားသခင်အတွက် လုပ်ဆောင်သောသူအဖြစ် ရပ်တည်ကြပါစေသော။

ဘုန်းကြီးသောနာမတော်သည်းလည်း အစဉ်အမြဲမင်္ဂလာရှိတော်မူစေသ တည်း။ မြေကြီးတပြင်လုံးသည်လည်း ဘုန်းတော်နှင့်ပြည့်စုံပါစေသော (ဆာလံ ၇၂:၁၉)။

သင်ခန်းစာ

  • ဝိညာဉ်ရေးရာအသက်တာဖြစ်စဉ်သည် မြင်ကွင်း၌ မပေါ်သော်လည်း ၎င်း၏တရားနှင့်ကြီးထွားဖွံ့ဖြိုးမှု လမ်းစဉ်သည် ဘုရားသခင်အားဖြင့် ထင်ရှား၍ ခန္ဓာပိုင်းဆိုင်ရာ ကြီးထွားခြင်း၌ အရိပ်အမြွက် ပြသလျက် နေ၏။
  • ဘုရားသခင်၏လူရှိသမျှတို့သည် မိမိတို့၏ဝိညာဉ်ရေးရာအသက်တာ ကြီးထွားခြင်းအတွက်ရော သူတို့ဝန်းကျင်၌ရှိသည့် အခြားသူများအ တွက်ပါ ပြုစုပျိုးထောင်ဖို့ရန် ကြီးလေးသော တာဝန်ရှိကြ၏။
  • ကျနော်တို့သည် ဘုရားသခင်၏အသင်းတော်၌ ခေါင်းဆောင်များဖြစ်သည့် အလျောက် ခရစ်တော်၏မိန့်မှာချက်၌တည်၍ ကျနော်တို့၏ဦးစားပေးမှု များနှင့်လှုပ်ရှားမှုများကို ဘုရားသခင်၏လူတို့အား ဝိညာဉ်ပိုင်းဆိုင်ရာ ကြီးထွားခြင်နှင့်လေ့ကျင့်သင်ကြားခြင်းအဖြစ်သို့ ပြောင်းလဲစေရမည်။
  • မဖြစ်နိုင်စရာဟု ထင်ရသော်လည်း အရေးမကြီးပေ၊ ဘုရားသခင်သည် ဝိညာဉ်ရေးရာအသက်တာ ပြုစုပျိုးထောင်ခြင်းအပေါ် ကြိုးစားအား ထုတ်မှုအတွက် ကျနော်တို့နှင့်အတူ အလွန်လုပ်ဆောင် လိုသောသူဖြစ် ပါသည်။ ဤကား ဘုရားသခင်၏ရည်ရွယ်ချက်ဖြစ်၍ မိမိ၏လူတို့အတွက် မိမိနှင့် သဏ္ဍာန်တူသည့်အဖြစ်သို့ ကြီးထွားစေကာ အသီးများသီးစေလျက် မြေကြီးပေါ်၌ မိမိ၏ရည်ရွယ်ချက်ကို ခံ့ညားထည်ဝါစွာ ပြီးပြည့်စုံစေဖို့ ဖြစ်ပါသည်။
  • ကျနော်တို့သည် ကိုယ်တော်၏ကြီးဇူးတော်အားဖြင့် ကျနော်တို့၏ခမည်း တော်နှင့် ပိုမိုတူညီမှုရှိလာ၍ ကိုယ်တော်၏ကောင်းမြတ်သောအလုပ် များကို ပြီးမြောက်သောအခါ ဘုရားသခင်သည် အထွတ်အထိပ်သို့ ဘုန်းအသရေထင်ရှားခြင်းရှိ၏။ "ထိုနည်းတူ သူတပါးတို့သည် သင်တို့၏ ကောင်းသောအကျင့်ကို မြင်၍ ကောင်းကင်ဘုံ၌ ရှိတော်မူသော သင်တို့အဘ၏ဂုဏ်တော်ကို ချီးမွမ်းစေခြင်းငှာ ..."(မ၊၅:၁၆)။

ကျက်မှတ်၍ ဆင်ခြင်အောက်မေ့ပါ

  • ကော၊၁:၂၈-၂၉

တာဝန်ပေးအပ်ခြင်း

➡ သင်ရှိသည့်နေရာကနေ အစပြုပါ။ သင့်အသက်တာနှင့်သင်၏ဝန်းကျင်၌ ဘုရားသခင်၏အသက် ထင်ရှားစေခြင်းငှာ သင်ကိုယ်တိုင် ဆက်ကပ်ပါ။

➡ သင့်စိတ်နှလုံးထဲ၌ သန္ဓေတည်သည့် မယုံကြည်ခြင်း၏နယ်ပယ်တစ်ခုခုကို ဝန်ခံပါ။ ၎င်းအတွက် နောင်တရပါ။ ဤကား တချို့သော အကြံပေးချက်များ ဖြစ်သည်။ ဤအချက်များကို "ငါသံသယရှိသည်" ဟုဝန်ခံရမည်။

  • ဘုရားသခင်၏လူတို့သည် စုံလင်သောအသက်တာသို့ ကြီးထွားနိုင်သည်။
  • ဘုရားသခင်သည် မိမိအသက်တာ၌ဖြစ်စေ၊ သူတပါးတို့၏အသက်တာ၌ ဖြစ်စေ သူ၏ဧရာမ ရည်ရွယ်ချက် ပြီးပြည့်စုံဖို့ရန် တက်တက်ကြွကြွ လုပ်ဆောင်လျက်နေသည်။
  • ဤအသက်တာ အပြောင်းအလဲသည် အရေးကြီး၏။
  • ငါသည် ငါ၏အသက်တာ နယ်ပယ်တစ်ခုထက် ပို၍ပြောင်းလဲနိုင်ပါသည်။
  • ဘုရားသခင်၏လေ့ကျင့်ခြင်းဆိုင်ရာ အဓိကရည်ရွယ်ချက်မှာ ဝိညာဉ်ပိုင်း ဆိုင်အသက်တာ ပြုစု ပျိုးထောင်ခြင်း၌ အဓိကျပါသည်။

➡ ကောလောသဲ ၁:၂၈-၂၉ ကို သင့်ကိုယ်ပိုင်စကားဖြင့် ပြန်ရေး၍ "ငါတို့"ဟူသောစကားလုံး၌ "ငါ"ဟူ၍ အစားထိုးအသုံးပြုပါ။

➡ ဘုရားသခင်၏လူတို့ကြီးထွားခြင်းအတွက် ကူညီဖေးမခြင်းနှင့်ကိုယ်တော် ၏ရည်ရွယ်ချက် သယ်ပိုးခြင်း တို့၌ ကိုယ်တော်နှင့်အတူ လုပ်ဆောင်ခြင်းအားဖြင့် ဘုရားသခင်၏ဘုန်းအတွက် အမြင့်မြတ်ဆုံး လုပ်ဆောင်ပါ။

➡ ဘုရားသခင်သည် သင်၏စိတ်နှလုံး၌ လျှပ်တပြက် ခြေလှမ်းများ ချပေးခြင်းရှိသည်မရှိသည်ကို ခဏရပ်၍ ရှာဖွေကြည့်ပါ။ ၎င်းတို့၏အကောင် အထည်ဖော်မှုများကို အစပြုသောအခါ၎င်းတို့ကို စာရင်းပြုစု၍ အချိန်ပေးရမည်။

© Paul J. Bucknell · Burmese translation: ဓမ္မဆရာတော် ဦးဘီထန်း (Bee Htan) · Biblical Foundations for Freedom