
အသက်၏အနှစ်သာရ — The Life Core
အခန်း ၃၉ — ရေရှည်ရှုထောင့်အမြင်
ဘုရားသခင်သည် ကျနော်တို့၏ခန္ဓာကိုယ်ကို ကြီးထွားလာအောင် ပုံဖော် ထားသည့်အတိုင်း သူ့လူတို့၏ဝိညာဉ်ရေးရာကိုလည်း ထို့အတူ ကြီးထွားစေလို သည်။ ထို့ပြင် ဘုရားသခင်သည် ယုံကြည်သူအသီးသီးတို့အား ထူးခြားသည့် ဝါသနာနှင့်ဆုကျေးဇူးများကို ပေးအပ်တော်မူ၏။
ကျနော်တို့သည် စိန်ခေါ်မှုများစွာကို တင်ပြသောအခါ မကြာသေးမီက တင်ပြပြီးသောအရာကို ရပ်ဆဲမည်ဆိုပါက ကျနော်တို့၏အမြင်သည် တွန့်ရှုံ့သွား ပါလိမ့်မည်။ ကျနော်တို့ဆွေးနွေးပြီးသော အဆင့်သုံးဆင့်အပြင် အခြားတစ်ဆင့် ရှိသေး၏။ ထိုအဆင့်ကား ကျနော်တို့လိုအပ်သည့် ဝိညာဉ်ရေးရာ ထိုးထွင်းသိမြင် နိုင်စွမ်းပင်ဖြစ်သည်။
တနေ့ကျရင် ဘုရားသခင်သည် ကျနော်တို့၏ခန္ဓာကိုယ်ကို ပြောင်းလဲ၍ အသစ်သောခန္ဓာကိုယ်ဖြင့် သူ့ထံ၌တည်ရှိစေမည်။ ၎င်းသည် ထာဝရကာလ အတွက်ဖြစ်ပါသည်။ သည်းခံသောသူတို့သည် အသက်သရဖူကို ရရှိကြလိမ့်မည်။
စုံစမ်းနှောင့်ယှက်ခြင်းကို သည်းခံသောသူတို့သည် မင်္ဂလာရှိ၏။ အကြောင်းမူကား စစ်ကြောစုံစမ်းခြင်းကိုခံပြီးမှ သခင်ဘုရားကို ချစ်သောသူတို့အား ကတိထားတော်မူသော အသက်သရဖူ ကိုရလိမ့်မည်(ယာ၊၁:၁၂)။
အသက်ရှင်ခြင်း၏လက္ခဏာကား မရပ်မနားအစဉ် ဆန္ဒပြင်းပြခြင်း၊ ဖြစ်နိုင်သမျှအသက် ရှင်ခြင်းနှင့် ၎င်း၏တည်ရှိမှုကို ပြန်လည်ထုတ်လုပ်ခြင်း အားဖြင့် တည်တံ့မြဲမြံခြင်းတို့ဖြစ်ပါသည်။ တချို့က သေခြင်းသည် သာမန်ဖြစ်သည် ဟုသွန်သင်ကြသော်လည်း ယင်းသည် မှန်ကန်မှုမရှိပေ။ အကယ်၍ သေခြင်းသည် အသက်ရှင်ခြင်း၏အခြားအပိုင်းဖြစ်မည်ဆိုလျှင် အသုဘ၌ ငိုယိုဝမ်းနည်းစရာ အကြောင်းမရှိပေ။
ကျနော်တို့သည် ဘုရားသခင်ရှေ့တော်၌ အပြစ်ကင်းရှင်းစွာ အသက်ရှင် ရပ်တည်သောအခါ ကျနော်တို့၏ဝိညာဉ်ရေးရာ အသက်တာသည် ပြီးပြည့်စုံ၍ အထွက်အထိပ်သို့ ရောက်ရှိသွား၏။ ယေရှုက မိမိတပည့်တော်များကို ဤမြေကြီး ပေါ်၌ ကျနော်တို့မြင်တွေ့သည့်အရာများပေါ်၌ စဉ်းစားတွေးတောခြင်း မပြုရန် သတိပေး၏။ အသက်ဟူသည်မှာ မြေကြီးပေါ်၌ ကျနော်တို့တွေ့ကြုံသည့်အရာထက် များစွာပို၏။
ယုံကြည်ခြင်းအားဖြင့် အသက်ရှင်ခြင်းဆိုသည်မှာ ဤမြေကြီးပေါ်၌ ဘုရားသခင်၏အလိုတော်ကို နားလည်ခြင်းသက်သက်မဟုတ်ပဲ သူ၏အလိုတော်ကို အချိန်တိုအတွင်း၌ အကောင်အထည်ဖော်ဖို့ရန် မှန်ကန်စွာ ဦးစားပေးတတ်ခြင်း ကိုဆိုလိုသည်။ ထိုသို့ဆိုရာတွင် ထာဝရကာလကို ထောက်ရှုလျက် ကျနော်တို့ အသက်ရှင်မှသာ ဖြစ်ထွန်းလာမည်ဖြစ်သည်။ ထိုအခါ ကျနော်တို့၏အချိန်၊ ဦးတည်ချက်နှင့်ခွန်အားများသည် ဤမြေကြီးပေါ်၌ မှန်မှန်ကန်ကန် စတင်အချိုး ကျလာပေမည်။
ရေရှည်လေ့ကျင့်သင်ကြားခြင်း
ထာဝရကာလနှင့်စပ်ဆိုင်သည့် ကျနော်တို့၏အမြင်သည် ကျနော်တို့၏ အချိန်အခါပေါ် ကျနော်တို့မည်ကဲ့သို့သတိမူသည်ကိုသာ ပုံသွင်းခြင်းမဟုတ်ပဲ အခြားသူများအပေါ်၌ မိမိတို့မည်ကဲ့သို့ လေ့ကျင့်သင်ကြားသည်ကိုလည်း ကြီးမားစွာပုံသွင်းစေပါ၏။ တရွေ့ရွေ့ကုန်ဆုံးနေသောအချိန်နှင့် ထာဝရကာလသို့ ရွေ့လျားနေသောအချိန်ကာလအပေါ်၌ ဤသို့သောအမြင်မရှိပါက ကျနော်တို့၏ ဦးစားပေးခြင်းများသည် စောင်းသွားပါလိမ့်မည်။ ကျနော်လည်း ယောဟန်၏တင် ဆက်မှုကို အလွန်နှစ်သက်လှပါ၏။
ချစ်သူတို့၊ ယခုတွင် ငါတို့သည် ဘုရားသခင်၏သားဖြစ်ကြ၏။ နောက်မှ အဘယ်သို့သော သူဖြစ်မည်ကို မထင်ရှားသေး။ သို့သော်လည်း ကိုယ်တော်သည် ထင်ရှားပေါ်ထွန်းတော်မူသောအခါ ငါတို့သည် ကိုယ်တော်နှင့်တူကြလတံ့။ ထိုသို့ မျှော်လင့်သောသူမည်သည်ကား ကိုယ်တော်သန့်ရှင်းတော်မူသည်နည်းတူ ကိုယ်ကို သန့်ရှင်းစေတတ်၏(၁ယော၊၃:၂-၃)။
ထိုသို့သောမျှော်လင့်ချက်သည် ကျနော်တို့၏ဝိညာဉ်ရေးရာ ကြီးထွားဖွံ့ဖြိုး မှု၌ အထူးသဖြင့် သန့်ရှင်းခြင်းနယ်ပယ်၌ မည်သို့စေ့ဆော်မှုဖြစ်သည်ကို သတိပြု ရမည်။ သမ္မာတရားအပေါ်၌ ကျနော်တို့၏အမြင် ပိုမိုကြည်လင်ပြတ်သား လေ ထိုသမ္မာတရားအားဖြင့် ကျနော်တို့သည် ပုံသွင်းခြင်းခံရလေဖြစ်မည်။
ဘုရားသခင်၏မြို့တော်အဖို့ ရှာဖွေခြင်း
အဆင့်#၃သည် ရင့်ကျက်ခြင်းအကြောင်းကို ပြောဆိုသော်လည်း ၎င်းသည် ကျနော်တို့၏ရည်မှန်းချက်ပန်းတိုင် အဆုံးမဟုတ်ပေ။ ၎င်းသည် လောက၌ရှိနေစဉ် အမှုကိစ္စအတွက်သာဖြစ်သည်။ ဤလောကသည် တညီတညွတ်တည်း ညည်းတွား ၍ ဆင်းရဲခြင်း ဝေဒနာ၏ထိန်းချုပ်မှုကို ခံလျက်နေ၏ (ရော၊၈:၁၈-၂၂)။ သို့ဖြစ်၍ ကျနော်တို့သည်လည်း ဖြောင့်မတ်ခြင်းအဝတ်ကို ဝတ်ဆင်၍ အပြစ်တရား မရှိတော့ သည့် ဘုရားရှင်မျက်မှောက်တော်၌ အသက်ရှင်ခြင်းကို မျှော်လင့်တောင့်တလျက် နေကြရခြင်းဖြစ်၏။
ထိုမျှမက ဝိညာဉ်တော်၏ကျေးဇူးတော်အစအဦးကို ခံပြီးသော ငါတို့သည် လည်း သားအရာ၌ မြှောက်ခြင်းချမ်းသာကို မျှော်လင့်၍ စိတ်နှလုံးထဲ၌ ညည်းတွား လျက် နေကြ၏(ရော၊၈:၂၃)။
ဤအနာဂတ် ပြုပြင်ပြောင်းလဲခြင်းသည် မြေကြီးပေါ်၌ မည်သည့်အရာက အရေးကြီးဆုံးဖြစ်သည်ကို ကျနော်တို့အား သတိရှိစေပါသည်။ အသက်တာ တစ်ခုလုံးသည် ရှင်ပြန်ထမြောက်ခြင်းနှင့်စပ်ဆိုင်သော သမ္မာတရားအားဖြင့် ပြောင်းလဲခြင်းဖြစ်သည်။ အသက်တာဟူသည်မှာ ဤမြေကြီးပေါ်၌ ကျနော်တို့ ကြုံတွေ့ရသည့်အရာသာမကပဲ အနာဂတ်အတွက်ပါ ပုံသွင်းထားခြင်းကိုဆိုလို ပါသည်။ ပိုမိုကြီးမားသော မျှော်လင့်ချက်သည် ကျနော်တို့၏လက်ရှိ လှုပ်ရှားမှု များနှင့်စိတ်ကူးယဉ်အိပ်မက်များကို လွှမ်းမိုးသွားသည်။
ဤမြေကြီးပေါ်၌ရှိသည့် ယုံကြည်သူမှာသမျှသည် သူတို့အသက်တာ၌ ဘုရားသခင်ပြုစေလိုသည့် အလားအလာကို စေ့စေ့စပ်စပ် စိတ်ဝင်တစားဖြစ်သင့် သည်။ လက်ရှိဖြစ်ပေါ်နေသည့် အပြောင်းအလဲသည် သိသာထင်ရှားနေသော် လည်း အလွန်ကြီးမားသည့် ဘုရားသခင်၏အနာဂတ်ကတိတော်နှင့် နှိုင်းယှဉ် ကြည့်လျှင် အနည်းအကျဉ်းမျှသာရှိ၏။ ကျနော်တို့သည် မည်သို့ပင်ဖြစ်စေ ဤမြေကြီးပေါ်၌ ကျနော်တို့၏ဝိညာဉ်ရေးရာ အသက်တာနှင့်ကြီးထွားဖွံ့ဖြိုးမှုကို သေးသိမ်အောင်မလုပ်သင့်ပေ။ အသစ်သောအသက်တာမရှိပဲ ထာဝရအသက် ဟူ၍မရှိပေ။ ကျနော်တို့သည် ဘုရားသခင်၏မိသားစုဝင်နှင့် ဆက်စပ်ခြင်းမရှိပဲ မည်သည့်အခါမျှ ကိုယ်တော်၏မိသားစုဝင်တစ်ဦး ဖြစ်မလာနိုင်ပေ။
ကျွန်ုပ်တို့၏လေ့ကျင့်သင်ကြားခြင်းအတွက် တာဝန်ခံမှု
ဤမြေကြီးပေါ်၌ ကျနော်တို့၏ဝိညာဉ်ရေးရာ ကြီးထွားဖွံ့ဖြိုးမှုနှင့်အသီး သီးခြင်းတို့သည် အနာဂတ်၌ ဆုချပေးမည်ဖြစ်သည်။ ၎င်းသည် ယုံကြည်သူများ အသက်ကုန်ဆုံး၍ တရားစီရင်ခြင်းအားဖြင့် တိုင်းတာသည့်အရာဖြစ်သည်။ ဘုရား သခင်သည် ကျနော်တို့၏ကြိုးစားအားထုတ်မှုနှင့်ဆက်ကပ်အပ်နှံမှုတို့ကို ချင့်ချိန်ပါ လိမ့်မည်။ ကိုယ်တော်သည် ကျနော်တို့လုပ်ဆောင်နိုင်ခဲ့သည့်အရာနှင့် အမှန် တကယ် လုပ်ဆောင်ခဲ့သည့် အရာတို့ကို နှိုင်းယှဉ်ပါလိမ့်မည်။
ယေရှု၏ပုံဥမာ၌ တစ်တာလန်ရသောသူသည် မိမိ၏ဆုကိုမြေ၌ဝှက်ထား၍ ပြစ်တင်ခံရခြင်းအားဖြင့် ကျနော်တို့အပေါ်၌ ဘုရားသခင်၏မျှော်လင့်ခြင်းများကို သတိပြုစေပါသည်။ “အရှင်ကလည်း ဆိုးညစ် ပျင်းရိသောငယ်သား၊ ငါသည် ကိုယ်မစိုက်မပျိုးသောအရပ်၌ ရိတ်၍ ကိုယ်မဖြန့်မကြဲသောအရပ်၌ စုသိမ်းသည်ကို သင်သိသည်မှန်လျှင်၊(မ၊၂၅:၂၆)။
ပေါလုသည် ၁ကော၊အခန်းကြီး ၃ ၌ မျိုးစေ့စိုက်ပျိုးခြင်းနှင့်ကြီးထွားခြင်း ရုပ်လုံးပုံသဏ္ဌန် ကိုအသုံးပြု ခဲ့ပါသည်။ “သို့သော်လည်း စိုက်ပျိုးသောသူ နှင့်ရေလောင်းသောသူသည် တလုံးတဝတည်းဖြစ်၍ အသီးသီး မိမိလုပ်သည် အတိုင်း မိမိအကျိုးကိုခံရလိမ့်မည်”(၁ကော၊၃:၈)။ ဘုရားသခင်သည် ကျနော်တို့၏ စံချိန်စံညွှန်း အတိုင်းမဟုတ်ပဲ သူ၏စံချိန်စံညွှန်းအတိုင်း ကျနော်တို့၏လုပ် ဆောင်ချက် အရည်အချင်းကို စမ်းစစ် သွားပါမည်။
အသီးအသီးလုပ်သော အလုပ်သည် ထင်ရှားလိမ့်မည်။ အဘယ်သို့နည်း ဟူမူကား ဖော်ပြချိန်နေ့ရက်သည် မီးအားဖြင့်ထင်ရှားစေလိမ့်မည်။ လူတိုင်းလုပ် သောအလုပ်သည် အဘယ်သို့သော အလုပ်ဖြစ်သည်ကို မီးသည် စစ်ကြော စုံစမ်းလိမ့်မည်။ ထိုတိုက်မြစ်အပေါ်၌ ထပ်ဆင့်၍ တည်ဆောက်သော အကြင်သူ၏ အလုပ်သည်မြဲ၏။ ထိုသူသည် အကျိုးကိုခံရ လိမ့်မည်။ အကြင်သူ၏အလုပ်သည် ကျွမ်းလောင်၏။ ထိုသူသည် အရှုံးခံရလိမ့်မည်။ သို့သော်လည်း မီးနှင့်လွတ်သကဲ့သို့ သူသည် ကယ်တင်ခြင်းသို့ ရောက်လိမ့်မည်(၁ကော၊၃:၁၃-၁၅)။
ဘုရားသခင်သည် ဝိညာဉ်ရေးရာ အကြောင်းအရာမှစ၍ ဖြစ်ပျက်လာ မည့်အရာ များစွာတို့၏လျှို့ဝှက်ချက်များကို ဖော်ပြခဲ့သည်။ ကျနော်တို့အမွေခံ ရမည့် အသက်၏ဘုန်းအသရေနှင့်စုံလင်မှု လက္ခဏာသွင်ပြင်များစွာ ရှိနေသေး သည်ကိုလည်း သံသယရှိစရာမလိုအပ်ပေ။ ကိုယ်တော်သည် နောင်ကာလ၌ ဖွင့်ဟမည့်စုံလင်ခြင်းကိုလည်း ထောက်ပြခဲ့သည် (မာ၊၁၀:၂၉-၃၀၊ ရော၊၈:၂၁)။ ဤသမ္မာတရားများသည် ကျနော်တို့လေ့ကျင့်သင်ကြားခြင်းတလျှောက်၌ ကျနော် တို့လုပ်ဆောင်သောအရာနှင့် ပြောဆိုသောအရာတို့အတွက် ဖြောင့်တန်းမှု့ကို ပြင်ဆင်ပေး၏။
အသက်ရှင်ခြင်းသည် ကျနော်တို့အပေါ်၌ ဘုရားသခင်ဖြစ်ပေါ်စေသည့် တစုံတရာသက်သက်မဟုတ်ပဲ ကျနော်တို့အား ဘုရားသခင်ပေးအပ်သည့်အရာ၌ ကျနော်တို့ကိုယ်တိုင်၏တုံ့ပြန်ခြင်းဖြင့် ဖြစ်ပေါ်လာသော အရာပါသည်။ ဤမြေကြီး ပေါ်၌ ကျနော်တို့လုပ်ဆောင်သောအရာသည် ထာဝရကာလအတွက် ကြီးမားသော အကျိုးသက်ရောက်မှုဖြစ်ပါသည်။ တခဏသာ ထင်ရှားသည့်ကျနော်တို့၏ အသက် တာ ပုံသွင်းခြင်းသည် နောင်ထာဝရကာလအတွက် ပုံသွင်းခြင်းပင်ဖြစ်သည်။
တစ်ခါတစ်ရံ ကျနော်တို့သည် သားသမီးများနှင့်အတူထိုင်၍ ဓာတ်ပုံ ဟောင်းများနှင့် ဗီဒီယိုဟောင်းများကို ပြန်ကြည့်တတ်ကြ၏။ ထိုအရာသည် အတိတ်ကဖြစ်ရပ်များကို ပြန်လည်သတိရစေပါသည်။ ကျနော်တို့သည် ပြည်ပနိုင်ငံကို ၁၀ နှစ်ဝန်းကျင် အခြေချနေထိုင်ရန် ရွေးချယ်မှုပြုကြ၏။ ကျနော် တို့လင်မယားသည် မိမိတို့၏သားသမီးများရှိရာ နေအိမ်ကျောင်းသို့ ဦးတည် သွားရန် စိတ်ဆုံးဖြတ်ကြ၏။ ဤဆုံးဖြတ်ချက်များသည် နောက်ကျမှ ကျနော်တို့ အသက်တာ၌ ထင်ဟပ်လာပါသည်။ ထာဝရကာလလည်း ထို့အတူပင်ဖြစ်ပါသည်။ ကျနော်တို့ရရှိထားသည့် ထာဝရအသက်သည် ဤမြေကြီးပေါ် ကျနော်တို့အသက် ရှင်စဉ်ကာလ၌ သခင်ခရစ်တော်၏လုပ်ဆောင်ချက်အပေါ်၌ ကျနော်တို့မည်ကဲ့သို့ တုံ့ပြန် ခဲ့သည်ဟူသောအရာများနှင့် ဆက်နွယ်ပါသည်။
ကျွန်ုပ်တို့၏အခွင့်အလမ်း
ဤအခန်း၌ရှိသည့် ကျနော်တို့၏ရည်ရွယ်ချက်သည် ကျနော်တို့အသက် တာအတွက် ကြီးထွားခြင်း သက်သက်ထက် ပိုမိုကြီးမားသည့်ရည်မှန်းချက် ပန်းတိုင်များရှိနေကြောင်းကို ကျနော်တို့အား သတိပေးနေခြင်း ဖြစ်ပါသည်။ ကျနော်တို့သည် မိမိတို့နီးနား၌ရှိသောသူများ၏အသက်တာထဲသို့ အကျိုးသက် ရောက်မှုရှိစေမည့်အသီးများကိုသီးရန်ဖြစ်သည်။ ခရစ်တော်နှင့်အကျွမ်းဝင်ခြင်း အားဖြင့် စတင်အသီးသီးလာခြင်းသည် ဘုရားသခင်၏မေတ္တာနှင့်အလင်းတရားကို လောကီလူသားများထံသို့ လိုက်လံဖြန့်ဝေခြင်းအတွက်သာမကပဲ ထာဝရကာလ၌ ကျနော်တို့အား ဘုရားသခင်မည်ကဲ့သို့ဆက်ဆံရမည်ကို ပုံသွင်းနေခြင်းဖြစ်သည်။
အသက်ရှင်ခြင်းကို ကြည့်ရှုသုံးသပ်ရန် အကောင်းဆုံးနည်းလမ်းမှာ အစပထမ၌ မိမိတို့၏ခန္ဓာနှင့် ဝိညာဉ်ရေးရာအသက်ကို ပေးအပ်သောအရှင်ထံသို့ အစဉ်တုံ့ပြန်ခြင်းသာဖြစ်သည်။
အကျိုးရှိသည့်လေ့ကျင့်သင်ကြားခြင်းကို ကျနော်တို့ရှာဖွေနေခြင်းမှာ ဆုလက်ဆောင်များရရှိဖို့ရန် ကတိပေးချက်ကြောင့်မဟုတ်ပဲ မိမိတို့ဝန်းကျင်၌ အောင်မြင်သောသူများကို မြင်တွေ့၍ တွေ့ကြုံခံစားရသည့်ဝမ်းမြောက်ခြင်း ကြောင့်ဖြစ်သည်။ ထိုသူတို့သည် ကျနော်တို့ကဲ့သို့ ဘုန်းအသရေနှင့်ပြည့်စုံသော ဘုရားသခင်၏အလင်းတရားနှင့်အသက်ကို ဆုတ်ကိုင်ထား၍ အသက်တာပြောင်း လဲကြကာ ခရစ်တော်၏ ပြည့်စုံခြင်း၌ ကြီးထွားလျက် တည်ကြည်သောအသီးကို သီးသောသူများဖြစ်ကြရန် ကျနော်တို့ ဆန္ဒရှိ၏(ယော၊၁၅:၁၆)။
ကောင်းကင်နှင့်မြေကြီးပေါ်၌ ရှိသမျှသောအခွင့်အာဏာကို ယေရှုဆုတ် ကိုင်ထားခြင်းမှာ ကျနော်တို့အား တပည့်တော်မွေးထုတ်စေရန်အတွက်ဖြစ်ပါသည်။ အကြောင်းမှာ ဘုရားသခင်ကို သိရှိဖို့ရန်နှင့်ချစ်ဖို့ရန် အခြားသူများအား လေ့ကျင့် သင်ကြားခြင်းထက် ပို၍ကြီးမြတ်သောအရာမရှိ သောကြောင့်ဖြစ်သည်။ ဤအရာသည် ကျနော်တို့အသက်တာအတွက်လည်း ကြီးမားသော အကျိုးကျေးဇူး များရှိ၏။ ၎င်းသည် ယေရှုကိုယ်တိုင် လုပ်ဆောင်ခဲ့သည့်အရာဖြစ်၍ (ဟေရှာ၊ ၅၃:၁၀-၁၂) မိမိတပည့်တော်များအား လုပ်ဆောင်ရန် ခေါ်ယူခြင်းလည်းဖြစ်၏။ တပည့်တော်မွေးထုတ်ခြင်းသည် မိမိတို့ဝန်းကျင်၌ရှိသောသူတို့အတွက် ကောင်း ကျိုးချမ်းသာဖြစ်၍ ဘုရားသခင်၏ဘုန်းတော်ကို တိုက်ရိုက် ထင်ရှားစေရန်ဖြစ် သောကြောင့် ကျနော်တို့အသက်တာအတွက် အရေးပါသောအရာဖြစ်သည်။
ဘာ့ကြောင့် တပည့်တော်များကို နည်းနည်းပဲ မွေးထုတ်နေရပါသနည်း။ ကျနော်တို့သည် ဘာ့ကြောင့် ဘွဲ့ဒီဂရီ၊ အသိပညာနှင့်ကျောင်းတက်ခြင်း အစရှိသည် တို့ကိုသာ အလွန်စိတ်စွဲမက်၍ အသက်တာပြုပြင်ပြောင်းလဲခြင်းအလုပ်ကို နည်းနည်းပဲ စိတ်ပါဝင်စားကြသနည်း။ ကျနော်တို့အသက်တာ၌ ဘုရားသခင်၏ တန်ခိုးမဲ့နေခြင်းသည် ကျနော်တို့ဝန်းကျင်၌ရှိသောသူများ၏အသက်တာပြောင်း လဲခြင်း အတွက် လုပ်ဆောင်ခြင်းမရှိသောကြောင့်ဖြစ်သည်။
သင်ခန်းစာ
- ဤမြေကြီးပေါ်တွင် ဝိညာဉ်ရေးရာ ကြီးထွားဖွံ့ဖြိုးမှုဆိုင်ရာ အဆင့်သုံး ဆင့်ရှိသော်လည်း အဆုံးမဟုတ် သေးပေ။ ကျနော်တို့သည် ယေရှုကဲ့သို့ ပိုမိုကြီးမြတ်၍ ဘုန်းအသရေနှင့်ပြည့်စုံသည့်အဆင့်သို့ ရှင်ပြန်တမြောက် ရအုံးမည်ဖြစ်သည်။
- ကျနော်တို့သည် ဤလောက၌ အသက်ရှင်လုပ်ဆောင်သည့်အတိုင်း နောင်ကာလ၌ အပြည့်အဝချီးမြှင့်ခြင်းခံရမည်။ ဘုရားသခင်၏လူတို့အား ဘုရားတရားကြည်ညိုသည့်အသက်တာ အဖြစ်သို့ လေ့ကျင့်မပေးခြင်း၏ အကျိုးဆက်မှာ ဝမ်းနည်းဖွယ်ရာဖြစ်ပါလိမ့်မည်။
- ကျနော်တို့သည် ဘုရားသခင်၏လူများ စုံလင်ခြင်းသို့ ကြီးထွားလျက် နေသည်ကို မြင်တွေ့လိုသောကြောင့် လေ့ကျင့်သင်ကြားခြင်း၌ စိတ်ပါဝင် စားခြင်းဖြစ်သည်။ ထိုသူတို့၏အသက်တာ ကြီးထွားခြင်းအားဖြင့် တည် ကြည်သောအသီးကို များစွာသီးနိုင်ကြလိမ့်မည်။
ကျက်မှတ်ဆင်ခြင်ပါ
- ၁ယော၊၃:၂-၃
- ယာ၊၁:၁၂
တာဝန်ပေးအပ်ခြင်း
- သခင်ဘုရားအား အစေခံဖို့ရန် သင်၏စိတ်ပါဝင်စားမှုနှင့်ဆက်ကပ်မှုတို့ အပေါ်၌ ထာဝရကာလက သင့်ကို မည်မျှလွှမ်းမိုးထားပါသနည်း။
- မ၊၂၈:၁၈-၂၀ ကိုဆင်ခြင်ပါ။ ယေရှုသည် ကျနော်တို့အား တပည့်တော် မွေးထုတ်စေဖို့ရန် စောင့်ဆိုင်းနေသည်ဟု သင်ယူဆပါသလား။ ထိုသို့ဖြင့် မိမိ၏တန်ခိုးတော်ကို ပိုမိုထုတ်လွှတ်နိုင် မည်ဖြစ်သည်။ ကိုယ်တော်၏ အခွင့်အာဏာနှင့်အမိန့်တော်သည် မည်ကဲ့သို့ဆက်နွယ်ပါသနည်း။
- သင်ကိုယ်တိုင်ကြီးထွားခြင်းနှင့်အခြားသူများ၏ကြီးထွားခြင်းသည် အရေးအပါဆုံးဟု သင်ယူဆပါ သလား။ အခြားသူများ၏အောင်မြင်မှုကို တွေ့မြင်သောအခါ သင်၏စိတ်ပါဝင်စားမှုနှင့် ဝမ်းမြောက်ခြင်းသည် မည်သို့သောအတိုင်းအတာဖြစ်သည်ကို ရှင်းပြပါ။
© Paul J. Bucknell · Burmese translation: ဓမ္မဆရာတော် ဦးဘီထန်း (Bee Htan) · Biblical Foundations for Freedom