အသက်၏အနှစ်သာရ — The Life Core. ခရစ်ယာန် အသက်တာ၏ အခြေခံအမှန်တရားများ. Burmese edition banner with a growing seedling at sunrise over mountains.

အသက်၏အနှစ်သာရ — The Life Core

အခန်း ၃၈ — ခရစ်ယာန် K - ၁၂ ကျောင်းများ၌ လေ့ကျင့်သင်ကြားခြင်း

ခရစ်ယာန်ကျောင်းများသည် ကလေးများစွာကို လေ့ကျင့်ပေးလျက်ရှိ၏။ အမေရိကန် ပရိုတက်စတင့်ကျောင်းများ၌ နှစ်စဉ်တက်ရောက်သူဦးရေမှာ တစ်သန်းခွဲကျော်ပါသည်။ လောကီပညာရေးသည် ပို၍လောကီဆန်လျက် အကျင့်ပျက်ခြင်း၊ အရှက်အကြောက်ကင်းမဲ့ခြင်းများက လွှမ်းမိုးလာသောအခါ ခရစ်ယာန်ကျောင်းများသို့ ပြန်လှည့်လာသောမိဘများ တိုးပွားလာကာ ခိုလှိုရာ ကျောင်းသဖွယ် ဖြစ်လာတော့သည်။ လောကီဆန်ခြင်း၏ထိခိုက်နစ်နာမှုသည် ကျနော့်ကလေးများအပေါ်၌ သက်ရောက်မှု ရှိလာပါသည်။ ဤသို့ဖြစ်ရခြင်းသည် အကျင့်စရိုက်မှစ၍ ဘုရားသခင်နှင့်ဆက်နွယ်ခြင်းအပေါ်တွင် ရုပ်တုကို မြတ်နိး ကိုးကွယ်ခြင်း အသိပညာ၏အကျိုးဆက်များထဲမှ တစ်ခုဖြစ်ပါသည်။

ခရစ်ယာန်ကျောင်းများ၏လေ့ကျင့်သင်ကြားခြင်းသည် တန်ဖိုးမဖြတ်နိင် လောက်အောင် လုပ်ဆောင် ပေးသည်မှန်သော်လည်း ရူပါရုံနှင့်ပတ်သက်သည့် ညွှန်ပြခြင်းသည် အဓိကအားဖြင့် အသင်းတော်နှင့်အိမ်၌ ဖြစ်သင့်သည်ကို မမေ့လျော့သင့်ပေ။ သို့ရာတွင် အသင်းတော်တိုင်းက မိမိ၏လူတို့ကို တပည့်တော် ဖြစ်စေရန် မနိုင်မနင်းဖြစ်လာသည်။ မိသားစုမူကား ကောင်းသောအားပေးမှုကို အမြဲအသုံးပြုနိုင်ပါသည်။

ခရစ်ယာန်ကျောင်းများသည် ဤတပည့်တော်ဖြစ်ခြင်း အယူအဆများနှင့် လေ့ကျင့်သင်ကြားခြင်း တန်ဆာပလာများကို အကျိုးရှိရှိအသုံးချနိုင်ပါသလား။ အရေးကြီးဆုံးမှာ ကောင်းကောင်း ညွှန်ပြနိုင်သူများနှင့် အစပြုခြင်းပင်ဖြစ်သည်။ ကျနော်တို့သည် ဘုရားသခင်၏အခြေခံလမ်းစဉ် လုပ်ဆောင်ချက်ကို တစ်ကြိမ် သိပြီးမှ ဘုရားသခင်၏အစီအစဉ်ကို တက်ကြွတက်ကြွ အားပေးထောက်ခံခြင်း မရှိပါက မိုက်မဲရာကျ ပါလိမ့်မည်။ တချို့သောသူများက မိမိတို့၏တာဝန်များကို လျစ်လှူရှု၍ ပျက်ကွက်နေသကဲ့သို့ ကျနော်တို့လည်း လိုအပ်ချက်ရှိသောသူများကို လျစ်လှူရှုလျက် သူတို့၏ဘေး၌ရပ်ကာ သူတို့ပျက်စီးပါစေဟု မဆိုသင့်ပေ။

ပညာတတ်စေရုံသက်သက်နှင့် မပြောင်းလဲစေရ

ဤကျောင်းများနှင့်ကလေးများအတွက် ဘုရားသခင်၏လိုအင်ဆန္ဒများကို စဉ်းစားပါ။

✦ ကလေးများသည် သူတို့အသက်ရှင်ခြင်းအတွက် ဘုရားသခင်၏ရည်ရွယ် ချက်ကို စိတ်အားထက်သန်စွာ ရှာဖွေနေသောသူများဖြစ်သည်။

✦ ကလေးများသည် အခြားသူများအတွက် ဘုရားသခင်၏မေတ္တာအားဖြင့် လှူံ့ဆော်ခံရသူများ ဖြစ်သည်။

✦ ဘုရားသခင်၏လမ်းစဉ်နှင့်ရည်ရွယ်ချက်များကို အခိုင်အမာယုံကြည်သော ကလေးများသည် ဤလောက၌ သူတို့ကို အားကောင်းကောင်းဖြင့် ဆွဲဆောင်သော အရာများထက် ပိုမိုကြီးမြတ်ကြ၏။

ဘုရားသခင်၏နှုတ်ကပတ်တော်တန်ခိုးသည် ဆက်စပ်မှုကင်းမဲ့စွာ ထင်ရှားသောအခါ လောကသည် အားကောင်းသကဲ့သို့ဖြစ်နိုင်ပါသည်။ အကောင်း ဆုံးလက်နက်ကား ကိုယ်တော်၏လူမျိုးတို့အဖို့ ဘုန်းအသရေနှင့်ပြည့်စုံသော ဘုရား သခင်၏ရည်ရွယ်ချက်များနှင့်တန်ခိုးတော်တို့ကို ဖော်ထုတ်ခြင်းပင် ဖြစ်ပါသည်။

ဆုတောင်းသောအချက်ဟူမူကား ဝိညာ်တော်အားဖြင့် ခရစ်တော်သည် သင်တို့၏အတွင်းလူကို ခွန်အားနှင့် မြဲမြံခိုင်ခံ့စေ၍ ယုံကြည်ခြင်းအားဖြင့် ခရစ် တော်သည် သင်တို့၏စိတ်နှလုံးထဲ၌ ကျိန်းဝပ်တော်မူမည်အကြောင်း ဘုန်းတော် ကြွယ်ဝပြည့်စုံခြင်းနှင့်ညီလျော်စွာ သင်တို့အား ပေးသနားတော်မူ၍ မေတ္တာ၌ စိုက်ပျိုးခြင်း၊ တိုက်မြစ်လည်းကျတည်ခြင်း ရှိသဖြင့် သင်တို့သည် သန့်ရှင်းသူ အပေါင်းတို့၏နည်းတူ အနံအလျား၊ အနက်အမြင့်တို့ကို ပိုင်းခြား၍ သိခြင်းငှာ၎င်း၊ ကိုယ်ဉာဏ်နှင့် မသိနိုင်သော ခရစ်တော်၏ မေတ္တာတော်ကို သိနားလည်ခြင်း၎င်း၊ သင်တို့သည် တတ်စွမ်းနိုင်သဖြင့် ဘုရားသခင်၏ပြည့်စုံတော်မူခြင်း ရှိသမျှနှင့်အညီ ပြည့်စုံကြပါမည်အကြောင်း ငါဆုတောင်းလျက်ရှိ၏(ဧ၊၃:၁၆-၁၉)။

ဘုရားသခင်၏ရည်မှန်းချက်ပန်းတိုင်သည် ကျနော်တို့၏ရည်မှန်းချက် ပန်းတိုင်များ၌ မှန်ကန်မှုကိုပေး၍ ကျနော်တို့၏ချဉ်းကပ်မှု၌ ရှင်းလင်းစေကာ ကျနော်တို့၏နည်းပညာပိုင်း၌ တီထွင်မှုကို ဖြစ်ပေါ်စေပါသည်။ ဖွဲ့စည်းတည် ဆောက်ခြင်း အပြောင်းအလဲရှိသောအခါ စိန်ခေါ်မှုများဖြစ်ပေါ်လျက်ရှိ၏။ ဤအတွက်ကြောင့် ခေါင်းဆောင်များကို မွေးထုတ်ခြင်းဖြစ်သည်။

သင့်ကျောင်း၏ရည်မှန်းချက်ပန်းတိုင်များကို သေသေချာချာကြည့်ပါ။ ၎င်းတို့သည် ပြည့်စုံပါသလား။ အားနည်းချက်များကို စာရင်းပြုစုပါ။ ဤစာရင်းကို မကြာခဏ တစ်စုံတစ်ဦး၏အကြောင်းပြချက်များ ခိုင်ခံ့စေရန်အတွက် အသုံးပြုနိုင် ပါသည်။ ကျောင်းများကို လျစ်လှူမရှုသင့်ပေ။ မိဘများအနေဖြင့် သူတို့၏ကလေး များအတွက် အကျင့်စရိုက်ကို အလေးထားသည့်ပညာရေးကို ရှာဖွေပေးရမည်။

သတိထားရမည့်အရာ တချို့ရှိပါသည်။ မယုံကြည်သူများနှင့်အတူ အလုပ်လုပ် ဆောင်ခြင်းသည် အကြီးမားဆုံးပြဿနာတစ်ရပ်ဖြစ်ပါသည်။ အသင်းတော်တခုလုံး အနေဖြင့် ဝန်ချတောင်းပန်ခြင်းကို ယုံကြည်လက်ခံစဉ် ကျောင်းသားများစွာက ယုံကြည်လက်ခံခြင်းမရှိပေ။ ဘုရားသခင်သည် သင်ကြားပေးသော ဆရာနှင့် ကလေးအသီးသီးတို့၌ သန့်ရှင်းခြင်းကို တောင်းဆိုသောအခါ သူတို့အားလုံးသည် သူတို့အထဲ၌ လုပ်ဆောင်မည့်သန့်ရှင်းသောဝိညာဉ်တော်မရှိပေ။ များစွာသော သူတို့သည် ဘုရားသခင်နှင့်ဆိုင်သော အရာများအတွက် စိတ်ဝင်စားမှုမရှိကြပဲ၊ သူတို့နှင့်သူတို့၏ဆွေမျိုးများအတွက် အကျိုးအမြတ်ရှိမည့် အရာကိုသာ စိတ်ဝင် စားကြ၏။

ယုံကြည်ခြင်းဆိုင်ရာ အပေါ်ယံဝန်ခံခြင်းများသည် ဝိညာဉ်တော်၏လုပ် ဆောင်ချက်ဖြစ်သည့် ဒုတိယမွေးဖွားခြင်းအတွက် ကိုယ်စားမပြုနိုင်ပေ။ စိတ်ဝင် စားမှုမရှိခြင်းသည် ထိုသူတို့၏စိတ်နှလုံး၌ ဘုရားသခင်၏လုပ်ဆောင်ချက်မရှိခြင်း ပင်ဖြစ်သည်။ ကျောင်းသူ/သား အပေါင်းတို့သည် ဘုရားသခင်၏သားသမီးများ ဖြစ်ကြသည်ဟု ဟန်ဆောင်မပြောသင့်ပေ။ ဘုရားသခင်သည် ဤကလေးများ၏ အသက်တာထဲ၌ အင်အားအပြည့်နဲ့ လုပ်ဆောင်နိုင်ဖို့ရန် သူတို့သည် ဦးစွာပထမ ထိုဘုရားရှင်ရှေ့၌ ကယ်တင်ခြင်းရရှိဖို့လိုအပ်ပါသည်။

ထိုသို့သောပြဿနာသည် နေအိမ် ၌လည်းရှိ၏။ ကျွန်ုပ်တို့အနေဖြင့် မိမိတို့၏ ကလေးများ အားလုံးသည် ဘုရားရှင်ကို သိကြသည်ဟု မျှော်လင့်လျက် ဆုတောင်း နေကြစဉ်တွင်ပင် အမှန်တကယ် ဘုရားရှင် ကို မသိရှိသောသူများဖြစ်ကြပေ၏။ သူတို့ သည် ဘုရားရှင်ကို သိရှိလာကြလိမ့်မည် ဟူသော မျှော်လင့်ချက်ဖြင့် လေ့ကျင့်သင်ကြားပေးလျက်နေ၏။ ယေရှုမပါလျှင် ဝိညာဉ်ရေးရာအသက်တာမရှိနိုင်သလို ဝိညာဉ်ရေးရာ ကြီးထွားခြင်းလည်းမရှိ နိုင်ပေ။ နေအိမ်၌ ပုံစံအမျိုးမျိုးဖြင့် လေ့ကျင့်သင်ကြားပေး နိုင်သော်လည်း ကျောင်း၌ ပိုမိုခက်ခဲ၏။

Illustration from the original Burmese The Life Core manuscript, chapter 38, figure 1

ကလေးများအတွက် စည်းမျဉ်းစည်းကမ်း ပြဋ္ဌာန်ချက်အတိုင်း လေ့ကျင့် သင်ကြားပေးမည့်အစား ပိုမိုကောင်းမွန်သောချဉ်းကပ်မှုဖြင့် လေ့ကျင့်သင်ကြား သင့်ပါသည်။ စိတ်ပါဝင်စားသော မိဘ သို့မဟုတ် ကလေးများအတွက် အကြံပေး ညွှန်ပြခြင်းကို အဓိကဦးတည်ထားရမည်။

အရည်အချင်းပြည့်မှီသော ညွှန်ပြသူများကို ရှာဖွေခြင်း

ဝင်ငွေသုံးငွေ-ဘတ်ဂျက် ပြဿနာသည် အမြဲရှိနေသော်လည်း အကြီးမား ဆုံးပြဿနာကား အမှုထမ်းဆိုင်ရာ အရည်အချင်းပြည့်မှီသည့် ညွှန်ပြသူများ မတွေ့ရှိခြင်းဖြစ်ပါသည်။ အကြံပေးညွှန်ပြခြင်း အလုပ်ကို လုပ်ဆောင်နေသော သူများတွင် လူနည်းစုသာလျှင် ကောင်းမန်စွာ လေ့ကျင့်သင်ကြားခြင်း ခံယူကြ၏။ တချို့နည်းပြကောင်းများသည် ကျောင်းသားများ၏ဝိညာဉ်ရေးရာ ရှင်သန်ရေးကို ကူညီလိုသောသူများဖြစ်ကြောင်းကို ကျနော်နားလည်ပါသည်။

အကယ်၍ ဓမ္မကျောင်းသည် အသင်းတော်နှင့်နီးနီးကပ်ကပ် ဖွဲ့စည်း လိုက်ပါက ဘယ်ဟာက မကြာခဏအမှုဖြစ်မည်နည်း။ အသင်းတော်သည် စိန်ခေါ်မှုကိုပြု၍ အသင်းသားတချို့ကို ဤနယ်ပယ်၌ ကူညီဖေးမရန် မွမ်းမံတပ် ဆင်ခြင်းပြုနိုင်ပါသည်။ တစ်ခါ လေ့ကျင့်ပေးသောကလေးများသည် အခြားကလေး များကို ထိုအခြေခံတရားအတိုင်း ညွှန်ပြပေးသူများအဖြစ် ဆောင်ရွက်နိုင်ကြသည်။ ဘုရားသခင်သည် ကလေးများ၏အသက်တာအားဖြင့် အံ့ဖွယ်ရာလမ်းစဉ်များကို ပြုလုပ်နိုင်ကြောင်း တံခါးဖွင့်ထားရမည်။

ဓမ္မကျောင်းများ၌ ထိရောက်သောလေ့ကျင့်သင်ကြားခြင်း

အကယ်၍ အရည်အချင်းပြည့်မီသောခေါင်းဆောင်များသည် ရူပါရုံနှင့် ကလေးများအတွက် လေ့ကျင့်သင်ကြားခြင်း တန်ဆာပလာများကို ရရှိနိုင်ပါက ဤအရာများက ကောင်းမွန်သော လေ့ကျင့်သင်ကြားခြင်း အစီအစဉ်တစ်ရပ်ကို ပြင်ဆင်ပေးပါလိမ့်မည်။ လက်ရွေးစင် သင်ရိုးညွှန်းတမ်းနှင့် ကျမ်းစာသင်ခန်းစာ များသည် ကလေးများ၏ဝိညာဉ်ရေးရာ ကြီးထွားဖွံ့ဖြိုးမှုကို ဖြည့်ဆည်းပေးပါသည်။

ကလေးများ၏ဝိညာဉ်ရေးရာ ကြီးထွားဖွံ့ဖြိုးမှု တိုင်းတာဖို့ရန်အတွက် ပုံစံကားချပ်၏ရည်ရွယ်ချက် အသုံးပြုပုံနှင့်စပ်လျဉ်း၍ သတိထားရမည်။ ဥပမာ ကာလအချိန်အားဖြင့် အရွယ်ရောက်သောယုံကြည်သူသည် ကလေးငယ်ထက် အလျင်အမြန် ကြီးထွားနိုင်သည်။ အသစ်သောယုံကြည်သူသည် အသက်အရွယ်နှင့် အခြေအနေပေါ်မူတည်၍ သုံးလမှ လေးလအတွင်း ကလေးများထက် မြန်ဆန်စွာ ကြီးထွားဖို့လိုအပ်သည်။ သင်ရိုးညွှန်းတမ်းသည် ဤအကြောင်းအရာများနှင့်အညီ ညှိဖို့ရန်လိုအပ်ပါသည်။ ကလေးများအနေဖြင့် ဘုရားသခင်၏ရည်မှန်းချက် ပန်းတိုင်များအပေါ် တိကျမှန်ကန်စွာ အာရုံစူးစိုက်နိုင်ဖို့ရန် မတူညီသည့် ပုံစံကားချပ်များစွာကို အကျိုးရှိရှိအသုံးချရပါမည်။

ကျမ်းစာကျောင်း၌ ဓမ္မပညာဆည်းပူးနေသောလူငယ်များသည် စိတ်ပိုင်း ဆိုင်ရာမှစ၍ အရွယ်ရောက် ကာစလူငယ်များဖြစ်သောကြောင့် အထူးလမ်းစဉ် အတိုင်း တာဝန်ပေးအပ်ရာတွင် အမြော်အမြင် ရှိဖို့လိုအပ်သည်။ ထိုသူတို့ အသက်တာ၌ အသက်အူတိုင်နှင့်ဆက်စပ်မှုရှိသည်ကို ဆက်လက်ပြသဖို့ရန် အထူး စိန်ခေါ်မှုများနှင့်မေးခွန်းများရှိရမည်။ထိုအချိန်၌ စိတ်ပိုင်းဆိုင်ရာနှင့်ခန္ဒာပိုင်း ဆိုင်ရာ အပြောင်းအလဲဖြစ် ပေါ်ခြင်းအကြောင်းကို သူတို့အား ရှင်းပြခြင်းသည် သူတို့၏ဝိညာဉ်ရေးရာ အသက်တာ အရေးကြီးပုံကို နားလည်သဘောပေါက်စေ နိုင်သည်။ အကယ်၍ သူတို့သည် ဒုတိယအဆင့် လေ့ကျင့်သင်ကြားခြင်းကို ပြီးမြောက်သည့်တိုင်အောင် ထပ်ခါထပ်ခါ ပြန်လည်လေ့လာခြင်းသည် အကောင်း ဆုံးဖြစ်ပါသည်။ ထိုသို့ ပြုခြင်းအားဖြင့် သူတို့၏အသစ်သော ပြဿနာများနှင့် ဝိညာဉ်ရေးရာ တိုက်ပွဲ အမျိုးမျိုးတို့၌ သင်ခန်းစာကောင်းဖြစ်စေနိုင်ပါသည်။

ဓမ္မကျောင်းများ၌ အချိန်များများရရှိခြင်းသည် ရင်ဆိုင်နေရသည့် ပြဿနာများနှင့်အခြေအနေများကို ဆင်ခြင်သုံးသပ်ရန် အထူးလေ့ကျင့်သင်ကြား ခြင်းအတွက် အလွန်အကျိုးရှိပါသည်။ ဥပမာ သူတို့၏အလုပ် ပြီးဆုံးချိန်နီးကပ် လာသောအခါ ဘုရားသခင်၏ရည်ရွယ်ချက်နှင့်အညီ ရွေးချယ်စရာအလုပ် အကိုင်၊ ရွေးချယ်စရာမိတ်ဖက် စသည့်များကို သင်ယူလေ့လာနိုင်ကြ၏။ထိုကျမ်းစာ ရှိသမျှသည် ဘုရားသခင်မှုတ်သွင်းတော်မူသောအားဖြင့်ဖြစ်၍ ဘုရားသခင်၏ လူသည်စုံလင်သောသူ၊ ကောင်းသောအမှုအမျိုးမျိုးတို့ကို ပြုစုခြင်းအလို့ငှာ ပြင်ဆင်သောသူဖြစ်မည့် အကြောင်း ဩဝါဒပေးခြင်း၊ အပြစ်ကိုဖော်ပြခြင်း၊ ဖြောင့်မတ်စွာပြုပြင်ခြင်း၊ တရားကို သွန်သင်ခြင်း ကျေးဇူးများကိုပြုတတ်၏(၁တိ၊ ၃:၁၆-၁၇)။

ကျနော်တို့သည် ဤသမ္မာတရားများကို သူတို့အသက်တာ၌ ပတ်စည်းခြင်း မပြုနိုင်ပါက သူတို့သည် ထိုသမ္မာတရားများကို ဆီလျော်မှုမရှိသကဲ့သို့ မြင်တွေ့ လာပြီး အလွယ်တကူလွဲမှားနိုင်ကြ၏။ အကယ်၍ ကျနော်တို့သည် သူတို့၏ အသက်တာနှင့်ဘုရားသခင်၏နှုတ်ကပတ်တော် ဆက်စပ်မှုကို ပြသပေးနိုင်လျှင် အားကြီးသော မျိုးဆက်လူငယ်ယုံကြည်သူများသည် တိုးတက်လာပါလိမ့်မည်။

သမ္မာကျမ်းစာနှင့်အညီလုပ်ဆောင်သော လေ့ကျင့်သင်ကြားခြင်းနှင့် ဝတ်ပြုကိုးကွယ်ခြင်း၌ပင်လျှင် အမြဲ စိုးရိမ်ဖွယ်ကောင်းသည့် မာနထောင်လွှားခြင်း ရှိတတ်၏။ ကလေးများသည် သူတို့၏မရင့်ကျက်ခြင်းကြောင့် အလွယ်တကူထိခိုက် လွယ်၊ ယုံလွယ်ဖြစ်ကြသည်။ ကောင်းမွန်သောလေ့ကျင့်သင်ကြားခြင်း ရှိပါက ကလေးသည်လည်း သူတပါးတို့အား စိတ်နှိမ့်ချစွာ အစေခံဖို့ရန် အာရုံစူးစိုက်ခြင်း အားဖြင့် မောက်မာခြင်းနှင့်ဆိုင်သော ဖြားယောင်းသွေးဆောင်ခြင်းကို ခါထုတ် နိုင်သည်။ ဤသို့ဖြင့် ဝိညာဉ်ရေးရာ ကြီးထွားဖွံ့ဖြိုးမှုကနေ နောက်ကိုပြန်ဆွဲချ စေသည့် နတ်ဆိုး၏ဖြားယောင်းခြင်းကို စိတ်ပျက်စေပါလိမ့်မည်။ ကလေးတို့သည် အခြားသူများ၌ စစ်မှန်သောဝိညာဉ်ရေးရာ ကြီးထွားဖွံ့ဖြိုးမှုကို တွေ့မြင်ကြသော အခါ အားရကျေနပ်၍ အတုယူလာမည်ဖြစ်သည်။

အကျဉ်းချုပ်

ခရစ်ယာန်ကျောင်းများသည် အလွန်ထူးဆန်းသည့် ဝိညာဉ်ရေးရာ လေ့ကျင့်သင်ကြားခြင်း အခွင့်အလမ်းများကို ပေးအပ်နိုင်သည်။ ကောင်းမွန် သောညွှန်ပြသူများနှင့်အတူ အတန်းထဲ၌ လေ့ကျင့်သင်ကြားခြင်းသည် အလွန် ကောင်းမြတ်သည့် လေ့ကျင့်သင်ကြားခြင်း အချိန်အခါများကို ဖန်တီးတတ်၏။ ဘုရားသခင်ပေါင်းစည်းစေလိုသောပုံရိပ်ကို အစဉ်မပြတ် တင်ဆက်ခြင်းအားဖြင့် ကလေးများသည် ဘုရားသခင်တန်ဖိုးထားသောအရာကို အလွယ်တကူ ခွဲခြား သိမြင်လျက် လက်ခံလာ ကြမည်ဖြစ်ပါသည်။

သင်ခန်းစာ

  • မယုံကြည်သူကျောင်းသားများကို မည်ကဲ့သို့ကိုင်တွယ်ရန် သိရှိရမည်။
  • အသက်အရွယ်အလိုက် တဖြည်းဖြည်းကြီးရင့်လာသော လူငယ်များအတွက် လေ့ကျင့်သင်ကြားခြင်း ပစ္စည်းများကို မြှင့်တင်ရမည်။
  • အသက်အူတိုင် ရူပါရုံဖြင့် ပြောင်းလဲတပ်ဆင်ပြီးသော ညွှန်ပြသူများကို ရရှိရမည်။
  • မိဘများ၊ အသင်းတော်များနှင့်အစိုးရမင်းများထံသို့ မှန်မှန်ကန်ကန် ဆက်သွယ်ရမည်။

ကျက်မှတ်ဆင်ခြင်ပါ

  • ၂တိ၊ ၃:၁၆-၁၇
  • ဧ၊၃:၁၆-၁၉

တာဝန်ပေးအပ်ခြင်း

  • သင်သည် ခရစ်ယာန်ကျောင်း၌ နေဖူးပါသလား။ ဝိညာဉ်ရေးရာ လေ့ကျင့်သင်ကြားခြင်းသည် မည်သို့နည်း။ လုံလောက်မှုရှိပါသလား။ ရှင်းပြပါ။
  • ဓမ္မကျောင်းများသည် အသင်းတော်များနှင့် ယှဉ်ပြိုင်မှုရှိပါသလား။ ရှင်းပြပါ။
  • သင်သည် အသင်းတော် သို့မဟုတ် ဓမ္မကျောင်းတို့၌ မယုံကြည်သော ကလေးများနှင့် ထိတွေ့ဆက်ဆံမှု အတွေ့အကြုံရှိဖူးပါသလား။ သူတို့ကို မည်ကဲ့သို့ဆက်ဆံကိုင်တွယ်ပါသနည်း။ ဘာကို ပို၍လုပ်နိုင်အုံးမည်နည်း။
  • သင်သည် K-၁၂ ကျောင်း၌ စီမံခန့်ခွဲသူလော သို့မဟုတ် သင်ပြသူလော။ ဤအပြောင်းအလဲများကို အကောင်အထည်ဖော်ဖို့ရန် တချို့သော စိန်ခေါ်မှုများကို စဉ်းစားကြည့်ပါ။ တစ်ခုချင်းစီကို ရှင်းပြပါ။ ဆုတောင်း ခြင်းဖြင့် အစပြုပါ။

© Paul J. Bucknell · Burmese translation: ဓမ္မဆရာတော် ဦးဘီထန်း (Bee Htan) · Biblical Foundations for Freedom