အသက်၏အနှစ်သာရ — The Life Core. ခရစ်ယာန် အသက်တာ၏ အခြေခံအမှန်တရားများ. Burmese edition banner with a growing seedling at sunrise over mountains.

အသက်၏အနှစ်သာရ — The Life Core

အခန်း ၃၇ — လေ့ကျင့်သင်ကြားခြင်း ကျောင်းများ၌ ပေါင်းစည်းခြင်း

ဤအခန်း၌ ခရစ်ယာန်လေ့ကျင့်ရေးကျောင်းနှင့်ခရစ်ယာန်သင်တန်း ကျောင်းများက မည်ကဲ့သို့ အကျိုးအမြတ်ရရှိနိုင်သည်ကို ကျနော်တို့အာရုံစိုက်ရပါ လိမ့်မည်။ ကျမ်းစာကျောင်းများသည် အသင်းတော် များထက် စည်းကမ်းဖြင့် ထိန်းကျောင်းနိုင်သောအနေအထားရှိသည်။

အကယ်၍ တစ်စုံတစ်ဦး၏ရည်ရွယ်ချက်ကို ခိုင်ခိုင်မာမာတည်ဆောက်၍ လုံခြုံစိတ်ချမှုရှိမည်ဆိုလျှင်တောင် ဝိညာဉ်ရေးရာအသက်တာနှင့် အသက်တာ လေ့ကျင့်ခြင်း၌ တစ်ခုခုဖြစ်နိုင်သေးသည်။ ဤပဓာနကျသည့် အသက်တာတည် ဆောက်ခြင်းကို ဟန့်တားသောအရာများသည် လေ့ကျင့်ခြင်းဆိုင်ရာ အခြား နယ်ပယ်တစ်ခုလုံးနှင့် ဆက်စပ်မှုရှိ၏။ ကျနော် ဥပမာတစ်ခု ပေးပါမည်။

လင်မယားနှစ်ဦးသည် သူတို့၏ကလေးနှစ်ဦးနှင့်အတူ ပရိသတ်များ နှင့်တကွ သင်းအုပ်ထံသို့ရောက်လာကြ၏။ သူတို့သည် များမကြာခင်ကပဲ ကျမ်းစာကနေ ဘွဲ့ယူသောသူများဖြစ်သည့်အတိုင်း သင်းအုပ်အလုပ်ကို ပါဝင်လုပ် ဆောင်ရန် စိတ်အားထက်သန်သောသူများဖြစ်ကြသည်။ နှစ်ကြာလာ သောအခါ သူတို့၌ အိမ်ထောင်ရေးပြဿနာရှိသည်ကို ကျနော်တို့တွေ့မြင်၏။ သူတို့နှစ်ဦးသည် အချင်းချင်းမတက်တော့ကြပေ။ ဤအရာက ဘာကိုဖော်ပြသလဲဆိုရင် ခေါင်း ဆောင်မှု၌ ယောက်ျားရဲ့ခေါင်းမာခြင်းအကြောင်းကို ထင်ဟပ်စေသည်။ အဆုံးမလှ ဘူးဆိုတာ ကျိန်းသေပြောနိုင်သည်။ ဤအိမ်ထောင်ရေး ပြဿာနာသည် ကျမ်းစာ ကျောင်းမှာကတည်းက ရှိနေပြီးသောအရာဖြစ်သည်ကို ကျနော်တို့ နောက်မှပဲ သိရှိရလေ၏။

ကျမ်းစာကျောင်းက ကောင်းသောလေ့ကျင့်ခြင်းကို ပေးအပ်ခဲ့သော်လည်း သူတို့၏အိမ်ထောင်ရေး မပြေလည်မှုကြောင့် သာသနာလုပ်ငန်းတစ်ခုအတွက် အုတ်မြစ်ကို မချနိုင်ခဲ့ကြပေ။ ဤသို့သော ပြဿနာများသည် အချိန်တိုင်း၌ မိသားစုများအပေါ် ရိုက်ခတ်လျက်ရှိ၏။

ကျွန်ုပ်တို့၏ရည်မှန်းချက်ပန်းတိုင်များသို့ ပြန်လှည့်ခြင်း

လူယောက်ျားတစ်ဦးသည် ကျမ်းစာကျောင်းမှဘွဲ့ရဖြစ်သော်လည်း သူ့အသက်တာ၌ ချည့်နဲ့နေ၏။ ကျမ်းစာကျောင်းများ၏ရည်မှန်းချက်ပန်းတိုင်သည် အဘယ်နည်း။ ကျမ်းစာကျောင်းသားများသည် အိမ်ထောင်ရေး အရှပ်အရှင်းများနဲ့ ကျောင်းပြီးသင့်ပါသလား။ ဤမေခွန်းများသည် တချို့သော သူများအတွက် ရယ်စရာဖြစ်နိုင်သည်။

အသင်းတော်များကလည်း ကျမ်းစာကျောင်းမှဘွဲ့ရရှိပြီးသောသူများသည် ကျောင်း၌ပြဋ္ဌာန်းထားသည့် သင်ရိုးညွှန်းတမ်းများကို သင်ယူအောင်မြင်ကြ သောကြောင့် ရင့်ကျက်သောသူများဟု မှတ်ယူတတ်ကြ၏။ သို့သော် ကျမ်းစာ ကျောင်းသည် ကျောင်းသူ/သားများ၏လိုအပ်မှုဖြစ်သည့် အကျင့်စရိုက်နှင့်ဝိညာဉ် ရေးရာ ရင့်ကျက်ခြင်းများကို သင်ကြားလေ့ကျင့်ပေးခြင်းမပြုပေ။ ထို့အတွက် ကြောင့် ဝိညာဉ်ရေးရာ ရင့်ကျက်ခြင်းနှင့် ဆိုင်သော ရည်မှန်းချက်ပန်းတိုင်ကို ရရှိဖို့ရန် သိရုံနဲ့ မလုံလောက်ခြင်းဖြစ်ပါသည်။

ကျနော်တို့သည် ကျနော်တို့ကျောင်းများ၏ပညာရေးဆိုင်ရာ နည်းပညာ များကို သန့်စင်စေရန် သခင်ဘုရား၏ပိုမိုကြီးမားသော ရည်ရွယ်ချက်သို့ ဦးတည် သွားကြရမည်။ အကယ်၍ ရည်မှန်းချက် ပန်းတိုင်သည် သာသနာအတွက် လူတို့ကိုကြိုတင်ပြင်ဆင်ထားမည်ဆိုလျှင် ကျနော်တို့သည် ထိုလူတို့ကို သာသနာ အတွက် ကောင်းကောင်းပုံသွင်းရမည်။ လေ့ကျင့်သင်ကြားခြင်းသည် သူတို့၏ စိတ်နေသဘောထားနှင့်အစေခံရန် ဆက်ကပ်အပ်နှံခြင်းကို အဓိပ္ပာယ်ရှိရှိ ပုံသွင်းဖို့ရန် အသိတရားသက်သက်ဖြင့် ဖြည့်ဆည်းပေးခြင်းကို ရှောင်ကြည်ရမည်။

ဤအရာသည် ဧဝံဂေလိတရားအတွက် အခြေခံတရားဖြစ်သောကြောင့် စိန်ခေါ်မှုအနည်းငယ် ရှိပါလိမ့်မည်။ ကျနော်တို့သည် အချင်းချင်းချစ်ကြရမည်။ အခြားသူများကို အမှန်တကယ် သနားကြင်နာ ပြုစုစောင့်ရှောက်၍ ဘုရားသခင် ၏ရည်ရွယ်ချက်အတိုင်း အသက်ရှင်ဖို့ရန် ကျနော်၏အသက်တာသည် ဘုရားသခင် ၏ဖမ်းဆွဲခြင်းကိုခံရ၏။

ညီအစ်ကိုတို့၊ သင်တို့သည် လွှတ်ခြင်းအခွင့်ကို ရသောသူဖြစ်၏။ သို့သော်လည်း ဇာတိပကတိအား အခွင့်ကိုပေး၍ ထိုလွှတ်ခြင်းကို မယုံကြနှင့်။ အချင်းချင်းချစ်၍ အမှုချင်းကို ဆောင်ရွက်ကြလော့(ဂ၊၅:၁၃)။

ကျနော်တို့သည် အကောင်းဆုံးကို လိုချင်သော်လည်း အကောင်း မမြင်သောသူဖြစ်ရန် အရမ်းလွယ်ကူသည်။ တစ်နှစ်ပြီးတစ်နှစ် ဤရည်မှန်းချက် ပန်းတိုင်များသည် ပြည့်စုံခြင်းမရှိပေ။ အကယ်၍ သင့်အသင်းတော်သည် လေ့ကျင့် တပ်ဆင်ပေးခြင်းမရှိသည့် သင်းအုပ်ဆရာကို လက်ခံမိသော် လိုအပ်ချက်သည် သာမန်ထက်လွန်ကဲသောပြသာနာများဖြစ်လာမည်။

ပို၍ကောင်းသော လမ်း

အသက်အူတိုင်သည် ဤစိန်ခေါ်မှုများကို မည်ကဲ့သို့ရင်ဆိုင်ရမည်ကို ရှင်းထုတ်ပေးသည်။ လေ့ကျင့်သင်ကြားခြင်းအတွက် အဓိကရည်မှန်းပန်းတိုင် များကို ပုံသွင်းရန် ဘုရားသခင်၏အသက်နှင့် ဆိုင်သော ရည်မှန်း ချက်ပန်းတိုင် များကို အသုံးပြုခြင်းအားဖြင့် လူတစ်ဦး၏ ခန္ဒာကိုယ်ရော စိတ်ဝိညာဉ် တစ်ခုလုံးကိုပါ ပြုပြင်ပြောင်းလဲစေနိုင်သည်။ ဤကျယ်ပြန့် သောချဉ်းကပ်မှုကို လက်ခံစွဲလန်းခြင်းသည် ဝိညာဉ်ရေးရာ ကြီးထွားနေစဉ်၌ ဖြစ်ပေါ် သည့်ရည် မှန်းချက်ပန်းတိုင်းများ၊ ဖြစ်စဉ် များနှင့်ကြီးထွားခြင်း အမျိုးမျိုးတို့ကို သတိ ပြုလိုက်နာရန် စွမ်းရည်ဖြစ်စေပါသည်။ ဤချဉ်းကပ်မှုသည် သင်ကြားပေးသူအား မိမိ၏ကျောင်းသူ/သားများ ကြီးထွားဖွံ့ဖြိုးခြင်း၌ အထောက်အကူဖြစ်စေရန် ဆောင် ရွက်မှုနည်းလမ်းများ၊ လေ့ကျင့်သင်ကြားခြင်း အခွင့်အလမ်းများနှင့် အထူးစီမံချက် များ ကိုဖန်တီးရန် စွမ်းပကားဖြစ်ပါသည်။

Illustration from the original Burmese The Life Core manuscript, chapter 37, figure 1

လေ့ကျင့်သင်ကြားခြင်း၏အဓိကဦးတည်ချက်ဖြစ်သည့် အသက်၏အနှစ် သာရအပေါ် မည်ကဲ့သို့လုပ်ဆောင်ရန် အကြံပြုချက်များသည် နောက်တစ်ခန်းတွင် ပါလာလိမ့်မည်။ ဤကျယ်ပြန့်သော ရှုထောင့်အမြင်သည် ညိုနှိုင်း ဆောင်ရွက်သူ၊ သင်ကြားပေးသူနှင့် ကျောင်းသားများအတွက် မည်သည့်အရာ လုပ်ပေးနိုင်သည်ကို ကျနော်တို့မြင်တွေ့ကြရလိမ့်မည်။

ခရစ်ယာန်ကျောင်းများသည် မကြာခဏ အောက်၌ဖော်ပြသည့် လက်ရွေး စင်အချက်အလက်များကို အသုံးချတတ်ကြ၏။ သို့သော် အကယ်၍ သူတို့သည် ညိုနှိုင်းခြင်းကို ကောင်းကောင်းမခံသောသူများ သို့မဟုတ် တစ်ခုလုံးထက် တစိတ် တပိုင်းကို ပုံသွင်းခြင်းခံသောသူများဖြစ်ခဲ့လျှင် ဘုရားသခင်အလိုရှိသည့် ပြည့်ဝ သောတန်ခိုးကို တွေ့ကြုံခံစားကြမည်မဟုတ်ပေ။ ရှင်းလင်းဖို့ရန်အတွက် ဤအရာကို ညိုနှိုင်းဆောင်ရွက်သူ၊ သင်ကြားပေးသူနှင့်ကျောင်းသားများဟူ၍ အမြင်သုံးမျိုးဖြင့် ကျနော်တို့ ပိုင်းခြားစိတ်ဖြာ ထားပါသည်။

ညိုနှိုင်းဆောင်ရွက်သူ၏တာဝန်များ (ကျောင်းအုပ်)

  • အဓိကအရာကို ပူးပေါင်းခြင်းသည် လေ့ကျင့်သင်ကြားခြင်းမှာသမျှ ပေါင်းစည်းခြင်းဖြစ်သည်ကို စိတ်ချရမည်။
  • လေ့ကျင့်သင်ကြားခြင်းသည် ကျောင်းသားများ၏စိတ်နှလုံးထဲသို့ ရောက်ရှိ နေသည်ကို ယုံကြည်စိတ်ချ ရမည်။
  • ဘုရားသခင်၏ဘုန်းအသရေအဖို့ ဘုရားသခင်၏ရည်ရွယ်ချက်ပြီးမြောက် ခြင်းကို အာရုံစိုက်ရမည်။
  • လူတိုင်းက စီမံခန့်ခွဲသူ၊ ဆရာနှင့်ကျောင်းသားများဟု ခွဲခြားနိုင်အောင် ရည်မှန်းချက် ပန်းတိုင် ထားရမည်။
  • ဆရာများ၊ စီမံခန့်ခွဲသူနှင့်ကျောင်းသားများ တစ်ယောက်စီတိုင်းသည် အတူတကွကြီးထွားသည်ကို ရိုးရိုးသားသား သိမှတ်လက်ခံရမည်။
  • ဘုရားသခင်၏ရည်မှန်းချက်အတိုင်း အစေခံခြင်းသည် အကောင်းဆုံးနှင့် မရှိမဖြစ်လိုအပ် သည်ကို သိသာထင်ရှားစွာအတည်ပြုရမည်။
  • ကျောင်းကို ထောက်ခံအားပေးသူများအား ပွင့်လင်းမှုကိုပေးရမည်။
  • လေ့ကျင့်သင်ကြားခြင်း၌ ဝိညာဉ်တော်၏အပိုင်းနှင့်ရည်ရွယ်ချက်အပေါ် သိရှိနားလည်ခြင်းကို မြှင့်တင် ရမည်။
  • သင်ရိုးနှင့်လေ့ကျင့်သင်ကြားခြင်း အသီးသီးအတွက် တန်ဖိုးဖြတ်ခြင်း ဖြစ်စဉ်ကို ရှင်းလင်းရမည်။
  • ဝိညာဉ်ရေးရာအသက်တာနှင့်လေ့ကျင့်သင်ကြားခြင်း သင်ရိုးကို ပေါင်းစပ် ရမည်။

သင်ကြားသူနှင့်လေ့ကျင့်ပေးသူ၏တာဝန်များ

  • သင်ရိုးအသီးသီးယူ၍ ၎င်းတို့၏အခန်းကဏ္ဍများကို ရှာဖွေရမည်။
  • ကျောင်းသူ/သားများ၏ဝိညာဉ်ရေးရာ ကြီးထွားဖွံ့ဖြိုးမှုနှင့်လုပ်ငန်းသို့ သင်ရိုးများ အဆက်အစပ်ရှိပုံကို ရိုးရိုးသားသားဆွေးနွေရမည်။
  • ပညာရေးနှင့်ဆိုင်သည့်အရာ သင်ကြားခြင်း၌ အနက်အဓိပ္ပာယ်တိုးလာ ပုံကို တွေ့ရှိရမည်။
  • သင်ရိုးတစ်ခုလုံးအတွက်ရော အတန်းအသီးသီးအတွက်ပါ ဘုရားသခင်၏ ပါဝင်မှုကို ရှာဖွေရမည်။
  • တစ်စုံတစ်ဦးက အခြားသူများအား ကျကျနနုတပ်ဆင်ခြင်း၌ ဘုရားသခင် အသုံးပြုနေသည်ကို အသိအမှတ်ပြုရမည်။
  • ဘုရားသခင်ကို သင်ကြားခြင်းဖြစ်စဉ်၏ကဏ္ဍအဖြစ် စောင့်ထိန်းရမည်။
  • ဘုရားသခင်၏ပိုမိုမြင့်မားသော ရည်မှန်းချက်ပန်းတိုင်ကို လက်ခံယုံ ကြည်၍ ထိုရည်မှန်းချက် ပန်းတိုင်များကို ပြီးမြောက်ဖို့ရန် ဘုရားသခင်ကို ရှာဖွေရမည်။
  • ကျောင်းသူ/သားများအား ကျကျနနသင်ကြားပေးရန် ဘုရားသခင်၏ အထူး ဉာဏ်ပညာကို ရှာဖွေရမည်။
  • ဤရူပါရုံကို သင်ယူလေ့လာသူများထံသို့ ပြောပြရမည်။
  • တစ်စုံတစ်ဦးသည် ကျောင်းသူ/သားများ ရင်ဆိုင်နေသည့်ပြဿနာများကို ကိုင်တွယ်ပေးသူဖြစ်သည့်အလျောက် ဘုရားသခင်၏သမ္မာတရား တန်ခိုး တော်ကို ပြသရမည်။
  • ကျောင်းသူ/သားများသည် အသင်းတော်အပြင်ဘက်၌ ပြဿနာဖြေရှင်း နည်းများကို ရှာဖွေမည့်အစား ဘုရားသခင်ထံ၌ အားကိုးရန် စိတ်ချလက်ချ ညွှန်ပြရမည်။
  • ကျောင်းသူ/သားများသည် ကိုယ်တိုင်ကိုယ်ကျအတွက်ရော အသိဉာဏ် အတွက်ပါ ကြည့်ရှု စောင့်ရှောက်ခြင်းခံနေရသည်ကို ယုံကြည်ရမည်။

ကျောင်းသူ/သားတို့၏တာဝန်များ

  • ဘုရားသခင်၏ရည်ရွယ်ချက်ကို သယ်ပိုးဖို့ရန် တစ်စုံတစ်ဦး၏အသက်တာ အတွက် ဘုရားသခင်၏ကြိုတင်ပြင်ဆင်မှုတစ်ခုလုံးကို နားလည်သဘော ပေါက်ရမည်။
  • ထိုသူ၏အသက်တာနှင့်သာသနာ၌ ဤသမာရိုးကျဆန်သော လေ့ကျင့် သင်ကြားခြင်းသည် ဘုရားသခင်၏ရည်ရွယ်ချက်သို့ မည်ကဲ့သို့ဆက်စပ် သည်ကို သိမှတ်ရမည်။
  • ထိုသူ၏အသက်တာ၌ ဘုရားသခင်၏ပိုမိုကြီးမားသော ရည်မှန်းချက် ပန်းတိုင်များ အကောင်အထည်ဖော်ဖို့ရန် လေ့ကျင့်သင်ကြားခြင်းက မည့်ကဲ့သို့ဖြစ်မြောက်စေသည်ကို တွေ့မြင်ရမည်။
  • ထိုသူ၏ဝိညာဉ်ရေးရာ လမ်းခရီးဘယ်ရောက်နေသည်ကို သုံးသပ်ရမည်။
  • မာန၏ဖြားယောင်းခြင်းနှင့်ကင်းလွတ်မည့်အကြောင်း အစဉ်ကြီးထွားခြင်း၌ နိုးကြားရမည်။
  • အတိတ်ကာလက ကြီးထွားခြင်းအားဖြင့် အားယူရမည်။
  • လေ့ကျင့်သင်ကြားခြင်းသည် ထိုသူ၏အသက်တာတစ်ခုလုံးနှင့် ပေါင်း စည်းသည်ကို ပုံမှန်သတိပေး ရမည်။
  • ထိုသူ၏အသက်တာတစ်ခုလုံးအတွက် ဘုရားသခင်ကြည့်ရှုစောင့်ရှောက်သည်ကို နားလည်ရမည်။
  • ကျွမ်းကျင်မှုနှင့်အသိပညာ လေ့ကျင့်သင်ကြားခြင်းသည် ထိုသူ၏ဝိညာဉ် ရေးရာသို့ မည်ကဲ့သို့ဆက်စပ် သည်ကို သိရှိရမည်။
  • ကိုယ်တိုင်ကိုယ်ကျ ဖြေရှင်းမရနိုင်သောရုန်းကန်မှုများအတွက် ဖြေရှင်း ချက်များ ရှေဖွေတွေ့ရှိခြင်း အားဖြင့် ကြွယ်ဝရမည်။
  • အပြစ်ကနေ လွတ်မြောက်ပြီး ယုံကြည်ခြင်း၌ ကြီးထွားရမည်။
  • လုပ်ငန်း၌ အာရုံရမည်။
  • အတိတ်ကရှုံးနိမ့်မှုများကြောင့် စိတ်အားငယ်ခြင်းကို အနိုင်ယူရမည်။
  • အခြားသူများ၏ဝိညာဉ်ရေးရာ ကြီးထွားဖွံ့ဖြိုးမှုအဆင့် မည်သို့ပင်ဖြစ်စေ သူတို့ကို လေ့ကျင့်သင်ကြားရန် သင်ယူရမည်။

ဤသည်ကား အောင်မြင်မှုပေတည်း။ ဤရည်မှန်းချက်ပန်းတိုင်များသည် ကျောင်းသားများအား အသင်းတော်အတွက် ဘုရားသခင်၏ရည်ရွယ်ချက် တစ်ခုလုံးနှင့်တကွ ပိုမိုကြီးမားသော ညီညွတ်မှုထဲသို့ ပို့ဆောင်ပေး၏။ ထိုသို့ဖြင့် အသင်းတော်သည် ခရစ်တော်နှင့်သဏ္ဌန်တူလာမည် ဖြစ်သည်။ မြေကြီးပေါ်၌ လည်း ကိုယ်တော်၏ဘုန်းတော် ပိုမိုတောက်ပလာမည်ဖြစ်သည်။

သီးခြား သင်ရိုးညွှန်းတမ်း

တစ်စုံတစ်ဦး၏ပုံမှန် သင်ရိုးညွှန်းတမ်းအပြင် အသက်၏အနှစ်သာရ ကြီးထွားဖွံ့ဖြိုးမှုကို သီးသန့်ထားရှိခြင်းအားဖြင့် ကျောင်းသားအတွက် များစွာအ ကျိုးရှိပါလိမ့်မည်။ အမှုတော်မြတ်ထဲသို့ ဝင်ရောက်မည့် ကျောင်းသားသည် ကိုယ်တိုင်ကိုယ်ကျ စမ်းသပ်ခံရုံသာမကပဲ အခြားသူများကို ကူညီဖို့ရန် အသုံးပြုခံ လိုသောသူဖြစ်ရမည်။ သူတို့၏အသက်တာကို သခင်ဘုရားထံ၌ လေးလေး နက်နက်ပုံအပ်၍ ယုံကြည်သူများအား အဆက်မပြတ် ကြီးထွားဖို့ရန် လှူံ့ဆော်ပေး သူများဖြစ်ကြရမည်။

ကျမ်းစာကျောင်းများတွင် အခက်ခဲများရှိလာပါလိမ့်မည်။ တစ်စုံတစ်ဦး သည် အသက်အူတိုင်ကို ပုံမှန်သင်ရိုးညွှန်းတမ်းနှင့် မည်ကဲ့သို့ရောယှက်မိသနည်း။ အသက်တာကြီးထွားရန် အလိုမရှိသောသူများကို ကျနော်တို့တွေ့ရှိမည်ဆိုပါက ဘာဖြစ်ပျက်မည်နည်း။ ကျနော်တို့သည် အလွန်ခက်ခဲသောပြဿနာ ရင်ဆိုင်နေ သူများကို ဘာပြောနိုင်မည်နည်း။

ဤကား အသေးစိတ်လုပ်ဆောင်မည့်နေရာ မဟုတ်သေးပေ။ အဆုံး၌ ကျမ်းစာကျောင်း သို့မဟုတ် အသင်းတော်က ပိုမိုကြီးမားသောဘဝ၏ရည်မှန်း ချက်ပန်းတိုင်ကို လုပ်ဆောင်ဆောင်ရွက်ရမည်။ အကယ်၍ ကျနော်တို့၏လုပ် ဆောင်ခြင်းသည် ကျနော်တို့၏ရည်မှန်းချက်ပန်းတိုင်ကို မရောက်ရှိသေးပါက ကျနော်သည် ဖြစ်စဉ်တိုင်း၌ ပြန်လည်သုံးသပ်လျက် ဆုတောင်းဖို့လိုအပ်ပါသည်။

သင်ခန်းစာ

  • ညိုနှိုင်းဆောင်ရွက်သူများသည် လိုအပ်သော လေ့ကျင့်သင်ကြားခြင်းကို ပေါင်းစည်းဖို့ရန်အတွက် တိုးပွားသောစိတ်ချယုံကြည်မှုကိုရရှိကြ၏။ ထိုသို့ဖြင့် သူတို့သည် သာသနာအတွက် စစ်မှန်သော ကြိုတင်ပြင်ဆင်မှုကို ပြင်ဆင်ပေးရမည်ဖြစ်သည်။
  • သင်ကြားပေးသူတို့၏လေ့ကျင့်သင်ကြားခြင်းသည် ကျောင်းသားများ အတွက် ပြည့်ဝသောကြီးထွား ဖွံ့ဖြိုးမှုအပိုင်းအစဖြစ်သည်ကို တွေ့ရှိခြင်း အားဖြင့် သူတို့သည် သင်ကြားခြင်း၌ တိုးတက်မှုရှိလာ၏။
  • ကျောင်းသားများအနေဖြင့် သူတို့၏ဝိညာဉ်ရေးရာ ကြီးထွားဖွံ့ဖြိးမှု မည်သို့ ပင်ဖြစ်စေ ခရစ်တော်၌ ကြီးထွားဖို့ရန် အပြစ်တရားကို အောင်မြင်၍ အခြားသူများအား လေ့ကျင့်ပေးရန်အတွက် သင်ယူကြ၏။

ကျက်မှတ်ဆင်ခြင်ပါ

  • ဂ၊၅:၁၃

တာဝန်ပေးအပ်ခြင်း

  • အတိတ်ကကျောင်းသားဘဝ သို့မဟုတ် လက်ရှိကျောင်းသားဘဝ၌ သင်၏ အတွေ့အကြုံကို ဖော်ပြပါ။ သင်၏ဝိညာဉ်ရေးရာ ကြီးထွားခြင်းအဆင့်ကား အဘယ်နည်း။ ထိုလေ့ကျင့်သင်ကြားခြင်းသည် အခြားသူများအား သန့်ရှင်းသောဝိညာဉ်တော်၏တန်ခိုးအပြည့်နဲ့ ပြုစုပျိုးထောင်ရန် သင့်ကို အထောက်အကူပြုသည်ဟုထင်ပါသလား။ ရှင်းပြပါ။
  • အခြားသူများကို လေ့ကျင့်ဖူးပါသလား။ သင့်ကျောင်းသား၏ဝိညာဉ်ရေးရာ လိုအပ်ချက်များကို အကြောင်းအရာတစ်ခုနှင့် ပေါင်းစည်းခြင်းအားဖြင့် ပြဿနာများ ရင်ဆိုင်ဖူးပါသလား။ ရှင်းပြပါ။
  • ပေါလုသည် တမန်တော် ၂၇: ၂၃ ၌ မိမိအသက်ရှင်ခြင်း၏ရည်ရွယ်ချက်ကို မည်ကဲ့သို့အကျဉ်းချုပ် ပါသနည်း။ ကျနော်တို့၏အသက်ရှင်ခြင်းအတွက် ဤအခြေခံသဘောတရာများသည် အဘယ့်ကြောင့် အလွန်အရေကြီး သနည်း။ “အဘယ့်ကြောင့်နည်းဟူမူကား ငါ့ကိုပိုင်တော်မူ၍ ငါကိုးကွယ် သော ဘုရားသခင်၏ကောင်းကင်တမန်သည် ယနေ့ညဉ့်တွင် ငါ့အနားမှာ ပေါ်လာလျက် ပေါလု သင်သည် မစိုးရိမ်နှင့်(၇:၂၃)။
  • အကယ်၍ သင်သည် ကျမ်းစာကျောင်း၏ဆရာ သို့မဟုတ် စီမံခန့်ခွဲသူ ဖြစ်ပါက ထိုကျောင်းသည် ဤအသက်အူတိုင်၏ရည်ရွယ်ချက် လက်ခံ ယုံကြည်သည်ကို သင်တွေ့မြင်ပါသလား။

© Paul J. Bucknell · Burmese translation: ဓမ္မဆရာတော် ဦးဘီထန်း (Bee Htan) · Biblical Foundations for Freedom