အသက်၏အနှစ်သာရ — The Life Core. ခရစ်ယာန် အသက်တာ၏ အခြေခံအမှန်တရားများ. Burmese edition banner with a growing seedling at sunrise over mountains.

အသက်၏အနှစ်သာရ — The Life Core

အခန်း ၃၆ — အသင်းတော်များ၌ လေ့ကျင့်ပေးခြင်း

ခေါင်းဆောင်များသည် အသင်းတော်ကို ပုံသွင်းသောသူများဖြစ်သော ကြောင့် အသင်းတော်နှင့် ဂိုဏ်းဂဏားတို့သည် သူတို့၏ခေါင်းဆောင်းများကို လေ့ကျင့်ပေးခြင်း၌ အာရုံစိုက်ရန် လိုအပ်ပါသည်။

တရားသူကြီးမှတ်စာနှင့်ဓမ္မရာဇဝင်စာအုပ်များသည် ကျနော်တို့အား ခေါင်းဆောင်အမျိုးမျိုးတို့၏ ပုံဥပမာများစွာကို ပုံဖော်ပေး၏။ ဂိဒေါင်နှင့်ဒါဝိဒ် ကဲ့သို့သော ရဲ့ရင့်သည့်ခေါင်းဆောင်များသည် ရှံဆုန်၊ အာဟပ်မင်းနှင့်သူ့ဇနီး ယေဇဗေလကဲ့သို့သော ဆိုးညစ်သည့်ခေါင်းဆောင်များနှင့် ဆန့်ကျင်ဘက်ဖြစ် ကြ၏။ အတိတ်က ထိုတရားသူကြီးများ၊ ရှင်ဘုရင်များနှင့် ယနေ့ခေတ်တွင် ဘုရားလူတို့၏ခေါင်းဆောင်များဖြစ်သည့် သင်းအုပ်များ၊ ဓမ္မဆရာများ၊ အသင်း လူကြီးများတို့စပ်ကြား၌ ရာထူးအလိုက်ခြားနားချက်များရှိကြ၏။ သို့သော် ဘုရား သခင်၏လူတို့အပေါ်၌ ခေါင်းဆောင်တို့၏လွှမ်းမိုးမှုသည် ငြင်း၍မရသောအရာ ဖြစ်သည်။

ဒေသန္တာရအသင်းတော်အနေနဲ့ ဝိညာဉ်ရေးရာနဲ့ပြည့်ဝသော သူတို့၏ သင်းအုပ်ဆရာကို ကျော်လွန်ပြီး မမျှော်လင့်ပေ။ ထို့အတူပါပဲ မိသားစုနှင့် အသင်းတော်၌လည်းဖြစ်၏။ ၎င်းကို ယေရှုက “တပည့်သည် ဆရာထက်မသာ။ ကျွန်သည် သခင်ထက်မသာ”ဟူ၍ မိန့်ဆိုသည်မဟုတ်လော(မ၊၁၀:၂၄)။

ဘုရားသခင်၏ဝိညာဉ်တော်သည် အတူပါရှိ၍ တက်ကြွစွာလုပ်ဆောင်နေ သော်လည်း ခေါင်းဆောင်များ၏အသက်တာ၌ အပေးအယူရှိလာသောအခါ ဝိညာဉ်တော်၏လုပ်ဆောင်ချက်သည် အကန့်အသန့်ရှိလာပါ၏။ ဘုရားသခင်၏ လူတို့သည်လည်း သူတို့သင်းအုပ်ဆရာ၏လောကီဆန်ခြင်း၊ ဘာသာတရားလုပ် စားခြင်းနှင့်အကျင့်ပျက်ခြင်းတို့ကို စတင်အတုခိုးလာကြသည်။

ဘုရားရှင်၏လုပ်ဆောင်ချက်ကို ခေါင်းဆောင်များအားဖြင့်သာ ချုပ်ချယ် ဟန့်တားခြင်းမဟုတ်ပဲ ထိုခေါင်းဆောင်များသည် အသင်းတော်၌ ဝိညာဉ်ပိုင်း ဆိုင်ရာ လွှမ်းမိုးမှုရှိကြသောကြောင့် အသင်းသားများအားဖြင့်လည်း ချုပ်ချယ် ဟန့်တားနိုင်ပါသည်။ သူတို့အား အကောင်းဆုံးလေ့ကျင့်ပေးမည့် ပထမနေရာ သည် အသင်းတော်ဖြစ်၍ ဒုတိယနေရာအနေနဲ့ ကျမ်းစာသင်ကျောင်းများ၌လည်း လေ့ကျင့်ပေးနိုင်ပါသည်။

အကယ်၍ ဘုရားသခင်၏လူများအတွက် ဝိညာဉ်ရေးရာ ကြီးထွားဖွံ့ဖြိုးမှု၌ စိတ်အားထက်သာသော အသင်းအုပ်တစ်ပါးသည် သင်၌ရှိမည်ဆိုလျှင် မည်သို့ပြု မည်နည်း။ ထိုအရာသည် ပရိသတ်အလယ်၌ မည်ကဲ့သို့အကောင်အထည်ဖော် မည်နည်း။ သင်းအုပ်ဆရာရယ် ငါ့ကို ပြောပြပါ။ “ငါက ဒီဟာကော ဟိုဟာပါကြိုးစားတယ်” ဒါပေမယ့် ဘာကိုဆက်လုပ်ရမှန်းတောင်မသိတော့ဘူး။”

ထိုသို့သော အသင်းတော်ရင်ဆိုင်နေရသည့်အကြီးမား ဆုံးပြဿနာမှာ ယေဘုယအားဖြင့် လမ်းပြမြေပုံမရှိခြင်း ကြောင့်ဖြစ်သည်။ သူတို့၏ယေဘုယ ရည်မှန်းချက် ပန်းတိုင်များသည် ရှာဖွေလိုက်စားရန် ကောင်းမွန်သော်လည်း ဘုရားသခင်၏လူများကို အကောင်းဆုံးပို့ဆောင်ရန် လမ်းမရှိပေ။

ဝိညာဉ်ရေးရာ လမ်းပြမြေပုံသည် အရေးပါ၏။

Illustration from the original Burmese The Life Core manuscript, chapter 36, figure 1

သူတို့သည် ဟိုနားဒီနား လိုအပ် ချက် တချို့ကိုတွေ့ရှိ၍ အကောင်းဆုံး လုပ်ဆောင်ကြ၏။ သို့သော် မကြာခဏ မဟုတ်ပါ။ သူတို့၏ကြိုးစားအားထုတ်မှု သည် ဖြေရှင်းချက်အဖြေမဟုတ်ဘဲ၊ ဖာထေးခြင်းသာ ဖြစ်သည်။

ဘုရားသခင်၏ပိုမိုကြီးမားသော လုပ်ဆောင်ချက်

ဘုရားသခင်၏ပိုမိုကြီးမားသော လုပ်ဆောင်ချက်ကို ဖက်တွယ်ထားခြင်း မရှိပဲလျက် ကျနော်တို့သည် မကြာခဏ အဓိကအရာကို ပြုပြင်မည့်အစား ဖာထေးခြင်းကိုသာ အာရုံစိုက်တတ်ကြ၏။ ဘုရားသခင်သည် မြေကြီးပေါ်၌ အသင်းတော်အတွက် ကြီးမားသောရည်မှန်းချက်ပန်းတိုင်ရှိ၏။ ဒေသန္တာရအသင်း တော်သည် အသက်ရှင်၍ ထက်မြက်သောလူစုများဖြစ်ပြီး ဘုရားသခင်က ကြီးမား စွာလုပ်ဆောင်လို၍ မိမိ၏ဘုန်းအသရေကို ပြသလိုသည့်လူစုများ ဖြစ်ပါသည်။

အဘယ်သို့နည်းဟူမူကား တမန်တော်တို့မှစ၍ ပရောဖက်များတည်း ဟူသောတိုက်မြစ်အပေါ်၌ သင်တို့သည် ထပ်ဆင့်၍ တည်ဆောက်လျက်ရှိကြ၏။ ထိုတိုက်ထောင့်အမြစ် ကျောက်ကား ယေရှုခရစ်ဖြစ်သတည်း။ ထိုကျောက် နှင့်တတိုက်လုံးသည် စေ့စပ်၍ ကြီးပွားသဖြင့် သခင်ဘုရားအဖို့အလို့ငှာ သန့်ရှင်း သောဗိမ္မာန်တော်ဖြစ်၏။ ထိုဗိမ္မာန်တော်၌လည်း ဘုရားသခင်သည် ဝိညာဉ်တော် အားဖြင့် ကျိန်းဝပ်တော်မူခြင်းအလို့ငှာ သင်တို့သည် ငါတို့နှင့်အတူ တည်ဆောက် လျက်ရှိကြ၏(ဧ၊၂:၂၀-၂၂)။

အသင်းတော်သည် သင်တန်းကျောင်းများနှင့် များစွာခြားနားပါ၏။ အသင်းတော်သည် ဘုရားသခင်၏ လူများကို လေ့ကျင့်ရုံမျှသာ လေ့ကျင့် ပေးနေခြင်းမဟုတ်ပေ။ အသင်းတော်ပင်လျှင် ဘုရားသခင်၏ လူများဖြစ်ပါသည်။ အဖွဲ့အစည်းဆန်ဆန်ပြောရလျှင် အသင်းတော်၌ အခြားထူးခြားမှုများစွာရှိသေး ၏။ ဥပမာ ပြောရလျှင် လုပ်ဆောင်သောသူများသည် အခကြေးပေးခြင်းမဟုတ်ဘဲ စေတနာ့ဝန်ထမ်းများ ဖြစ်ကြသည်။ အသင်းသားများသည်လည်း ကျောင်းမှာထက် အသင်းတော်၌ နှစ်ရှည်လများပါဝင် လုပ်ဆောင်တတ်ကြ၏။

အသင်းတော်ရှိဓမ္မဆရာများသည် ကျမ်းစာကျောင်၌ရှိသော ဆရာသမား များထက် အဆက်အသွယ်မကြာခဏများတတ်၏။ ဥပမာ ကျမ်းစာကျောင်း ပါမောက္ခတစ်ဦးသည် မိမိကျောင်းသားနှင့် တစ်ပတ်မှာ တစ်ခါပဲဆုံခွင့်ရှိ၍ ကျောင်းသားအား စာဖတ်ပြီး စာတမ်းပြုစုရန် တာဝန်အပ်နှင်းလေ့ရှိ၏။ သင်းအုပ် သို့မဟုတ် Sunday School ဆရာတစ်ပါးသည် မိမိအသင်းသားကို အချိန်ကြာကြာ မထားရစ်ပေ။ လွယ်လွယ်နဲ့မကွာပါ။ ဤခြားနားချက်ကို တစ်ခုချင်းစီ ဆွေးနွေး ပါမည်။

တိုးချဲ့သည့် အဆက်အသွယ်နှင့်ကိုယ်တွေ့ညွှန်ပြခြင်း

အချိန်သည် အလွန်အရေးပါသည့် အကြောင်းရင်းတစ်ရပ်ဖြစ်သည်။ အသင်းတော်သည် ကျနော်တို့အသီးသီးအား ပိုမိုနက်ရှိုင်းစွာ ပါဝင်ခွင့်ပေးသော ကြောင့် အကျိုးဖြစ်ထွန်းမှုများကို အသင်းတော်၌ မြင်တွေ့ရ၏။ အရေးအကြောင်း တိုင်ပင်ခြင်းမှအပ မည်သည့်အရာမျှ အရေးတကြီးမဟုတ်သလိုပါပဲ။ အသင်းတော်၊ ကျောင်း သို့မဟုတ် အစီအစဉ်တစ်ရပ်တို့သည် ဝိညာဉ်ရေးရာ ကြီးထွားဖွံ့ဖြိုးမှုနှင့် မကြာခဏ ရှုပ်ထွေးတတ်၏။

ကျမ်းစာကျောင်းများသည် စာသင်နှစ် တစ်နှစ်ပြီးတစ်နှစ်အတွင်း၌ ဖြစ်ပျက်သောအရာများကို အာရုံစိုက်ကြ၏။ အသင်းတော်မူကား အသင်းသား များက သစ္စာရှိရှိ ပုံမှန်ပါဝင်မည်ဆိုလျှင် အားလုံး အကောင်းဆုံး လုပ်ဆောင်ရန် ရည်ရွယ်တတ်ကြ၏။

အသက်၏အနှစ်သာရသည် အသက်တာကြီးထွားဖွံ့ဖြိုးမှုဇယား မြေပုံကို ကျနော်တို့အား ရေးဆွဲစေ၍ အမှုထမ်းရသောအခွင့်ထူးကို ဖြစ်စေပြီး အသီးသီးစေ ပါ၏။ အသင်းတော်ခေါင်းဆောင်များသည် နူးညံ့သောသိုးထိန်းများကို လိုချင် သည်နည်းတူ အသင်းသားတစ်ဦးချင်းစီတို့နှင့် တွေ့ဆုံ၍ သူတို့သည် မည်သို့သော တပည့်တော်အဆင့်၌ ရှိနေကြသည်ကို သိမြင်ကြရန် ကူညီအားပေးကြ၏။ ထိုသူတို့နှင့်အတူ ကိုယ်တွေ့ဆက်နွယ်ခြင်းနှင့်အချိန်ယူခြင်းသည် သူတို့အား ညွန်ပြပေးရန် ကျနော်တို့ကို အခွင့်ထူး ရရှိစေပါသည်။

အသင်းတော်ရှိ လူတစ်ဦးသည် အိမ်ထောင်ပြု၍ honeymoon ခရီး ထွက်သွားသော်လည်း အသင်းတော်သို့ ပြန်လာပါလိမ့်မည်။ လေ့ကျင့်သင်ကြား ခြင်းသည် ဇနီးမောင်နှံပြန်ရောက်လာသောအခါ ပြန်ဆက်နိုင်သည်။ အချိန်သည် ကျနော်တို့ဘက်၌ရှိ၏။

အသင်းတော်ခေါင်းဆောင်များသည် ဤချည့်နဲ့သောအခြေခံအုတ်မြစ် များကို မြှင့်တင်ဖို့ရန် အထောက်အကူပြုစေသော ဆွေးနွေးမှုများပြုလုပ်နိုင်သည်။ ထိုသို့ဖြင့် ထိုလူစုတို့၏ ဝိညာဉ်ပိုင်းဆိုင်ရာ ကြီးထွားဖွံ့ဖြိုးမှု၌ ရှေ့ကိုတိုးစေလျက် ရည်မှန်းပန်းတိုင်နှင့်အတူ အခြားသူများအား ထိရောက်စွာ အမှုထမ်း ဆောင်ရွက်စေနိုင်မည်ဖြစ်သည်။

သင်းအုပ်များသည် ကျမ်းစာကျောင်းဆရာများကဲ့သို့ သီအိုလော်ဂျီပညာ ရပ်ကို လေးလေးနက်နက် သင်ကြားပို့ချရန် အခွင့်ထူး သိပ်မရရှိကြပေ။ အကြောင်း မှာ အချိန်တိုင်း၌ အကန့်အသတ်ရှိနေသောကြောင့်ဖြစ်သည်။ အသင်းတော်၏ အားသာချက်ကား ဘုရားသခင်၏ နှုတ်ကပတ်တော်ကို ထိုအသင်းတော်၌ စွမ်းစွမ်းတမံ ဟောပြောနိုင်စွမ်းရှိ၍ ထိုနှုတ်ကပတ်တော်အား အမြစ်တွယ်စေဖို့ရန် အခွင့်အလမ်းကို ဖန်တီးနိုင်၏။ ကျနော်တို့သည် အဓိကအကြောင်းအရာ ဖြစ်သည့်ကယ်တင်ခြင်း၊ သန့်ရှင်းစင်ကြယ်ခြင်းနှင့် ဧဝံဂေလိ ဝေငှခြင်းတို့အပေါ်၌ ကျနော်တို့ အာရုံစိုက်နေသည်မှာ သမ္မာကျမ်းစာ၏ခွင့်ပြုခြင်းပင်ဖြစ်သည်။

သို့ရာတွင် ယုံကြည်သူများအနေဖြင့် ကြီးထွားခြင်းမရှိတော့သောအခါ ပြဿနာတစ်ရပ် ဖြစ်ပေါ်နိုင်သည်။ အသင်းတော်၌ ဝိညာဉ်ရေးရာကြီးထွားခြင်းနှင့် ရင့်ကျက်ခြင်းသည် အလိုအလျောက်မရှိနိုင်ပေ။ သို့ဖြစ်၍ အသင်းတော်၏ ရှင်းလင်းသောရူပါရုံသည် တဖြည်းဖြည်းချင်း တိုးပွားသင့်သည်။ ကောင်းမွန်သော တရားဟောချက်နှင့်သင်ကြားခြင်းများကို ကောင်းကောင်းမတုံ့ပြန်နိုင်ရန် မည်သည့်အရာက ဘုရားသခင်၏ လူတို့ကို ထုံထိုင်းစေပါသနည်း။

ဒုစရိုက်အပြစ်၏အခြေခံအကြောင်းရင်းများစွာထဲတွင် ကျနော်တို့ကိုယ် တိုင်လည်းပါဝင်၏။ ယောဟန်က ဗျာဒိတ်ကျမ်းအခန်းကြီး ၂-၃ တို့တွင် နွေးရုံမျှသာ ဖြစ်စေသည့်ကဏ္ဍများစွာကို ထောက်ပြခဲ့သည်။ သို့သော် ပြန်လည် ပျိုးထောင်ခြင်း အကြောင်း ထပ်တလဲလဲထောက်ပြသည်ကို ကျနော်တို့မြင် တွေ့ရ၏။

အသင်းတော်ခုနှစ်ပါးတို့ထံသို့ စာရေးသားရာတွင် ယောဟန်က အသင်းတော်၌ ယေရှု၏တရားသဖြင့် နေရာယူခြင်းတို့ကို စတင်ရည်ညွှန်းထား၏။ ဥပမာ စမုရနမြို့၌ရှိသောအသင်းတော်အတွက် ယေရှုသည် ထမြောက်သောသူဖြစ် ၏။ သေခြင်းတရားကို ကြောက်ရွံ့ခြင်းသည် အသင်းအပေါ် ၌ မအုပ်စိုးသင့်ပေ (ဗျာ၊၂:၈-၁၁)။ ပေရဂံမြို့၌ရှိသောအသင်းတော်ထံသို့ ရေးသားချက်ကား ဆိုးညစ် ခြင်းအတွက် အသွားနှစ်ဘက် ထက်သောဓားဖြင့် တရားစီရင်ခြင်းရှိရမည်ဟု အသေအချာပြောဆို၏(ဗျာ၊၂:၁၂-၁၇)။ ပြန်လည် ထူထောင်ခြင်းသည် ကျနော်တို့ ၏အာရုံစိုက်မှုကို မိမိတို့အသက်တာ၌ ယေရှုခရစ်တော် ပြင်ဆင်ပေးသည့် ဘုန်းအသရေနှင့်ပြည့်စုံသောနေရာသို့ အမြဲပို့ဆောင်ပါလိမ့်မည်။

ပြန်လည်ထူထောင်ခြင်းဟူသည်မှာ လူတစ်ဦး၏အသက်ရှင်ခြင်းအား ဘုရားရှင်ထံသို့ ပြန်လည်ဗဟိုပြုစေခြင်းကိုခေါ်သည်။ ယုံကြည်သူများသည် ဝိညာဉ်ပိုင်းဆိုင်ရာ လမ်းပြမြေပုံမှ ပိုမိုကောင်းမွန်သော လမ်းညွှန်မှုကို ရရှိလာ သည့်နှင့်အမျှ အသက်တာကြီးထွားဖို့ရန် သူတို့၏စိတ်အားတက်သန်မှုမှာ နဂို အတိုင်းပြန်ဖြစ်လာ၏။ ယေဘုယဆန်သော ရည်မှန်းချက်ပန်းတိုင်နှင့် အထူး လုပ်ငန်းများကို ပေါင်းစည်းလိုက်သောအခါ သူတို့၏ရည်မှန်းချက်ပန်းတိုင်သည် သူတို့ရောက်ရှိနိုင်ကြောင်း ယုံကြည်စိတ်ချမှုရှိလာကာ ပိုမိုပါဝင်လိုစိတ်ရှိလာကြ မည်ဖြစ်သည်။

သင်းအုပ်သည် ဘုရားသခင်၏လူစုတို့အသက်တာ၌ ဘုရားသခင်လုပ် ဆောင်လျက်ရှိသည့်အရာကို အလွယ်တကူ မြှင့်တင်ပေးနိုင်သူဖြစ်သင့်သည်။ အကယ်၍ ၎င်းကို ဂရုတစိုက်မြှင့်တင်ပေးသည့် ညွှန်ပြခြင်း အစီအစဉ်နှင့် ပေါင်းစပ် လိုက်လျှင် ဘုရားသခင်၏လူတို့သည် စိတ်အားထက်သန်မှု တိုးပွားလာမည် ဖြစ်ပါသည်။ ထိုသို့ဖြစ်ရခြင်းသည် အသင်းတော်၏အကြီးအကဲများကြောင့် မဟုတ်ဘဲ၊ ဘုရားရှင်၏ လုပ်ဆောင်ချက်ကြောင့်ဖြစ်သည်။

စိတ်ပါဝင်စားမှု နည်းပါးခြင်း

ဘုရားသခင်၏လူတို့သည် ကျမ်းစာကျောင်းကို မတက်လိုကြပေ။ သူတို့၏ ငွေကြေး ထောင်သောင်းများစွာကိုလည်း ဘွဲ့ဒီဂရီရရှိဖို့အတွက် ထည့်ဝင်ခြင်းမပြု ကြပေ။ အကယ်၍ အသင်းတော်၏ လေ့ကျင့်သင်ကြားခြင်းကို ကောင်းကောင်း လုပ်ဆောင်ပါက လူတို့သည် အသက်တာပြောင်းလဲခြင်းရှိ၍ ကိုယ်တိုင်ကိုယ်ကျ ဘုရားသခင်ကို တွေ့မြင်လာကာ ဝတ်ပြုခြင်း၌ မွေ့လျော်လာကြမည်။ ထိုလူတို့ သည် အသင်းတော်၌ အလိုလိုပျော်လာကြမည်။ သူတို့၏အသက်တာ၌ ဘုရားသခင် လုပ်ဆောင်လျက်ရှိသော အရာများကြောင့် အခြားသူများလည်း အသင်းတော်သို့ လာရောက်လိုစိတ်ရှိလာကြမည်။

ဤကား ဘုရားသခင်၏လူတို့အလယ်၌ ဘုရားသခင်ကျိန်းဝပ်တော်မူခြင်း တည်းဟူသော ဘုရားသခင်၏အသင်းတော်ကို ပုံဖော်ခြင်းဖြစ်ပါသည်။ ဘုရားသခင် သည် သူတို့အလယ်၌ ရှင်သန် လှုပ်ရှားပါက အများနှင့်ဆိုင်သည့်တရားဟောခြင်း နှင့်သင်ကြားခြင်း၌ ကိုယ်တိုင်ကိုယ်တျ ပြောင်းလဲခြင်းရှိရမည်။ ကိုယ်တိုင် သန့်ရှင်းခြင်းနှင့်ဝိညာဉ်ရေးရာကြီးထွားခြင်းမရှိဘဲလျက် အသက်ရှင်ခြင်းကို အခွင့် ပေးလာသောအခါ ကျနော်တို့သည် ဘုရားသခင်နှင့်သူ၏လုပ်ဆောင်ချက်ကို မကြိုဆိုနိုင်တော့ပေ။ "ထိုဗိမာန်တော်၌လည်း ဘုရားသခင်သည် ဝိညာဉ်တော် အားဖြင့် ကျိန်းဝပ်တော်မူခြင်းအလို့ငှာ သင်တို့သည် ငါတို့နှင့်အတူ တည်ဆောက် လျက်ရှိကြ၏”(ဧ၊၂:၂၂)။

ဒေသန္တရအသင်းတော်သည် လေ့ကျင့်သင်ကြားခြင်းအတွက် နေရာ ကောင်းဖြစ်၍ ကျမ်းစာကျောင်းနှင့် မယှဉ်ပြိုင်နိုင်မှာကို စိုးရိမ်စရာမလိုအပ်ပေ။ အသင်းတော်အနေဖြင့် မိမိအလုပ်ကို မှန်မှန်ကန်ကန် လုပ်ဆောင် မည်ဆိုလျှင် ကျမ်းစာကျောင်းကို ယှဉ်ပြိုင်နိုင်ပါသည်။ များစွာသောလူများ ကျမ်းစာကျောင်း ကိုသွား၍ ကျောင်းတက်ရခြင်းမှာ မိမိတို့အသင်းတော်၌ မတွေ့ရှိနိုင်သည့် ထိုရည်ရွယ်ချက်ကြောင့်ဖြစ်သည်။

ဤသို့ပြောဆိုရာတွင် အသင်းတော်အပြင်ဘက်၌ သင်တန်းများများ တက်ခြင်းသည် ကောင်းသယောင်ဖြစ်သော်လည်း အသင်းတော်၌ လုပ်ငန်း ဆောင်ရွက်ရန်အတွက် အခွင့်အလမ်းများနှင့် သင့်လျော်သော လေ့ကျင့်မှုများ အတွက် လိုအပ်ချက် မဖော်ပြပါက အံ့အားသင့်စရာဖြစ်ပေမည်။ သင်းအုပ်တို့သည် ဝိညာဉ်ရေးရာ၌ အစဉ်ကြီးထွားလျက် သခင်ဘုရားနှင့်အခြားသူများကို ချစ်တတ် လာသောအခါ ၎င်းသည် ကူးစက်ပြန့်ပွားလွယ်သောအရာဖြစ်လာသည်။ လူတို့သည် ထို့အတူပြုလာကြ၍ အခြားသူများကို ပိုမိုအလုပ်အကျွေးပြုရန် စိတ်အားထက်သန်လာကြလိမ့်မည်။

အသင်းတော်သည် ယုံကြည်သူများအား ခိုင်ခံ့စွာကြီးထွားဖို့ရန် ဝီရိယရှိရှိ ကူညီအားပေးရမည်။ အသင်းတော်အနေဖြင့် ၎င်းကို အလိုအလျောက်ဖြစ်လာ မည်ဟု မမျှော်လင့်သင့်ပေ။

သင်ခန်းစာ

  • အသင်းတော်အနေဖြင့် ယုံကြည်သူအသီးသီးတို့၏ဝိညာဉ်ရေးရာ ကြီး ထွားခြင်း ဘယ်အဆင့်ရောက်နေသည်ကိုလည်းကောင်း၊ ပြဿနာများ ကြားထဲက မည်ကဲ့သို့လုပ်ဆောင်မည်ကိုလည်းကောင်း ရှင်းလင်း နားလည်စေဖို့ရန် ကြီးမားသောအခွင့်ထူးနှင့်တာဝန်ရှိပါသည်။
  • ဘုရားသခင်၏လူတို့သည် မိမိတို့အသက်တာအတွက် ဘုရားသခင်၏ အလိုတော်ကို သိရှိ၍ ၎င်းသည် မည်ကဲ့သို့အကောင်အထည်ဖော်မည်ကို အလွန်စိတ်ဝင်စားကြ၏။ ဤအကြောင်းများကို ကျမ်းစာ၏ ကျိုးကြောင်း ဆီလျော်မှုရှိသည့်အတိုင်း ဖော်ပြလိုက်ပါ။ ဘုရားသခင်၏လူတို့သည် စိတ်ပါဝင်စား လာကြလိမ့်မည်။
  • ဘုရားသခင်သည် ဘုရားသခင်၏လူတို့ကို မိမိ၏သန့်ရှင်းသောဗိမာန် တော်အဖြစ် တည်ဆောက်ရန် အလွန်ဆန္ဒပြင်းပြ၏။ ကိုယ်တော်သည် မိမိနှင့်လုပ်ဆောင်၍ မိမိထံသို့ ဘုန်းအသရေယူဆောင်လာမည့်ခေါင်း ဆောင်းများကို ရှာဖွေလျက်နေ၏။ အသင်းတော်အနေနဲ့ ယုံကြည်သူ အသီးသီးတို့၏ကြီးထွားမှုကို ကူညီသောအားဖြင့် ထိုအသင်းတော်သည် ယုံကြည်သူတို့အတွက်ရော အခြားအသင်းတော်များ အတွက်ပါ အားကြီး သောခေါင်းဆောင်များကို မွေးထုတ်ခြင်းတည်းဟူသော အကြီးမားဆုံး သောပံ့ပိုးမှုကို ပြုလုပ်ပေးခြင်းဖြစ်သည်။

ကျက်မှတ်ဆင်ခြင်ပါ

  • ဧ၊၂:၂၁-၂၂

တာဝန်ပေးအပ်ခြင်း

  • အထက်မှာ ဖော်ပြသည့်တိုင်း သင်ပါဝင်နေသည့်အသင်းတော်အကြောင်း ကိုဖော်ပြပါ။ ထိုအသင်းတော်ရှိလူတို့သည် ကြီးထွားခြင်းကို စိတ်ပါဝင်စား ကြပါသလား။ အဘယ့်ကြောင့် စိတ်ပါဝင်စားမှုရှိကြသနည်း သို့မဟုတ် အဘယ့်ကြောင့် စိတ်ပါဝင်စားမှုမရှိကြသနည်း။
  • အသင်းတော်ခေါင်းဆောင်တို့သည် အသင်းသားများ၏ဝိညာဉ်ရေးရာ ကြီးထွားခြင်းနှင့် နောက်တဆင့် မည်ကဲ့သို့ရောက်ရှိမည်ကို သိရှိလျက် သူတို့ကို အထက်၌ ဖော်ပြသည့်လမ်းစဉ်အတိုင်း အမှန်တကယ် ညွှန်ပြကြ ပါသလား။
  • လူတို့သည် ကြီးထွားလျက် အခြားသူများကို အလိုအလျောက် ပြုစုပျိုး ထောင်ကြပါသလား။ အသင်းတော်ကို ကြည့်ရှုစောင့်ရှောက်၍ တည် ဆောက်သောလူတို့သည် ရာခိုင်နှုန်းအားဖြင့် ဘယ်လောက်ရှိပါသနည်း။

© Paul J. Bucknell · Burmese translation: ဓမ္မဆရာတော် ဦးဘီထန်း (Bee Htan) · Biblical Foundations for Freedom