အသက်၏အနှစ်သာရ — The Life Core. ခရစ်ယာန် အသက်တာ၏ အခြေခံအမှန်တရားများ. Burmese edition banner with a growing seedling at sunrise over mountains.

အသက်၏အနှစ်သာရ — The Life Core

အခန်း ၃၅ — ခေါင်းဆောင်မှု ကြီးထွားရင့်သန်ခြင်း

ကျမ်းစာကျောင်းတည်ထောင်သူများက မိမိတို့သည် အထူးသာသနာ နယ်အတွက် ခေါင်းဆောင်ကောင်းများဖြစ်သည့်သင်းအုပ်ဆရာများ၊ သာသနာ ပြုများ၊ အကြံပေးသူများ၊ စီမံခန့်ခွဲသူများ၊ ဓမ္မဆရာများ စသည့်ပုဂ္ဂိုလ်များကို မွေးထုတ်ရန် မိမိတို့၏ကျောင်းသားများကို လေ့ကျင့်ပေးလျက်ရှိကြောင်း ပြောကြား သည်မှာ ထုံးစံပင်ဖြစ်ပါသည်။ သူတို့တကယ် ဟုတ်ရဲ့လား။

ငါက သင်းအုပ်တစ်ပါးအား သူ့ရဲ့အသင်းတော်ခေါင်းဆောင်မှု လေ့ကျင့်ခြင်း လုပ်ငန်းအကြောင်း အရာကို မေးမြန်းခဲ့ပါတယ်။ အဲဒီသင်းအုပ်က သူ့လူတို့အား ကျမ်းစာကျောင်းဖြစ်စေ၊ ကျမ်းစာသင်တန်းဖြစ်စေ တက်ရောက်ဖို့ရန် ဘာ့ကြောင်းမလွှတ်ပဲ နေရသည်ကို သူ့ဂိုဏ်းချုပ်များကပင် အံ့ဩမိကြပါသည်။ ကျမ်းစာကျောင်းအနေနဲ့ သူ့လူတို့ကို အလုပ်အတွက် ဘာမှလေ့ကျင့်ခြင်းမရှိပါဟု သူကရိုးရိုးလေး ပြောဆိုလိုက်ပါသည်။ ကျွန်ုပ်တို့၏အကောင်းဆုံးကျောင်းများထဲက လေ့ကျင့်ပေးခြင်းသည် ဖြားယောင်း သွေးဆောင်းခြင်းကို တိုက်လှန်နိုင်ဖို့ရန် ခိုင်ခံ့သောယုံကြည်ခြင်းကို တပ်ဆင်ပေး၍ ဘုရားသခင် အပေါ် ချစ်ခြင်းမေတ္တာ ကြီးထွားစေလျက် အခြားသူများအား သနားကြင်နာစွာ အလုပ်အကျွေးပြုသည့် အလျောက် ဘုရားသခင်၏နှုတ်ကပတ်တော် အသုံးပြုရာတွင် အမှန်နက်ရှိုင်းမှုရှိ ပါသလား။

ဤစာအုပ်သည် ဘုရားတရားကြည်ညိုသော ခေါင်းဆောင်များ၏အခြေခံ အုတ်မြစ် မည်ကဲ့သို့ ကြီးထွားစေရမည်ကို အာရုံစိုက်သောစာအုပ်ဖြစ်ပါသည်။ ထို့အပြင် မှန်မှန်ကန်ကန် ကြီးထွားရန် လိုအပ်သည့်အလျောက် တစ်ဦး ချင်းစီ၏ဝိညာဉ်ရေးရာ ကြီးထွားဖွံ့ဖြိုးမှုအပေါ်၌ မူတည်လျက် သူတို့သည် အထူးညွှန်ပြမှုကို လိုအပ်ကြပါ၏။ မည်သို့ပင်ဖြစ်စေ ဤအခြေခံကျသော လေ့ကျင့်ခြင်းသည် ယုံကြည်သူ အပေါင်းတို့အတွက် အကျိုးဝင်ပုံဖော်ထားခြင်း ဖြစ်ပါသည်။

ဝိညာဉ်ရေးရာအသက်တာ၏ပြုစုပျိုးထောင်ခြင်း မရှိပါက လူတစ်ဦးသည် ခေါင်းဆောင်ကောင်း မဖြစ်နိုင်ပါ။ "ငါနှင့်ကင်းကွာလျှင် သင်တို့သည် မည်သည့် အမှုကိုမျှ မပြုနိုင်ကြ"(ယော၊၁၅:၅)။ ဒါဝိဒ်မင်းကြီးလည်း အလားတူစဉ်းစား သည်မှာ "အံ့ဖွယ်သောအမှုတို့ကို တပါးတည်းသာစီရင်တော်မူသော ထာဝရအရှင် ဘုရားဘုရားသခင်၊ အစ္စရေးအမျိုး၏ဘုရားသခင်သည် မင်္ဂလာရှိတော်မူစေ သတည်း" (ဆာ၊၇၂:၁၈)။

ဝိညာဉ်ရေးရာကြီးထွားခြင်းသည် ကျွန်ုပ်တို့အား ဘုန်းအသရေနှင့်ပြည့် စုံသော ဘုရားသခင်၏ မျက်မှောက်တော်နှင့် ကင်းကွာစေသည့်အရာများကို ဖယ်ရှားပေးခြင်းဖြစ်သည်။ တနည်းအားဖြင့် ဝိညာဉ်ရေးရာကြီးထွားဖွံ့ဖြိုးမှုဆို သည်မှာ တစ်စုံတစ်ဦးသည် ဘုရားသခင်နှင့် ပိုမိုရင်းနှီးလာသည်အမျှ ဘုရားသခင် ၏လမ်းစဉ်များကို ပို၍သဘောတူလက်ခံလာခြင်းပင်ဖြစ်သည်။

လောကီရေးရာဝါဒ၊ ရုပ်ဝတ္ထုပိုင်းဆိုင်ရာဝါဒနှင့် ထုံးတမ်းစဉ်လာဝါဒတို့ သည် ယနေ့ကျွန်ုပ်တို့ မျက်မှောက်ခေတ်ကာလတွင် ကျွန်ုပ်တို့အား ခရစ်တော် နှင့်ဝေးကွာစေသည့် စွမ်းအားသုံးမျိုးဖြစ်ပါသည်။ အကယ်၍ အသင်းတော် အနေဖြင့် ဘုရားသခင်၏လက်နက်တန်ဆာများကို ဝတ်ဆင်ထားပါက ၎င်းတို့ကို ကြောက်စရာမလိုအပ်ပေ။

ကျွန်ုပ်တို့ရဲ့သင်ယူလေ့လာခြင်း ပုံစံဟာ ကျွန်ုပ်တို့ရဲ့ တကယ့်ရည် ရွယ်ချက်များနဲ့ လွဲနေတယ်။ သိမြင်နားလည်နိုင်တဲ့ ညွှန်ကြားချက် ဖြစ်ရပ်မှန် များဟာ အရေးပါလာတဲ့အခါမှာ ဒီရည်ရွယ်ချက်ကို အထူးဂရုစိုက်ဖို့ လိုအပ် လာပါတယ်။ ဝိညာဉ်ရေးရာ တိုက်ပွဲ၌အနိုင်ရစေတဲ့ ယုံကြည်ခြင်းမျိုးသည် ခရစ်ယာန်ခေါင်းဆောင်အဖို့ သတင်းအချက်အလက် စုဆောင်းဖို့ရန် မိမိကိုယ်ကို တန်ဖိုးထားခြင်းနှင့် မိမိကိုယ်ကိုယုံကြည်စိတ်ချစေခြင်း မဟုတ်ဘဲ အထောက် အကူဖြစ်သင့်သည်။

များစွာသောခရစ်ယာန်ခေါင်းဆောင်များနှင့်ဆရာသမားများသည် သူတို့ အသက်တာ အသက်ရှင်ခြင်း၌ဖြစ်စေ၊ ခရစ်တော်အစေခံခြင်း၌ဖြစ်စေ လေ့ကျင့် ပေးခြင်းကို ကောင်းမွန်စွာမခံရသူများဖြစ်ကြသည်။ ထိုသူတို့အဖို့ နဖူးတွေ့ဒူးတွေ့ ဆိုသည်ထက် စိတ်ကူးသက်သက်သာဖြစ်သည်။ ငါလည်း ကမ္ဘာတဝှမ်း ခေါင်းဆောင်များစွာနဲ့ လက်တွဲပြီးလုပ်ဆောင်ခဲ့ပါတယ်။ သည်တပည့်တော်မွေး ထုတ်ခြင်း လေ့ကျင့်ပေးခြင်း သင်ခန်းစာအဆင့်ဆင့်များကို တင်ဆက်ချပြတဲ့ အခါမှာ များစွာသောသူတွေက “ငါတို့က အဆင့်၂ တောင်မှ မရောက်သေးဘူး”လို့ ဆိုကြပါတယ်။ သူတို့တွေဟာ အမျိုးမျိုးသော ဖြားယောင်းခြင်းများနဲ့သာ နပန်းလုံးလျက်နေကြပါသေးတယ်။

ခေါင်းဆောင်တစ်ယောက် အသက်တာလဲကျပြီဆိုရင် စိတ်ဓာတ်ကျဖို့ အရမ်းကို လွယ်ပါတယ်။ ကျနော်တို့အားလုံးလည်း အသက်တာလဲကျနိုင်တယ်။ ဒါပေမယ့် မကြာခဏဖြစ်နေရင် အခြားသူများကို ယုံကြည်ခြင်း၌ ဘယ်လိုနည်းနဲ့ တည်ဆောက်နိုင်မှာလဲ။ ဒါကြောင့် ရှုံးနိမ့်ခြင်းဆိုတာ ရှုံးနိမ့်ခြင်းကို ပေါ်ပေါက် စေတတ်တယ်။

ငါရဲ့တွေ့ရှိချက်အရ ထုံးစံအတိုင်း လုပ်ဆောင်တဲ့ ခရစ်ယာန်တွေရဲ့ လေ့ကျင့်ခြင်းနဲ့ပတ်သက်ပြီး ချို့ယွင်းမှုကို တင်ဆက်သွားမှာဖြစ်ပါတယ်။ ဝိညာဉ်ပိုင်းဆိုင်ရာ ကြီးထွားဖွံ့ဖြိုးမှု ပထမ အဆင့်နှစ်ဆင့်၌ ကြီးထွားဖွံ့ဖြိုးမှုမရှိတဲ့ ခေါင်းဆောင်တွေရဲ့အားနည်းချက်ကို ကျနော်ပိုင်းခြားစိတ်ဖြာရပါမည်။

အဆင့် #၁ ရည်မှန်းချက်ပန်းတိုင်ဆိုသည်မှာ ဘုရားသခင်၏ မေတ္တာ၌ စိတ်ချမှုရှိခြင်းမှ ဆင်းသက်လာသည့် ကိုယ်တော်ထံတော်ပါး၌ ပိုမိုကိုးစားခြင်းကိုခေါ်၏။

ခေါင်းဆောင်များသည် မိမိတို့၏အသက်တာအတွက် ဘုရားသခင်၏ စဉ်ဆက်မပြတ်မေတ္တာကို ကောင်းကောင်းမတွေ့မြင်သောအခါ သူတို့၏ကယ် တင်ခြင်းအတွက်ရော သူတို့၏လုပ်ငန်းအတွက်ပါ လုံခြုံ စိတ်ချမှုကင်းမဲ့တတ်ကြ၏။ ကားတိုင်တရားကို ကောင်းကောင်းနားမလည်သူများသည် မိမိတို့၏ လုပ်ဆောင် အားဖြင့် ဘုရားသခင်လက်ခံသည်ဟု ထင်မှတ်တတ်ကြ၏။ ဘာသာတရားမှစ၍ လောကီတရားနှင့် တစ်စုံတစ်ဦး၏လုပ်ဆောင်ချက်များကို အလေးထားလွန်းခြင်း တို့သည် စစ်မှန်သောကိုးကွယ်ခြင်းအစား၌ ရုပ်တုကိုးကွယ်ခြင်းကို အစားထိုး တတ်၏။

ဖြစ်ပေါ်လာနိုင်သည့်အခြားပြဿနာများမှာ အခြားသူများ၏အာရုံစိုက်မှုကို လွန်လွန်ကဲကဲ ရှာဖွေ လာခြင်း၊ သူတစ်ပါးအပေါ် မှန်မှန်ကန်ကန် ချစ်ခြင်းနှင အလုပ်အကျွေးပြုစုခြင်း၌ မစွမ်းနိုင်သည့်အရာကိုပင် ရရန်ကြိုးစားလာခြင်းတို့ဖြစ် ပါသည်။

အဆင့် #၂ ရည်မှန်းချက်ပန်းတိုင်ဆိုသည်မှာ ဖြားယောင်းသွေး ဆောင်ခြင်းကို အောင်နိုင်ရန် ဘုရားသခင်၏နှုတ်ကပတ်တော်ကို အသုံးပြုရန် သင်ယူခြင်းကိုခေါ်၏။

ယုံကြည်သူတစ်ဦးသည် အဆင့် # ၁ ၌ ရှင်းရှင်းလင်းလင်း ကြီးထွားခြင်း မရှိပါက အဆင့် # ၂ ကို လွယ်လွယ်ကူကူ ဖြတ်ကျော်နိုင်မည်မဟုတ်ပေ။ ခရစ်ယာန် အသက်တာ၏တွေ့ကြုံမှုများစွာတို့သည်လည်း စိတ်ပျက်စရာ ရှုံးနိမ့်မှုများ၌သာ ရှင်သန်လာမည်ဖြစ်သည်။

လူငယ်ယုံကြည်သူသည် ဘုရားသခင်၏နှုတ်ကပတ်တော်၌ ယုံကြည်စိတ် ချမှု အားကြီးသည် မဟုတ်လော။ သို့ရာတွင် ဖြားယောင်းသွေးဆောင်ခြင်းကို သူမနိုင်ကြောင်း သိရှိသွားသောအခါ ဘာဖြစ် မည်နည်း။ ထိုသို့သော ယုံကြည်သူက မိမိသည် နှုတ်ကပတ်တော်နှင့် သဟဇာတမဖြစ်သည်ကို နားလည် လာမည်။ ဘုရားသခင်သည်လည်း ဒုတိယအဆင့်အနေနဲ့ နေ့စဉ်မည်ကဲ့သို့ အသက်ရှင်၍ ဝိညာဉ်ရေးရာ၌ မည်ကဲ့သို့ကြီးထွားမည်ကို ထိုသူအား သင်ကြားပေးမည်ဖြစ်သည်။

ဤစိတ်နေသဘောထားသည် ဘုရားသခင်၏နှုတ်ကပတ်တော်နှင့် သာသ နာလုပ်ငန်းအပေါ် သူတို့၏အယူအဆတစ်ခုလုံးကို စွန်းထင်းစေပါလိမ့်မည်။ ဘုရားသခင်၏နှုတ်ကပတ်တော်၌ ယုံကြည်သက်ဝင်မည့်အစား ပိုမိုနက်ရှိုင်းသော ပြဿနာသို့ ခေါ်ဆောင်သွားရန် နတ်ဆိုးက သူတို့၏စိတ်နှလုံးထဲသို့ မယုံသင်္ကာ များကို မသိမသာသွင်းပေးပါလိမ့်မည်။

(၁) သူတို့၏အသက်တာထဲ၌ ဒုစရိုက်အပြစ်ကို အခွင့်ပေးခြင်း

(၂) ဘုရားသခင်နှင့် ရီးနှင်းကျွမ်းဝင်မည့်အစား ဘာသာတရားအတိုင်း အသက်ရှင်ခြင်းကို လက်သင့်ခံခြင်း

(၃) ဘုရားသခင်၏နှုတ်ကပတ်တော်ကို နိမ့်ကျသောအယူအဆဖြင့် ခံယူခြင်း

(၄) ပို၍နက်နဲသော ဝိညာဉ်ရေးရာရုန်းကန်မှုများ၌ အထောက် အကူဖြစ်စေရန် အထူးကျွမ်းကျင်သူများ လိုအပ်သည်ကို ယုံကြည်လက်ခံ ခြင်းရှိရမည်။ အကြောင်းမှာ သူတို့ဟာသူတို့ မကိုင်တွယ်နိုင် သောကြောင့် တည်း။

စစ်မှန်သောသာသနာလုပ်ငန်းကို နားလည်ခြင်း

အကယ်၍ ကျနော်တို့၏အကြီးမားဆုံး သာသနာလုပ်ငန်းသည် ခရစ်တော် နှင့်ရင်းနှီးခြင်းထဲမှ ဖြစ်ပေါ်လာပါက ကျနော်တို့အသက်တာ၌ မသန့်ရှင်းသည့် လက္ခဏာသွင်ပြင်များ လက်သင့်ခံသောအခါ ဝန်ခံရပါမည်။ ထိုအခါ ကျနော်တို့၏ သာသနာလုပ်ငန်းသည် ဘုရားရှင်နှင့်ကျနော်တို့အကြား ပူးတွဲသည်ထက် ကျနော် တို့ကိုယ်ပိုင်၏အတွေ့အကြုံ၊ ကျွမ်းကျင်မှုနှင့်အခွင့်အလမ်းများ ဖြစ်လာပါလိမ့်မည်။

အမှုတော်ဆောင် သို့မဟုတ် ဓမ္မဆရာတစ်ဦးဦး၏ဒုစရိုက်အပြစ်ကို ချည်နှောင်ခြင်းသည် ထိုသူကို သတ်ဖို့ရန်သာမကပဲ သူ၏လုပ်ငန်းကိုပါအင်အား နည်းစေရန် နတ်ဆိုးအတွက် ကောင်းကောင်းအသုံးချ စေမည့် အဓိကသော့ချက် ဖြစ်လာသည်။

ဤအတွက်ကြောင့် ကျနော်တို့သည် မလွန်ဆန်နိုင်သောပုဂ္ဂိုလ်များဖြစ် သည့် သူတို့၏တပ်မက်ခြင်းအပေါ် သူတို့၏စိတ်ကူးကို တည်ဆောက်လျက် စိတ်နှလုံး၌ ခါးသီးခြင်းကို သိုထားသောသူများထက် ဘုရားတရားကြည်ညိုသော သူများကို လိုအပ်ရခြင်းဖြစ်ပါသည်။ ထိုသူတို့၏အသက်တာတလျှောက်တွင် ချစ်ခြင်းမေတ္တာနှင့်ဆိုင်သော ဧဝံဂေတရား၏ဘုန်းအသရေကို မမြင်တွေ့ရပေ။ သူတို့၏အသက်တာသည် မကြီးထွားနိုင်တော့ဘဲ ဆုတ်ယုတ်လာတော့သည်။

အသင်းတော်နှင့်ကျမ်းစာကျောင်းများသည် ဘုရားသခင်၏လူများကို သူတို့အား ဘုရားသခင်ခေါ်ထားသည့် ဘုန်းအသရေရှိသောအနေအထားသို့ ပြန်လည်ပျိုးထောင်ဖို့ရန် အရေးပေါ် လေ့ကျင့်ပေးခြင်း လိုအပ်သည်ကို သဘော ပေါက်နားလည်ကြရမည်။

ပညာရှိသောသူတို့သည်လည်း ကောင်းကင်မျက်နှာကျက်၏အရောင်အဝါ ကဲ့သို့လည်းကောင်း၊ လူအများတို့ကို ဖြောင့်မတ်ခြင်းတရားလမ်းထဲသို့ သွင်းသော သူတို့သည်လည်း ကြယ်များကဲ့သို့ လည်းကောင်း အစဉ်အမြဲထွန်းလင်းကြလိမ့် မည်(၁၂:၃)။

ဘုရားတရားကြည်ညိုသောခေါင်းဆောင်များသည် ခရစ်ယာန်အသက်တာ ကြီးထွားခြင်း အဆင့်သုံးဆင့် ထဲကဖြစ်ရမည်။ သူတို့သည် လေ့ကျင့်ခြင်း၊ ဗဟုသုတနှင့်ကျွမ်းကျင်မှု ဖွံ့ဖြိုးခြင်းအားဖြင့် များစွာအကျိုးပြု နိုင်သော်လည်း ဘုရားသခင်နှင့်အကျွမ်းဝင်ဖို့ရန်နှင့် အမှုတော်မြတ်၌ ထိရောက်မှု ရှိဖို့ရန်အတွက် ဘုရားတရားကြည်ညိုခြင်း အလေ့အကျင့်သည် အဓိကကျ၏။

ဘုရားတရားကြည်ညိုသော ခေါင်းဆောင်မှု

ခေါင်းဆောင်များ လေ့ကျင့်ပေးခြင်း ဖြစ်စဉ်၌ အတွင်းကျကျ ပါဝင်ခြင်း သည် ဘုရားသခင်၏ အလိုတော်ဖြစ်သည်ဟူသောအချက်သည် စိတ်ဝင်စားဖွယ် ကောင်းသောအရာပင်ဖြစ်ပါသည်။ ကျနော်တို့ စိတ်နှလုံးထဲ၌ ကိုယ်တော်ထည့် ပေးသည့်အသက်သည် ခရစ်တော်၏ပုံသဏ္ဍန်အဖြစ်သို့ ကြီးထွားဖို့ရန် သတင်း ကောင်းတရား DNA အားဖြင့် ကြိုးပမ်းလျက်နေ၏။

သင်းအုပ်တစ်ပါး၌ ဘုရားတရားကြည်ညိုသော ခေါင်းဆောင်မှု၏ပုံစံ အမျိုးမျိုးအပေါ် ပေါလုဖော်ပြခဲ့သည့်လမ်းစဉ်ကို သတိပြုရမည်။ ထိုသူ၏အသက် တာသည် သူ၏ခေါင်းဆောင်မှု နေရာနှင့်အကွ အပြည့်အဝ ကွင်းဆက်ဖြစ် ဖို့ရန် လိုအပ်ပါသည်။

အပြစ်တင်ခွင့်နှင့်ကင်းလွတ်သောသူ၊ မယားတစ်ယောက်တည်းရှိသော သူဖြစ်လျှင်၎င်း၊ သူတို့၏သားသမီးတို့သည် ကာမဂုဏ်၌ လွန်ကျူးသည်ဟု အပြစ် တင်ခြင်း၊ နားမထောင်ခြင်းနှင့်လွတ်၍ ယုံကြည်လျှင်၎င်း၊ ထိုသို့သောသူကို ခန့်အပ်ထား၏။ အကြောင်းမူကား သင်းအုပ်သည် ဘုရားသခင်၏ဘဏ္ဍာစိုးကဲ့သို့၊ အပြစ်တင်ခွင့်နှင့် ကင်းလွတ်သောသူဖြစ်ရမည်။ ကိုယ့်အလိုသို့လိုက်တတ် သောသူ၊ စိတ်တိုသောသူ၊ စပျစ်ရည်နှင့်ပျော်မွေ့သောသူ၊ သူတပါးကို ရိုက်ပုတ် သောသူ၊ မစင်ကြယ်သောစီးပွားကို တပ်မက်သောသူမဖြစ်ရဘဲ၊ ဧည့်သည်ဝတ်ကို ပြုတတ်သောသူ၊ သူတော်ကောင်းနှင့် အဆွေဖွဲ့သောသူ၊ ဣန္ဒြေစောင့်သောသူ၊ ဖြောင့်မတ်သောသူ၊ သန့်ရှင်းသောသူ၊ ကာမဂုဏ်ချုပ်တည်းသောသူဖြစ်ရမည်။ စင်ကြယ်သော ဩဝါဒဖြင့် တိုက်တွန်း သွေးဆောင်ခြင်းငှာ၎င်း၊ ငြင်းခုံသောသူတို့ ၏စကားကို ချေခြင်းငှာ၎င်း တတ်နိုင်မည်အကြောင်း၊ ကိုယ်တိုင်သင်ပြီးသော သစ္စာစကားတော်ကို အမြဲစွဲလန်းသောသူ ဖြစ်ရမည်(တိ၊၁:၆-၉)။

ဤအချက်အလက်တို့သည် ထိုနေရာ ထိုအချိန် ထိုယျဉ်ကျေးမှု၌ အရေးကြီးသည်ဟု ထိုအသိုင်း အဝန်းများက စဉ်းစားထားသည့်အရည်အချင်းများ သက်သက် မဟုတ်ပေ။ ထိုထက်မက သာလွန် ကျော်လွန်ပါ၏။ ဘုရားသခင်၏ သန့်ရှင်းသောရည်ရွယ်ချက်နှင့်အညီ ရိုးသားဖြောင့်မတ်စွာ ကျနော်တို့အသက် ရှင်ခြင်းသည် လူတို့အား တိုက်ရိုက်လွှမ်းမိုးခြင်းနှင့်လေ့ကျင့်ပေးခြင်းဖြစ်ပါသည်။

ကျနော်တို့စာအုပ်များထဲက တစ်အုပ်ဖြစ်သည့် ဘုရားသခင်၏လူဟူသော စာအုပ်သည် ဘုရားသခင်နှင့် ရင်းနှီးမှုအားဖြင့် စစ်မှန်သောဘုရားတရားကြည် ညိုခြင်းဖြစ်လာသည်ကို ချဲ့ထွင်ထားသည်။

ဘုရားသခင်၏သန့်ရှင်းသောလုပ်ဆောင်ချက်ထဲမှ ကျနော်တို့အထဲ၌ မောင်းနှင်နေသည်ကို ယုံကြည်စိတ်ချခြင်းသည် ကျနော်တို့ကို ယုံကြည်ကိုးစား စေပါသည်။

(၁) ဘုရားသခင်နှင့် အနီးကပ်အသက်ရှင်ရန်

(၂) ကြိုးစားခဲ့ပြီးသည့်အရာကို စောင့်ထိန်းရန်

(၃) အခြားသူများအား ဘုရားသခင်၏နှုတ်ကပတ်တော်ကို ထိရောက်စွာ တိုက်ကျွေးရန်

သည်ယုံကြည်စိတ်ချမှုမရှိရင် ကျနော်တို့အမှုတော်မဆောင်ပဲနေတာ အကောင်းဆုံးဖြစ်ပါတယ်။ ထိုသို့မဟုတ်ပဲ ထိုယုံကြည်စိတ်ချမှုကို ရရှိရန် ကျနော်တို့သည် သင်ယူလေ့လာ၍ ကျနော်တို့၏လုပ်ငန်း၌ ဆက်လက်လုပ် ဆောင်ပါက ပို၍ပင်ကောင်းပေ၏။ မှန်ကန်သောစိတ်ထားနှင့်ယုံကြည်ခြင်းရှိလျှင် တိုးတက်မှု အလျင်အမြန် ဖြစ်ပျက်လာနိုင်သည်။

ဘုရားသခင်သည် ဘုရားတရားကြည်ညိုသောခေါင်းဆောင်များ မွေးထုတ် ခြင်းကို နှစ်သက်အားရ၍ ဘုရားတရားကြည်ညိုသော အပြုအမူမရှိသည့် ခေါင်း ဆောင်များ မွေးထုတ်ရန် ကျနော်တို့၏ကြိုးပမ်း အားထုတ်မှုကို မနှစ်သက်ပေ။ ကျနော်တို့သည် ကျနော်တို့၏လေ့ကျင့်ပေးခြင်းသင်တန်း၌ ဘုရားသခင်၏ တန်ခိုးတော်ကို လွင့်ထုတ်၍ ကျနော်တို့၏အသက်တာ၊ သာသနာလုပ်ငန်း သို့မဟုတ် အခြားသူများအား လေ့ကျင့်ပေးခြင်းဖြင့် ဘုရားသခင်၏စိတ်နှလုံးနှင့် တူသော ခေါင်းဆောင်ကိုရှာဖွေလျက်နေ၏။

ထာဝရဘုရားက သူ၏မျက်နှာ သူ၏အရပ်ကို မကြည့်မရှုနှင့်။ သူ့ကို ငါပယ်ပြီ။ ထာဝရဘုရားသည် လူမြင်သကဲ့သို့ မြင်တော်မူသည်မဟုတ်၊ လူသည် အဆင်းသဏ္ဌာန်ကို ကြည့်ရှုတတ်၏။ ထာဝရဘုရားမူကား စိတ်နှလုံးကို ကြည့်တတ် သည်ဟု ရှမွေလအား မိန့်တော်မူ၏(၁ရာ၊:၇)။

အကယ်၍သာ ကျနော်တို့အသင်းတော်များနှင့်ဓမ္မကျောင်းများတွင်သည် အခြေခံလေ့ကျင့်ရေး သင်တန်းကို သွတ်သွင်းပေးနိုင်မယ်ဆိုရင် ကျနော်တို့ အလယ်မှာ ဘုရားသခင်၏နှုတ်ကပတ်တော်သည် ဘုရားတရားကြည်ညိုသော ခေါင်းဆောင်များအတွက် အရှိန်အဝါနဲ့ ကြီးထွားလာလိမ့်မည်။ ထိုသူတို့သည် ဘုရားသခင်၏လူတို့အထဲသို့ ဘုရားသခင်၏ဝိညာဉ်တော်ကို တန်ခိုးရှိစွာ ဖြည့်ဆည်းပေးမည့်သူများဖြစ်သည်။

သင်ခန်းစာ

  • ကျနော်တို့သည် အသက်တာပြောင်းလဲခြင်းမဟုတ်သည့် လေ့ကျင့်ရေး သင်တန်း အစီအစဉ်များကို သည်းမခံရ။ ထိုသို့ပြုခြင်းသည် ဘုရားတရား ကြည်ညိုသော ခေါင်းဆောင်မှုနှင့်လေ့ကျင့်ရေး သင်တန်းအတွက် အရမ်း လိုအပ်ပါသည်။
  • ကျနော်တို့၏စံနှုန်းသည် ဘုရားတရားကြည်ညိုသော အသက်ရှင်ခြင်းဖြစ် ရမည်။ သို့မဟုတ်လျှင် ထိုစံနှုန်းသည် ဘုရားသခင်၏အမြင်၌ နွေးရုံမျှသာ ဖြစ်၍ လူတိုင်း ဒုက္ခခံစရာဖြစ်လာပါလိမ့်မည်။
  • ယုံကြည်သူအပေါင်းတို့အား ပြန်လည်ထူထောင်ခြင်း၊ သူတို့ကို ဘုရား တရားကြည်ညိုသော အသက်ရှင်ခြင်းသို့ ခေါ်ဆောင်သွားရန် ဘုရား သခင်၌ အထူးနည်းလမ်းရှိ၏။ ထိုသို့ဖြင့် သူတို့သည် ဘုရားတရား ကြည်ညိုသော ခေါင်းဆောင်မှုအတွက် သင့်လျော်နိုင်မည်ဖြစ်သည်။

ကျက်မှတ်ဆင်ခြင်ပါ

  • တိ၊၁:၅-၉

တာဝန်ပေးအပ်ခြင်း

  • သင်သည် ခရစ်ယာန်ခေါင်းဆောင်တစ်ဦး ဟုတ်ပါသလား။ သင်သည် ဘုရားတရားကြည်ညိုပါသလား။ ရှင်းပြပါ။
  • အသင်းတော်တစ်ပါးပါး၊ ဓမ္မကျောင်း သို့မဟုတ် သာသနာ၌ ဘုရားတရားကြည်ညိုခြင်းမရှိသည့် လူတစ်ဦးဦးကို သင်သိရှိပါသလား။ သိရှိပါက အကျိုးဆက်ဖြစ်ပေါ်သော တချို့ပြဿနာများကို ထောက်ပြပါ။
  • အကယ်၍ သင်သည် အမှုတော်ဆောင်သင်တန်းကို တက်ရောက်သ ူဖြစ်ပါက ထိုသင်တန်း၌ စိတ်နေသဘောထားနှင့်အပြုအမူများကို လေ့ကျင့်သင်ကြားပေးပါသလား။ ၎င်းသည် စေသနာအလျောက် ဟုတ်ပါ သလား။ ၎င်းက မည်ကဲ့သို့လုပ်ဆောင်ပါသနည်း။ ၎င်းသည် မည်ကဲ့သို့ တိုးတက်နိုင်မည်နည်း။

© Paul J. Bucknell · Burmese translation: ဓမ္မဆရာတော် ဦးဘီထန်း (Bee Htan) · Biblical Foundations for Freedom