အသက်၏အနှစ်သာရ — The Life Core. ခရစ်ယာန် အသက်တာ၏ အခြေခံအမှန်တရားများ. Burmese edition banner with a growing seedling at sunrise over mountains.

အသက်၏အနှစ်သာရ — The Life Core

အခန်း ၃၄ — အတွင်းပိုင်း လုပ်ဆောင်ချက်များ

ပေါလုသည် သူ၏ရည်မှန်းချက်ပန်းတိုင်များကို “အသက်နှင့်ဆိုင်သော နှုတ်ကပတ်တော်ကို စွဲကိုင်ထားလျက်”ဟူ၍ အကျဉ်းချုပ်ထား၏။ ၎င်းသည် သူ၏ အတွေးအခေါ်များ၊ ဆုံးဖြတ်ချက်များနှင့် သဘောထားရှိသမျှတို့၌ ခရစ်တော်၏ နှုတ်ကပတ်တော် ထိထိရောက်ရောက် အားထုတ်၍ လမ်းညွှန်ဖို့ရန် အခွင့်ပေးခြင်း ဖြစ်သည်။

“အရာခပ်သိမ်းကို ညည်းညူခြင်းနှင့် ငြင်းခုံခြင်းမရှိဘဲ လုပ်ဆောင်ကြ လော့။ ဤသည်ကား ကောက်ကျစ်၍ ဖောက်ပြန်လမ်းလွဲသောမျိုးဆက်၏ အလယ်တွင် သင်တို့သည် ရိုးသား ဖြူစင်လျက် အပြစ်တင်စရာမရှိသောသူများ၊ အပြစ်အနာအဆာကင်းသော ဘုရားသခင်၏သားသမီးများဖြစ်ကြပြီး အသက်နှင့် ဆိုင်သောနှုတ်ကပတ်တော်ကို စွဲကိုင်ထားလျက် ဤလောက ၌ရှိသောအလင်း ရောင်များကဲ့သို့ သူတို့အထဲတွင် ထွန်းလင်းကြမည်အကြောင်းတည်း။ ထိုသို့ အားဖြင့် ငါသည် အချည်းနှီးအားထုတ် လုပ်ဆောင်ခဲ့သည်မဟုတ်ကြောင်း ခရစ်တော်၏ နေ့ရက်၌ ဂုဏ်ယူဝါကြွားနိုင်မည်(ဖိ၊၂:၁၄-၁၆)။

ပေါလုသည် သူ၏တွေးတောကြံမှုများနှင့်လုပ်ဆောင်ချက်များကို သူ့အား ဘုရားသခင်ခေါ်ခြင်းနှင့် ယှဉ်လျက် ပုံမှန်ပြန်လည်ဆန်းစစ်၏။ ကျောင်းများ၊ အသင်းတော်များ၊ ခရစ်ယာန်စီးပွားရေးလုပ်ငန်းများနှင့် ခရစ်ယာန်တစ်ဦးချင်းစီ တို့သည် အပြင်ပန်းအားဖြင့် သူတို့၏ပုံစံ၊ ဘာသာစကားနှင့်အချိန်အခါတို့ဖြင့် ပုံဖော်ကြသော်လည်း ပေါလုကဲ့သို့ လုပ်ဆောင်ကြရမည်။ ၎င်းသည် ကောင်းပေ၏။ ဘုရားသခင်၏အသက် လမ်းကြောင်းနှင့်ဆိုင်သော အကြောင်းအရာကို မည်သည့် အရာနှင့်မျှ အလဲအလှယ်လုပ်လို့ မရပေ။

ကျနော်တို့၏အဓိက အခက်အခဲကား ဤအသက်အူတိုင်ကို ကျနော်တို့၏ လေ့ကျင့်ခြင်း အလယ်ဗဟို၌ မည်ကဲ့သို့မှန်ကန်စွာနေရာချထားမည်ကို သိရှိရန်ဖြစ် ပါသည်။ ဥယျာဉ်ထဲ၌ အပင်များ နီးနီးကပ်ကပ် စိုက်ခြင်းသည် အားလုံးကြီးထွား ဖို့ရန် မွန်းကျပ်စေပါသည်။ အပင်တိုင်း နေရောင်ခြည်ကောင်းကောင်းရရှိ၍ လေဝင်လေထွက်ကောင်းအောင် ကျနော်တို့သည် တစ်ပင်နှင့်တစ်ပင် အကွာ အဝေးကို ဦးစားပေးချင့်ချိန်ရမည်။ ဤသို့ နေရာချထားခြင်းနှင့်စပ်လျဉ်း၍ ဦးစားပေးခြင်းသည် ဘုရားသခင်နှင့်အခြားသူများသို့ ဆိုလိုချက်တစ်ခုဖြစ်လာ၍ ကျနော်တို့၏အဓိက ရည်ရွယ်ချက်သည် အရည်အသွေးထဲက အရည်အချင်း ဖြစ်ပါသည်။

‘ဘာလဲမဟုတ်ဘဲ မည်သူလဲဟူ၍ ဖြစ်၏’

အသီးသီးတို့အား ဘုရားသခင်အစပြု ပြောင်းလဲစေခြင်းသည် ကျနော်တို့ လေ့ကျင့်ခြင်း၏အဓိက အစိတ်အပိုင်းဖြစ်လာသည်ကို ကျနော်တို့နားလည် ထားကြရမည်။ ဤသော့ချက် အစိတ်အပိုင်းမရှိပါက ထိရောက်သောလေ့ကျင့် ခြင်းသည် မကြာမီကျဆင်းသွားမည်။

ကျနော်တို့သည် တစ်ဦးချင်း၏ပြောင်းလဲခြင်း အပေါ်၌ အာရုံစူးစိုက်ခြင်း မရှိတာလည်းဖြစ်နိုင်ပါသည်။ သည်နေရာ၌ ဖြစ်နိုင်ချေပုံစံနှစ်ခုကို ကျနော်တို့ ချပြဖို့ မျှော်လင့်ထားပါသည်။

တစ်ဖန် ကျနော်တို့ပြောနေရင်းနဲ့ စိတ်နှလုံးထဲ၌ ခရစ်ယာန်ကျောင်း တစ်ကျောင်းကို စဉ်းစားမိပြန်၏။ ရွေးစရာ နှစ်ခုရှိသည်။

(၁) အသက်အူတိုင် လေ့ကျင့်ပေးခြင်းကို ကြီးထွားဖွံ့ဖြိုးမှုဆိုင်ရာ အစီ အစဉ်အဖြစ် သီးသန့်ထိန်းသိမ်းပါ။

(၂) ဝိညာဉ်ရေးရာ ပြုပြင်ပြောင်းလဲခြင်း အစီအစဉ်ကို တည်ရှိနေသည့် အစီအစဉ်ထဲသို့ ပေါင်းစပ် လိုက်ပါ။

အသီးသီး စိန်ခေါ်မှုရှိ၏။ ပထမတစ်ခုကို ရှင်းပြပါ့မည်။ အခြားတစ်ခုသည် ပထမတစ်ခုကို ကျနော်တို့နားလည်လာသည်အမျှ ပို၍ပေါ်လွင်လာပြီး အကျဉ်းချုပ် ဆွေးနွေးသွားမည်ဖြစ်ပါသည်။ အသက်အူတိုင်သည် အသင်းတော်နှင့်အခြား နေရာများ၌ အဘယ်ကဲ့သို့ဖြစ်သည်ကို ဤအရာက ပိုမိုကောင်းမွန်စွာ ရှင်းလင်း စေမည်။

၎င်း၏ထင်ရှားသောနေရာကို သီးခြားထားပါ

အသက်အူတိုင်၏ကိုယ်စားပြုခြင်း ထိမ်းသိမ်းခြင်းသည် ၎င်း၏ရည်မှန်း ချက်ပန်းတိုင်များကို ရှင်းလင်း စေဖို့ရန်သော်လည်းကောင်း၊ အခြားသောလေ့ ကျင့်ခြင်း/သင်ခန်းစာများသို့ သင့်တော်သောဆက်နွေမှုရှိစေရန်သော်လည်း ကောင်း၊ ၎င်း၏အကာအကွယ်အား အာမခံပေး၍ စုံလင်သောကြီးထွားဖွံ့ဖြိုးမှု ရှိစေရန်သော်လည်းကောင်း အရေးကြီး၏။

ရစ်လိမ်သောပုံစံသည် ကျနော်တို့အသက်တာအတွက် ဘုရားသခင်နှင့် ဆိုင်သောကြီးထွားဖွံ့ဖြိုးမှု အစီအစဉ်၏ကြီးထွားခြင်းနှင့်ညှိနှိုင်းခြင်းတို့ကို အား ထုတ်မှုများကို အလေးထားသည်။ အသက်တစ်ချောင်းဖြစ်သကဲ့သို့ ၎င်းသည် တစ်ခုဖြစ်၍ ရည်မှန်းချက်ပန်းတိုင် လည်းတစ်ခုဖြစ်၏။ အရာအားလုံး သည် ပေါင်းစပ်ထားခြင်းဖြစ် သည်။

သင်ခန်းစာ သို့မဟုတ် အစီအစဉ်တိုင်းသည် အသက်၏ အနှစ်သာရ ရည်မှန်းချက်ပန်း တိုင်နှင့်သင့်တော်ရမည်။ တစ်စုံ တစ် ယောက် သည် မတူညီသော လှုပ်ရှားမှုများ သို့မဟုတ် အဆင့်အတန်း များကို အကဲဖြတ်သော် သူသည် ၎င်း၏အဓိက ရည်ရွယ်ချက် ဘက်သို့ ပြန်လှည့်လာရမည်။ ဝိညာဉ်ရေးရာ ဦးတည်ချက်ကို သီးသန့် စောင့်ထိန်းခြင်း အားဖြင့် ကျနော်တို့ မြင်တွေ့လိုသော အရာမှစ၍ ကြီးထွားဖွံ့ဖြိုးမှု၏အဆင့်တိုင်း၌ မည်သို့ဖြစ်မည်ကို ရှင်းလင်းစေပါသည်။

Illustration from the original Burmese The Life Core manuscript, chapter 34, figure 1

ရည်မှန်းချက်ပန်းတိုင်သည် အမျိုးမျိုးဖော်ပြနိုင်သော်လည်း ၎င်း၏အဆုံး သည် မည်သည့်အခါမျှ အမျိုးမျိုးမဖြစ်သင့်ပေ။ ကျနော်တို့သည် ယုံကြည်သူ အသီးသီးတို့၏စုံလင်သော ကြီးထွားဖွံ့ဖြိုးမှုကို မြင်တွေ့ လိုပါသည်။ သို့မှသာ သူတို့သည် ခရစ်တော်နှင့် ရင်းနှီးကျွမ်းဝင်၍ ဘုရားသခင်ရည်ရွယ်ထားသည့် အလုပ်ကို အပြည့်အဝသယ်ပိုးနိုင်မည်ဖြစ်ပါသည်။

များစွာသောသူတို့သည် တစ်စုံတစ်ရာကို ရှေးရှု၍ လုပ်ဆောင်လျက် သူတို့စိတ်ဝင်းစားမှုများနှင့် အစွမ်းအစများကို ပေးဆပ်သည့်အလျောက် မြင့်မြတ် သော ဤရည်ရွယ်ချက်ပန်းတိုင်ကို ငြင်းပယ်ကြလိမ့်မည်။ သို့သော် ဤကြီး ထွားဖွံ့ဖြိုးမှုသည် ဖြစ်ပျက်လျက်ရှိသည်ကို ယုံကြည်စိတ်ချဖို့ အရေးကြီး ပါသည်။

အစပြုသည့်နေရာ

ကျောင်းသားတိုင်း အစပြုသောအခါ တစ်နေရာရာ၌ရှိကြ၏။ ဝင်ခွင့် စာပေးပွဲသည် တစ်စုံတစ်ဦး၏ ကျမ်းစာဗဟုသုတနှင့်ကိုယ်တိုင်အတွေ့အကြုံကို စမ်းသပ်အကဲဖြတ်ခြင်းဖြစ်ပါသည်။ ဤအရာသည် အစပြုသည့်နေရာဖြစ် သော်လည်း ကျနော်တို့သည် တစ်စုံတစ်ဦး၏ဝိညာဉ်ရေးရာ ကြီးထွားဖွံ့ဖြိုးမှု အပေါ်၌ အခြေခံကျကျ အာရုစိုက်ဖို့လိုအပ်ပါသည်။ အဆင့်သုံးဆင့် အသီးသီး၌ တချို့သောစံနှုန်းကို အသုံးပြုခြင်းအားဖြင့် ကျောင်းသား၏ကြီးထွားခြင်း အခြေအနေကို စမ်းသပ်နိုင်ပါသည်။ ထိုသို့ဖြင့် သူသည် မည်သည့်နေရာ၌ ကောင်းကောင်းကြီးထွား၍ မည်သည့်နေရာ၌ ကြီးထွားဖို့ရန် လိုအပ်ကြောင်း သိရှိလာမည် ဖြစ်ပါသည်။

တစ်ဦးချင်းစီ၏ဝိညာဉ်ရေးရာ ရင့်ကျက်ခြင်းသည် အသိဉာဏ်ထက်မြက်မှု နှင့်မတူပေ။ ယေရှုသည် ဖာရိရှဲတို့၏အသိဉာဏ်နှင့်ပတ်သက်၍ အသိတရား ကင်းမဲ့ခြင်းကို ဝေဖန်ပြစ်တင်ခြင်းမပြုခဲ့ပေ။ သမ္မာကျမ်းစာအပေါ် သူတို့၏ချဉ်း ကပ်မှုသည် လက်ခံဖွယ်ဖြစ်သော်လည်း ဝိညာဉ်ရေးရာ၌ သေလျက် အပြင်ပန်း သဏ္ဌာန်ကို အားထားကြသောကြောင့် ကျမ်းစာ၏ဆိုလိုရင်းကို မှန်ကန်စွာ မမြင်နိုင်ရုံမက သူတို့အသက်တာ၌ လက်တွေ့ကျင့်သုံးခြင်းမရှိကြပေ။

ပထမစိန်ခေါ်မှုကား လူတစ်ဦးရှိသည့်နေရာကို အကဲဖြတ်ရန်၊ ဒုတိယ စိန်ခေါ်မှုကား ထိုသူသွားမည့်နေရာကို အမြင်အာရုံပေးရန်၊ တတိယစိန်ခေါ်မှုကား ထိုနေရာသို့ ရောက်ရှိအောင် ကူညီရန်တို့ဖြစ်ပါသည်။

ကြီးထွားခြင်းဆိုင်ရာ ဤအချက်များကို အချိန်မှီဖော်ထုတ်၍ သူတို့ နှင့်အတူ ထိုသိုသော ဆွေးနွေးမှုများကို လုပ်ဆောင်ပေးခြင်းအားဖြင့် သူတို့အား မှန်ကန်သောလမ်ကြောင်း၌ ခြေလှမ်းစေပါသည်။

ထိုသို့သောမျိုးစေ့ကို ကျဲခြင်းအားဖြင့် ကျောင်းသားများ ကြီးထွားခြင်းကို ကျနော်တို့မျှော်လင့်ပါသည်။ ကျမ်းစာသိခြင်း ဗဟုသုတ၌ မဟုတ်ဘဲ ခရစ်တော် နှင့်အတူ သူတို့၏ဝိညာဉ်ရေးရာ ကြီးထွားမှုကို မျှော်လင့်ခြင်းဖြစ်ပါသည်။ သူတို့အဖို့ ကျနော်တို့၏ယုံကြည်ခြင်းသည် သူတို့၏မျှော်လင့်ချက်များနှင့် ဦးတည်ချက်များကို စတင်ပုံသွင်းရန်ဖြစ်ပါသည်။

ကျနော်တို့၏ရည်ရွယ်ချက်ပန်းတိုင်သည် ယုံကြည်သူအသီးသီးအတွက် ယေဘုယျမြေပုံကို ချပြခြင်းမဟုတ်ပေ။ အသီးသီးတို့၌ စတင်ရမည့်နေရာ အမျိုး မျိုးရှိ၏။ မည်သို့ပင်ဖြစ်စေ ကျနော်တို့သည် ထိုနယ်ပယ်များ၌ ကြီးထွားခြင်းကို မြင်တွေ့လို၏။

တချို့သောသူတို့သည် အမျက်ဒေါသ ထိန်းချုပ်ခြင်းနှင့်စပ်လျဉ်း၍ ဆွေးနွေးရန် အကြောင်းများရှိနိုင်သည်။ ပြဿနာချင်းတူသည့်တိုင်အောင် ထိုသူတို့၏အနေအထားသည် အခြားသောသူများ၏ အနေအထားနဲ့ ခြားနားသော် လည်း ဖြေရှင်းချက်ကား အတူတူပဲဖြစ်ပါသည်။ ထိုအရာများကို ကျောင်းသား များနှင့်ဆွေးနွေးရန် အချိန်ယူခြင်းအားဖြင့် ၎င်းအပေါ်၌ တစ်စုံတစ်ရာ လုပ်ဆောင် ဖို့လိုအပ်၍ ထုတ်ဖော်နိုင်တဲ့အကြောင်း သူတို့၏စိတ်နှလုံးသည် စတင်အားရုံ စူးစိုက်လာကြ၏။

ကိုယ်တိုင်ညွှန်ပြပေးခြင်းသည် ကဏ္ဍတစ်ခုအဖြင့် ပါဝင်သော်လည်း စာသင်ခန်း၌ သင်ကြားခြင်း သို့မဟုတ် အထူးနှီးနှောဖလှယ်ပွဲတို့လည်း ကဏ္ဍတစ်ခုအဖြင့် ပါဝင်နိုင်၏။ ကျနော်တို့သည် လူငယ် ယုံကြည်သူများကို လေ့ကျင့်ပေးခြင်းအားဖြင့် ဝိညာဉ်ရေးရာ၌ ပိုမိုရင့်ကျက်သော ကျောင်းသားများကို တိုးမြှင့်နိုင်သည်။

သခင်ယေရှုကို အမှန်တကယ် မသိရှိသူများအနေနဲ့ တိကျသောဆုံးဖြတ် ချက်ချဖို့လိုအပ်ပါလိမ့်မည်။ ကျနော်တို့သည် ထိုဆုံးဖြတ်ချက်ချခြင်းနှင့် စပ်လျဉ်း၍ အသင်းတော်များ၌ ရေနှစ်ချင်းမင်္ဂလာမခံမီ မေးမြန်းလေ့ရှိ၏။ ကျောင်းများအနေနဲ့လည်း ဤအရာကို ပါးနပ်စွာဖြင့် သုံးသပ်အကဲဖြတ် လုပ် ဆောင်ပါလိမ့်မည်။ အသက်သည် မယုံကြည်သူများ၌ မရှိသောကြောင့် ကြီးထွားခြင်းဆိုတာ မဖြစ်နိုင်ပေ။ ယုံကြည်သူတစ်ဦး၌ပင် အသက်၏အမှတ် လက္ခဏာကို မြင်တွေ့ဖို့ ခဲယဉ်းတတ်ပါသည်။

အကယ်၍ ကျောင်းသားများသည် ကျောင်း၏ရည်မှန်းချက်ပန်းတိုင် များနှင့် တထပ်တည်းမကျလျှင် သူတို့နှင့်အတူ ကျနော်တို့၏ရည်မှန်းချက် ပန်းတိုင်များကို ရှင်းလင်းခြင်းအားဖြင့် သူတို့ကိုသူတို့ သီးခြား ခွဲထွက်လာပါလိမ့် မည်။ တစ်နည်းပြောရရင် ကျနော်တို့၏ရည်မှန်းချက်ပန်းတိုင်များနှင့် နည်းစနစ် များကို ဆွဲဆောင်မှုရှိအောင်လုပ်သင့်သည်။ စိတ်ဝင်စားမှုမရှိသောကျောင်း သားများ မပါဝင်ခြင်းအားဖြင့် ကျနော်တို့သည် ကျောင်း သို့မဟုတ် အသင်းတော် အတွက် ပို၍ကြီးမားသောဦးတည်ချက်ကို တည်ဆောက် နိုင်မည်ဖြစ်ပါသည်။

တိကျသော ရည်ရွယ်ချက်ပန်းတိုင်များကို ဖော်ထုတ်ခြင်း

ကျောင်းသားများ၏ဝိညာ်ရေးရာခရီး၌ မှီခိုအားထားမည်ဆိုလျှင် သူတို့၏ ဝိညာဉ်ရေးရာ ကြီးထွား ဖွံ့ဖြိုးမှု ခြေလှမ်းဆက်လှမ်းစေဖို့ရန် ကျနော်တို့သည် သူတို့နှင့်အတူ ဂရုတစိုက်အလုပ်လုပ်ဖို့ လိုအပ်ပါသည်။

စာသင်ခန်း၌ သင်ကြားခြင်းသည် တချို့သော ဤလေ့ကျင့်ခြင်းကို အထောက်အကူပြုနိုင်သည်။ ကျောင်းသားများသည် မိမိတို့၏အသက်တာများကို ထိုအတိုင်း ယူဆကြသည်ကို ကျနော်တို့သတိပြုရမည်။ အသက်တာ၏စီမံချက် များကို ကျောင်းသားများအား ပေးအပ်ခြင်းအားဖြင့် သမ္မာကျမ်းစာက သူတို့အား မည်သည့်အကြောင်းအရာဖြင့် ပြောပြသည်ကို ရရှိနိုင်ပါသည်။ .

အဆင့်တိုင်း၌ ကျောင်းသားများသည် အရာများစွာတို့ကို သင်ယူကြ၏။ ကဏ္ဍတစ်ခု အပေါ်၌ အကျဉ်းချုပ် ထိတွေ့ကြည့်ပါမည်။

ဝိညာဉ်ရေးရာ ကြီးထွားဖွံ့ဖြိုးမှုသည် ဝိညာဉ်ရေးရာ စည်းကမ်းများထဲမှ တစ်ခုဖြစ်သည့် အတွင်းပိုင်း ရောင်ပြန်ဟပ်ခြင်းအားဖြင့် ကြီးမားစွာ အထောက် အကူပြု၏။ အသီးသီးတို့သည် ဘုရားသခင်ပြောဆိုနေသည့် အရာကို တိတ်ဆိတ်စွာ နားထောင်ဖို့လိုအပ်သည်။ ဝိညာဉ်ရေးရာကြီးထွားဖွံ့ဖြိုးမှုနှင့်စပ်လျဉ်း၍ အဆင့် တိုင်း၌ ခြားနားသည့်လက္ခဏာသွင်ပြင်များရှိ၏။

(၁) အသစ်သောယုံကြည်သူသည် ခမည်းတော်ဘုရားအသံကို ကြား ထောင်ဖို့ သင်ယူလျက်နေ၏။ ယုံကြည်သူသည် ဩတ္တပ္ပစိတ်အားဖြင့် သန့်ရှင်း သောဝိညာဉ်တော် အလုပ်လုပ်နေသည်ကို စတင် သိရှိလာသည်။

(၂) လူငယ်ယုံကြည်သူသည် ဝိညာဉ်တော်၏စကားနှင့်နတ်ဆိုး၏ စကားသံတို့ကို ခွဲခြားသိမြင်တတ်လာသည်။ သူသည် ဝိညာ်တော်၏ စကားတော် များသို့ မည်ကဲ့သို့တုံ့ပြန်မည်ကို မှန်ကန်စွာ သင်ယူ၍ သူ့ကိုယ်သူ ကာကွယ်ရန် ၎င်းတို့ကို အသုံးပြုကာ သွေးဆောင်ခြင်းကို တိုက်ထုတ်လေ၏။

(၃) ရင့်ကျက်သောယုံကြည်သူသည် ပြောဆိုခဲ့သည့်အရာ၌ ဆက်လက် ကြီးထွား၍ ဝတ်ပြုကိုးကွယ်ခြင်း၌ အချိန်များများပေးကာ လေ့ကျင့်သင်ကြားခြင်း ခံလျက်၊ လမ်းညွှန်ခြင်းခံလျက်၊ ဘုရားသခင်အားဖြင့် ကာကွယ်ခြင်းကိုလည်း ခံယူလျက်နေ၏။ အရာအားလုံး သူ့အသက်တာအားဖြင့် ဘုရားသခင်အသီးသီး စေလိုသည့် တိကျသောလမ်းစဉ်အားဖြင့် အသုံးပြုတတ်လာ၏။

အဆင့်မြင့် ပန်းတိုင်များနှင့်ရည်မှန်းချက်များ

တစ်စုံတစ်ဦး၏စိတ်ပိုင်းဆိုင်ရာနှင့်ခန္ဒာပိုင်းဆိုင်ရာ ကြီးရင့်လာခြင်းသည် ထိုသူ၏ဝိညာဉ်ရေးရာ ကြီးထွားမှုကို အလျင်အမြန်ပုံဖော်စေပါသည်။ မိမိတို့ ပတ်ပတ်လည်၌ ကြီးထွားနေသောသူများကို မြင်တွေ့သောသူတို့သည် အလျင် အမြန် ကြီးထွားဖို့ရန် အလားအလာရှိ၏။

အိမ်ထောင်သည်စုံတွဲများနှင့်အတူ အလုပ်လုပ်သောသူတို့သည် အိမ် ထောင်ပြုမည်ဆိုလျှင် သူတို့၏အိမ်ထောင်ရေးအတွက် ကောင်းမွန်သောအုတ်မြစ် ချဖို့ရန် ကြီးမားသော အခွင့်အလမ်းကို ရရှိကြသူများဖြစ်သည်။ ထိုအချိန်သည် အခြားသောစုံတွဲအသစ်များကို လေ့ကျင့်ပေးရန် အလွန်ကောင်းသော အချိန်အခါ လည်းဖြစ်ပါသည်။

ကျနော်တို့သည် စေ့စပ်ပြီးသောချစ်သူနှစ်ဦးတို့အား ဘုရားသခင်၏စကား တော်ကို နားထောင်လျက် ကောင်းမွန်သောအိမ်ထောင်တစ်ရပ် တည်ထောင်ရန် သွန်သင်ပေးနိုင်ပါသည်။ သူတို့သည် ဘုရားသခင်အား မည်ကဲ့သို့နားထောင်ရ မည်ကိုလည်းကောင်း၊ ယောက်ျားကောင်း သို့မဟုတ် မယားကောင်း မည်ကဲ့သို့ ဖြစ်ရ မည်ကိုလည်းကောင်း ကူညီအကြံပေးနိုင်သည်။

တစ်ကိုယ်တော်တစ်မားများအတွက်လည်း မယားကောင်း သို့မဟုတ် လင်ယောက်ျားကောင်း မည်ကဲ့သို့ ရှာဖွေရမည်ကိုလည်းကောင်း၊ တလုံးတဝတည်း ဖြစ်လာဖို့ရန် လိုအပ်သောယုံကြည်အပ်နှံမှု နားလည်ဖို့ရန်ကိုလည်းကောင်း ကျနော်တို့ ကူညီအကြံပေးနိုင်ပါသည်။ လင်ယောက်ျားကောင်းတစ်ဦး ဖြစ်ဖို့ရန် ဘုရားသခင်သည် ကျနော့်အား မည်သည့်နည်းလမ်းများဖြင့် ကူညီနိုင်သနည်း။ စွမ်းပကားရှိသော မယားတစ်ဦးအနေနဲ့ အိမ်ထောင်ရေးအတွက် ကောင်းမွန်သော ဆက်ဆံပြောဆိုခြင်း၏စည်းမျဉ်းဥပဒေသ များကား အဘယ်နည်း။ ယေဘုယျ အားဖြင့် ကျနော်တို့သည် သူတို့အား ဘုရားသခင်၏စကားတော်ကို နားထောင် ကြရန် လေ့ကျင့်ပေးခြင်းဖြစ်၏။ ထိုသို့ဂရုတစိုက် ဘုရားသခင်ကို နားထောင် ကြမည်ဆိုလျှင် ကောင်းမွန်သောအိမ်ထောင်ရေးကို ရှေးရှုရာတွင် သူတို့၏ ရည်မှန်းချက်ပန်းတိုင် အကောင်အထည်ဖော်ဖို့ရန် ကြီးစွာအထောက်အကူပြုပါ လိမ့်မည်။

ကျနော်တို့သင်ယူလျက်ရှိသည့် များစွာသောအရာများသည် ဘဝအသက်-အခြေခံအားထားခြင်း ဖြစ်ပါသည်။ ဆိုလိုသည်မှာ ကျနော်တို့သည် ဘဝအတွေ့ အကြုံများအားဖြင့် သင်ယူရ၏။ အိမ်ထောင်မရှိဘဲ သင်ကြားပေးနေသောသူ တစ်ဦးသည် အကန့်အသတ်ရှိသည်ဖြစ်၍ မည်ကဲ့သို့ကောင်းမွန်သော လင်ယော က်ျားတစ်ဦး ဖြစ်နိုင်မည်နည်း။ သို့ဖြစ်၍ ဘုရားသခင်အပေါ် နားထောင်ခြင်း နှင့်ဆိုင်သည့် ကျနော်တို့၏ရည်မှန်းချက်ပန်းတိုင်ကို စိတ်ဝင်စားမှုနယ်ပယ် နှင့်အတူ ပေါင်းစပ်လိုက်သောအခါ အကြောင်းအရာ လက်တွေ့ကျမှုနှင့်အတူ သူတစ်ပါးတို့အား ပိုမိုလှုံ့ဆော်ပေးနိုင်၏။

ဘုရားတရားကိုင်းရှိုင်းသော ညွှန်ပြပေးသူများနှင့်ဆရာသမားများ အရေး တကြီး လိုအပ်သည်။ သို့မဟုတ်လျှင် ကျောင်းသားများသည် သူတို့လိုအပ်သော ယုံကြည်ခြင်းကိုမရရှိဘဲ ကြောက်မက်ဖွယ်ကောင်း လောက်အောင် ပိုမိုဆိုးရွားလာ နိုင်သည်။ အကယ်၍ ဆရာသမားတစ်ဦးသည် ညစ်ညမ်းသောဗီဒီယိုများကို ဗြောင်မကြည့်သည့်တိုင်အောင် ကြည့်မည်ဆိုရင်လည်း ဘာမှမဖြစ်ပါဘူး၊ ကောင်းပါ သည်ဟု ယူဆလျှင် ဝိညာဉ်ရေးရာ ဖောက်ပြန်ခြင်းပြုသည်ဟု ဆိုရမည်ဖြစ်ပါသည်။ ကျောင်းသားများသည် လှပကောင်းမွန်သော အိမ်ထောင်ရေးအတွက် ယုံကြည်ခြင်းကို မရရှိကြဘဲ ဆရာသမားထံမှ အိမ်ထောင်ရေးနှင့်စပ်လျဉ်း၍ လောကီဆန်သည့် တွေးခေါ်မှုအလေ့အထကိုသာ သင်ယူလာကြမည်ဖြစ်ပါသည်။ ဥပဒေသနှစ်ရပ်၏ အကျဉ်းချုပ် လုပ်ဆောင်ချက်ကား၊

  • ဘုရားသခင်၏ဒီဇိုင်းပုံစံသည် သူ့အား နားထောင်လိုသောသူအသီးသီး တို့အား ဖန်တီးပေး၏။ သူတို့သည် ထိုဒီဇိုင်းပုံစံကို မိမိတို့အသက်တာ၌ မည်ကဲ့သို့လုပ်ဆောင်ရန် သင်ယူကြ၏။
  • ဘုရားသခင်သည် သာယာလှပသောအိမ်ထောင်များကို ဖန်တီးရန် ရည်ရွယ်ထား၏။ ကျနော်တို့သည် ထိုအိမ်ထောင်ရှင်များအား ဝိညာဉ် ရေးရာ စည်းကမ်းချက်များကိုလည်းကောင်း၊ ဘုရားသခင်နှင့် သူတို့၏ ရင်းနှီးမှုသည် ကောင်းမွန်သောအိမ်ထောင်တစ်ရပ်အတွက် အကျိုးပြု သည်ကိုလည်းကောင်း ပြသပေးနိုင်၏။

ကျနော်တို့သည် အိမ်ထောင်ရေးရှုထောင့်အမြင်မျှသာ သင်ကြားခြင်းထဲမှ လွှဲရှောင်၍ ကျောင်းသားများအား ဘုရားတရားကြည်ညိုသည့် သာယာလှပ သောအိမ်ထောင်ရေး အကြောင်းကို သွတ်သွင်းပေးကြ၏။ ကျောင်းသားများ အသက်တာ၌ မည်သို့ပင်ဖြစ်စေ အရေးမကြီးပေ။ ဤအရာများကို ဘုရားသခင် ၏ကြီးမားသော ရည်ရွယ်ချက်နှင့်တန်ခိုးအတိုင်း ဆက်လက်လုပ်ဆောင်ဖို့သာ ဖြစ်ပါသည်။

အသက်၏အနှစ်သာရ ပေါင်းစပ်ခြင်း

ကျနော်တို့သည် အသက်အူတိုင်၏ပေါင်းစပ်ခြင်း အကြောင်းကို ခရစ်ယာန်ကျောင်းသားများ၏ လေ့ကျင့်သင်ကြားခြင်းတစ်ခုလုံးသို့ အချိန်အနည်း ငယ်အတွင်း၌သာ ဆွေးနွေးသွားမည်။ ၎င်းသည် နောက်ဆုံးတွင် ဖြစ်ပျက်လာ မည်ဟု မျှော်လင့်လျက်နေစဉ် အဓိကရည်မှန်းချက်ပန်းတိုင်သည် အဖွဲ့အစည်း၏ ကဏ္ဍအသီးသီးကို နက်ရှိုင်းစွာဖောက်ထွင်းနိုင်၏။ ကျနော်တို့၏အဓိကဦးတည် ချက်ကား နည်းပညာထက် ရူပါရုံကို ဝေငှခြင်းဖြစ်သည်။

ကျနော်တို့၏အသင်းတော်များ သို့မဟုတ် ကျမ်းစာကျောင်းများ၌ ထိုရူပါရုံ ၏ဆိုလိုရင်းကို သွတ်သွင်းပေးရန် အချိန်ယူရမည်။ ထို့ပြင် ဘုရားသခင်၏ ရည်မှန်းချက်ပန်းတိုင်များ ခံယူခြင်းဆိုင်ရာ စိန်ခေါ်မှုကို နားလည်သဘော ပေါက်ခြင်း၊ ပြောင်းလဲဖို့ရန် အခြားသူများ၏လိုအပ်ချက်ကို သိရှိခြင်းတို့၌လည်း နပန်းလုံးရမည်ဖြစ်သည်။ ကျနော်တို့သည် အလောတကြီးမလုပ်ပဲ မိမိတို့လုပ် ဆောင်နေသည့်အရာနှင့် အစီအစဉ်ပေါ်၌ ဘုရားသခင်ကို တိုင်တည်ရှာဖွေသင့် သည်။ ကျနော်တို့လုပ်ဆောင်နိုင်သောအရာကို အစပြု၍ ဘုရားသခင်၏ ပို့ဆောင်ခြင်းအားဖြင့် ရှေ့သို့ရွေ့လျားမည်ဖြစ်ပါသည်။ အကယ်၍ ကျနော်တို့၌ ထိန်းချုပ်မှု များများရှိလျှင် များများလုပ်ဆောင်နိုင်မည်။ တစ်စုံတစ်ဦးက “တပည့်တော်အသစ်ကို ပုံသွင်းခြင်းသည် ယုံကြည်သူအဟောင်းကို ပုံသွင်းခြင်း ထက် ပို၍လွယ်သည်”ဟု ပါးနပ်စွာပြောဆိုခဲ့ဖူးသည်။ ဤအရာသည် အမှန်တရား ပင်ဖြစ်သည်။

ဆရာများနှင့်ကျောင်းသားများသည် အသက်အူတိုင်၏အမြင်သဘော ထားကို ဘုရားသခင်က မည်ကဲ့သို့အသုံးပြုသွားမည်ကို အတူတူသိရှိကြသောအခါ ဟောပြောခြင်း၊ ဆက်ဆံပြောဆိုခြင်း၊ ဆွေးနွေးလမ်းညွှန်မှုသင်ရိုးများနှင့် အခြား သင်ယူစရာများတို့သည် အားကောင်းသောတန်ဆာပလာများ ဖြစ်လာ လိမ့်မည်။ ကျောင်းသားများအနေနဲ့လည်း သူတို၏သင်ယူခြင်းအားဖြင့် သူတို့အသက်တာနှင့် အခြားသော သူများ၏အသက်တာ၌ ဘုရားသခင်၏ဝိညာဉ်တော် မည်ကဲ့သို့ လုပ်ဆောင်လျက်ရှိသည်ကို စတင်မြင်တွေ့ကြ သောအခါ သူတို့သည် သင်ယူဖို့ရန် ပိုမိုစိတ်အားထက်သန်လာကြမည်။

ဟောပြောခြင်းသည် လေးနက်မှုရှိလာ၍ အသက်တာနှင့်စိတ်နှလုံး ပြောင်းလဲခြင်းကို သယ်ပိုးလာမည် ဖြစ်သည်။ ဘုရားသခင်နှင့်ဆုတောင်းခြင်းသည် လေ့ကျင့်ခြင်းအတွက် အရေးပါသည့်ကဏ္ဍ ဖြစ်လာသည်။ ဤသို့ မေးမြန်းခြင်းခံရ ပါမည်။

  • ဘုရားသခင်သည် ငါ့အား ဘာကို ဟောပြောစေလိုသနည်း။
  • ကိုယ်တော်အလိုရှိသောအရာကို ကျနော်မည်ကဲ့သို့ သင်ယူမည်နည်း။
  • အမှန်စင်စစ် ငါသည် ဤအရာများကို ကိုယ်တော်၏ဝိညာဉ်တန်ခိုးအားဖြင့် မည်ကဲ့သို့ သယ်ဆောင် သွားမည်နည်း။
  • ဟောပြောခြင်း၌ ဆုတောင်းခြင်းသည် မည်သို့နေရာကျသနည်း။

တချို့အဖြစ်အပျက်များကြောင့် အသင်းတော်ထိခိုက်ပျက်စီးပုံ သို့မဟုတ် အားကောင်းလာပုံကို ရိုးရှင်းစွာ ပိုင်းခြားစိတ်ဖြာ၍ သိမြင်ခြင်းအားဖြင့် အသင်း တော်သမိုင်း ပြုပြင်ပြောင်းလဲနိုင်သည်။ ဤသို့ပြုခြင်းဖြင့် အသင်းတော်၌ ဘုရား သခင်၏သမ္မာတရား အကျိုးသက်ရောက်မှုရှိသည်မရှိသည်ကို ကျနော်တို့အား ပိုမိုကောင်းမွန်စွာ မြင်တွေ့စေပါသည်။

ပြုပြင်ပြောင်းလဲခြင်းကို သင်ယူလေ့လာခြင်း သက်သက်သာမကဘဲ ယခုကျနော်တို့အသက်ရှင်ရာတွင် ခြားနားမှုရှိသည် မရှိသည်ကို ကျနော်တို့သိရှိ လိုခြင်းဖြစ်သည်။ ဤနည်းအားဖြင့် ကျနော်တို့အား ဘုရားသခင် ပြုစေလိုသော အရာနှင့် ကျနော်တို့၏ကဏ္ဍသည် မည်သို့ဖြစ်သည်ကို သိမြင်နိုင်မည်ဖြစ်ပါသည်။

အကယ်၍ အသက်အူတိုင်သည် အခြားသောသင်ကြားခြင်းနှင့် လုံးလုံး ပေါင်းစပ်ခဲ့ပါက ၎င်းသည် ပျောက်ကွယ်၍ နောက်ဆုံး၌ တိမ်မြုပ်သွားနိုင်သည်။ လူတို့၏ထုံးတမ်းစဉ်လာများက နေရာယူလွှမ်းမိုးလာလိမ့်မည်။ အသက်၏အနှစ် သာရသည် ကျနော်တို့ကျောင်း သို့မဟုတ် အသင်းတော် သို့မဟုတ် မိသားစု တစ်နေရာရာ၌ ပေါင်းစပ်သည်ဖြစ်စေ၊ မပေါင်းစပ်သည်ဖြစ်စေ ကျနော်တို့၏ ဝိညာဉ်ရေးရာ ပြုပြင်ပြောင်းလဲခြင်း အတွက် စိန်ခေါ်မှုတစ်ရပ်ဖြစ်လာသည်။

ဤစာအုပ်သည် ကျောင်းများ၊ နေအိမ်များနှင့်အသင်းတော်များ၌ ဘုရား တရားကြည်ညိုသည့် လေ့ကျင့်ခြင်းကို ပြန်လည်ရရှိလာအောင် မေးဆက်ပေးခြင်း သာဖြစ်သည်။ ပထမအနေနဲ့ ဘုရားသခင်၏ အစီအစဉ်ကို မေးဆက်ပေးခြင်းဖြစ်၍ နောက်မှ ဘုရားသခင်သည် သင့်အား မဏာမခြေလှမ်း စတင်စေဖို့ရန် မည်သည့်နေရာသို့ ပို့ဆောင်နိုင်သည်ကို ပြင်ဆင်ပေးမည်။ ကျနော်တို့သည် ဆရာများ၊ ကျောင်းသားများ၊ သင်းအုပ်များနှင့်အသင်းသားများအတွက် ဘုရား သခင်၌ သူတို့ရှိသင့်သည့်နေရာနှင့်စပ်လျဉ်း၍ ရူပါရုံကို ဖြန့်ချိ၍ အနည်းငယ်သော ဥပမာများကို စီစဉ်ပေးခြင်းဖြစ်၏။

ဘုရားသခင်၏လူမျိုး မျိုးဆက်တို့သည် သမ္မာတရား၏တန်ခိုးနှင့်ရင်းနှီးမှု များတွင် လှည့်ဖြားခြင်းကို ခံကြရ၏။ ထိုအရာတို့သည် ပြောင်းလဲရမည်။ ကျနော်တို့၏ရည်ရွယ်ချက်သည် ခရစ်တော်၏စုံလင်သော ကိုယ်ကို တည် ဆောက်ဖို့ရန် ဖြစ်သည်။ ကျနော်တို့သည် ယုံကြည်ခြင်းအားဖြင့် မိမိတို့အဖို့ ဘုရားသခင်၏ရည်ရွယ်ချက်ပန်းတိုင်များကို တည်ထောင်သောအခါ ထိုပန်းတိုင် နှင့် ပို၍နီးစပ်လာမည်ဖြစ်ပါသည်။

တစ်စုံတစ်ဦး၏ဝိညာဉ်ရေးရာ ကြီးထွားဖွံ့ဖြိုးမှု အဆင့်ဆင့်၌ အသက်၏ အနှစ်သာရသည် မည်ကဲ့သို့ ဖြစ်သည်ကို ကျနော်တို့ခွဲခြားတတ်လာသည့်အခါ ကျနော်တို့၏အထူး အခြေအနေများ၌ ၎င်းကို ကျနော်တို့အသုံးပြုနိုင်သည်။ ကျနော်တို့၏စွမ်းရည်သည် မိမိတို့အဖို့ ဘုရားသခင်၏ရည်ရွယ်ချက်နှင့် တစ်ထပ် တည်းဖြစ်လာသည်။ ကျနော်တို့သည် ဤအတွက် ရွေးချယ်ခံရ၍ ပုံဖော်ခံခြင်း ဖြစ်သည်။ ကျနော်တို့သည် ၎င်းကို ဆုပ်ကိုင်ထား၍ ဤမြေကြီးပေါ်၌ ခရစ်တော်နှင့် တူအောင် ဘုရားသခင်သည် ကျနော်တို့အား မည်ကဲ့သို့မစ သည်ကို ကြည်ကြပါစို့။

အထွေထွေ ချဉ်းကပ်နည်းနှစ်မျိုး

အသက်၏အနှစ်သာရ လေ့ကျင့်ခြင်း အစီအစဉ်ကို အဓိကသင်ရိုးညွှန်း တမ်းအဖြစ် သီးသန့်ထိန်းထားခြင်း အားဖြင့် ကျနော်တို့အား အဖွဲ့ငယ်လေးကို အစပြုစေ၍ ငွေကြေးအရင်းအမြစ် အသုံးပြုမှုနည်းပါးစေကာ ရူပါရုံအပေါ် ဖြည်းဖြည်းချင်း ရွေ့လျားစေပါသည်။ ထို့ပြင် ဘုရားတရားကြည်ညိုသည့် ညွှန်ပြပေး သူများကို ဖြစ်ထွန်းစေ၍ သင်ရိုးညွှန်းတမ်းတစ်ခုလုံးကို ဘုရားတရားကြည်ညိုသည့် လေ့ကျင့်ပေးခြင်းအဖြစ်သို့ ပြောင်းလဲစေမည်ဖြစ်ပါသည်။

ဥပမာပြောရရင် ငါသည် ဤသာသနာဖြစ်သည့် စာရေးခြင်းအလုပ်နှင့် နိုင်ငံတကာ လေ့ကျင့်ပေးခြင်း လုပ်ငန်းတို့၌ အပြည့်အဝပါဝင်နေသော်လည်း အမှန်ညွှန်ပြပေးရန် လိုအပ်မှုရှိသည့်လူတို့သည် မည်သည့် အရပ်ဒေသ၌ရှိသည်ကို တွေ့ရှိနိုင်ဖို့ရန် ဆုတောင်းခြင်းဖြင့် စောင့်ကြည့်လျက်နေ၏။ ကျနော်ပါဝင်နေသည့် အသင်းတော်သည် တပည့်တော်မွေးထုတ်ခြင်း၌ တက်ကြွသည် မတက်ကြွနှင့် စပ်လျဉ်း၍ ပြဿနာမဟုတ်ပေ။ လူမှန်ကို ရှာဖွေ၍ ညွှန်ပြပေးခြင်းကို အစပြု လိုက်ပါ။ ကျနော်တို့အစပြုသည့်နေရာသည် အလွန်အရေးပါသည်ဖြစ်၍ အသက် ၏အနှစ်သာရနှင့်ဆိုင်သော အခြေခံသဘောတရားက ကျနော်တို့လုပ်ဆောင်နေ သည့်အရာအား မည်ကဲ့သို့ပုံသွင်းရန် လိုအပ်သည်ကို သင်ယူလေ့လာရမည်။ ငါသည် အရွယ်ရောက်သောသူများကို ငါနှင့်အတူ လေ့ကျင့်ပေးရန် အခြား ဆရာများကို ကြိုးစားရှာဖွေလျက်တတ်၏။ ကျနော်တို့သည် သင်ကြားခြင်း မစမီ ကျနော်တို့၏သင်ခန်းစာများကို အတူတကွ ဆွေးနွေးတိုင်ပင်ကြ၏။ ထိုသူတို့သည် နောက်ပိုင်းတွင် ရူပါရုံနှင့်ရည်ရွယ်ချက်များ၌ တူညီမှုရှိသည့်ဆရာသမားများ ဖြစ်လာကြသည်။

ကျမ်းစာကျောင်းသားတစ်ဦးအနေနဲ့ မိမိအား ကောင်းကောင်း လေ့ကျင့် တပ်ဆင်ပေးခြင်းမရှိသည့် ကျောင်းအဖွဲ့အစည်းအား အဘယ်ကြောင့် ဒေါ်လာ ထောင်သောင်းများစွာကို ပေးနေရပါသနည်း။ အသင်းသားတစ်ဦးသည် အသင်း သားတို့အား ခရစ်တော်နှင့်သဏ္ဌာန်တူသည့်အဆင့်သို့ ကြီးထွားဖို့ရန် ရူပါရုံနှင့် ယုံကြည်ခြင်းမရှိသည့်အသင်းတော်သို့ အဘယ့်ကြောင့် တက်ရောက်ပါဝင်နေရ သနည်း။

ကျနော်တို့သည် အသင်းတော်ကို အပြည့်အဝ လေ့ကျင့်တပ်ဆင်ပေးရန် ကျနော်တို့စိတ်နှလုံး၊ နေအိမ်နှင့်အသင်းတော် စသည်တို့၌ အသက်၏အနှစ်သာရ နှင့်စပ်လျဉ်း၍ ဘုရားသခင်၏အားဖြည့်ဆည်းပေးခြင်းကို လိုအပ်ပါ၏။ ဘုရားသခင် ၏သမ္မာတရားကို အခိုင်အမာပြောဆိုသည့် ရဲရင့်သောခေါင်းဆောင် များသည် အဘယ့်ကြောင့် ကျနော်တို့အသက်တာများထဲ၌ ကိုယ်စားမပြုနိုင်ပါသနည်း။

သင်ခန်းစာ

  • ကျောင်းသားများ၏အသက်တာ၌ ဝိညာဉ်ရေးရာ ပြုပြင်ပြောင်းလဲခြင်း၏ ပေါင်းစပ်ခြင်းသည် သိသာထင်ရှားသည့် အပြောင်းအလဲကို တောင်းဆို၏။
  • အသက်အူတိုင်၌ တွေ့မြင်ရသည့် ဘုရားသခင်၏ရည်ရွယ်ချက်သည် အသင်းတော်နှင့်ကျမ်းစာ ကျောင်းများ၌ နိုးကြားမှု၊ ရှင်သန်မှုနှင့် ကြီးထွားမှုတို့ကို မြင်တွေ့ဖို့ရန်အတွက် အဓိကဦးတည်ချက် ဖြစ်ရမည်။
  • အသက်အူတိုင်ကို အတွင်းပိုင်း ပြုပြင်ပြောင်းလဲမှု လမ်းကြောင်း ပိုမိုကောင်းမွန်စွာ ပေါ်လွင်ဖို့ရန် အတွက် အသုံးပြုပါ။ အဖွဲ့ငယ်လေးကို အစပြု၍ အောင်မြင်မှု၌ ဝမ်းမြောက်ကာ နယ်ပယ်ကိုချဲ့ပါ။

ကျက်မှတ်ဆင်ခြင်ပါ

  • ဖိ၊၂:၁၄-၁၆

တာဝန်ပေးအပ်ခြင်း

  • သင်သည် အရင်က လူတစ်ဦးကို ဝိညာဉ်ရေးရာ၌ အကဲဖြတ်ဖူးပါသလား။ မည်ကဲ့သို့နည်း။ မည်သည့် ပြဿနာများကို သင်ရင်ဆိုင်ရပါသနည်း။
  • အသက်အူတိုင်ကို အနက်ဖွင့်ပါ။ ဤအသက်အူတိုင်သည် ခရစ်ယာန် လေ့ကျင့်ခြင်း တစ်ခုခု၌ အချက်အချာကျသည်ဟု သင်သဘောတူပါသ လား။ ရှင်းပြပါ။
  • သင်၏ကျောင်း၊ အသင်းတော်နှင့်လူတစ်ဦးအတွက် အဓိကဦးတည်ချက် အဖြစ် သင်ပြုလုပ်နိုင်သည့် ဘုရားသခင်၏အသက်အူတိုင်နှင့်စပ်လျဉ်၍ စိန်ခေါ်မှုများကို အကဲဖြတ်သုံးသပ်ပါ။

© Paul J. Bucknell · Burmese translation: ဓမ္မဆရာတော် ဦးဘီထန်း (Bee Htan) · Biblical Foundations for Freedom