
အသက်၏အနှစ်သာရ — The Life Core
အခန်း ၃၃ — အဓိက ရည်ရွယ်ချက်
အသက်အူတိုင်သည် ယုံကြည်သူများ၏အသက်တာ၌ သခင်ဘုရား၏ ရည်ရွယ်ချက်များကိုလည်းကောင်း၊ အမျိုးမျိုးသောဝန်းကျင်များ၌ ဘုရားသခင်၏ လူတို့ကို ပြုပြင်ပြောင်းလဲစေသည့် ဘုရားသခင်၏တန်ခိုးတော် စီးဆင်းမှုကိုလည်း ကောင်း ဖော်ထုတ်ပြသ၏။
ဘုရားသခင်သည် ၎င်း၏ကြီးထွားခြင်း အကြောင်းအရာကို ရှာဖွေလျက် နေ၏။ ကျနော်တို့သည် ဘုရားသခင်၏တိုက်ရိုက်ရည်ရွယ်ချက်များကို လျစ်လျူရှူ သည်ဖြစ်စေ၊ မရှူသည်ဖြစ်စေ ဆန့်ကျင်သောအခါ ဘုရားသခင်၏အထူး အသက် တာပြောင်းလဲစေခြင်း ပြတ်တောင်းပြတ်တောင်း ဖြစ်သွားနိုင်သည်။ သို့သော် သတိရှိရှိ စဉ်းစားဆင်ခြင်ခြင်းအားဖြင့် ကိုယ်တော်၏ရည်ရွယ်ချက်များကို မိမိတို့ ကိုယ်ပိုင်အတွက် ခံယူမည်ဆိုလျှင် အဆက်မပြတ် ကိုယ်တော်၏တန်ခိုး လုပ်ဆောင်ချက်ကို ကျနော်တို့တွေ့မြင်ရလိမ့်မည်။
ကျမ်းစာကျောင်း၊ အသင်းတော်၊ မိသားစုနှင့်လူတစ်ဦးချင်းစီတို့သည် ဘုရားသခင်၏ရည်မှန်းချက်ပန်းတိုင်များကို ထောက်ရှုလျက် အသီးသီး၏အခြေ အနေများကို သေသေချာချာဆန်းစစ်ဖို့နှင့်ညှိယူဖို့လိုအပ်ပါသည်။ ကောင်းမွန် သောအကဲဖြတ်ခြင်းသည် လေ့ကျင့်ပေးခြင်းအတွက် လက်ရှိလိုအင် ဆန္ဒများအ တွက်ရော လက်ရှိအစီအစဉ်များနှင့်စီမံကိန်းများ၌ ဘုရားသခင်နှင့် နီးနီးကပ်ကပ် မလုပ်ဆောင်ခြင်း၏အကျိုးဆက်များအတွက်ပါ သုံးသပ်ဆင်ခြင် ရမည်။
များစွာသောအသင်းတော်များနှင့် အခြားခရစ်ယာန်များ၏ဖွဲ့စည်းပုံသည် ခိုင်မာသော ရည်ရွယ် ချက်များနှင့် တည်ထောင်နေစဉ်တွင် များစွာသောသူတို့သည် အပိုင်စီးခံရ၍ လွင့်မျောလျက် နေကြ၏။ အကယ်၍ အသင်းတော်တစ်ပါးသည် ဘုရားသခင်၏ရည်မှန်းချက်ပန်းတိုင်များကို မရှာဖွေလျှင် သို့မဟုတ် အသီးမသီး လျှင် စပျစ်ပင်နှင့်အဆက်ပြတ်ခြင်း မရှိကြောင်း မည်ကဲ့သို့ ယုံကြည်စိတ်ချရမည ်နည်း(ယော၊၁၅:၁-၆)။ များစွာသောသူတို့သည် မြင့်မြတ်သောရည်မှန်းချက်ပန်း တိုင်များနဲ့ အစပြုကြသော်လည်း သူတို့၏လမ်းကြောင်းများမှ လမ်းလွဲကြပြန်၏။ ဤသို့ မကြာခဏ ဖြစ်ရခြင်းမှာ ဘုရားသခင်လုပ်ဆောင်သော အရာပေါ်၌ မမျှော်လင့်ဘဲ အခြားသူများ၏မျှော်လင့်သောအရာ၌ အာရုံစူးစိုက်ကြသောကြောင့် ဖြစ်သတည်း။
ဘုရားသခင်သည် ကျနော်တို့ထဲက ဘွဲ့ရသောသူများ၏အရေအတွက်ဖြင့် ကျနော်တို့ကို တန်ဖိုးဖြတ် မည်မဟုတ်ပေ။ ဘုရားသခင်၏လူတို့သည် ပြောင်းလဲ၍ အခြားသူများ၏အသက်တာကို ပြောင်းလဲစေဖို့ရန် ဘုရားသခင်၏အသုံးတော်ခံဖို့ အဆင်သင့်ဖြစ်ကြပါသလား။ ခရစ်တော်က ကျနော်တို့အား ဤသို့မေးမြန်း နိုင်ပါသည်။ ငါ့လူတို့ကို မည်သည့်ဘွဲ့အားဖြင့် ငါ့ကဲ့သို့ဖြစ်စေ၍ အခြားသူများကို အမှုထမ်းဆောင် စေပါသနည်း။
ကျနော်တို့၏အဆုံးရလဒ်ကို ကျနော်တို့၏ရည်မှန်းချက်ပန်းတိုင်များနှင့် အတူ ဆန်းစစ်မည်ဆိုလျှင် ထိုရည်မှန်းချက်ပန်းတိုင်များ၏ပြီးစီးမှု တချို့ကို ကျနော်တို့မြင်တွေ့ရလိမ့်မည်။ ၎င်းသည် ကောင်းသောအရာ ဖြစ်သော်လည်း ကျနော်တို့၏အာရုံစိုက်မှုနှင့် အဓိကကျသောကြိုးစားအားထုတ်မှုများကို ဝိညာဉ် ရေးရာ ကြီးထွားဖွံ့ဖြိုးမှုနှင့်စပ်လျဉ်းသည့် ဘုရားသခင်၏ရည်ရွယ်ချက် အပေါ်၌ ပို၍တပ်ဆင်နိုင်မည်ဆိုလျှင် မွမ်းမံတပ်ဆင်ခြင်းသည် ပိုမိုထိရောက်လာပါ လိမ့်မည်။
ဘုရားသခင်သည် မိမိနှင့်အလုပ်လုပ်ဖို့ရန် နစ်မြုပ်အပ်ခြင်းကို တောင်းဆို ၏။ ထိုတောင်းဆိုမှုသည် ကိုယ်တော်အရေးပါသည်ဟု ယူဆသောအရာကို မှီအောင်လိုက်ခြင်းလည်းဖြစ်သည်။ ဘုရားသခင်သည် အမြင်သဘောတရားနဲ့ သိခြင်းကို အလိုမရှိဘဲ ကိုယ်တိုင်သိခြင်းကိုသာ အလိုရှိ၏။ လူအသီးသီး ဘုရား သခင်၌ ယုံကြည်ကိုးစားမှုရှိရမည်။ ထိုသို့သော ယုံကြည်ကိုးစားမှုသည် အမြဲဖြစ် ပျက်သောအရာဖြစ်၍ ခက်ခဲသော အချိန်အခါများ၌ ဘုရားသခင်၏မစခြင်းကို မိမိလူတို့က မကြာခဏ တွေ့ကြုံခံစားသောအရာဖြစ်ပါသည်။ ဒါဝိဒ်၏စကားကို နားထောင်ကြည့်ပါ။

အို ထာဝရဘုရား၊ အကျွန်ုပ်၏ခွန်အား ဗလတည်းဟူ သောကိုယ်တော်ကို အကျွန်ုပ်ချစ် ပါ၏။ ထာဝရဘုရားသည် ငါ၏ ကျောက်၊ ငါ၏မြို့ရိုး၊ ငါ့ကို ကယ် လွှတ်သခင်၊ ငါ၏ဘုရား၊ ငါကိုးစား သောအစွမ်းသတ္တိ၊ ငါ၏အကွယ် အကာ၊ ငါ့ကိုကယ်တင်သော ဦးချို၊ ငါ၏ရဲတိုက်ဖြစ်တော်မူ၏(ဆာ၊၁၈:၁-၂)။
ဘုရားသခင်အပေါ်၌ ကိုယ်တိုင်ကိုယ်ကျ၏ယုံကြည်စိတ်ချမှု ခိုင်ခံ့ပုံကို ကျနော်တို့မြင်တွေ့ရသည်မဟုတ်ပါလော။ ဒါဝိဒ်သည် ရဲရင့်သောစစ်သူရဲ၊ လိမ္မာ ပါးနပ်သောသူဖြစ်သော်လည်း ထိုအရာတို့၏နောက်ကွယ်၌ ဘုရားသခင်က မိမိတန်ခိုးပြသ၍ သူ့ကို ကူညီခဲ့သည့် ဘဝအတွေ့အကြုံပေါင်းများစွာ ခံစားခဲ့ သူလည်းဖြစ်ပါသည်။ ဘုရားသခင်သည် ထိုသို့သောအမှုအရာများကို စစ်မှန်သော ယုံကြည်သူများ၌ ပြုလို၏။ ဘဝဆိုသည်မှာ ဘုရားသခင်လေ့ကျင့်ပေးသည့် ကျောင်းဖြစ်ပါသည်။
ဤဖြစ်စဉ်ကို ကျနော်တို့နားလည်ရသော်လည်း ဤအရာကို ကျနော်တို့ လေ့ကျင့်ခြင်း အစီအစဉ်များနှင့် ရောယှက်ဖို့ရန် အခက်အခဲရှိ၏။ ကျနော်တို့ ကိုယ်တိုင် အသက်တာ၏ကြီးထွားဖွံ့ဖြိုးမှုသည် စစ်ဆေး တိုင်းတာရန် ခက်ခဲပါ၏။ တစ်ခါတစ်ရံ ကျနော်တို့ကိုယ်ပိုင်အသင်းတော်နှင့် တရားဝင်အသိအမှတ်ပြု အဖွဲ့အစည်းများက ကျနော်တို့၏အရည်အချင်းများ ရရှိထိန်းသိမ်းရန် ကျနော် တို့အား အထူးကူညီပံ့ပိုး ပေးကြ၏။ ၎င်းသည် သာမန်အားဖြင့် အကျိုးရှိသော်လည်း တစ်ချိန်တည်းမှာပင် ကျနော်တို့၏အဖွဲ့ အစည်းများကို ဘုရားသခင်၏စံအတိုင်း မဟုတ်ဘဲ သူတို့၏စံအတိုင်း တန်ဖိုးဖြတ်ရန် ဘောင်ခတ်တတ်ကြ၏။
အားပြိုင်မှု အခင်းအကျင်းများသည် သခင်ဘုရားထံတော်ပါးမှ ကျနော်တို့ ၏ရည်ရွယ်ချက်ပန်းတိုင်များ အမျိုးမျိုးရှိသကဲ့သို့ ဖြစ်ပါသည်။ ကိုယ်တော်သည် မိမိ၏အဆင့်အတန်းနှင့်မျှော်လင့်ချက် ကိုက်ညီမှုရှိအောင် ကျနော်တို့အပေါ်၌ တွန်းအားထားတတ်၏။ သခင်ဘုရားသည် ကျနော်တို့နည်းဗျူဟာကို အထူး လမ်းညွှန်မှုနှင့် ဉာဏ်ပညာအားဖြင့် ပယ်ဖျက်နိုင်သည်မှန်သော်လည်း ကျနော်တို့ အထဲ၌ တည်ရှိနေသည့်နည်းဗျူဟာအတိုင်း ကျနော်တို့နှင့်အတူ အလုပ်လုပ် လေ့ရှိ၏။
အသက်အူတိုင်သည် လက်ရှိကျနော်တို့၏လေ့ကျင့်ပေးခြင်း နည်းစနစ် များနှင့်အတူ ဘုရားသခင်နှင့်ဆိုင်သည့် ဝိညာဉ်ရေးရာကြီးထွားဖွံ့ဖြိုးမှု လေ့ကျင့် ပေးခြင်းကို ပေါင်းစပ်စေခြင်းငှာ လမ်းကြောင်းအမျိုးမျိုး ပြင်ဆင်ပေးသည်။ အောက်တွင် ဤအရာနှင့်စပ်လျဉ်း၍ ကျနော်တို့မည်ကဲ့သို့ ပြုရမည်ဟူသော အယူအဆတချို့ကို မျှဝေပေးပါသည်။
အသက်အူတိုင်၏ထူးခြားသောလက္ခဏာများ
စိတ်နှလုံး၌ စောင့်ထိန်းရန် အရေးကြီးလှသည့် အခြေခံကျသော တချို့ထူး ခြားသော လက္ခဏာများမှာ၊
➡ ဉာဏ်ပညာအရ နှိုးဆွပေးခြင်း
အသက်၏နှိုင်းစာချက်နှစ်ခုကို မေးဆက်ပြီးဖြစ်သည်။ တစ်ခုကား အသက် ၏ရင်းမြစ်နှင့်စပ်လျဉ်း၍ ဒုတိယတစ်ခုကား အသက်၏ကြီးထွားဖွံ့ဖြိုးမှုကို ဖော်ပြခြင်းဖြစ်သည်။ အလားတူသည့်အချက် တစ်ခုချင်းစီသည် အခြေခံကျသော ဝိညာဉ်ရေးရာ သမ္မာတရားများ၏ကြီးမားသော နားလည်သဘော ပေါက်မှုကို ဖြစ်ပေါ်စေပါသည်။ ကျနော်တို့သည် ၎င်းတို့အပေါ်၌ ပို၍စဉ်းစားတွေးခေါ်လေ ဝိညာဉ်ရေးရာ အသက်၏ဖြစ်ရပ်မှန်ဖြစ်သည့် မမြင်နိုင်သည့်ပိုမိုနက်ရှိုင်းသော ထိုးထွင်းသိမြင်နိုင်စွမ်းကို ရရှိလေဖြစ်သည်။
သိပ်မကြာသေးခင် သမုဒ္ဒရာ၏အောက်ခြေကို လူတွေစူးစမ်းလေ့လာ နိုင်ခြင်းမတိုင်မီ ကျနော်တို့သည် ၎င်း၌ အသက်မရှိဟုယူဆကြ၏။ ယခုကျနော် တို့သည် အလွန်နက်ရှိုင်းသော သမုဒ္ဒရာအောက်ခြေ၌ အသက် ပေါင်းများစွာရှိ၍ စိတ်ဝင်စားဖွယ်ကောင်းသည့် စူးစမ်းလေ့လာစရာ ကျယ်ပြန့်သော ကွင်းပြင်အသစ် ရှိကြောင်းကို ကျနော်တိုသိရှိရ၏။ ဤပုံစံအတိုင်း ဘုရားသခင်၏ရည်ရွယ်ချက်နှင့် လမ်းစဉ်များကို အကျယ်တဝင့် လေ့လာခြင်းသည် ထိုအသက်ကို ပေးသောအရှင် ဘုရားသခင်အကြောင်းကို ဆင်ခြင် အောက်မေ့ခြင်း၊ သင်ယူသိရှိလိုစိတ် တိုးပွားခြင်းတို့ကို မြှင့်တင်ပေးသည်။
ဤအကြောင်းကို လေ့လာခြင်းသည် ဗုဒ္ဓဘာသာ သို့မဟုတ် ရှေးကျသော အယူအဆများကဲ့သို့သော အကြောင်းအရာများကို လေ့လာခြင်းနှင့် ဆန့်ကျင့် ဘက်ဖြစ်၏။ သူတို့သည် အဆုံး၌ လူ၏ပုံပျက်ခြင်းကို ထင်ဟပ်စေကြ၏။ သို့သော် အသက်အူတိုင်မူကား ကျနော်တို့အထဲ၌ရှိသည့် ခရစ်တော်တည်းဟူသော အသက် ၏အချက်အချာသည် ကောင်းသောအရာ၊ မှန်သောအရာ၊ ရှင်သန်ခြင်းနှင့် ဖြစ်မြောက်ခြင်း စသည့်တို့ကို ကျနော်တို့၏အသက်တာ ရင်းမြစ်ထဲသို့ သွင်းပေး လေ၏(၁ယော၊၅:၂၀)။
➡ လွယ်လွယ်ကူကူ အကဲဖြတ်ခြင်း
အမှန်အတိုင်းဖြစ်စေဖို့ရန် ကြီးထွားဖွံဖြိုးမှုဆိုင်ရာ စက်ဝိုင်း၏အစိတ် အပိုင်း တချို့ကို တိုင်းတာရန် ခဲယဉ်းပါသည်။ သို့သော် ၎င်းတို့အထဲမှ အဆင့်တစ်နှင့်အဆင့်နှစ်တို့သည် လွယ်လွယ်ကူကူ ထုတ်ဖော်၍ အကဲဖြတ် နိုင်ပါသည်။ ဤသို့ ပြောဆိုသောကြောင့် ကျောင်းသူ/သားများ၏အသက်တာ၌ အမှန်တကယ် ပြောင်းလဲခြင်းကို အာရုံစိုက်မည့်အစား အရေအတွက်နှင့် ဘွဲ့ဒီဂရီကိုသာ အာရုံစိုက်ကြသည့် အဖွဲ့အစည်းများအား တရားဝင်သည်ဟု ကျနော်တို့ထောက်ခံနေခြင်းမဟုတ်ပေ။ ကျနော်တို့သည် ဤတိုင်းတာခြင်းကို လုပ်သင့်လုပ်ထိုက်သော လေ့ကျင့်ပေးခြင်း အစီအစဉ် ဖြစ်မြောက်စေခြင်း၌ ကျနော်တို့အား လမ်းညွှန်ရန်အသုံးပြုသည်။
➡ ကိုယ်တိုင်ကိုယ်ကျ လုပ်ရကျိုးနပ်ခြင်း
ကျောင်းနှင့်စာသင်ခန်းများသည် ကျောင်းသူ/သားများကို ဆွဲချနိုင်သည်။ ပညာရေးအပေါ် ပုံမှန်ထက် ဖိအားပေးခြင်းသည် ဝိညာဉ်ရေးရာအသက်တာ ပြုစုပျိုးထောင်အတွက် အခန်းနည်းနည်းလေးသာ နေရာပေး တတ်၏။ ဥယျာဉ်၏မြေဆီလွှာ ဖိသိပ်လာသောအခါ အပင်၏အမြစ် ဖွဲ့စည်းမှုနည်းစနစ် ကြီးထွားဖို့ရန် ခဲယဉ်းလာပါသည်။ အကျိုးရလဒ်ကား အပင်၏ကြီးထွားမှု နည်းနည်း လေးသာရှိ၏။ ဤကဲ့သို့သော ပြဿနာမျိုးသည် ကျနော်တို့၏အကောင်းဆုံးသော ကျမ်းစာကျောင်းများ၌လည်းရှိ၏။
ကျမ်းစာသင်ပေးသောဆရာများရော ကျောင်းသူ/သားများပါ နှစ်ဝက် စာသင်ကာလ၏အလုပ်နှင့် စပ်လျဉ်း၍ အသိပညာတောင်းဆိုမှုကြောင့် အရှိန်ကျ လာကြ၏။ ထိုသူတို့သည် သူတို့၏ဝိညာဉ်ရေးရာအတွက် တန်ဖိုးရှိသည့်အချိန် နည်းနည်းလေးသာ ရရှိကြတော့သည်။ အာရုံစူးစိုက်မှုသည် စစ်မှန်သောကြီးထွား ခြင်းသို့ ဦးတည်နိုင်သောအခါ အရာအရာအားလုံး ပိုမိုအဓိပ္ပာယ်ရှိလာ၍ ကိုယ်ကိုယ်တိုင် အရာရောက်လာမည် ဖြစ်သည်။
➡ တန်ခိုးပေးခြင်းနှင့်စိတ်ဝင်တစားရှိခြင်း
ကျနော်တို့သင်ယူခြင်းမှာသမျှသည် အသက်တာတည်ဆောက်ရေး အတွက် အဓိပ္ပာယ်ရှိစေသည့်အရာဖြစ်ရမည်။ ကျောင်းသားတစ်ဦးသည် မိမိကိုယ်ကို ယုံကြည်စိတ်ချရန်အတွက်သာ အသိပညာလိုအပ်တာ မဟုတ်ဘဲ ထိုအသက်တာကို ဘုရားသခင်ထံမှ ပြုစုပျိုးထောင်ရမည်။ ထိုကျောင်းသားသည် သူသင်ယူခဲ့သည့်အရာများကို သူ့အသက်တာထဲ၌ ပိုမိုကောင်းမွန်စွာ ချိတ်ဆက် နိုင်လေ သူ၏သင်ယူမှုသည် ပို၍မှန်ကန်မှု ရှိလေဖြစ်ပါမည်။ အသိပညာ သင်ခန်းစာသည် နားလည်သဘောပေါက်ရုံအတွက်သာ ကောင်းသည် မဟုတ်ဘဲ၊ ၎င်းသည် အသက်တာနှင့်လုပ်ငန်းထဲသို့ မည်ကဲ့သို့ ဆက်နွယ်ကြောင်းကို နှလုံးသွင်းခြင်းသည် ပို၍ကောင်းပေ၏။ အကယ်၍ သူတို့၏အသိပညာနှင့် လက်တွေ့လေ့လာမှုများကို အသက်အူတိုင် အယူအဆများနှင့်အတူ တပြိုင်နက် ပေါင်းစပ်နိုင်လျှင် သူတို့အသက်တာနှင့်အခြားသူများ၏ အသက်တာများ၌ ဘုရားသခင်လုပ်ဆောင်လျက်ရှိသည့်အရာကို စေ့စေ့စပ်စပ် ကြည့်ရှုစစ်ဆေး နိုင်မည်ဖြစ်ပါသည်။ သင်ခန်းစားများသည်လည်း ဘုရားသခင်၏ရည်ရွယ်ချက်နှင့် တိုး၍တိုး၍ ပေါင်းစည်းလာမည်။ ဤထိုးထွင်းသိမြင်နိုင်စွမ်းသည် စိတ်လှုပ်ရှား ဖွယ်ဖြစ်၍ တန်ခိုးရှိ၏။
➡ ဘုရားသခင်အပေါ် အာရုံစူးစိုက်မှုနှင့်ဝိညာဉ်တော်၏အကူအညီ
ကျောင်းသားများသည် သီအိုလော်ဂျီနှင့်ဘုရားသခင် အကြောင်းကို သင်ယူလေ့လာနေကြသော်လည်း အန္တရာယ်များစွာရင်ဆိုင်ကြ၏။ ဘုရားသခင်ကို သိရှိခြင်းနေရာ၌ အခြားအစားထိုးခြင်းသည် အကြီးမားဆုံး ပြဿနာ ဖြစ်လာသည်။ အကယ်၍ ကျနော်တို့သည် ဘုရားသခင်၏ဘုန်းအသရေနှင့် ရည်ရွယ်ချက်အပေါ်၌ မှန်ကန်စွာအာရုံစူးစိုက်လာပါက အခြားသောအရာများ ပျောက်ကွယ်သွားမည်။ ဘုရားသခင်နှင့်အတူ ရှင်သန်ခြင်း၌ ဤသို့သော အဓိကရည်မှန်းချက်မရှိပါက အခြားသော ရည်မှန်းချက်များက နေရာယူ ထိန်းချုပ်ပေမည်။
➡ ကြံ့ကြံ့ခံသော အသီး
ကျနော်တို့၏လူ့အဖွဲ့အစည်းသည် ပြုပြင်ပြောင်းလဲခြင်း လိုအပ်သည်။ ဤလိုအပ်ချက်များသည် ဘုရားသခင်၏လူတို့က သူတို့ရရှိသည့်ဘွဲ့ဒီဂရီထက် ဘုရားသခင်နှင့်ရင်းနှီးလာခြင်းအားဖြင့် အပြောင်းအလဲ ရှိလာမည်ဖြစ်သည်။ ဝိညာဉ်ရေးရာ ပြုပြင်ပြောင်းလဲခြင်း၌ အချိန်အခါနှင့်အာရုံစူးစိုက်မှု လုံလောက်မှု မရှိသောအခါ အတွင်းပိုင်းကြီးထွားခြင်းသည် တစွပ်စွပ်မြည်လာ၍ စုံလင်ခြင်းသို့ မကြီးထွားမီ အသီးမသီးဘဲ နေတတ်၏။
ဂရုတစိုက် စစ်ဆေးခြင်း
ကျနော်တို့သည် ကျောင်းသူ/သားများအား ကျမ်းစာကျောင်း၌ သူတို့၏ လေ့ကျင့်ခြင်းကာလအတွင်း ဖြစ်ပျက်သောအရာကို စစ်ဆေးခြင်းမဟုတ်ပေ။ ရန်သူသည် အမြဲလှုပ်ရှား၏။ သို့သော် မှန်ကန်သော လေ့ကျင့်ပေးခြင်းသည် ဘုရားသခင်၏လူတို့ကို ရန်သူ၏လှည့်ကွက်များထဲမှ အကာအကွယ်ပေးနိုင်သည်။
ယေရှုက ကောင်းသောအလုပ်များဖြစ်သည့် သူ၏အလုပ်များသည် သူနှင့်ပေါင်းစည်းခြင်းမှ လာသည်ဟုဆို၏(ယော၊၁၅:၅)။ လိုအပ်သည့်ကျွမ်းကျင် မှုများ၊ အကျင့်စရိုက်နှင့်ဝိညာဉ်ရေးရာ စည်းကမ်းချက်များကို အသားပေးခြင်း အားဖြင့် ကျောင်းသားများ၏အသက်တာထဲသို့ ဤစိတ်နေ သဘောထားကို ပို၍ပေါင်းစပ်နိုင်မည်ဖြစ်သည်။
ပေါလုသည် ကျနော်တို့ မြှင့်တင်ဖို့ရန် လိုအပ်သောဤအပြောင်းအလဲကို အကျဉ်းချုပ်လိုက်ပါသည်။ “ဝိညာဉ်တော်၏အသီးအပွင့်မူကား ဝမ်းမြောက်ခြင်း၊ ငြိမ်သက်ခြင်း၊ စိတ်ရှည်ခြင်း၊ ကျေးဇူးပြုခြင်း၊ ကောင်းမြတ်ခြင်း၊ သစ္စာစောင့်ခြင်း၊ နူးညံ့သိမ်မွေ့ခြင်း၊ မိမိကိုယ်ကို ချုပ်တည်းခြင်းပေတည်း။ ဤအရာများကို ဆန့်ကျင်သောတရားမရှိ”(ဂ၊၅:၂၂-၂၃)။
စကားလုံးအမျိုးမျိုး အသုံးပြုသော်လည်း ကျနော်တို့ရှာဖွေသည့် အသီးအပွင့်၏အရည်အသွေး၌ ဂရုတစိုက်အာရုံစူးစိုက်ဖို့ လိုအပ်ပါသည်။ ကောင်း သောအသီးသည် ဘုရားသခင်၏မျက်မှောက်တော်၌ အသက်ရှင်သောသူများ၏ ထူးခြားသော လက္ခဏာဖြစ်ပါသည်။
အကျဉ်းချုပ်
ဝိညာဉ်ရေးရာ ကြီးထွားခြင်းအပေါ် အထူးအလေးပေးခြင်းနှင့်အတူ ၎င်း၏ကြီးထွားဖွံ့ဖြိုးမှုဆိုင်ရာ ရှင်းလင်းသောလမ်းကြောင်းသည် မရှိမဖြစ်လို အပ်၏။ အကြောင်းမှာ သာသနားလုပ်ငန်းအတွက် ပြင်ဆင်မ နှစ်ကာလ အတောအတွင်း၌ ကျမ်းစာ၏ရှုထောင့်အမြင်ကို ထိန်းသိမ်းနိုင်ဖို့ရန်ဖြစ်သည်။
ကျနော်တို့၏ရည်မှန်းချက်ဖြစ်သည့် အသက်တာပြုပြင်ပြောင်းလဲခြင်း အစီအစဉ်သည် ကျောင်းသူ/ သားများ၏အသက်တာထဲမှ ပေါက်ဖွားလာသည့် အကြီးမားဆုံးသောအသီးအပွင့်အတွက်ကို ရှာဖွေရမည်။ သို့မဟုတ်လျှင် ဤအသက်သည် အခြားသူများ၏အသက်တာထဲ၌ သွတ်သွင်းမည့်အစား သေသွားမည်ဖြစ်သည်။ ခရစ်ယာန်အသိုင်းအဝန်း စာသင်ခန်းများ၌ လေ့လာ ဆည်းပူးခြင်းသည် ဘာသာရေးဆန်သည့် အတွေးအခေါ် ဖြစ်လာသော်လည်း တကယ့်အသက်ရှင်ခြင်းအတွက် ဘာမှအကျိုးမပြုပေ။ အသက်အူတိုင်သို့ ပြန်လှည့်ခြင်းသည် ကျနော်တို့အား ဘုရားသခင်ထံသို့ ပို့ဆောင်၍ သူ၏အသက်-ပွားများစေခြင်း တန်ခိုးကို ဖြစ်ပေါ်စေသည်။
သင်ခန်းစာ
- ဘုရားသခင်သည် သူ၏အဆင့်အတန်းနှင့်မျှော်လင့်ချက်များ အပေါ်၌ အာရုံစူးစိုက်ရန် ကျနော်တို့အား စိန်ခေါ်ခြင်းအားဖြင့် ကျနော်တို့ကောင်း ကျိုးအတွက် ဩဇာလွှမ်းမိုးမှု အစပြု၏။
- အသက်အူတိုင်၌ တွေ့ရှိသည့်တန်ဖိုးသည် ဦးစားပေးဖို့ရန် ကြွယ်ဝချမ်း သာ၍ ထိုက်တန်လှပေ၏။
- ကျနော်တို့သည် ကိုယ်တိုင်ကိုယ်ကျ လုပ်ရကျိုးနပ်သော လိုအပ်ချက် များကို ရှာဖွေသောအခါ ဘုရားသခင်ဆိုလိုသည့်သူနှင့်နီးကပ်စေခြင်း ဖြစ်သည့် လေ့ကျင့်ခြင်းကို ရှာဖွေတွေ့ရှိခြင်းထက် ပို၍တန်ဖိုးရှိသော အရာမရှိတော့ပေ။
ကျက်မှတ်ဆင်ခြင်ပါ
- ဂ၊ ၅:၂၂-၂၃
- ဆာ၊၁၈:၁-၂
တာဝန်ပေးအပ်ခြင်း
- သင်၌ ဘဝရည်မှန်းချက်ပန်းတိုင်ရှိပါသလား။ ၎င်းသည် အဘယ်နည်း။ ၎င်း၌ ဘုရားသခင်ကို ပို၍နက်ရှိုင်းစွာသိခြင်းနှင့်ပို၍ရင်းနှီးကျွမ်းဝင်ခြင်း နည်းလမ်းများပါဝင်ပါသလား။
- သင်တွဲဖက်ပါဝင်သည့် ကျမ်းစာကျောင်း သို့မဟုတ် အသင်းတော်၏ အဓိက ရည်မှန်းချက်ပန်းတိုင်ကား အဘယ်နည်း။ သူတို့ကို ဂရုတစိုက် လေ့လာပါ။ ထိုသူတို့တည် ဘုရားသခင်၏ကြီးမြတ်သော ရည်မှန်းချက် ပန်းတိုင်များကို အဘယ်သို့ခိုင်းနှိုင်းသနည်း။ ရှင်းပြပါ။
- ဆာလံ ၁၈ ကို ဖတ်ရှု၍ ဒါဝိဒ်သည် သူ၏အသက်တာ၌ ဘုရားသခင် ပြုသောအမှုကြောင့် မည်ကဲ့သို့ လေးလေးနက်နက်အကျိုးထိရောက်မှု ရရှိသည်ကိုသတိပြုရမည်။
© Paul J. Bucknell · Burmese translation: ဓမ္မဆရာတော် ဦးဘီထန်း (Bee Htan) · Biblical Foundations for Freedom