အသက်၏အနှစ်သာရ — The Life Core. ခရစ်ယာန် အသက်တာ၏ အခြေခံအမှန်တရားများ. Burmese edition banner with a growing seedling at sunrise over mountains.

အသက်၏အနှစ်သာရ — The Life Core

အခန်း ၃၂ — ရင့်ကျက်သောယုံကြည်သူများကို တပ်ဆင်ပေးခြင်း

ခရစ်ယာန်တစ်ဦး၏ဝိညာဉ်ရေးရာ ကြီးထွားခြင်း အဆင့်သုံး၌ရှိသောသူ များကို လေ့ကျင့်ပေးခြင်းသည် ပထမအဆင့်နှစ်ဆင့်၌ရှိသောသူများနှင့် သိသိ သာသာခြားနားပါ၏။

ပထမအဆင့်နှစ်ဆင့်၏ဦးတည်ချက်သည် ယုံကြည်သူအား အဆင့်များတ လျှောက်လုံး အကူအညီပေးရန်ဖြစ်သည်။ ၁ယော၊၂:၁၂-၁၄ အရ စတုတ္ထအဆင့် ဟူ၍မရှိပေ။ ဤအချက်သည် ဤအဆင့်၌ ကြီးထွားခြင်းဆိုင်ရာ ကျနော်တို့၏ ချဉ်းကပ်မှုကို ပြောင်းလဲစေ၏။ သို့ဖြစ်၍ ယုံကြည်သူသည် အဆင့်တစ်နှင့် နှစ်၌ ရှိနေစဉ် သူ့အား နောက်အဆင့်သို့ တက်လှမ်းစေမည့်ရည်မှန်းချက်ပန်းတိုင် အပေါ်၌ အာရုံစူးစိုက် လေ၏။

Illustration from the original Burmese The Life Core manuscript, chapter 32, figure 1

ဤအဆင့်၌ စိုးရိမ်ဖွယ်အချို့ရှိ၏။ အသင်းတော်ကို နှစ်ပေါင်းနှစ်ဆယ်ထက် မနည်း အုပ်ချုပ်၍ သူ၏ဝိညာဉ်ရေးရာ ကြီးထွားခြင်း၌ ငြိလျက်နေသော အသင်း လူကြီးအကြောင်းကို ကျနော်တို့စဉ်းစား နိုင်၏။ သို့မဟုတ် အသင်းတော်၌ နှစ်ပေါင်းသုံးဆယ်အတွင်း နောက်မှီ ပါသည့်ခုံရှည်၌ သစ္စာရှိရှိ ထိုင်လျက်ရှိသောသူကို စဉ်းစားနိုင်၏။ မောရှေသည် ဘုရားသခင်ထံမှ တင်းကျပ်သောစည်းကမ်းကို ခံယူထားသဖြင့် ကျောက်တုံးကို အမိန့်ပေးမည့်အစား တောင်ဝှေးနဲ့ ရိုက်လေ၏(တော၊၂၀:၁၁-၁၂)။

ဤပြဿနာများကို ခရစ်ယာန်တစ်ဦး၏ကြီးထွားဖွံ့ဖြိုးမှုဆိုင်ရာ ဤတတိ ယအဆင့်၌ ကြီးထွားခြင်းကို မှန်ကန်စွာ နားလည်သဘောပေါက်ခြင်းအားဖြင့် ကိုင်တွယ်ဖြေရှင်း နိုင်၏။ ကျနော်တို့သည် ခရစ်တော်အားဖြင့် ဘုရားသခင်နှင့် အကျွမ်းဝင်ခြင်း၌ ကြီးထွားဖို့ရန် နည်းလမ်းကို ရှာဖွေသည့်အတိုင်း ဝိညာဉ်ရေးရာ ကြီးထွားဖွံ့ဖြိုးမှုသည် ဆက်လက်မြင်သာလာမည်ဖြစ်ပါသည်။ အရွယ်ရောက်သော သူတို့သည်လည်း သူတို့၏စုံလင်ရင့်ကျက်ခြင်း၊ ဉာဏ်ပညာ၊ သနားခြင်းဂရုဏနှင့် ခရစ်တော်၏ပြည့်စုံခြင်း၌ ကြီးထွားကြ၏(ဧ၊၄:၁၃)။

မည်သို့ဖြစ်စေကာမူ နားလည်သဘောပေါက်ကြပါစို့။ သူတို့ဖာသာသူတို့ ကြီးထွားပြီဟု မှတ်ယူလျက် ယုံကြည်ခြင်းလမ်း၌ ရပ်တန့်နေသောသူများထက် အသစ်သောယုံကြည်သူတစ်ဦးကို ဤတတိယအဆင့် ရောက်ရှိသည်အထိ လေ့ကျင့်ပေးခြင်းသည် အမြဲပို၍ လွယ်ကူပါသည်။

ကျွန်ုပ်တို့ကြီးထွားခြင်းကို ထိန်းသိမ်းခြင်း

‘ထိန်းသိမ်း’ ဟူသောစကားလုံးသည် ကြီးထွားဖွံ့ဖြိုးမှု၏စကားလုံးကို အာရုံ၌မြင်ယောင်စေခြင်း မဟုတ်သော်လည်း ၎င်းက တစ်စုံတစ်ဦး၏အသက်တာ၌ ဝိညာဉ်ရေးရာ စည်းကမ်းတချို့ စဉ်ဆက်မပြတ် ဦးစားပေးသတ်မှတ်နေခြင်း ဖြစ်ပါသည်။ ဥပမာအနေနဲ့ ဆုတောင်းခြင်းသည် ဘုရားသခင်နှင့် ရင်းနှီးစွာ တိုင်ပင်ဆွေးနွေးခြင်းဖြစ်၍ ကြီးထွားသင့်သည်။ တစ်ဦးချင်းကိုယ်တိုင် ကျမ်းစာ လေ့လာသကဲ့သို့ ဆုတောင်းခြင်းသည်လည်း အမြဲလေးလေးနက်နက်ဖြစ်ဖို့ လိုအပ် ပါသည်။

ကျနော်တို့အသက်တာထဲတွင် ဘုရားသခင်၏ရည်ရွယ်ချက်အပေါ် မိမိတို့ ၏ဆက်ကပ်အပ်နှံခြင်း နောက်ထပ် ကြီးထွားသည့်နေရာ၌ စိတ်ဝင်စားမှု လျော့ကျ သွားစေရန် သို့မဟုတ် မနာခံခြင်း ရှိလာရန် ကျနော်တို့သည် သွေးဆောင်ခြင်း ခံတတ်၏။ ဤတတိယအဆင့်၌ သခင်ဘုရားမေးလေ့မေးထရှိသည့် မေးခွန်းမှာ “သင့်အသက်တာ၌ အရေးကြီးဆုံးအရာကား အဘယ်နည်း သို့မဟုတ် မည်သူ နည်း။ ကျနော်တို့တုံ့ပြန်မည့်အဖြေသည် ကိုယ်တော်အား ကျနော်တို့စိတ်နှလုံး အကြွင်းမဲ့ ရှာသည်မရှာသည်ကို ဖော်ပြသွားမည်ဖြစ်ပါသည်။

ရှင်ဘုရင်တချို့တို့မှာ သူတို့၏အုပ်ချုပ်မှု အစပိုင်း၌ ကောင်းကောင်းလုပ် ဆောင်ခဲ့ကြသော်လည်း ကြာလာသောအခါ ထောင်လွှားမောက်မာ၍ ရုပ်တု ကိုးကွယ်သောသူများဖြစ်လာကြ၏။ မည်သို့ဖြစ်စေကာမူ ဤစိုးရိမ်ဖွယ်ဖြစ်ရပ်တို့ သည် ကျနော်တို့၏ဆက်ကပ်ခြင်း၊ မှန်ကန်တဲ့ဆုံးဖြတ်ချက်ချခြင်းနှင့် လျှောက်နေ သည့်လမ်း၌ ဆက်လျှောက်ဖို့ရန် တကယ့်အခွင့်ထူးဖြစ်စေပါသည်။ ကျနော်တို့ တွေ့ကြုံသည့် ကြီးထွားခြင်း အတိုင်းအတာပေါ်၌ ဆက်လက်စွဲကိုင်ထားရန် အားပေးတိုက်တွန်းတဲ့ ကျမ်းချက်များစွာ ရှိပါသည်။ ၎င်းတို့မှာ

“ကတိပေးတော်မူအရှင်သည် သစ္စာနှင့်ပြည့်စုံတော်မူသည်ဖြစ်၍ ယိမ်း ယိုင်ခြင်းမရှိဘဲ ငါတို့ဝန်ခံသောမျှော်လင့်ခြင်းကို စွဲကိုင်ထားကြကုန်စို့”(၁၀:၂၃)။

“ထို့ကြောင့် ညီအစ်ကိုတို့၊ ခိုင်မြဲစွာရပ်တည်လျက် ငါတို့၏စကား အားဖြင့်ဖြစ်စေ၊ စာအားဖြင့်ဖြစ်စေ၊ သင်တို့သင်ယူထားသောဓလေ့ထုံးတမ်းကို စွဲကိုင်ထားကြလော့”(၂သက်၊၂:၁၅)။

“သို့သော် အရာခပ်သိမ်းတို့ကို စစ်ဆေး၍ ကောင်းသောအရာကို စွဲကိုင် ထားကြလော့“(၁သက်၊၅:၂၁)။

“ငါသည် အလျင်အမြန်လာမည်။ သင်၏သရဖူကို မည်သူမျှ မလုယူ စေရန် သင်၌ရှိသောအရာကို စွဲကိုင်ထားလော့“(ဗျာ၊၃:၁၁)။

Illustration from the original Burmese The Life Core manuscript, chapter 32, figure 2

ရင့်ကျက်သောယုံကြည်သူသည် သခင်ဘုရား အတွက် စိတ်အားထက်သန်မှုကို စောင့်ထိန်းသတိပြု သင့်သည်။ ၎င်းသည် ခက်ခဲသောအရာဖြစ်သည်။ ထိုသူသည် စိတ်ပျက်ခြင်း၊ အလျှံအပယ်ရှိခြင်း၊ သံသယ၊ အင်အား၊ စိတ်ဖိစီးခြင်း၊ ကျော်စောခြင်း၊ ခါးသီးခြင်း၊ ဝမ်းနည်းခြင်း၊ ဒုက္ခခံခြင်းနှင့်ညှဉ်းဆဲခြင်း တို့ကို ရင်ဆိုင်နိုင်ပါသည်။ တစ်ခုချင်းကို တွေ့ကြုံ သည့်အနေအထား ရောက်လာသောအခါ ကျနော်တို့သည် သမ္မာတရားများကို စွဲကိုင်၍ ဘုရားသခင်၏နည်းလမ်းအတိုင်း အသက်ရှင်ဖို့ရန် မိမိတို့ကိုယ်ကို တစ်ဖန် ဆက်ကပ်အပ်နှံကြရမည်။

ဝိညာဉ်ရေးရာ အသက်တာနှင့်ပတ်သက်၍ ကြီးမြတ်သောအရာတစ်ခုကား ကြီးထွားခြင်း၌ အဆုံးဟူ၍ မရှိခြင်းဖြစ်ပါသည်။ ၎င်းကို ပေါလုက ကောင်းကောင်း ဖော်ပြ၏။

“ငါသည် ထိုအခွင့်ကိုရရှိပြီ သို့မဟုတ် စုံလင်ခြင်းသို့ရောက်ပြီဟု ဆိုလို သည်မဟုတ်ဘဲ ခရစ်တော်ယေရှုသည် ထိုအခွင့်အတွက် ငါ့ကို ဖမ်းကိုင်ထား သည်ဖြစ်၍ ငါသည်လည်း ထိုအခွင့်ကို ဖမ်းကိုင်နိုင်ရန် ကြိုးစားလျက်ရှိ၏”(ဖိ၊၃:၁၂)။

ပေါလုသဘောပေါက်သည်မှာ မိမိ၏ဝိညာဉ်ရေးရာ ကြီးထွားဖွံ့ဖြိုးမှုနှင့် ဆက်လက်အသက်ရှင်မှုသည် မိမိအတွက်သာမကဘဲ သခင်ဘုရားအဖို့အလို့ငှာ ကိုယ်တော်၏ရည်ရွယ်ချက်အတိုင်း မိမိအသက်တာအားဖြင့် အခြားသူများအတွက် လုပ်ဆောင်နေခြင်း ဖြစ်ပါသည်(ဖိ၊၁:၂၂-၂၄) ။ ပေါလုသည် မိမိအတွက် သခင် ဘုရား ကြံစည်ထားသည့် ကြီးသောအမှု၊ ငယ်သောအမှုရှိသမျှတို့ကို ရရှိလို၏။

တတိယအဆင့်၌ ပေါင်းစပ်ခြင်း

အဆင့်သုံးဆင့်အသီးသီးအတွက် ၁ယော၊၂:၁၂-၁၄ ထဲ၌ဖော်ပြသည့် ယောဟန်၏တိုက်တွန်း ချက်များကို ကျနော်တို့စဉ်းစားသောအခါ ကျနော်တို့သည် ကြီးထွားခြင်းအပေါ်၌ ပိုမို အာရုံစိုက်လာကြ၏။ ၎င်းသည် ခရစ်ယာန်အသက်တာ တတိယအဆင့်လည်းဖြစ်ပါသည်။ ၎င်းကို အပြင်ဘက်ကနဲ့ကြည့်လျှင် ဘာသာရေး ဆန်သော်လည်း ကျနော်တို့သည် ဘာသာရေးသက်သက်မဟုတ်ပေ။ ကျနော်တို့ သည် မိမိတို့၏ခရစ်တော် သိရှိခြင်း ရည်ရွယ်ချက်ကို အသစ်မွမ်းမံ၍ ကျနော်တို့ အသက်တာ၌ သူ၏ ရည်ရွယ်ချက် ရှင်သန်စေခဲ့၏။

ကျနော်တို့သတိမထားလျှင် အားအင်ကုန်ခန်းတတ်သည်။ အကယ်၍ ကျနော်တို့သည် သခင်ဘုရား၏ ရှေ့တော် မှောက်၌ မိမိတို့ကိုယ်ကို အားသစ် မလောင်းပါက လုပ်ဆောင်ခြင်းသည် လုပ်ရိုးလုပ်စဉ်ဖြစ်လာ၍ ခန်းခြောက် သွား မည်။ ရောမမြို့ရှိ ယုံကြည်သူများအား ပေါလုသတိပေးပုံကို ဂရုပြုပါ။ “လုံ့လဝီ ရိယ စိုက်ထုတ်ရာတွင် ပျင်းရိခြင်းမရှိဘဲ ဝိညာဉ်ရေး၌ ထက်သန်လျက် သခင်ဘုရားကို အစေခံကြလော့”(ရော၊၁၂ :၁၁)။

Illustration from the original Burmese The Life Core manuscript, chapter 32, figure 3

ဤအရာများကို ကျနော်တို့သယ်ပိုးခြင်းအတွက် ကျနော်တို့အလုပ် များသည့် အနေထား၌ဖြစ်စေ၊ ကြံရာမရသည့်အနေအထား၌ဖြစ်စေ ရည်ရွယ် ချက်ကို မမေ့လျော့ရ။ ယေရှုသည် နောက်ဆုံးပုံသက်သေဖြစ်၍ အပ်နှံခြင်းနှင့် လုပ်ဆောင်ခြင်းတို့စပ်ကြား၌ရှိသည့် ဆက်နွယ်ခြင်းကို ပြသ၏။

“ငါသည် စပျစ်ပင်ဖြစ်၏။ သင်တို့သည် အကိုင်းအခက်များဖြစ်ကြ၏။ မည်သူမဆို ငါ၌တည်နေ၍ ငါသည်လည်း သူ၌တည်နေလျှင် ထိုသူသည် များစွာသောအသီးကို သီးတတ်၏”(ယော၊၁၅:၅)။

အကယ်၍ ရည်ရွယ်ချက်လမ်းစဉ်အတိုင်း ကျနော်တို့အားဖြင့် ဘုရားသခင် လုပ်ဆောင်ခဲ့သည့်အရာကို ကျနော်တို့ဆက်လက်မြင်တွေ့ပါက စကားလုံးအသီး သီးသည် ကျနော်တို့အား ကျနော်တို့ထိန်းသိမ်းရမည့် အကျွမ်းဝင်သောဆက် နွယ်မှုကို သတိရစေပါသည်။

လေ့ကျင်းပေးခြင်း ပစ္စည်းများကို ကြည့်ရှူစစ်ဆေးခြင်း

ဤအဆင့်၌ လေ့ကျင့်ပေးခြင်းသည် စာတန်က ယုံကြည်သူများကို ပါးနပ်စွာ သွေးဆောင်တတ်သည် အတွက်ကြောင့်ဖြစ်စေ၊ သခင်ဘုရားနှင့် အကျွမ်းတဝင် ဆက်နွယ်ခြင်း မြှင့်တင်ရန်အတွက်ကြောင့်ဖြစ်စေ ထိုးထွင်း သိမြင်နိုင်စွမ်း ပို၍လိုအပ်ပါသည်။ ထိုမှတဆင့် တိုးပွားခြင်းနှင့်အသီးသီးခြင်း နှစ်ခုစလုံး ရှိလာမည်။ တချို့နေရာ တော်တော်များများ၌ ယုံကြည်သူများသည် ဘုရားနှင့်အချိန်ယူခြင်းကို မထိန်းသိမ်း နိုင်ကြပေ။ အကျိုးဆက်မှာ ခရစ်တော်နှင့် သီးခြားဖြစ်လာ၍ မကြီးထွားနိုင်ကြတော့ပေ။ ကောင်းမွန်သောလေ့ကျင့် ပေးခြင်းသည်

  • အရေးပါသည့် တိတ်ဆိတ်အချိန်ယူခြင်း ဖြစ်စဉ်ကိုလည်းကောင်း၊
  • ပြိုလဲပြီးနောက် ကောင်းမွန်သော တိတ်ဆိတ်အချိန်ယူခြင်းကို ပြန်လည် ရရှိစေရန်လည်းကောင်း၊
  • ခက်ခဲသောကျမ်းပိုဒ်များထဲက ထိုးထွင်းသိမြင်နိုင်စွမ်းကို ရရှိစေရန်လည်း ကောင်း၊
  • ကျမ်းစာများမှတဆင့် ဘုရားသခင်၏ဆိုလိုရင်းကို နားထောင်ရာ၌လည်း ကောင်း စသည်တို့ဖြင့် အထောက် အကူပြုပါသည်။

ဤဖြစ်စဉ်များစွာတို့သည် ထုံးတမ်းစဉ်လာ အသင်းတော် သို့မဟုတ် ကျမ်းစာကျောင်းတို့၌ ရိုးရှင်းစွာ အာရုံစိုက်ခြင်းမဟုတ်ပေ။ ကျနော်တို့သည် လူတွေမသိရှိတဲ့အခါမှာ သူတို့အား သခင်ဘုရား၏မေတ္တာကို ပေးအပ်ဖို့ရန် ကြီးမြတ်သောလေ့ကျင့်ပေးခြင်းကို လုပ်ဆောင်ပေးမည့်အစား အပြစ်တင်တတ ်ကြ၏။

အထူးအာရုံစိုက်ခြင်းသည်လည်း အသီးအပွင့် နယ်ပယ်တစ်ခုလုံး၌ လိုအပ်၏။ ရင့်ကျက်ခြင်းသည် အသီးအပွင့်ကို ဖြစ်ထွန်းစေ၏။ ယေရှုသည် ကျနော်တို့အား အသီသီးရန်သက်သက်မမျှော်လင့်ဘဲ တည်မြဲဖို့ရန်လည်း မျှော်လင့် ၏(ယော၊၁၅:၁၆)။

များသောအားဖြင့် ကျနော်တို့သည် မိမိတို့၏လုပ်ငန်းများကို ၎င်း၏အသီး အပွင့်ဖြင့် တိုင်းတာလျက်ရှိ၏။ ၎င်းသည် ကောင်းသောအမှုဖြစ်သော်လည်း ဤတတိယအဆင့်၌ ပို၍ကျယ်ပြန့်သောရှုထောင့်အမြင် ထားရှိဖို့် အရေးကြီး ပါသည်။ ခရစ်ယာန်တစ်ဦး၏ကြီးထွားခြင်းအဆင့် အစိတ်အပိုင်းတိုင်း၌ အထူး သဖြင့် အခက်အခဲရင်ဆိုင်လျက်ရှိသည့် တစ်စုံတစ်ဦး၌ အသီးအပွင့် အမြဲတွေ့လေ့ မရှိကြောင်းကို သတိပြုရမည်။ ယေရှု၏ဆင်းရဲဒုက္ခများထဲက အသီးသည်သာလျှင် သူရှင်ပြန်ထမြောက်ပြီးနောက်ပိုင်း သိသာထင်ရှားလာ၏။

ခရစ်ယာန်များအား စိတ်အားထက်သန်မှုကို မြှင့်တင်ပေးရန်နှင့် ကျနော်တို့၏လုပ်ဆောင်ချက်ကို သင့်မြတ်စေဖို့ရန် စာအုပ်ကောင်းများစွာရှိပါ သည်။ ကျနော်တို့ခေတ်ကာလ၌ ကျနော်တို့သည် လေ့ကျင့်ပေးခြင်းအားဖြင့် အားကြီးသောယုံကြည်သူများနှင့် တွေ့ဆုံနိုင်ခြင်း၊ ကောင်းမွန်သောစာအုပ်များ၊ ဗီဒီယိုအခွေများနှင့် အသံဖြင့် နားထောင်စရာများ ရရှိနိုင်ခြင်းတို့သည် ကြီးမြတ် သောမင်္ဂလာများ ဖြစ်ပါသည်။ ငါတို့သည် သူတစ်ပါအား စာဖတ်ရန်နှင့်လေ့လာရန် တောင်းဆိုမှုပြုနိုင်သော်လည်း ခရစ်တော်နှင့် အကျွမ်းဝင်မှု လေးနက်လာသည် နှင့်အမျှ အရေးကြီးဆုံး သင်ခန်းစာများစွာတို့သည် အလွယ်တကူ အုပ်စုခွဲ၍ မရတော့ပေ။ ဤအကြောင်းကြောင့် ကျောင်းသားများသည် ကျမ်းစာကျောင်း၌ မကြာခဏ လျစ်လျူရှူခြင်းခံလျက်နေကြ၏။

လက်တွေ့ ဂရုစိုက်ခြင်း

အုပ်စုသေးသေးလေးဖြစ်၍ တစ်ဦးကိုတစ်ဦး ပွင့်လင်းစွာ ဝေမျှနိုင်သည့် နေရာဖြစ်သောကြောင့် ဤအဆင့်၌ ညွှန်ပြပေးခြင်းသည် အကောင်းဆုံးဖြစ်၏။ တပည့်တော်ဖြစ်စေခြင်းနှင့်စပ်လျဉ်း၍ ကြီးမြတ်သော ပုံစံကား ယုံကြည်သူတစ်ဦး သည် ခရီးထွက်ခြင်း အတွေ့အကြုံများစွာရှိခြင်းကြောင့် တစ်ပည့်တော် မွေးထုတ်နိုင်ခြင်းမဟုတ်ဘဲ အခြားသူတစ်ဦးအား ရိုးရှင်းစွာနဲ့ တစ်ပည့်တော်ဖြစ်စေ နိုင်သည်ဟူသော အရာပင် ဖြစ်ပါသည်။

ဥပမာအားဖြင့် ဤတတိယအဆင့်တွင် ညီအစ်ကိုတစ်ဦး သို့မဟုတ် နှစ်ဦးကိုရှာထား၍ လိုအပ်ချက်တစ်ခုကို ရှာဖွေရမည်။ ထိုအချိန်၌ ငါက သင်သည် မည်သည့်နယ်ပယ်၌ ကြီးထွားလိုသနည်း ဟူ၍မေးကာ ငါလည်း သူ့အား ဖြစ်စေ ချင်သည့်အရာကို ပြောပြလေ၏(ဥပမာ-ဘုရားသခင်၏စကားသံကို နားထောင်ခြင်း၊ ကျမ်းစာကို စူးစမ်းလေ့လာခြင်း)။ အချိန်အခါကို ဆုတောင်းခြင်း၊ ဝေမျှခြင်း နှင့်ဆွေးနွေးခြင်းဟူ၍ ခွဲထား၏။ နှစ်ဦးထဲက တစ်ဦးသည် မည်သည့်နေရာ၊ မည်သည့်အချိန်၌ဖြစ်စေ လက်တွေ့ တွေ့မြင်နိုင်ပါသည်။

သင်ခန်းစာ

ဤတတိယအဆင့် ဝိညာဉ်ရေးရာကြီးထွားခြင်းသည် အရင်ကျသော အဆင့်များနှင့် ခြားနားပါသည်။ အကြောင်းမှာ ၎င်း၏ရည်မှန်းချက်ပန်းတိုင်ကား ၎င်းကို လက်ဆင့်ကမ်းမည့်အစား ထိုအဆင့်ထဲ၌ ရှင်သန်စေရန်ဖြစ်သော ကြောင့်တည်း။

  • ကျနော်တို့၏ကြီးထွားခြင်းကို ခြိမ်းခြောက်သည့်အန္တရာယ်များအား ကျနော်တို့အသက်တာထဲ၌ ဘုရားသခင်လုပ်ဆောင်လျက်ရှိသည့် အရာ ပေါ်၌ အာရုံစူးစိုက်ခြင်းအားဖြင့် ရှောင်ရှားနိုင်သည်။
  • ဘုရားသခင်ကြံစည်နှင့်သောလုပ်ဆောင်ချက်များကို သယ်ဆောင်သွားရန် လေ့ကျင့်ပေးသူသည် ယုံကြည်သူအသီးသီးအား မွမ်းမံတပ်ဆင်ရ၏။ သူသည်လည်း ၎င်းကို ဘုရားသခင်၏ ကျေးဇူးတော်ကြောင့် ခရစ်တော် နှင့်ရီးနှင့်ကျွမ်းဝင်၍ လုပ်ဆောင်နိုင်ခြင်းဖြစ်သည်။
  • ခရစ်ယာန်နှင့်ဆိုင်သည့်လေ့ကျင်းသင်ကြားခြင်းသည် ယုံကြည်သူများ အား ကြီးထွားဖွံ့ဖြိုးမှုဆိုင်ရာ ဤတတိယအဆင့်၌ ကြီးထွားဖို့ရန်အတွက် ပြင်ဆင်မှု များများလုပ်ဆောင်ရမည်။

ကျက်မှတ်ဆင်ခြင်ပါ

  • ဖိ၊၃:၁၂

တာဝန်ပေးအပ်ခြင်း

  • သင့်ဝိညာဉ်ရေးရာ ကြီးထွားခြင်းကို အထောက်အကူပြုသည့် ခရစ်ယာန် အသက်တာ အကြောင်းအရာ သုံးခုကိုရေးချပါ။ တစ်ခုချင်းစီက သင့်ကို မည်ကဲ့သို့အထောက်အကူပြုကြောင်း ရှင်းပြပါ။
  • သင်သည် ယုံကြည်ခြင်း၌ နောက်ဆုတ်ခြင်းနှင့်ခြောက်ကပ်ခြင်းကို ကြုံတွေ့ဖူးပါသလား။ တစ်ခုကို ကောက်နုတ်၍ မည်ကဲ့သို့စတင်ဖြစ ပေါ်လာသည်ကို ထင်ဟပ်စေပါ။ ၎င်းကို နောက်ဆုံး၌ မည်ကဲ့သို့ဖြေရှင်း ပါသနည်း။
  • သင်သည် ရင့်ကျက်ခြင်း၏တတိယအဆင့်သို့ ရောက်နေပါသလား။ ရှင်းပြပါ။
  • ယုံကြည်ခြင်းကို စောင့်ထိန်းဖို့ရန် သင်၏အကြီးမားဆုံးစိန်ခေါ်မှုကား အဘယ်နည်း။
  • သင်သည် တစ်စုံတစ်ဦးအား ဝိညာဉ်ရေးရာကြီးထွားဖွံ့ဖြိုးမှု တတိယ အဆင့်၌ ညွန်ပြဖူးပါသလား။ ၎င်းသည်အဘယ်ကဲ့သို့ဖြစ်သနည်း။

အသက်၏ရင်းမြစ်

&

လေ့ကျင့်ပေးခြင်း

© Paul J. Bucknell · Burmese translation: ဓမ္မဆရာတော် ဦးဘီထန်း (Bee Htan) · Biblical Foundations for Freedom