
အသက်၏အနှစ်သာရ — The Life Core
အခန်း ၃၁ — ရင့်ကျက်လျက်ရှိသော ယုံကြည်သူများကို ညွှန်ပြပေးခြင်း
ဖခင်အဖြစ် ယောဟန်ဖော်ပြထားသည့် ဤတတိယအဆင့် ဝိညာဉ်ရေးရာ ကြီးထွားခြင်းအကြောင်းကို သင့်တင့်လျောက်ပတ်စွာ စဉ်းစားတွေးခေါ်ရန် အကြီး ဆုံးစိန်ခေါ်မှုတစ်ခုကား ထုံးတမ်းစဉ်လာအရ တစ်စုံတစ်ဦးအား သို့မဟုတ် အခြား သူများအား ရင့်ကျက်သောယုံကြည်သူအဖြစ် ဖော်ပြခြင်းသည် မသင့်တော်သော အရာ ဖြစ်လာတတ်သည်။ ဤတွေးတောမှုအလေ့အထသည် ဘုရားသခင်၏ လူတို့ကို ကျမ်းစာအရ အသက်ရှင်ရန် လိုအပ်မှုများနဲ့ ကင်းဝေးစေပါ၏။ သူတို့ကို သူတို့ ဖခင်တစ်ဦးအနေနဲ့ ငြင်းပယ်သောသူကို သင်တွေ့ဖူးပါသလား။ ဤဖြစ်ရပ် သည် တော်တော်ကို ရယ်ဖွယ်ကောင်းသည့် အရာဖြစ်ပါသည်။
မာန၏ပြဿနာများနှင့်ဉာဏ်၏ထောင်ချောက်တို့သည် ဧကန်မုချ ကြီးမား သောပြဿနာ ဖြစ်၏။ သို့သော်လည်း ၎င်းတို့ကို ဖခင်အဆင့်၌ မှန်ကန်စွာကြည့် မည်ဆိုလျှင် ထိုမာနကို ကိုင်တွယ်ခြင်း လမ်းစဉ်အတွက် သမ္မာကျမ်းစာ၏ ရှူထောင့်အမြင်ရှိနေသည်ကို ကျွန်ုပ်တို့တွေ့မြင်ရလိမ့်မည်။
တစ်ဦးနှင့်တစ်ဦး နှိုင်းယှဉ်ခြင်းသည် အပြစ်ရှိတဲ့ လူတွေအတွက် ပြဿ နာတစ်ရပ်ဖြစ်ပါသည်။ လူသားတို့၏သဘောသဘာဝသည် သူတစ်ပါးထက် သာ လို့ကြ၏။ ကျွန်ုပ်တို့အဖို့ သမ္မာကျမ်းစာ၏ ရှူထောင့် အမြင်သုံးမျိုးမှာ၊
(၁) ဘုရားသခင်၏စံနှုန်းနှင့်ရည်မှန်းချက်ပန်းတိုင်များကို တိုး၍တိုး၍ ဆက်ခံပါ။
(၂) ကျွန်ုပ်တို့အား ဘုရားတရားကြည်ညိုခြင်း၌ ညွှန်ပြပေးရန် ဘုရားသ ခင်ကို အစဉ်အမြဲရှာဖွေပါ။
(၃) ကျွန်ုပ်တို့အနီးအနား၌ရှိသောသူတို့ကို ပို၍ကောင်းအောင် လေ့ကျင့် ပေးပါ။
ခြားနားချက်ကို သင်မြင်တွေ့နိုင်ပါသလား။ ကြီးထွားခြင်းကို ရှာဖွေခြင်း ဖြင့် ကြီးထွားဖို့ရန် အခန်းထဲကို ကျွန်ုပ်တို့ဝင်ရောက်၍ ပို၍ရင့်ကျက်လေ၏။ အခြားသူများအား အစေခံခြင်း၌ အာရုံစူးစိုက်ခြင်း အားဖြင့် မိမိတို့ကိုယ်ကို အခြား သူများနှင့် နှိုင်းယှဉ်မအားတော့ပေ။ ဤကား ဖခင်များနှင့်စပ်လျဉ်း၍ ဤတတိယ အဆင့်ကို ကျော်လွန်သည့်မှန်ကန်သောစိတ်ထားဖြစ်ပါသည်။ ဖခင်အဆင့်ဖြစ်မ လာဘဲ တစ်နေရာရာ၌ ထောင်ချောက်မိနေသည့် ကျွန်ုပ်တို့အနီးအနားရှိ ခရစ် ယာန်များအတွက် ကျွန်ုပ်တို့သည် အော်ဟစ်ဆုတောင်းပေးသင့်သည်။
ယေရှုက မိမိကိုယ်ကို ရင့်ကျက်သောသူအဖြစ် ယူဆခြင်းသည် ကောင်း သောအရာဖြစ်၍ သင့်တော်ပါသည်ဟုဆို၏။ “မြေကြီးသည် အလိုအလျောက် အသီးသီးလျက် ဦးစွာအပင်၊ ထို့နောက်အနှံ၊ ထိုမှတဆင့် အနှံထဲတွင် အောင်သော အဆန်ကို ဖြစ်စေ၏” (မာ၊ ၄:၂၈)။ ဤနောက်ဆုံးအဆင့်သည် အသီးသီးရန် ကျွန်ုပ် တို့မျှော်လင့်သင့်သည့်နေရာဖြစ်ပါသည်။ ကျွန်ုပ်တို့သည် မိမိတို့အလိုသို့ လိုက်၍ ဂိမ်းကစားခြင်း သို့မဟုတ် ရုပ်ရှင်ဇာတ်လမ်းကြည့်ခြင်းအားဖြင့် အချိန်ဖြုန်း လျက် ဝမ်းနည်းစရာကောင်းသောအသက်တာ၌ အသက်ရှင်တတ်ကြ၏။ ဖခင်တစ်ဦး သည် သူ့သားသမီးများ၏လိုအပ်ချက်များကို လျစ်လျူရှူလျက် မိမိငွေ ကြေးများကို မိမိအားပျက်စီးစေမည့်နေရာ၌ သုံးဖြုန်းခြင်းထက် ပို၍ကြီးမားသော အပြစ်မရှိ တော့ပေ။ တကယ်ဝမ်းနည်းစရာအမှုဖြစ်သော်လည်း ဖြစ်ပျက်လျက် နေ၏။
ပထမအဆင့်၌ ကလေးငယ်တစ်ဦးသည် မိဘနှစ်ပါး၌ လုံးလုံးမှီခိုအား ထားသည်ကို ကျနော်တို့ တွေ့မြင်ရ၏။ ထိုနည်းတူစွာ ယုံကြည်သူတိုင်းသည် အခြားသောသူများကို ခရစ်တော်ထံသို့ ခေါ်ဆောင်သွား၍ သူတို့၏ဝိညာဉ်ရေးရာ လျှောက်လှမ်းခြင်း၌ ကူညီနိုင်သောသူဖြစ်သည်အထိ ခရစ်တော်၌ ကြီးထွားစေ ရမည်။ အကယ်၍ အသစ်သောယုံကြည်သူများကို မည်သူတစ်စုံတစ်ယောက်ကမျှ ပြုစုပျိုးထောင်ခြင်းမရှိလျှင် ထိုသူတို့၏ယုံကြည်ခြင်းသည် စမ်းတဝါးဝါးဖြစ်ပါလိမ့် မည်။ သို့ဖြစ်၍ ဖခင်တစ်ဦး၏စိတ်နေထားနှင့် အသက်ရှင်ခြင်းသည် သူ့အနီး အနား၌ရှိသောသူတို့ကို ပြုစုပျိုးထောင်လျက် သူတို့ကို ခရစ်တော်ထံသို့ ပို့ဆောင် ခြင်းပဲဖြစ်ပါသည်။
တတိယအဆင့်မူကား ကျနော်တို့သည် ယုံကြည်သူများအား အခြားသူများ ကို ကောင်းမွန်စွာပြုစုစောင့်ရှောက်စေခြင်းငှာ သင်ယူလေ့လာဖို့အတွက် လေ့ကျင့် ပေးခြင်းဖြစ်ပါသည်။ အခြားသူများအား အစေခံခြင်း အကြောင်းရင်း၌ ကြီးထွား ဖွံ့ဖြိုးခြင်းသည် ဘုရားသခင်နှင့် ပိုမိုရင်းနှီးသောအသက်တာနှင့် ပိုမိုနက်ရှိုင်းသော အသက်တာကိုဖြစ်စေ၍ ထိုသူတို့အား မည်ကဲ့သို့ပျိုးထောင်ရမည်ကို သဘော ပေါက်စေသည်။ ယုံကြည်ခြင်းအားကြီးသောယောက်ျားနှင့်မိန်းမတို့သည် ဖခင်များ သဖွယ် ထိုအရာတို့၌ ရင့်ကျက်သောသူများဖြစ်၍ အသင်းတော်၏ လိုအပ်ချက် များကို ကြည့်ရှူစောင့်ရှောက်ရန် လိုလားသောသူများကို ခေါင်းဆောင်များ အဖြစ်သို့ ပျိုးထောင်ပေးကြ၏။
မိဘများ၏ရှုထောင့်အမြင်ဘက်မှ
ငါ့မှာ ကလေးရှစ်ယောက်ရှိ၍ အကြီးဆုံးနှင့်အငယ်ဆုံးသည် အသက် ၂၂ ခန့်ကွာခြားကြ၏။ ဆယ်ကျော်သက်အရွယ်လည်း လေးဦးရှိသေး၏။ တစ်ချို့မှာ အထက်တန်းကျောင်းပြီးခါနီး၍ တစ်ချို့မှာ အရွယ်မရောက်သေးပေ။ ကျနော်တို့ သည် ကလေးတွေအဖို့ ဘာမှအလောတကြီးမရှိပါဘူး။ သို့သော် ကျနော်တို့သည် သူတို့တတွေအားလုံး ကောင်းမွန်တဲ့ပညာရေးရရှိပြီး ထိုပညာရေးကနဲ့တဆင့် အလုပ်ကောင်းတွေ ရှာတွေ့နိုင်ကြဖို့ အမြဲဆုတောင်းပေးကြ၏။ ကျနော်တို့သည် မိဘဖြစ်သည့်အားလျော်စွာ သူတစ်ပါးထက် ကိုယ့်သားသမီးတွေအတွက် ဆန္ဒပို တတ်ကြပါသည်။
ထိုနည်းတူစွာ ကျနော်တို့၏မိဘကဲ့သို့သော ဘုရားသခင်သည်လည်း ကျနော်တို့အား စုံလင်သောရင့်ကျက်ခြင်းသို့ ရွေ့လျားစေလိုပါသည်။ ရင့်ကျက် ခြင်းသည် ကျနော်တို့အသက်တာအဖို့ ဘုရားသခင် စီရင်ထားသည့်အရာကို အလေးထားခြင်းနှင့်တကွ ပြည့်စုံစေခြင်းသဘောပါဝင်ပါသည်။ ဝိညာဉ်ရေးရာ ကြီးထွားဖွံ့ခြင်းမှု တတိယအဆင့်သည် ဟိန္ဒူဘာသာ၏ဝိညာဉ်ရေးရာ ကျင့်ထုံးနည်း ဖြစ်သည့် မိမိတို့၏ မိသားစုများ သို့မဟုတ် လူ့ဘောင်အသိုင်းအဝိုင်းထဲမှ ခွာလျက် ဝိညာဉ်ရေးရာ အလင်းတရား ရှာဖွေခြင်းနှင့် လုံးဝမတူညီပေ။ ရင့်ကျက်ခရစ် ယာန်သည် ဘုရားသခင်နှင့် ပို၍ အကျွမ်းတဝင်ဖြစ်ရန် ရှာဖွေတတ်၏။ သို့မှသာ သူသည် အခြားသူများကို စိတ်ပါဝင်စားစေ၍ လုပ်ကျွေးပြုစုနိုင်မည်ဖြစ်ပါသည်။
လောက၌ရှိလူတို့သည် ငွေကြေးအထောက်အပံ့ရရှိဖို့သက်သက် အမှု ထမ်းခြင်း ဖြစ်နိုင်သော်လည်း ဘုရားသခင်၏လူတို့မူကား မိမိတို့အသက်တာ၌ ကိုယ်တော်၏လုပ်ဆောင်ချက် လွှမ်းမိုးသောကြောင့် အမှုထမ်းခြင်းဖြစ်၏။ သူတို့သည် ဘုရားသခင်အား နှစ်သက်စေဖို့ရန် ရှာဖွေ၍ အခြားသူများကို ကြည့်ရှု စောင့်ရှောက်၏။ တစ်ချို့ခရစ်ယာန်များသည် သင်းအုပ်များအဖြစ် ခေါ်ခြင်းခံရ၍ ကျန်သည့်ယုံကြည်သူ အပေါင်းတို့သည် အခြားသူများအား ပြုစုစောင့်ရှောက်ခြင်း၌ ကြီးထွားဖို့ရန်ဖြစ်သည်။ သင်းအုပ်တို့သည် အမှုထမ်းဖို့ရန် လူတိုင်းအား တပ်ဆင် မွေးမံပေးကြ၏ (၄:၁၁-၁၂)။
အမှုထမ်းရန် နှလုံးသားနှင့်
အမှုထမ်းခြင်း၏ရှုထောင့်အမြင်သည် ကျနော်တို့အသက်တာထဲသို့ မည်ကဲ့သို့သင့်တော်သနည်း။ အမှုထမ်းခြင်း၏မြင်ကွင်းသည် ယုံကြည်သူ၏စိတ် နှလုံး၌ နက်ရှိုင်းစွာ ပေါင်းစည်းသင့်သောအရာ ဖြစ်ပါသည်။ ထိုအရာသည် ကမ္ဘာတစ်ဝှမ်းရှိ အမျိုးမျိုးသောအဖွဲ့အစည်းတိုင်း၌ ကြီးမားသော စိန်ခေါ်တစ်ရပ် ဖြစ်ပါသည်။ တစ်ကိုယ်ကောင်းဆန်ခြင်းသည် ပါးနပ်သော်လည်း ကျနော်တို့အထဲ၌ တကယ်ရှိ၏။ ကျနော်တို့သည် အခြားသူများအတွက် တာဝန်ယူမှုကို နားလည်ခံယူ တတ်ခြင်းမရှိဘဲလျက် ကျနော်တို့နှစ်သက်သောအရာ အလိုလိုက်ခြင်းသို့ ရောက်ရှိ သည့်နေရာ၌ အနားယူရန် ရှေ့ရှူတတ်ကြ၏။
မိမိအတွက်သာ စဉ်းစားပြီး အခြားသူများအတွက် မစဉ်းစားတတ်သော သူများကို ပေါလု ပြစ်တင်လေ၏။ “ညီအစ်ကိုတို့၊ စဉ်းစားဆင်ခြင်မှုနှင့်ပတ်သက်၍ ကလေးသူငယ်များ မဖြစ်ကြနှင့်။ မကောင်းမှုနှင့်ပတ်သက်၍ ကလေးသူငယ်များ ကဲ့သို့ဖြစ်ကြလျက် စဉ်းစားဆင်ခြင်မှုနှင့်ပတ်သက်၍ စုံလင်ရင့်ကျက်သောသူ ဖြစ်ကြလော့”(၁ကော၊၁၄:၂၀)။
လေ့ကျင့်ပေးသူများအနေဖြင့် ကျနော်တို့အနီးအနား၌ ရှိသောသူတို့၏လို အပ်မှုကို ကျနော်တို့ဂရုတစိုက် စောင့်ကြည့်၍ အထူးလေ့ကျင့်ပေးခြင်း လိုအပ်မှု မှန်သမျှကို ပြင်ဆင်ပေးရမည်ဖြစ်ပါသည်။ တစ်ချို့သောအသင်းတော်များသည် တပည့်တော်ဖြစ်စေခြင်း အစီအစဉ်ကို ရှာဖွေလျက်နေကြ၏။ အစီအစဉ်များသည် ထုံးစံအတိုင်း စည်းကမ်းတင်းကျပ်လွန်းသဖြင့် တစ်ဦးချင်းအပေါ် ဘုရားသခင်၏ ပို့ဆောင်ခြင်းကို မကြခဏ အခွင့်မပေးတတ်ကြပေ။ ကောင်းမွန်တဲ့ အရင်းအမြစ် တွေဟာ (ဗီဒီယို သင်တန်း) အရေးကြီးသော်လည်း လူတစ်ဦးအား သခင်ဘုရား မည်ကဲ့သို့ ပို့ဆောင်နေသည်ကို သိရှိဖို့ရန် တစ်ဦးချင်းစီနှင့် အချိန်ယူအသုံးပြု ရမည်။
ဒီမနက် ဒီဟာမရေးသားခင်လေးမှာ ငါ ဆင်ခြင်နှလုံးသွင်းစဉ် နိုင်ငံရပ် ခြားခရီးစဉ်အတွက် ပြင်ဆင်ခြင်းအကြောင်းအရာနှင့်ပတ်သက်၍ သခင်ဘုရား၏ မျက်နှာတော်ကို ရှာဖွေလျက်နေ၏။ ဘုရားသခင်သည် တစ်ချို့အကြောင်း အရာတွေကို ရှင်းလင်းဖို့ တစ်ချို့သောငါ့ညီအစ်တွေထံသို့ ငါ့အား ချက်ချင်း မှတ်စုစာရေးစေတော်မူ၏။ ငါ့ကွန်ပျူတာစက်ကို ဖွင့်လိုက်တာနဲ့ ထိုအကြောင်း အရာကို ငါတို့၏တွဲဖက်အတွင်းရေးမှူးထံကနဲ အတည်ပြုအီးမေးလ်ပေးပို့လာ ပါတယ်။ ဘုရားသခင်သည် ကျနော့်စိတ်နှလုံးကို တိုက်တွန်း၍ ၎င်းကို အတည် ပြုလေ၏။ ဆုံးဖြတ်ချက်အကြောင်းအရာ၌ ငွေကြေးတောင်းဆိုမှုပါသော်လည်း ဘုရားသခင်အတူပါရှိတာကြောင့် ကိုယ်တော်ပြင်ဆင်ပေးလိမ့်မယ်ဟု ငါယုံကြည် နိုင်၏။ ဤနည်းအတိုင်း ငါ၏ယုံကြည်ခြင်းသည် ပို၍ကြီးမားသောအရာတွေအတွက် ပို၍ကြီးမားသောအဆင့်သို့ တည်ဆောက်ပေးခြင်း ခံရ၏။ ရင့်ကျက်သောယုံကြည် သူများကို လေ့ကျင့်ပေးပါ။
- ဘုရားသခင်နှင့်ရင်းနှီးရန် မည်ကဲ့သို့ ရှာဖွေရမည်နည်း။
- ကိုယ်တော်၏နှုတ်ကပတ်တော်ထဲသို့ ပိုမိုနက်ရှိုင်းစွာ မည်ကဲ့သို့တူးဖော်ရ မည်နည်း။
- ကိုယ်တိုင်အခက်ခဲများကို မည်ကဲ့သို့ ရုန်းကန်ရမည်နည်း။
- အခြားသူများအရှုံးပေးသောအခါ မည်ကဲ့သို့ သည်းခံရမည်နည်း။
- အခြားသူများ သံသယရှိသောအခါ မည်ကဲ့သို့ ယုံကြည်ရမည်နည်း။
- မသန့်ရှင်းသောအသိုင်းအဝန်း၌ အသက်ရှင်သောအခါ မည်ကဲ့သို့ သန့်ရှင်းရမည်နည်း။
- အခြားသူများအား အမှုထမ်းဆောင်ရင်း ဘုရားသခင်၏မေတ္တာကို မည်ကဲ့သို့ ပြသရမည်နည်း။
- အခြားသူများ လိုအပ်သည့်အတိုင်း မည်ကဲ့သို့ကြင်နာစွာ ရင်ဆိုင်တွေ့ရ မည်နည်း။
စစ်မှန်သောယုံကြည်သူသည် ယုံကြည်ခြင်း၌ မရပ်တန့်ဝံ့ပေ။ ကျနော် တို့သည် ဘုရားသခင်နှင့်ဆက်နွယ်ခြင်း၌ ကြီးထွား၍ ယေရှုကဲ့သို့ဖြစ်ရန် ဆန္ဒ ပြင်းပြလျက် အခြားသူများကို ပိုမိုကောင်းမွန်စွာ အမှုထမ်းဆောင်လေ၏။ ကျနော် တို့သည် လေ့ကျင့်ပေးသူ သို့မဟုတ် လမ်းညွှန်ပေးသူများဖြစ်သည့်အလျောက် မိမိတို့အသက်တာ၏နယ်ပယ်တစ်ခု သို့မဟုတ် တစ်ခုထက်ပိုသောနေရာ၌ မည်ကဲ့ သို့အကောင်းဆုံးမြှင့်တင်ရမည်ကို ဘုရားသခင်ထံ၌ ကြည့်မျှော်လျက် နေကြ၏။
သင်ခန်းစာ
- ယုံကြည်သူများသည် မိမိတို့အနီးအနား၌ရှိသောသူများကို အမှုထမ်း ဆောင်ဖို့ရန် ဘုရားသခင်ထံသို့ ချဉ်းကပ်၍ တန်ခိုးပေးခြင်းခံရမည့် အကြောင်း ဝိညာဉ်ရေးရာ၌ ကြီးထွားဖို့ စဉ်းစားသင့်သည်။
- ဘုရားသခင်သည် ကျနော်တို့အသက်တာအားဖြင့် အသီးသီးစေလို၏။ ထိုသို့ အသီးသီးခြင်း ကြီးမားစွာဖြစ်ပျက်ရန် အကြောင်းရင်းမှာ ဝိညာဉ် ရေးရာသဘောအရ ရင့်ကျက်သော ယုံကြည်သူများသည် သူတို့အသက် တာအားဖြင့် ဘုရားသခင်၏ဝိညာဉ်တော် အံ့အားသင့်စွာ လုပ်ဆောင် လျက်ရှိသည်ကို မြင်တွေ့ဖို့လိုအပ်ပါသည်။
- ငါတို့၏လေ့ကျင့်ခြင်းသင်တန်းသည် ဤရူပါရုံကို အပြည့်သွတ်သွင်းခြင်း သက်သက်မဟုတ်ဘဲ ဘုရားသခင်နှင့် နီးကပ်စွာရပ်တည်၍ အခြားသူများ အမှုထမ်းဆောင်ရန်အတွက်လည်းဖြစ်ပါသည်။
ကျက်မှတ်ဆင်ခြင်ပါ
- ၁ ကော၊၁၄:၂၀
တာဝန်ပေးအပ်ခြင်း
- သင်သည် ရင့်ကျက်သောယုံကြည်သူ ဟုတ်ပါသလား။
- ဘုရားသခင်ထံသို့ ချဉ်းကပ်ရန် သင်၌မည်သည့်စိန်ခေါ်မှုရှိသနည်း။
- ဝိညာဉ်ရေးရာ၌ အခြားသူများခြောက်ကပ်နေချိန်မှာ သင်သည် ပူလောင် ပေါက်ကွဲမှု တွေ့ကြုံဖူးပါသလား။၎င်းကိုသင်မည်ကဲ့သို့ ကိုင်တွယ်ခဲ့ သနည်း။
© Paul J. Bucknell · Burmese translation: ဓမ္မဆရာတော် ဦးဘီထန်း (Bee Htan) · Biblical Foundations for Freedom