အသက်၏အနှစ်သာရ — The Life Core. ခရစ်ယာန် အသက်တာ၏ အခြေခံအမှန်တရားများ. Burmese edition banner with a growing seedling at sunrise over mountains.

အသက်၏အနှစ်သာရ — The Life Core

အခန်း ၃၀ — လူငယ်ယုံကြည်သူများကို တပ်ဆင်ပေးခြင်း

လူငယ်ယုံကြည်သူအတွက် လေ့ကျင့်ခြင်းအကြောင်းကို ဆွေးနွေးကြပါစို့။ ကလေးငယ်တိုင်းသည် ခန္ဓာကိုယ်အရ ကြီးထွားကြသော်လည်း များစွာသော သူတို့သည် ရင့်ကျက်ခြင်း၌ အခက်ခဲရင်ဆိုင်ကြ၏။ အထူးသဖြင့် မိသားစု၌ မေတ္တာ မခံစားဘဲ ကြီးထွားလာလျှင် ထိုသူကလေးတို့သည် အရာရာကို အထင်လွဲမှားမှု ရှိလာနိုင်သည်။ သူတို့၏နောက်ခံသမိုင်း ပျက်စီးခြင်းသည် သူတို့ကို အခက်ခဲများ စွာနဲ့ ရင်ဆိုင်စေပါသည်။ ခန္ဒာပိုင်းဆိုင်ရာ တည့်မှန်ခြင်းသည် လူငယ်ယုံ ကြည်သူများ ဝိညာဉ်ပိုင်းဆိုင်ရာသို့ လိုက်လျောညီထွေမှုကို ဖြစ်ပေါ်စေပါသည်။

Illustration from the original Burmese The Life Core manuscript, chapter 30, figure 1

လူတို့အား လေ့ကျင့်ပေးခြင်း သည် သာသနာလုပ်ငန်းအတွက် ပြင် ဆင်မှုကို ဖြစ်ပေါ်စေသည်။ များစွာ သောသူတို့သည် ကိုယ်တိုင်ပြဿနာ များနှင့်တကွ ကျမ်းစာကျောင်းကို သွား ကြ၏။ သီအိုလော်ဂျီသည် သူတို့ကိုယ် တိုင် ရုန်းကန်မှုများကို ကွယ်ပျောက် စေမည်ဟု ယူဆကြ၏။ တကယ်တော့ သူတို့အထဲ၌ရှိသည့် ရုန်းကန်မှုများကို အောင်မြင်ကျော်လွှားနိုင်ဖို့ရန် သူတို့အသင်း တော်၌ လေ့ကျင့်ပေးခြင်းကို လက်ခံရယူ ကြရမည်။

ဝမ်းနည်းဖွယ်ကောင်းသည်မှာ သူတို့လိုအပ်သည့် လေ့ကျင့်ပေးခြင်း ဆိုင်ရာ တပည့်တော်ဖြစ်စေခြင်း ဤဒုတိယအဆင့်ကို များစွာသောအသင်းတော် များနှင့် ကျမ်းစာကျောင်းများ၌ မေ့လျော့နေကြခြင်းပင်ဖြစ်သည်။ အသင်းတော် သည် ဤနယ်ပယ်များ၌ ဘုရားသခင်၏လူတို့ကို ကောင်းမွန်စွာ မသွန်သင်ခဲ့သော ကြောင့် ဆွေးနွေးလမ်းညွှန်ခြင်း ဘာသာရပ်များသည် နေရာယူတည်ရှိ နှင့်လေ၏။

အဲဒီလို ဘာသာရပ်များကို သင်ယူလျက် တကယ်အကျိုးပြုသောသူများ ရှိလျှင် ငါတကယ် အံ့ဩမိပါတယ်။ အကြောင်းရင်းကတော့ ခရစ်ယာန်တစ်ဦး၌ ရှိသင့်ရှိထိုက်တဲ့ ယုံကြည်ခြင်းမရှိလို့ပဲ ဖြစ်ပါတယ်။ များစွာသောဆွေးနွေး တိုင်ပင်ဆရာများက တစ်စုံတစ်ဦးသည် အမျက်ဒေါသနှင့်စိုးရိမ်မှုများကို သည်းခံ ရမည်ဟုသင်ကြားပေးကြ၏။ သို့သော် သမ္မာကျမ်းစာက ကျွန်ုပ်တို့အား ပြောပြ သည်မှာ အလွန်ခြားနားပါသည်။ ကျွန်ုပ်တို့သည် အမျက်ဒေါသကို ကိုင်တွယ်ရုံ သက်သက်မဟုတ်ဘဲ အဆုံးသတ်လို၏။

ဘုရားသခင်သည် သူ၏ရည်မှန်းချက်ပန်းတိုင်များနှင့်ဆိုလိုရင်း ရှိသော် လည်း အသင်းတော်က ၎င်းတို့ကို ကိုယ်တော်၏လူတို့အား ကြီးထွားဖို့ရန်အတွက် အမွေဆက်ခြင်းမရှိပေ။ ပြဿနာကား အပြင်ဘက်မှ အသစ်သောယုံကြည်သူများ ဝင်ရောက်လာခြင်းကြောင့်မဟုတ်ဘဲ အသင်းတော်နှင့် ၎င်း၏ခေါင်းဆောင်များ၌ ယုံကြည်ခြင်းကင်းမဲ့နေကြသောကြောင့်ပေတည်း။

ဘုရားသခင်သည် သူ့လူတို့ကိုခိုင်ခံ့၍ ဘုရားတရားကြည်ညိုသောသူများ အဖြစ် ကြီးထွားဖို့ရန် ကြီးမြတ်သောလေ့ကျင့်ပေးခြင်းကို ရရှိစေလိုသည်(ဧ၊ ၄:၁၅-၁၆)။ ဤလေ့ကျင့်ပေးခြင်းသင်တန်းသည် တိုင်းပြည်၌ လိုင်စင်ရ ကျွမ်းကျင် အတတ်ပညာရှင် အကြံပေးဆွေးနွေးဆရာများအား အဆင့်အတန်း လျော့ကျ စေရန် မဟုတ်ပေ။ ယုံကြည်သူများက လူတစ်ဦး၏ဝိညာဉ်ရေးရာ ရုန်းကန်မှုများကို အခြေခံကျကျ ကူညီနိုင်ဖို့ရန် ဒေါက်တာဘွဲ့ရရှိဖို့လိုသည်ဟု တိုး၍တိုး၍ ယူဆလာ ကြသည်။ ဒါဟာ တကယ့်အမှားအယွင်း ဖြစ်ပါသည်။

အသင်းတော်များသည် သူတို့၏လူများကို လေ့ကျင့်ပေးခြင်း ပြုလုပ်ပေး သော်လည်း များစွာသူများသည် ပျက်ကွက်နေဆဲရှိသောကြောင့် ကျမ်းစာကျောင်း များ၌လည်း ဤသွန်သင်ခြင်း လိုအပ်နေရခြင်း ဖြစ်ပါသည်။ သင်းအုပ်ဖြစ်စေ၊ သာသနာပြုဖြစ်စေ၊ ဓမ္မဆရာဖြစ်စေ၊ လူငယ်ခေါင်းဆောင်ဖြစ်စေ၊ တစ်ကိုယ် တော်ဖြစ်စေ၊ မယားဖြစ်စေ ဤတရားကို သိရှိဖို့လို၍ ဖြောင့်မတ်စွာ အသက်ရှင်ခြင်း လိုအပ်သည် မဟုတ်လော။ ဘုရားတရားကြည်ညိုခြင်းဆိုသည်မှာ ခရစ်တော်ကဲ့သို့ အမှုတော်ထမ်းဆောင်ခြင်းဖြစ်သည်။ ဘုရားသခင်၏လူအပေါင်းတို့သည် ဝိညာဉ် ရေးရာ၌ ခိုင်ခံ့၍ ကျန်းမာသန်စွမ်းလျက်ရှိကြောင်းကို ကျွန်ုပ်တို့သည် ယုံကြည် စိတ်ချနိုင်ရမည့်အကြောင်း ဤသင်ကြားခြင်းကို ကျွန်ုပ်တို့လိုအပ်၏။

ခေါင်းဆောင်တို့လည်း လေ့ကျင့်ပေးခြင်း လိုအပ်ကြ၏။ သူတို့သည် ဘုရားတရားကြည်ညိုသည့် ဘုရားသခင်၏ရည်ရွယ်ချက်ပန်းတိုင်းများကို ခံယူဖို့လို အပ်၍ အခြားသူများအား လေ့ကျင့်ပေးရန် သင်ယူကြ ရမည်။ လူငယ်ယုံကြည် သူတိုင်း လေ့ကျင့်ပေးခြင်းဆိုင်ရာ ရည်မှန်းချက်ပန်းတိုင်းများကို လိုအပ်ကြ ပါသည်။

  • ဖြားယောင်းသွေးဆောင်ခြင်း၏အစွန်းအထင်းကိုခုခံရန် အပြည့်အဝ ပြင်ဆင်ပါ။
  • ဖြားယောင်းသွေးဆောင်ခြင်းဆိုင်ရာ အခြေခံကျသော ပြဿနာကို နားလည်ပါ။
  • ဖြားယောင်းသွေးဆောင်ခြင်းသည် သူတို့၏အပြစ်သဘောသဘာဝနှင့် လောကသို့ မည်ကဲ့သို့ဆက်နွယ် သည်ကို သုံးသပ်ပါ။
  • ဖြားယောင်းသွေးဆောင်ခြင်းကို တိုက်ခိုက်ရန် သမ္မာတရားကို ရယူ၍ အသုံးပြုပါ။
  • သူတို့၏စိတ်နှလုံးများ၌ ခွင့်လွှတ်ခြင်းတရား နေရာယူခြင်းကို ဦးစားပေး စေပါ။
  • ဘုရားသခင်၏နှုတ်ကပတ်တန်ခိုးကို ကိုယ်တိုင်သက်သေခံပါ။

တမန်တော်ယောဟန်က လူငယ်တို့သည် နတ်ဆိုးကို အောင်မြင်ကြသည် ဟုဆို၏။ ဘုရားသခင်၏လူယောက်ျား၊ လူမိန်းမနှစ်ဦးစလုံးတို့သည် သူတို့အောင် မြင်ခြင်း၌ စိတ်ချမှုရှိကြ၏။ ၎င်းသည် ဖြစ်နိုင်သောအရာမဟုတ်ဘဲ ဖြစ်သည့်အရာဖြစ်ပါသည်။ ဘုရားသခင်၏နှုတ်ကပတ်တော်ကို ကျွန်ုပ်တို့အသက် တာထဲ၌ အခွင့်ပေးသောအခါ ကျွန်ုပ်တို့၏ယုံကြည်ခြင်းသည် အားရှိလာ၍ စာတန် ၏လှည့်ဖြားမှုကို သိမြင်ကာ သမ္မာတရားကို လက်တွေ့ကျင့်သဖြင့် ခိုင်ခံ့စွာရပ် တည်လေ၏။

“အကြောင်းမူကား ဘုရားသခင်ထံမှ ပေါက်ဖွားလာသောသူတိုင်းသည် လောကကို အောင်နိုင်၏။ လောကကို အောင်နိုင်သောအောင်ပွဲမှာ ငါတို့၏ ယုံကြည်ခြင်းပင်ဖြစ်၏”(၁ယော၊၅:၄)။

ဤကား ကြီးမားသောအသက်တာ တစ်ခုလုံး၏အဓိကဖြစ်စဉ် ဖြစ်ပါသည်။ ဝိညာဉ်ရားရာအသက်သည် ဖြားယောင်းသွေးဆောင်ခြင်းကို အမြဲအောင်နိုင်ဖို့ရန် ကျွန်ုပ်တို့အား ပေးအပ်ခြင်းဖြစ်ပါသည်။ များစွာသော အကြံပေးဆွေးနွေး သူများသည် ဘုရားသခင်၏လူတို့အား အောင်နိုင်ခြင်းသို့ မပို့ဆောင်ဘဲ မည်ကဲ့သို့ ကိုင်တွယ်ရမည်ကိုသာ ပြောပြတတ်ကြ၏။ ၎င်းသည် ယေရှုခရစ်တော်၏ခရစ် ဝင်ကျမ်း၌ ဘုရားသခင်၏ ရည်ရွယ်ချက်နှင့် အလှမ်းဝေးကွာ၏။ ဘုရားသခင်သည် ကျွန်ုပ်တို့အား အမြဲအောင်မြင်းခြင်းကို ပေးလို၏။ ကျွန်ုပ်တို့သည် မိမိတို့၏အသက် တာထဲ၌ နတ်ဆိုး၏ခြေကုပ် နေရာယူလာရန် လုံးဝငြင်းပယ်ကြရမည်။

လေ့ကျင့်ပေးခြင်း၏အကျိုးအမြတ်များ

အစပိုင်း၌ ကျွန်ုပ်တို့သည် အပြစ်ခွင့်လွှတ်ခြင်းနှင့်ပကတိဖြစ်ခြင်းကို တွေ့ရှိဖို့ရန် ပုံမှန်အားဖြင့် ကားတိုင်း၏တန်ခိုးသို့ ပြန်လှည့်ကြ၏။ ၎င်းသည် တနည်းပြောရရင် ဘုရားသခင်၏အံ့ဩဖွယ် ကျေးဇူးတရားကို ကျွန်ုပ်တို့အား သတိပေးခြင်းဖြစ်ပါသည်။

ယုံကြည်သူသည် တိုက်ခိုက်မှု တစ်ခုပြီးတစ်ခု ခံရသည့်အလျောက် သူ့အပေါ်၌ နတ်ဆိုး၏အပ်ချောင်း ဆိုက်ဝင်သွားသည်ကို မြင်တွေ့လာသည်။ ထို့ကြောင့် ဤအဆင့်အတွက် လေ့ကျင့်ပေးခြင်းသည် ခိုင်ခံ့စွာ ရပ်တည်နိုင်ဖို့ရန် ဘုရားသခင်၏နှုတ်ကပတ်တော်အားဖြင့် နတ်ဆိုး၏အကြံအစည်အပေါ် မည်ကဲ့သို့ တားဆီးရမည်ကို ဦးတည်သင့်ပါသည်။

ဤလေ့ကျင့်ပေးခြင်းကို ကျောင်းသူ/သား၊ အသင်းသား၊ အသင်းတော်၌ ပါဝင်သူအပေါင်းတို့အား ဖြည့်ဆည်းပေးခြင်းအားဖြင့် ကျွန်ုပ်တို့သည် ယုံကြည်သူ အသီးသီး၏ယုံကြည်ခြင်းကို မြှင့်တင်ပေး၏။ ဤကား ဘာသာတရား၏ အစဉ်အလာအရ ကျက်မှတ်၍ “ငါယုံကြည်သည်” ဟုရိုးရှင်းစွာ ပြောဆိုခြင်း မဟုတ်တော့ဘဲ နတ်ဆိုးကို အောင်နိုင်ဖို့ရန် ဘုရားသခင်၏နှုတ်ကပတ်တော်ကို လေ့လာသင်ယူလျက် ထိုနှုတ်ကပတ်တော်ကို အသုံးပြုခြင်းဖြစ်ပါသည်။

၎င်းသည် ယုံကြည်သူအသီးသီးအတွက် ဘုရားသခင်၏ရည်ရွယ်ချက် မဟုတ်လော။ များစွာသော ယုံကြည်သူတို့သည် ထိုအဆင့်သို့ အဘယ့်ကြောင့် မည်သည့်အခါမျှ မရောက်ရှိကြသနည်း။ များစွာသော သင်းအုပ်နှင့်ဓမ္မဆရာများက ငါတို့သည် ဤဒုတိယအဆင့်မှာပဲ ရှိသေးသည်ဟု ငါ့အားဆိုကြ၏။ သူတို့သည် ထိုအဆင့်မှာပဲရှိသေးလျှင် အခြားသူများကို လေ့ကျင့်ပေးရန် ယုံကြည်ခြင်း၌ မရင့်ကျက်သေးပါ။ ဘုရားတရားကြည်ညိုသောအသက်တာဖြင့် အသက်ရှင်၍ ဖြားယောင်းသွေးဆောင်ခြင်းကို အောင်နိုင်ရန် မဖြစ်နိုင်ပါဟု ဆိုသောခေါင်း ဆောင်များအတွက် လွန်စွာဆိုးဝါးပါ၏။

မည်ကဲ့သို့ လေ့ကျင့်ရန် သင်ယူခြင်း

ငါတို့သည် ဤအရာများကို မည်ကဲ့သို့လေ့ကျင့်ပေးနိုင်မည်နည်းဟု အံ့အားသင့်နိုင်သည်။ ဤအကျင့်စရိုက်များနှင့်ဝိသေသများကို လက်တွေ့ကျင့် သုံးဖို့ရန် ဘယ်ကနဲ့ သင်ယူနိုင်မှာလဲ။ လေ့ကျင့်ခြင်းသည် ကိုယ်တိုင်အတွက် စိန်ခေါ်ခြင်းဖြစ်၍ ခက်ခဲရှုပ်ထွေးခြင်းမရှိပေ။ တမန်တော်ယောဟန်သည် ကျွန်ုပ် တို့ဦးတည်ရန် လိုအပ်သည့်ချိန်ရွယ်ခြင်း နယ်ပယ်များ၌ အကောင်းဆုံး လုပ် ဆောင် ပေးခဲ့သည်။

အခြေခံသဘောတရားများသည် ‘သာမညောင်ညကို ကျော်လွန်၍ ရောက် ရှိခြင်း - အောင်နိုင်သောသူဖြစ်ခြင်းဟူသော ပထမအခန်းကြီးလေးခန်း၌ ရှင်းပြပြီးဖြစ်သည်။ ၎င်း၌ ဘုရားသခင်သည် ကျွန်ုပ်တို့ကို ကြိုတင်၍ အောင် မြင်သောသူဖြစ်စေပြီး ကျွန်ုပ်တို့ရင်ဆိုင်ရသော ဝိညာဉ်ရေးရာတိုက်ပွဲ၌ သူ၏ သန့်ရှင်းသောရုပ်လုံးထင်ဟပ်စေရန် ကျွန်ုပ်တို့ကိုယ်စား လုပ်ဆောင်လျက် နေ၏။ နောက်လာမည့်အခန်းများ၌လည်း ဤအခြေခံသဘောတရားများကို အသုံးပြု၍ ကျွန်ုပ်တို့ကိုယ်တိုင်၏ ပြဿနာတည်းဟူသောအမျက်ဒေါသ၊ တပ်မက်ခြင်း နှင့်မာနတို့ကို အောင်မြင်ဖို့ရန် ပြသပေး၏။

တစ်စုံတစ်ဦးသည် သေးငယ်သောဒုစရိုက်အပြစ်ကို မည်ကဲ့သို့ကိုင် တွယ်ရန် ကောင်းကောင်း မသင်ယူပါက နောက်ဆုံး၌ ထိုအပြစ်သည် ထိုသူကို စိုးမိုး၍ ဖျက်ဆီးပါလိမ့်မည်။ များစွာသော သင်းအုပ်တို့၏ သာသနာလုပ်ငန်း တိုးချဲ့လာပုံကို စဉ်းစားကြည့်ပါ။ ဘုရားသခင်၏နှုတ်ကပတ်တော်အားဖြင့် စိတ်နှ လုံးအထဲတွင် လိုအပ်သောအကွယ်အကာ ဖြစ်ပျက်၏။ “နှလုံးသည် အသက်၏ အခြေအမြစ် ဖြစ်သောကြောင့် သင်၏နှလုံးကို အထူးသဖြင့် စောင့်ရှောက်လော့”(သု၊ ၄:၂၃)။

ဤလေ့ကျင့်ခြင်းသင်တန်းသည် အကြာကြီးမဟုတ်ပေ။ လူတစ်ဦးသည် ဆယ်ကျော်သက်အရွယ် တစ်လျှောက် ကြီးထွားသကဲ့သို့ လူငယ်ယုံကြည်သူ တစ်ဦးသည် နှစ်အနည်းငယ်အတွင်း၌ စုံလင်သောရင့်ကျက်ခြင်းသို့ ကြီးထွား ပေမည်။

ကျွန်ုတော်ပြောလေ့ပြောထရှိသည့်အတိုင်း ဤအဆင့်၌ ကြီးထွားဖို့ရန် သုံးနှစ်ခန့် ကြာနိုင်ပါသည်။ အကယ်၍ တပည့်တော်တစ်ဦးသည် ဘုရားသခင် ၏နှုတ်ကပတ်တော်ကို ကောင်းစွာ သိတတ်နားလည် သောသူဖြစ်လျှင် အခြေခံ သဘောတရားကို အလျင်အမြန် သင်ယူနိုင်ပါသည်။ အချိန် သို့မဟုတ် ကုန်ကျ စရိတ်သည် ပြဿနာမဟုတ်ပေ။ အကြီးဆုံးပြဿနာကား သင်းအုပ်များနှင့်ဓမ္မ ဆရာများအား ဤအရာသည် ဘုရားသခင်ပြုစေလိုသောအရာဖြစ်၍ ယုံကြည် သူတိုင်း၏အသက်တာ၌ လွယ်လွယ်ကူကူ ပြုနိုင်သောအရာဖြစ်သည်ကို ယုံကြည် စေရန်ဖြစ်ပါသည်။ ကျွန်ုပ်တို့သည် မျက်လှည့်ပညာ သို့မဟုတ် အနာငြိမ်းခြင်း ကဲ့သို့သောပုံစံများဖြင့် အကြံပေးနေခြင်းမဟုတ်ဘဲ ရှင်းလင်းသော သမ္မာကျမ်းစာ ၏လုပ်ဆောင်ချက်ကို ရှေးရှူခြင်းသာဖြစ်သည်။

ကျွန်ုပ်တို့၏ရူပါရုံကို ရှင်းလင်းခြင်း

ခဏစဉ်းစားကြည့်ပါ။ ယုံကြည်သူများနှင့်စပ်လျဉ်း၍ ပျမ်းမျှအားဖြင့် သင့်ယုံကြည်မှုကား အဘယ်နည်း။ သူတို့သည် ဝိညာဉ်ရေးရာ၌ စုံလင်သော ရင့်ကျက်ခြင်းသို့ ကြီးထွားနိုင်မည်ဟု သင်ယူဆ ပါသလား။ သူတို့သည် ဖြားယောင်း သွေးဆောင်ခြင်းတိုင်း၌ ရပ်တည်နိုင်မည်လော။

ငါတို့သည် ကျရှုံးစရာမလိုအပ်မည့်အကြောင်း ဘုရားသခင်သည် ကျွန်ုပ် တို့အား ဖြားယောင်းသွေးဆောင်ခြင်းမှာသမျှကို အစဉ်အမြဲအောင်မြင်ရန် အလိုရှိ သည်ဟုကျွန်ုပ်တို့ယုံကြည်နိုင်လျှင် ထိုအသံသည် နည်းနည်းတစ်မျိုးမဖြစ်ဘူး လား။ အသင်းတော်သည် နွေးရုံမျှသာရှိ၏။ အကြောင်းမှာ အသင်းတော်၌ အမှန် အပြောင်းအလဲဖြစ်နိုင်သောအရာကို အရှုံးပေးသောကြောင့်တည်း။

ကျွန်ုပ်တို့သင်တန်းကျောင်းများနှင့်ကျမ်းစာကျောင်းများမှ မည်သို့သော လူများက ကျောင်းပြီးသွား ကြသနည်း။ ကျွန်ုပ်တို့အသင်းတော်၌ မည်သို့သော ခေါင်းဆောင်များကို မွေးထုတ်ပါသနည်း။ သူတို့၏ဝိညာဉ်ရေးရာ ရင့်ကျက်ခြင်း အပေါ်၌ ကျွန်ုပ်တို့ကျေနပ်အားရမှု ရှိပါသလား။ ဖြေကြားမည်ဆိုရင် အများစု ကတော့ ‘no’ ပဲဖြစ်မှာပါ။ အကြောင်းရင်းကတော့ ပြောစရာမလို ရှင်းပါတယ်။ ကျွန်ုပ်တို့သည် သူတို့ကို ဘုရားသခင်၏နှုတ်ကပတ်တော် ညွှန်ကြားသည့်အတိုင်း မလေ့ကျင့်ပေးကြလို့ပါ။ ၎င်းသည် အမိန့်တော်ဖြစ်သောကြောင့် ကျွန်ုပ်တို့၏ ခေါင်းဆောင်များသည် ဘုရားသခင်၏နှုတ်ကပတ်တော် သမ္မာတရား အတိုင်း အသက်ရှင်ရန် သင်ယူ၍ အခြားသူများကိုလည်း ထို့နည်းတူစွာ သင်ကြားပေး ရမည်။

ကျွန်ုပ်တို့အသင်းတော် လူထုပရိသတ်တို့သည် အပြောင်းအလဲ မလုပ်နိုင် ကြသောကြောင့် ထိုအရှုပ်အထွေးကြားမှာပဲ ရှိနေကြသည်။ သူတို့သည် မယုံကြည် နိုင်ကြသောကြောင့် အပြောင်းအလဲ မလုပ်နိုင်ကြပေ။ အသင်းတော်၌ မူးယဇ် ဆေးစွဲနေသူများရှိသော်လည်း ထိုအဟန့်အတားကို မကျော်လွှားဘဲ ထုံးစံအတိုင်း သာ နေကြရ၏။

ဘုရားသခင်၏ရူပါရုံကို အကောင်အထည်ဖော်ခြင်း

ဤရူပါရုံကို ကျွန်ုပ်တို့ကျောင်းမှာကော အသင်းတော်မှာပါမည်ကဲ့သို့ အကောင်အထည်ဖော် ကြမည်နည်း။ တစ်ချို့သောသွန်သင်ခြင်းသည် စာသင်ခန်း များ၌ သင်ကြားရသော်လည်း အုပ်စုငယ်နှင့် တစ်ဦးချင်းအကြံပေးဆွေးနွေးခြင်း ကသာ တစ်ဦးချင်းနှင့်ဆိုင်သော ရုန်းကန်မှုများကို ဖော်ထုတ်ရန် အဓိက သော့ချက်ဖြစ်သဖြင့် အောင်မြင်ခြင်း ဖြစ်စဉ်၏လုပ်ဆောင်ချက် မည်ကဲ့သို့ဖြစ် သည်ကို ပြသနိုင် ခဲ့သည်။

လူတွေဟာ သူတို့ရဲ့ အားနည်းချက်နှင့်အပြစ်များကို လူသိရှင်ကြား ဝန်ခံ လိုစိတ်မရှိုကြပါ။ ထိုသူတို့သည် တစ်ချို့သောအပြစ်အကြောင်း ပြောဆိုခြင်း နှင့်ပတ်သက်၍ ဘာမှပြဿနာမရှိကြပါ။ သို့သော် တချို့သောသူတို့သည် အပြစ် အကြောင်းပြောလာရင် မသိချင်၊ မကြားချင်ဘဲ ပုန်းတတ်ကြ၏။ ဒုစရိုက်အပြစ် များစွာတို့သည် ခွင့်မလွှတ်တတ်သောအပြုအမူကဲ့သို့ ပေါ်လွင်၍ ကျွန်ုပ်တို့ငယ် ရွယ်စဉ်ကပင် အထဲ၌ စွဲနေပြီးသားဖြစ်ပါသည်။

ထိုအရာတို့ကို ငါမည်ကဲ့သို့ သိရှိနိုင်မည်နည်း။ ဘုရားသခင်၏နှုတ်ကပတ် တော်က ကျွန်ုပ်တို့အား ပြောပြ၏။ ကျွန်ုပ်တို့သည် ကိုယ်တော်၏စည်းမျဉ်း ဥပဒေသများအတိုင်း အသက်မရှင်သောအခါ အဘယ်သို့ ဖြစ်သည်ကို ငါတွေ့မြင် ရ၏။ ကျွန်ုပ်တို့အသက်တာသည် အောင်မြင်ခြင်းထက် ရှုံးနိမ့်ခြင်းနှင့်ကျရှုံးခြင်းဖြင့် ဖွဲ့စည်းထားပါသည်။ တစ်ဘက်၌ ကျွန်ုပ်၏အသက်တာမှာကော အခြားသူများ၏ အသက်တာမှာပါ တန်ခိုးနဲ့ ပြည့်စုံသော ကိုယ်တော်၏သမ္မာတရား လုပ်ဆောင် လျက်ရှိသည်ကို အံဩခြင်းနှင့်အတူ ကျွန်ုတော်မြင်တွေ့ ခဲ့ရပါသည်။ ကိုယ်တိုင် အောင်မြင်ခြင်းသည် လေ့ကျင့်ပေးသူများအား ထိရောက်သော ပျိုးထောင်ခြင်းနှင့် အတူ ဒုံတွဲ၏။ သင်ကိုယ်တိုင် မပိုင်ဆိုင်သော တစ်စုံတစ်ရာကို အခြားသူများအား လက်ဆင့်မကမ်းနိုင်ပါ။ အသင်းတော်များနှင့်တွဲဖက်ထားသည့် ကျောင်းများသည် ၂ တိ၊၂:၂ ဖြစ်စဉ်ကို အကောင်းအထည်ဖော်ဖို့ရန် အောင်မြင်သောလေ့ကျင့် ပေးသူများကို ပျိုးထောင်ရမည်။

ဘုရားသခင်သည် ကျွန်ုပ်တို့အား အောင်မြင်ခြင်း၌ ပျော်ရွှင်စေလိုပါသည်။ သို့ဖြစ်၍ ကျွန်ုပ်တို့သည် အောင်မြင်ကျော်လွှားနိုင်ရမည့်အကြောင်း ၎င်းကို ကိုယ်တော်စီရင်ပေး၏။ ကျွန်ုပ်တို့အဖို့ ပို၍ကြီးမားသော ကိုယ်တော်၏အကြံအစည် ဖြစ်သည့်ရင့်ကျက်ခြင်းထဲသို့ ရှေ့တိုး၍ကြီးထွားဖို့ရန် ကျွန်ုပ်တို့သည် ကိုယ်တော် ကို နာခံဖို့လိုအပ်ပါသည်။ ကျွန်ုပ်တို့လုပ်ဆောင်ခြင်း အသီးအပွင့်နှင့်ဆိုင်သည့် အရည်အချင်းနှင့်အရည်အသွေးတို့သည် ဤဒုတိယအဆင့်၌ ကျွန်ုပ်တို့အဘယ် မျှလောက် ကောင်းအောင်လုပ်ဆောင်နိုင် သည်ဟူသောအရာ၌ မူတည်ပါ ၏။

အကယ်၍ အသင်းတော်အနေနဲ့ မိမိ၏ယုံကြည်သူများကို လေ့ကျင့် ပေးရာတွင် ဤသမ္မာတရားများ ကိုသာ ပိုင်ဆိုင်ထားမည်ဆိုလျှင် ဘုရားသခင် ၏လူတို့သည် သူတို့၏ယုံကြည်ခြင်း၌ ခိုင်ခံ့ကြပါလိမ့်မည်။ နိုးထခြင်း ဖြစ်ပေါ်၍ မိသားစုများလည်း ပြန်လည်အားကောင်း ကျန်းမာလာပါလိမ့်မည်။ ခေါင်းဆောင် များစွာလည်း ပေါ်ထွန်းလာလိမ့်မည်။ စိတ်နှလုံးကို မှန်ကန်စွာ ပုံသွင်းခြင်းမရှိလျှင် ကျွန်ုပ်တို့ အသက်တာထဲသို့ နတ်ဆိုး၏တွေးခေါ်မှုအလေ့အထ စိမ့်ဝင်လာ သောအခါ ကျွန်ုပ်၏ပြဿနာသည် ဆက်လက်တည်တံ့နေမည်သာ ဖြစ်ပါသည်။ မှန်ကန်သောလေ့ကျင့်ခြင်း၌ ခိုင်ခံ့သောဘုရားတရား ကြည်ညိုခြင်းအသက်တာ တည်ဆောက်ခြင်းပါဝင်၏။ ထိုသို့မဟုတ်ပါက မှန်ကန်သောချစ်ခြင်းမေတ္တာ မရှိခြင်းပင်ဖြစ်သည်။

သင်ခန်းစာ

  • များစွာသောယုံကြည်သူတို့သည် ရှုံးနိမ့်သောခရစ်ယာန်များအဖြစ် သွား လာကြ၏။ အကြောင်းမှာ ဘုန်းတန်ခိုးနဲ့ပြည့်သည့် ဘုရားသခင်၏ နှုတ်ကပတ်တော်လုပ်ဆောင်ချက်သည် သူတို့အသက်တာထဲ၌ ဆွဲဆောင် ခြင်းမခံရသောကြောင့်တည်း။
  • ဘုရားသခင်သည် အသင်းတော်အား ကျရှုံးခြင်းများ၌ ကားတိုင်၏တရား ကို တည်စေလျက် အပြစ်တရားကို ပုံမှန်အနိုင်ယူခြင်းအားဖြင့် သန့်ရှင်း စွာအသက်ရှင်စေလိုပါသည်။
  • အသင်းတော်အနေဖြင့် ဖြားယောင်းသွေးဆောင်ခြင်းနှင့်အပြစ်တရားကို အနိုင်ယူရန် ယုံကြည်ခြင်းတရားကို လက်ခံယုံကြည်လာသောအခါ ဘုရားသခင်၏တန်ခိုးတော်နှင့်နိုးထမှု၌ မည်ကဲ့သို့အားထားရမည်ကို သင်ယူပါလိမ့်မည်။
  • လေ့ကျင့်ခြင်းသည် မိမိတို့အသက်တာများ၌ ဘုရားသခင်၏တန်ခိုးတော် လုပ်ဆောင်နေခြင်းကို မြင်တွေ့သောခေါင်းဆောင်များမှ ဆင်းသက်လာ ရမည်။

ကျက်မှတ်ဆင်ခြင်ပါ

  • ၁ ယော၊၅:၄

တာဝန်ပေးအပ်ခြင်း

  • သင့်အသက်တာ၌ အားနည်းချက်တစ်ခုကို ဖော်ပြပါ။ ပြီးမှ ၎င်းကို အောင်မြင်ဖို့ရန် လိုအပ်သော ခြေလှမ်းများကိုလှမ်းပါ။ သင်သည် ထိုပြဿနာကို အောင်မြင်ဖို့ရန် တက်တက်ကြွကြွလုပ်ဆောင်လျက် နေပါ သလား။ ဤဖြစ်စဉ်ကို အခြားသောသူများနဲ့ ဆက်သွယ်နိုင် ပါသလား။
  • အခြားသူများ၌ သင်မြင်တွေ့သော အပြစ်ကြီးများကို ဖော်ပြပါ။ သူတို့အသီးသီးအား ထိုအပြစ်ထဲမှ လွတ်မြောက်လာရန် ယုံကြည်ခြင်းနှင့် မျှော်လင့်ချက်ရှိစေဖို့ရန် လိုအပ်သောခြေလှမ်းများကို ရှင်းပြပါ။
  • သင့်အသင်းတော် သို့မဟုတ် ကျမ်းစာကျောင်းတို့က ခေါင်းဆောင်များ၌ မရင့်ကျက်ခြင်းနှင့် ဒုစရိုက်အပြစ် တိုးပွားနေခြင်းကို သည်းခံခွင့်ပြုပါ သလား။ ဤပြဿနာကို မည်ကဲ့သို့ ချဉ်းကပ် သင့်ပါသနည်း။

© Paul J. Bucknell · Burmese translation: ဓမ္မဆရာတော် ဦးဘီထန်း (Bee Htan) · Biblical Foundations for Freedom