အသက်၏အနှစ်သာရ — The Life Core. ခရစ်ယာန် အသက်တာ၏ အခြေခံအမှန်တရားများ. Burmese edition banner with a growing seedling at sunrise over mountains.

အသက်၏အနှစ်သာရ — The Life Core

အခန်း ၂၉ — လူငယ်ယုံကြည်သူများကို ထောက်ခံအားပေးခြင်း

လူငယ်ယုံကြည်သူတစ်ဦးသည် အသစ်သောယုံကြည်သူတစ်ဦးထက် လိုအပ်ချက်အမျိုးမျိုးရှိသကဲ့သို့ ဆယ်ကျော်သက်အရွယ်သည်လည်း ကလေးငယ် လေးထက် လိုအပ်ချက်အမျိုးမျိုး ရှိတတ်၏။ ဤအခန်းသည် ခရစ်ယာန်လူငယ် ယုံကြည်သူများအား လေ့ကျင့်ပေးခြင်း၌ ဦးတည်ထားခြင်းဖြစ်ပါသည်။

လူငယ်ယုံကြည်သူသည် အသစ်သောအနေအထား၌ ရင့်ကျက်ခြင်းသို့ အလျင်အမြန် ဦးတည်လာ သော်လည်း သူတို့သည် တကယ်မရောက်ရှိနိုင်ပေ။ သူတို့ကြုံတွေ့နေသော အခက်ခဲတစ်လျှောက် သူတို့ကို လမ်းပြဖို့ရန် ဝိညာဉ်ရေးရာ လေ့ကျင့်ပေးခြင်း လိုအပ်ပါသည်။

".... လူငယ်လူရွယ်တို့၊ သင်တို့သည် မကောင်းသောအရာကို အောင်နိုင် ခဲ့သောကြောင့် သင်တို့ထံသို့ ငါရေးလိုက်၏။ ….. လူငယ်လူရွယ်တို့၊ သင်တို့သည် ခွန်အားနှင့်ပြည့်စုံ၍ ဘုရားသခင်၏နှုတ်ကပတ်တော်သည် သင်တို့၌ တည်သဖြင့် မကောင်းသောအရာကို သင်တို့အောင်နိုင်ခဲ့ကြသောကြောင့် သင်တို့ထံ ငါရေး လိုက်၏"(၁ယော၊ ၂:၁၂-၁၄)။

တစ်ဖန် ယောဟန်သည် ကျွန်ုပ်တို့အား ၁ ယော၊ ၂:၁၂-၁၄ ထဲမှ အထူး ထိုးထွင်းအမြင်ဖြင့် ခင်းကျင်းပေး၏။ သူသည် ကျွန်ုပ်တို့အား ရုန်းကန်လှုပ်ရှားမှု အမျိုးမျိုးကြုံလျက်၊ ဖြားယောင်း သွေးဆောင်ခြင်းခံလျက်၊ ဘုရားသခင်၏ နှုတ်ကပတ်တော်ထဲမှ သင်ယူလျက်ရှိသည်ဟု ဦးတည်ထားဟန်ရှိ၏။ ဧဖက်အခန်း ကြီး ၆ ထဲမှ ယုံကြည်သူတစ်ဦး၏ဝိညာဉ်ရေးရာ လက်နက်စုံအကြောင်းကို ဤသို့ တွေ့ရ၏။

သင်တို့သည် မာရ်နတ်၏လျှို့ဝှက်သောအကြံအစည်များကို ခုခံဆီးတား နိုင်ရန် ဘုရားသခင်၏လက်နက်စုံကို ဆောင်ယူဝတ်ဆင်ကြလော့။ အကြောင်း မူကား ငါတို့သည် အသွေးအသား ရှိသောသူကို ရင်ဆိုင်တိုက်ခိုက်နေကြ သည်မဟုတ်။ အုပ်ချုပ်မှုများ၊ အာဏာ စက်များ၊ ဤလောကမှောင်မိုက်ခြင်းကို အစိုးတရပြုသောမင်းများ၊ အထက်ကောင်းကင်အရပ်၌ ရှိသည့် ဆိုးညစ်သော ဝိညာဉ်တန်ခိုးများနှင့် ရင်ဆိုင်တိုက်ခိုက်နေကြခြင်းဖြစ်၏(ဧ၊၆:၁၁-၁၂)။

အရေးကြီးသည့် သတိပြုစရာအချက်ကား ဤအရာသည် ယုံကြည်သူ တစ်ချို့ သာမန်ဖြတ်သန်းရသည့် အရာမဟုတ်ဘဲ ယုံကြည်သူတိုင်း နောက်ဆုံး၌ ထိပ်တိုက်ရင်ဆိုင်ရမည့် အရာဖြစ်ပါသည်။ ဤအထဲ၌ ယုံကြည်သူတို့၏လေ့ကျင့် ခြင်းဆိုင်ရာ အစိတ်အပိုင်းများစွာ ပါဝင်ပါသည်။

အသစ်သောယုံကြည်သူကို လေ့ကျင့်ပေးခြင်းသည် လေ့ကျင့်ပေးသော သူတို့အား သူတို့အနီးအနား၌ ဘုရားသခင်ရှိနေသည်ဟူသည့် မှန်ကန်သော ရှုထောင့်အမြင်ကို ရရှိစေပါသည်။ ထိုသို့ပြုခြင်းသည် သူတို့အား ညွန်ပြသော သူများနှင့် ကောင်းမွန်သောဆက်နွယ်မှု ရရှိစေပါသည်။ သူတို့အထဲ၌ ဤအရာကို သဘောပေါက်ခြင်း နက်ရှိုင်းစွာမရှိပါက သူတို့သည် လူငယ်ယုံကြည်သူ လေ့ကျင့် ပေးခြင်း တစ်လျှောက်၌ ဘုရားသခင်ကို အလွယ်တကူ ကိုးစားနိုင်ကြမည် မဟုတ်ပေ။ စိတ်ပျက်ခြင်းကို ဖြစ်စေသည့်သံသယသည် အလွယ်တကူဝင်လာ၍ သူတို့ကို စိတ်အားငယ်ခြင်းနှင့်ရှုံးနိမ့်ခြင်းသို့ ပို့ဆောင်သွားမည်ဖြစ်ပါသည်။

ဝိညာဉ်ရေးရာဗဟုသုတမှာသမျှကို ဆယ်ကျော်သက်အရွယ်များအား သင်ကြားပေးရာတွင် လေ့ကျင့်ပေးသူအတွက် လွယ်ကူမှုရှိပါသည်။ ကျွန်ုပ်တို့သို့ ပါဝင်လာသောအသစ်သောမိတ်ဆွေများနှင့် ကျောင်းသားများကို ရင်းနှီးအောင် လုပ်ကြပါစို့။ ထိုအခါကျွန်ုပ်တို့သည် သူတို့၏ဝိညာဉ်ရေးရာ အခြေအနေသို့ စတင်ဝင်ရောက်နိုင်ပါလိမ့်မည်။ ထိုသို့လုပ်ဆောင်ခြင်းသည် သူတို့၏ဝိညာဉ်ရေးရာ ကြီးထွားမှု လက်ရှိအခြေအနေကို အသင်းတော်က အကူအညီးပေးနိုင်ရန် များစွာအထောက်အကူ ဖြစ်စေပါသည်။ တစ်ချိန်က မရေရာမသေချာတဲ့ အရာတွေ လည်း အလွန်ပွင့်လင်းပြီး ရှင်းလင်းလာမည်ဖြစ်ပါသည်။

ကိုယ့်ကိုယ်ကိုနှင့်အခြားသူများ နှိုင်းယှဉ်ခြင်းသည် အန္တရာယ်ရှိသော် လည်း မှန်ကန်စွာ တင်ပြရမည်။ သို့သော် ဝိညာဉ်ရေးရာကြီးထွားမှု အတိုင်း အတာကို တရားစီရင်ဖို့ရန် မဟုတ်ဘဲ သိရှိဖို့ရန် အကဲဖြတ် သုံးသပ်ခြင်းကို အသုံးပြုနိုင်ပါသည်။ ကျွန်ုပ်တို့၏ရည်ရွယ်ချက်သည် အပြစ်ရှာဖို့၊ နှိုင်းယှဉ်ဖို့မ ဟုတ်ဘဲ လူများ ကြီးထွားစေခြင်းငှာ အထောက်အကူအတွက်ဖြစ်ပါသည်။

လူငယ်ယုံကြည်သူ၏လိုအပ်ချက်များ

အသစ်သောယုံကြည်သူသည် ကယ်တင်ခြင်းနှင့်ထာဝရအသက် ယုံကြည် စိတ်ချမှုအကြောင်းကို သေချာသင်ယူလေ့လာဖို့ လိုအပ်သည်။ ဤသမ္မာတရား များသည် ဘုရားသခင်၌ ကိုးစားရန် အခြေခံတရားကို တည်ဆောက်ပေးသည်။ ကျွန်ုပ်တို့၏ခမည်းတော်ဘုရားသခင်သည် ကျွန်ုပ်တို့ကို ကြည့်ရှု စောင့်ရှောက် တော်မူ၏။

လူငယ်ယုံကြည်သူသည် မိမိအသက်တာ၌ ဘုရားသခင်၏နှုတ်ကပတ် တော် မည်ကဲ့သို့အသုံးပြုရမည်ကို သင်ယူလေ့လာရမည်။ သူသည် ဇွန်းခူးကျွေး မွေးခြင်းကို မခံယူတော့ဘဲ ဘုရားသခင်၏ နှုတ်ကပတ်တော်အားဖြင့် မိမိကိုယ်ကို ကျွေးမွေးရပါမည်။ ဤအကူးအပြောင်းသည် ကျွန်ုပ်တို့၏ လေ့ကျင့်ပေးခြင်း အပေါ်၌ တိုက်ရိုက်ဆက်နွယ်မှု ရှိပါလိမ့်မည်။ ကျွန်ုပ်တို့သည် ယုံကြည်သူများအား သူတို့၏ဝိညာဉ်ရေးရာ စည်းကမ်း၌ ကြီးထွားစေလျက် သူတို့ကိုယ်တိုင် ဘုရား သခင်၏နှုတ်ကပတ်တော်၌ စိတ်နှလုံးအကြွင်းမဲ့ ကိုးစားစေတတ်ရမည်။ ဥပမာ အနေဖြင့် လူတို့အား သမ္မာကျမ်းစာကို မည်ကဲ့သို့ခြုံငုံလေ့လာရမည်ကို သင်ပေး လျှင် ၎င်းသည် သူတို့အဖို့ ပိုမိုနက်ရှိုင်းစွာ လေ့လာဖို့ရန် ကြီးစွာအထောက် အကူပြုပါလိမ့်မည်။ သို့သော် လူတိုင်း ထိုသို့လေ့လာနိုင်ဖို့ရန် တူညီတဲ့ပညာ ရေးနောက်ခံကောင်း မရှိကြကြောင်းကို ကျွန်ုပ်တို့သတိပြုရပါမည်။

ဘုရားသခင်၏နှုတ်ကပတ်တော်နှင့်စပ်လျဉ်း၍ လူငယ်ယုံကြည်သူ၏ ပေါင်းစပ်ခြင်း အတိမ်အနက်သည် သူ့အသက်တာ၌ တိုက်ရိုက်အကျိုးရှိစေရုံ သာမက နတ်ဆိုးကိုပါမည်ကဲ့သို့တားဆီးရ မည်ကိုလည်း သင်ယူစေပါသည်။ အဖွဲ့လိုက်သင်ကြားခြင်းသည် အဆင်ပြေသော်လည်း တစ်ဦးချင်း၏ ရုန်းကန်မှု များကို ကိုင်တွယ်ဖို့ရန် အကြံပေးတိုင်ပင်ခြင်းသည် ပို၍ကောင်းမွန်၏။

တစ်စုံတစ်ဦး၏အသက်အရွယ်သည် ယုံကြည်သူတစ်ဦး၏ဝိညာဉ်ရေးရာ ကြီးထွားခြင်းကို အလျင်အမြန် အကျိုးသက်ရောက်မှုရှိစေနိုင်သည်။ လူငယ်တစ်ဦး သည် အသစ်သောယုံကြည်သူ အဆင့်ကို ဖြတ်ကျော်လျက် လျှောက်လှမ်းသော အခါ လူကြီးထက် ပို၍ရှည်လျားစွာ လျှောက်လှမ်းပါလိမ့်မည်။ ၎င်းကို သူတို့၏ စွမ်းရည်နှင့်တကွ ဆက်လက် လုပ်ဆောင်ရမည်။

လူငယ်ယုံကြည်သူအတွက် ရည်ရွယ်ချက်ပန်းတိုင်များ

ဤဒုတိယအဆင့် တပည့်တော်ဖြစ်စေခြင်း၏အရှည်အလျားသည် ခြားနား နိုင်သော်လည်း ခြုံပြီးပြောရလျှင် သုံးနှစ်ခန့်ကြာနိုင်သည်။ ကျွန်ုပ်တို့သည် အများကြီး သို့မဟုတ် မည်သည့်အခါမှ မကြီးထွားဟု ပြောရမည်လော။ တချို့သော လူငယ်ယုံကြည်သူများသည် လိုအပ်သော သင်ခန်းစာများကို မည်သည့်အခါမျှ ပိုင်ပိုင်နိုင်နိုင်မရှိကြပေ။ သူတို့၏ခရစ်တော် သိရှိခြင်းအတိုင်းအတာသည် ဝိညာဉ် ရေးရာ ရင့်ကျက်ခြင်း၏ပမာဏမဖြစ်နိုင်ပေ။ လူငယ်ယုံကြည်သူတို့၌ အရေးကြီး သည့် လေ့လာသင်ယူစရာ များစွာရှိပါ၏။

(၁) ဝိညာဉ်ပိုင်းဆိုင်ရာကို ဘုရားသခင်၏နှုတ်ကပတ်တော်အားဖြင့် သူတို့ ဖာသာသူတို့ ပြုစုပျိုးထောင် ကြ၏။

(၂) ကားတိုင်ပေါ်၌ ယေရှုခရစ်တော်၏လုပ်ဆောင်ချက်အားဖြင့် နတ်ဆိုး အပေါ် အနိုင်ယူသကဲ့သို့ ဟူသောနယ်ပယ်များနှင့်စပ်လျဉ်း၍ ဘုရားသခင်၏နှုတ် ကပတ်တော်ထဲမှ အဓိကသွန်သင်ချက်ကို နားလည် ကြ၏။

(၃) သူတို့အသက်တာထဲသို့ ဝင်ရောက်လာသည့် ဖြားယောင်းသွေး ဆောင်ခြင်းများကို အဆက်မပြတ် သိမြင်၍ အောင်မြင်ကြ၏။ .

လူငယ်ယုံကြည်သူအတွက် အဓိကရည်မှန်းချက်ပန်းတိုင်များအပေါ် အာရုံ စူးစိုက်ခြင်းသည် ပို၍အရေးကြီး၍ ထိုရည်မှန်းချက်ပန်းတိုင်များသို့ ရောက်ရှိ ဖို့ရန် ဘာဖြစ်ရမည်ကို ဖော်ထုတ်ရမည်။ ငါတို့သခင်သည် ကျွန်ုပ်တို့အား လေ့ကျင့် ပေးရန် ကျွန်ုပ်တို့ရင်ဆိုင်သည့် အခြေအနေမျိုးစုံကိုလည်း အသုံးပြုနိုင်ပါသည်။ မည်သည့်အရာမျှ မချုပ်နိုင်ပေ။ သင်ယူလေ့လာသူဖြစ်အောင် ကြိုးစားပါ။ ကိုယ်တော်သည် ကျွန်ုပ်တို့၏လေ့ကျင့်ပေးသောအရှင် ဖြစ်သည့်အလျောက် တခဏမျှ အချိန်မဖြုန်းပါ။

ဘုရားတရားကြည်ညိုသော အကြံပေးသူများ မွေးထုတ်ခြင်း

ကျွန်ုပ်တို့၏လေ့ကျင့်ခြင်းအဆင့် စာအုပ်နှစ်အုပ်သည် ဤလူငယ်ယုံကြည် သူအဆင့်၌ ကြီးထွားဖို့ရန် ဘုရားသခင်၏နှုတ်ကပတ်တော်ကို မည်ကဲ့သို့အသုံးပြု၍ မည်ကဲ့သို့သင်ယူရမည်ကို ရောင်စုံမင်သားပေး၏။ ကျွန်ုပ်တို့သည် နတ်ဆိုးကို သီအိုရီအရနဲ့သာ နိုင်ခြင်းမဟုတ်ဘဲ လက်တွေ့နဲ့ပါနိုင်ခဲ့တဲ့အကြောင်းကို ယုံကြည် သောသူတည်းဟူသော အကြံပေးသူ သို့မဟုတ် ဆရာသမားကို တွေ့ရှိထားသည်။

များစွာသောယုံကြည်သူများသည် ကောင်းကောင်းမွန်မွန် လေ့ကျင့်ပေး ခြင်းမခံကြပေ။ သူတို့သည် ဤလိုအပ်သည့်ယုံကြည်ခြင်းဆိုင်ရာ သင်ခန်းစာများကို ကျွမ်းကျင်ခြင်းမရှိကြပေ။ လေ့ကျင့်ပေးသောသူသည် ဤသူတို့အား မည်ကဲ့သို့ ခေါ်ဆောင်ရမည်ကို သင်ယူလေ့လာ၍ ယုံကြည်သူများကဲ့သို့ သူတို့ဖြစ်သင့်သော နေရာသို့ ဦးတည်စေရမည်။ အကယ်၍ အကြံပေးသူသည် မိမိအသက်တာ နယ်ပယ်တစ်ခု သို့မဟုတ် တစ်ခုထက်ပိုသောနေရာ၌ ဖြားယောင်းသွေး ဆောင်ခြင်းကို မည်ကဲ့သို့အောင်မြင်ရမည်ကို မသင်ယူခဲ့ပါက လေ့ကျင့်ခံသော လူငယ်ယုံကြည်သူသည် မိမိအား ဘုရားသခင်ကူညီနိုင်သည်ကိုပင် သံသယရှိလာ မည်ဖြစ်သည်။ ဤအဖြစ်သည် တစ်စုံတစ်ဦး၏ယုံကြည်ခြင်းအား အားပေးမည့် အစား မေ့မြောသွားစေ မည်သာ ဖြစ်သည်။

ငါလည်း ရုန်းကန်လျက်နေတဲ့နယ်ပယ်၌ ငါကိုယ်တိုင်ကြီးထွားနိုင်ဖို့ရန် ဆွေးနွေးတိုင်ပင်ခြင်းဆိုင်ရာ သင်ခန်းစာများရယူလျက် ငါ့ကိုငါယုံကြည်စိတ်ချမှု ရှိစေရန် သင်းအုပ်နဲ့ဆိုင်တဲ့ လေ့ကျင့်ပေးခြင်း စာအုပ်များစွာကို ဖတ်ရှုခဲ့ရသည်ကို အမှတ်ရမိပါသည်။ ဒါတွေဟာ အမှန်ဆိုရင် အစကတည်းက ငါလုပ်သင့်တဲ့ အရာတွေပဲဖြစ်ပါတယ်။

ယုံကြည်သူတွေဟာ သူတို့ကြုံတွေ့နေတဲ့ အခက်ခဲမျိုးစုံတို့ကို သူတို့ကိုယ် တိုင် အောင်မြင်နိုင်တယ်ဆိုတာကို အသင်းတော်ထဲမှာ မယုံကြည်ကြဘူး။ ဤရုန်းကန်လှုပ်ရှားမှု အခက်ခဲတွေကို ကိုင်တွယ်မည်ဆိုရင် သူတို့ရဲ့အလေး ထားတဲ့အရာတွေမှာထက် သူတို့ရဲ့တည်ကြည်မှုပေါ်မှာ များစွာ မူပေါ်တည်ပါ လိမ့်မည်။ အဓိကပြဿနာမှာ ဘာမဆို ကြိုတင်ကောက်ချက်ချတတ်ကြတဲ့ အတွက်ကြောင့် အနိုင်ရရန် အကြောင်းမရှိ။ မယုံကြည်ခြင်းသည် သူတို့ကို လွှမ်းခြုံ နေသော်လည်း အကြံပေးသူက မိမိ၏အောင်မြင်ခြင်းအကြောင်းကို မျှဝေရမည်။

ထို့ကြောင့် အကြံပေးသူမှစ၍ အားလုံးတို့သည် သူတို့ရောက်ရှိနေသည့် နေရာကို မြင်တွေ့နိုင် ရမည့်အကြောင်း ဝိညာဉ်ပိုင်းဆိုင်ရာ ကြီးထွားဖွံ့ဖြိုးမှု အားလုံးကို ပြန်လည်လုပ်ဆောင်ဖို့ရန် လိုအပ်ခြင်းဖြစ်ပါသည်။ ထိုသို့လုပ် ဆောင်ခြင်းသည် ဆရာသမားများ၊ သင်းအုပ်များနှင့်လေ့ကျင့်ပေး သူများအား ယုံကြည်ခြင်းကို တည်ဆောက်ပေး၍ သူတို့ပြစ်မှားခဲ့သည့် အပြုအမူ ဥပမာ အပြာရုပ်ရှင် ကြည့်ခြင်း၊ ဝိညာဉ်ရေးရာ၌ မောက်မာခြင်း၊ အမျက်ထွက်ခြင်း စသည်တို့ကို ဘုရားသခင်ကူညီမစနိုင်တဲ့အကြောင်း လှုံ့ဆော်ပေး၏။ ကျွန်ုပ်တို့ သည် ပြဿနာရှိသောယုံကြည်သူများအား ပြဿနာကို ကုစားပေးတဲ့ အထူးဆရာ များထံသို့ စေလွှတ်ခြင်းကို ကန့်ကွက်၏။ ၎င်းသည် အတိုင်းအတာတစ်ခုထိ ကောင်းသော်လည်း သူတို့၏ဝိညာဉ်ရေးရာကို ချို့တဲ့စေတတ်၏။ ထိုပြဿနာ တွေကို အောင်မြင်ဖို့ရန် ဘုရားသခင်၌ မည်ကဲ့သို့ ကိုးစားရမည်ကို ဒီလူတို့အား ဘာလို့ မပြသတာလဲ။ ကျွန်ုပ်တို့၏ရည်မှန်းချက်ကား လူငယ်ယုံကြည်သူတို့၏ ထိုးထွင်းသိမြင်နိုင်စွမ်းကို တည်ဆောက်ပေးရန်ဖြစ်သည်။ သို့မှသာ သူတို့သည် နတ်ဆိုး၏ဖြားယောင်းခြင်းကို သိမြင်နိုင်၍ မည်ကဲ့သို့တုံ့ပြန်ရမည်ကို သေချာ သိရှိကြရမည်ဖြစ်သည်။ သူတို့သည် ဤသို့ဆက်လက် လုပ်ဆောင်လာသောအခါ ဝိညာဉ်ရေးရာကြီးထွားခြင်း တတိယအဆင့်သို့ ရောက်ရှိသွားပေမည်။

အဆင့်တိုင်းတွင် ဘုရားသခင်၏လုပ်ဆောင်ချက်အပေါ်၌ ယုံကြည်ခြင်း မရှိလျှင် စုံလင်သော ရင့်ကျက်ခြင်း အဆုံးသို့ ကျွန်ုပ်တို့ရောက်ရှိနိုင်မည်မဟုတ ပေ။ မည်သို့ပင်ဖြစ်စေ တစ်နည်းတစ်လမ်းဖြင့် ဘုရားသခင်သည် ကျွန်ုပ်အပေါ်၌ ရည်ရွယ်ချက်ရှိ၍ အခြားသူများသည်လည်း ဝိညာဉ်ရေးရာ ကြီးထွားခြင်း ဒုတိယ အဆင့်အားဖြင့် ရွေ့လျားနေသည်ဟု ယုံကြည်မယ်ဆိုလျှင် ကျွန်ုပ်တို့သည် ကိုယ်တော်ကိုကိုးစားလျက် ဖြတ်သန်းနိုင်မည်ဖြစ်ပါသည်။ ဘုရားသခင်၏လုပ် ဆောင်ချက် အပေါ်၌ထားရှိသော ကျွန်ုပ်တို့၏ ယုံကြည်ခြင်းသည် အရှုံးမပေးဘဲ ရှင်သန်နေမည်ဖြစ်သည်။

သင်ခန်းစာ

  • လူငယ်ယုံကြည်သူသည် အသစ်သောယုံကြည်သူထက် ခြားနားသောကြီး ထွားခြင်း အလားအလာကို ပိုင်ဆိုင်၏။
  • လူငယ်ယုံကြည်သူသည် အမျိုးမျိုးသော ဖြားယောင်းခြင်းများကို အောင် မြင်ရမည့်အကြောင်း ဘုရားသခင်၏နှုတ်ကပတ်တော်၌ မိမိကိုယ်ကို မည်ကဲ့သို့ ပြုစုပျိုးထောင်ရမည်ကို သင်ယူလေ့လာ ရမည်။
  • အသင်းတော်၌ အကျပ်အတည်းရှိရခြင်း အကြောင်းရင်းမှာ မည်သို့သော ဖြားယောင်းခြင်းကိုမဆို အသက်အရွယ်ကြီးရင့်သူများအနေဖြင့် သူတို့ ကိုယ်တိုင် အနိုင်ယူနိုင်သည်ကို သဘောပေါက်ခြင်းမရှိကြသောကြောင့် တည်း။
  • ဖြားယောင်းသွေးဆောင်ခြင်းကို အောင်မြင်ကျော်လွှားရန် အဆင့်များ သည် အခြေခံကျသော်လည်း လူငယ်ယုံကြည်သူများနှင့်တကွ လေ့ကျင့် ပေးသူများတို့သည် မည်ကဲ့သို့လုပ်ဆောင်ရမည်ကို ရှင်းလင်းစွာမချပြနိုင် ကြသောကြောင့် ယုံကြည်သူများသည် မယုံကြည်ခြင်းသို့ နစ်မွန်းရခြင်း ဖြစ်သည်။

ကျက်မှတ်ဆင်ခြင်ပါ

  • ဧ၊၆:၁၁-၁၂

တာဝန်ပေးအပ်ခြင်း

  • သင့်ကိုယ်သင် လူငယ်ယုံကြည်သူတစ်ဦးဟု သတ်မှတ်ပါသလား သို့မ ဟုတ် မသတ်မှတ်ဘဲ နေပါ သလား။ အကြောင်းပြချက်ပေးပါ။
  • လူငယ်ယုံကြည်သူတစ်ဦးအား ဖြားယောင်းခြင်း အမျိုးမျိုးကို ကျော်လွှား ဖို့ရန် ကောင်းကောင်း တပ်ဆင် ပေးပါသလား။ သင်မကျော်လွှားနိုင်တဲ့ နယ်ပယ်တွေရှိပါသလား။ ၎င်းတို့ကား အဘယ်နည်း။ သင့်ယုံကြည်ခြင်းကို ပြန်လည်ရရှိဖို့ သခင်ဘုရားအား တောင်းလျှောက်ပါ။

© Paul J. Bucknell · Burmese translation: ဓမ္မဆရာတော် ဦးဘီထန်း (Bee Htan) · Biblical Foundations for Freedom