
အသက်၏အနှစ်သာရ — The Life Core
အခန်း ၂၈ — ယုံကြည်သူအသစ်များကို တပ်ဆင်ပေးခြင်း
အသစ်သောယုံကြည်သူများအပေါ် ကျွန်ုပ်တို့၏ပြုစုစောင့်ရှောက်ခြင်း သည် လေ့ကျင့်ပေးခြင်း ဖြစ်စဉ်တစ်ခုလုံးကို ကြီးစွာလွှမ်းမိုးထားပါသည်။ အကယ်၍ ကျွန်ုပ်တို့သည် ကျွန်ုပ်တို့၏ခေါင်းဆောင်များကို တပည့်တော် မွေးထုတ်ရန် ကောင်းကောင်းမမွမ်းမံနိုင်ပါက သာသနာတစ်ခုလုံးကို အားနည်း စေနိုင်ပါသည်။ ဘုရားသခင်၏အလုပ်လည်း တကယ်လိုအပ်တဲ့နေရာ၌ အကောင် အထည်ဖော်လိမ့်မည်မဟုတ်ပေ။
မှန်ကန်သောလေ့ကျင့်ပေးခြင်းသည် အခြားသူများ၏အသက်တာ ကဏ္ဍ အမျိုးမျိုး၌ လေ့ကျင့်ပေးမည့်ခေါင်း ဆောင်များကို မွမ်းမံရန်အတွက် ကျွန်ုပ်တို့ အား လိုအပ်သောအပြောငးအလဲကို သယ် ပိုးပေးပါသည်။ ဤအခန်းသည် အသစ် သော ယုံကြည်သူများအား လေ့ကျင့်ပေး မည့် သဘောသဘာဝနှင့် အသက်၏ အချက်အချာနှင့်တကွ ဤလေ့ကျင့် ပေး ခြင်း၏အရေးကြီးပုံကို ဆောင်ယူပေးသည်။

အသက်၏နှစ်သာရသည် စစ်မှန်သော ယုံကြည်သူတိုင်း၏ အသက်တာနှင့် အသင်းတော်တစ်ခုလုံး၌ ဘုရားသခင်၏အထူး လုပ်ဆောင်ချက်အကြောင်း အရာကို ပြောဆိုခြင်းဖြစ်ပါသည်။ အသစ်တစ်ဖန်မွေးဖွားခြင်းသည် တဘဝလုံး အတွက် အစပြု၍ ယုံကြည်သူတိုင်း၌ သန့်ရှင်းသောဝိညာဉ်တော်၏သန့်ရှင်း စင်ကြယ်စေခြင်း အလုပ်သည် ရပ်နားခြင်းမရှိဘဲ လုပ်ဆောင်လျက်နေ၏။
ကိုယ်တော်သည် ငါတို့ပြုခဲ့သည့် ဖြောင့်မတ်သောအကျင့်အားဖြင့် မဟုတ် ဘဲ မိမိ၏ဂရုဏာတော်နှင့်အညီ အသစ်မွေးဖွားခြင်းနှင့်ဆိုင်သော ဆေးကြောခြင်း နှင့်သန့်ရှင်းသော ဝိညာဉ်တော်၏အသစ်ပြုပြင်ခြင်းအားဖြင့် ငါတို့ကို ကယ်တင် တော်မူ၏။ ဘုရားသခင်သည် ထိုဝိညာဉ်တော်ကို ငါတို့၏ကယ်တင်ရှင်ယေရှုခရစ် တော်အားဖြင့် ငါတို့အပေါ် ကြွယ်ဝစွာ သွန်းလောင်းတော်မူ၏(တိ၊၃:၅-၆)။
သန့်ရှင်းသောဝိညာဉ်တော်၏သွန်းလောင်းခြင်းသည် ကျွန်ုပ်တို့အသက် တာထဲ၌ မြစ်ရေကဲ့သို့ စီးဆင်းနေသည့် ဘုရားသခင်၏အဆက်မပြတ် လုပ်ဆောင် ချက်ကို ရည်ညွှန်းခြင်းဖြစ်ပါသည်။
တမန်တော်ယောဟန်၏တိကျမှန်ကန်သော တွေ့ရှိချက်ကား အသစ်သော ယုံကြည်သူ၏အထူး လိုအပ်ချက်သည် ကလေးသူငယ်ကဲ့သို့ ဖြစ်သည်ဟုဆို၏။ မိဘများသည် သူတို့၏ကလေးငယ်လေးအတွက် အချိန်နာရီနှင့်ငွေရေးကြေးရေး ကို ချိန်ညှိလျက် အလိုက်အထိုက်စဉ်းစား တတ်ကြ၏။ ဥပမာပြောရရင် မိဘများ သည် သူတို့၏ကလေးငယ်လေးများအတွက် လိုအပ်သောအစားအစာနှင့် ဝေယျ ဝစ္စများကို သူတို၏ဝင်ငွေပမာဏအတိုင်း အသုံးပြုတတ်ကြ၏။ ယောဟန်သည် လည်း အသစ်သောယုံကြည်သူများ ပြုစုစောင့်ရှောက်ခြင်းအတွက် ဤသဘော တရားကို အသုံးပြုခြင်းဖြစ်ပါသည်။
အသစ်သောယုံကြည်သူများကို ပြုစုရန် အခြားသောသူများအား လေ့ကျင့် ပေးခြင်း၌ ကျွန်ုပ်တို့ ရင်ဆိုင်ရသည့် စိန်ခေါ်များထဲမှ အကြီးမားဆုံးတစ်ခုကား ကျွန်ုပ်တို့ကိုယ်တိုင် လေ့ကျင့်ခြင်း မရှိခြင်းပင် ဖြစ်သည်။ တကယ်တော့ ကျွန်ပ်တို့၌ ပို၍ကောင်းမွန်သောအရာများ ရှိနိုင်တဲ့အကြောင်းကို ကျွန်ုပ်တို့ မမြင်တွေ့နိုင်ခြင်း ကြောင့်ပေတည်း။
လူငယ်များကြား၌ မယုံကြည်ခြင်းက အပြေးအလွှား ထကြွနေတာကို ကျနော်တို့တတွေ မမြင်နိုင်ဘဲ နေကြတယ်မဟုတ်လား။ ထိုလူငယ်တွေလည်း ဧဝဂေလိတရားရဲ့တန်ခိုးကို မမြင်နိုင်ကြတော့ပါဘူး။ ကျွန်ုပ်တို့၏အကြီးမားဆုံး စိန်ခေါ်မှုကား သူတို့၏အသက်တာ အသီးသီးအတွက် ဧဝံဂေလိတရား၏ ထိုက်သင့်လျော်ကန်မှုကို ပြသဖို့ရန်ဖြစ်ပါသည်။
ကျွန်ုပ်တို့၏အသင်းတော်များသည် အခြားသူများ၏အသက်ကို ကယ်တင် ဖို့ရန် သူတို့၏အချိန်နှင့် ငွေကြေးများစွာကို အသုံးပြုကြသော်လည်း အသစ်သော ယုံကြည်သူများအား ပြုစုပျိုးထောင်ခြင်း၌ အင်မတန်နည်းပါးလှပါသည်။ လူတစ်ဦး သည် အကောင်းဆုံးမျိုးစေ့ကို ဝယ်ယူဖို့ရန် ငွေကြေးများစွာကို အသုံးပြုခဲ့သော် လည်း မျိုးစေ့ပေါက်လာ၍ အညှောက်ထွက်လာသောအခါ ရေလောင်းဖို့ မေ့သကဲ့ သို့ဖြစ်ကြ၏။
အသင်းတော်ဖြစ်စေ၊ ကျမ်းစာကျောင်းဖြစ်စေ၊ သင်တန်းကျောင်းဖြစ်စေ ကျွန်ုပ်တို့သည် ရည်ရွယ်ချက် အပြည့်ရှိရမည်။
(၁) အသစ်သောယုံကြည်သူများအား လေ့ကျင့်ပေးရန် အရေးကြီးပုံနှင့် လိုအပ်ချက်ကို ဘုရားသခင်၏ လူတို့အား လက်ခံယုံကြည်စေရမည်။
(၂) အသစ်သောယုံကြည်သူများအား မည်ကဲ့သို့လေ့ကျင့်ပေးမည်ကို ထိုသူ တို့အား တပ်ဆင်မွေးမံရမည်။
(၃) အသစ်သောယုံကြည်သူများအား လေ့ကျင့်ပေးရာတွင် အသုံးပြုဖို့ ပစ္စည်းများကို ထောက်ပံ့ရမည်။
(၄) အသစ်သောယုံကြည်သူများအား စိတ်နှလုံးအကြွင်းမဲ့ လေ့ကျင့်ပေး ရန် ထိုသူတို့ကို စိန်ခေါ်ရမည်။
အခြားသောသူများကို လက်ခံယုံကြည်စေပါ
အကယ်၍ အနီးအနား၌ အသစ်သောယုံကြည်သူများရှိလျှင် သူတို့အား ပြုစုစောင့်ရှောက်ဖို့ရန် လိုအပ်တဲ့အကြောင်းကို ဘုရားသခင်၏လူများထံသို့ အလွယ်တကူ လက်ခံယုံကြည်စေခဲ့သော်လည်း ထိုအသစ်သောယုံကြည်သူများ သည် အနောက်နိုင်ငံသားများကဲ့သို့ ဧဝံဂေလိတရားဘက်၌ စိတ်နှလုံးခိုင်မာ နိုင်လျှင် ထိုသူတို့ကို ပုံမှန်အတိုင်းမတွေ့ဆုံဘဲ အခွင့်အလမ်းကို ရှာဖွေရမည် ဖြစ်ပါသည်။
ပထမအနေနဲ့ ပျောက်ဆုံးတဲ့လူ့ဝိညာဉ်တွေကို ကျနော်တို့ရှာဖွေရမည်။ များစွာသော ခရစ်ယာန်တို့သည် ပျောက်ဆုံးတဲ့လူ့ဝိညာဉ်တွေကို ရှာဖွေရာမှာ ကျွမ်းကျင်မှုမှာကော မြင်ကွင်းမှာပါ အလွန်အားနည်းကြပါသည်။ သခင်ဘုရား ထံသို့ လူတွေခေါ်ဆောင်သွားနိုင်ရန် လိုအပ်ပါက အချိန်များများ ပေးဆပ်ရပါမည်။ အသက်၏အချက်အချာ သင်ရိုးညွှန်းတမ်းအတိုင်း ဧဝံဂေလိဖြန့်ချီပါ။ ဒုတိယ အနေဖြင့် ကျွန်ုပ်တို့သည် ကျွန်ုပ်တို့၏အသင်းတော်၊ ကျမ်းစာကျောင်းသာမကဘဲ သခင်ဘုရားက ကျွန်ုပ်တို့၏ တပည့်တော်မွေးထုတ်ခြင်းကို တိုးချဲ့နိုင်ဖို့ရန် အခွင့် အလမ်းများကို ရှာဖွေကြရမည်။ ကျွန်ုပ်တို့သည် တကယ်လိုအပ်သည့်နေရာကို သွားဖို့လိုအပ်ပါသည်။ နေရာအနှံ့တွင် ထိခိုက်နာကျင်သော သိုးများနှင့် လမ်းပျောက်နေသည့်သိုး များစွာရှိပါသည်။ ဘုရားသခင်၏လူတို့သည် ထိုသိုးတို့ကို ကြည့်ရှုစောင့်ရှောက်ရန် သခင်ဘုရားနှင့်အတူ လုပ်ဆောင်ဖို့ရန်အတွက် သင်ယူ လေ့လာကြရမည်။
အခြားသောသူများကို တပ်ဆင်မွမ်းမံပါ
အသစ်သောယုံကြည်သူများအား တပည့်တော်ဖြစ်စေခြင်းသည် အရေး ကြီးသောအရာဖြစ်ကြောင်း လူတို့သည် တစ်ခါလက်ခံယုံကြည်လျှင် ထိုသူတို့ကို လွယ်လွယ်ကူကူ ကျွန်ုပ်တို့တပ်ဆင်မွမ်းမံနိုင်သည်။ ဆရာသမားသည် အရင်ဦးဆုံး လေ့ကျင့်ပေးခြင်းခံရသူ အသစ်သောယုံကြည်သူနှင့် ရင်းနှီးကျွမ်းဝင်မှုရှိရမည်။ သို့မှသာ ထိုသူတို့ကို တပ်ဆင်မွမ်းမံနိုင်မည်ဖြစ်ပါသည်။
တစ်ချို့ခေါင်းဆောင်များသည် အခြားသောသူများအား မွမ်းမံသော အချိန်၌ထက် ဤအရာကို လုပ်ဆောင်ခြင်း၌ ပို၍မွမ်းမံခြင်းခံကြရ၏။ သင့်အသင်း တော်အထဲ၌ဖြစ်စေ၊ အပြင်၌ဖြစ်စေ လေ့ကျင့်ပေးခြင်း လုပ်ဆောင်သောအခါ ပေးအပ်ပြီးသောအထူးဆုကျေးဇူးကို အသုံးပြုရန် မမေ့လျော့ရ။ အသစ်သော ယုံကြည်သူ ဆယ့်ငါးဦးအား စာအုပ်ငယ်လေးဖြင့် လေ့ကျင့်ပေးခြင်းကို ငါအမှတ်ရ မိသည်။ ငါသည် သူတို့အား အချက်အလက်နဲ့ ပြုစုခဲ့သည့်စာအုပ်ငယ်လေးကို တစ်အုပ်စီဝေမျှ၏။ နောက်ကြာလာသောအခါ ဤစာအုပ်ငယ်လေးသည် သူတို့ အတွက် အခြားသူများအား တပည့်တော်မွေးထုတ်ရာ၌ လက်ကိုင် ဖြစ်လာပါသည်။ ငါသည် သူတို့၏မြင်ကွင်းကို ကျွမ်းကျင်မှုမှစ၍ အသိပညာလေ့ကျင့်ခြင်းနှင့်တကွ တည်ဆောက်ပေးခဲ့၏။ နောက်တော့ သူတို့သည် အခြားသူများအား လေ့ကျင့် ပေးဖို့ရန် ဤစာအုပ်ငယ်လေးကို အသုံးပြုတတ်လာကြပါသည်။
ဤသင်ခန်းစာ သင်ယူခြင်းကို မြှင့်တင်ဖို့ရန် နည်းလမ်းများစွာရှိ၏။ ဤအရာကို အကောင် အထည်ဖော်ဖို့ရန် နည်းလမ်းတစ်ခုကား မည်ကဲ့သို့လုပ် ဆောင်သည်ကို ထင်ရှားစေခြင်းအားဖြင့် ဖြစ်ပါသည်။ ခေါင်းဆောင်သည် ပထမအသုတ် တပည့်တော်ဖြစ်စေခြင်း လေ့ကျင့်ပေးခြင်း ကြီးကြပ်ရမည်။ သူသည် သင်တန်းကာလတစ်လျှောက်၌ လေ့ကျင့်ခံတစ်ဦးနှင့် တွဲဖက်ရပါမည်။ ရှက်တတ် သောလူတို့အား ငါတို့နှင့်တွဲဖက် လုပ်ဆောင်နိုင်ကြောင်းကိုလည်း အသိပေးကြေ ငြာရမည်။ ဥပမာအားဖြင့် သတင်းကောင်း တရားနင့်ယုံကြည်ခြင်းတရားကို ပြောဆိုတဲ့အခါ ယေရှုက သူတို့ကို ဘယ်လိုကယ်တင်ခဲ့ကြောင်း ပြောဆိုနိုင်ပါ သည်။ သူတို့သည် သင်ယူလျက် တစ်ချို့မြန်ဆန်၍ တစ်ချို့နှေးကွေးနိုင်သည်။ ဘုရားသခင်သည် ထိုလူနှစ်မျိုးစလုံးတို့ကို အခြားသူများ လေ့ကျင့်ပေးရာ၌ အတူတကွ အသုံးပြုနိုင်သည်။
မိခင်များသည် သူတို့၏ကလေးငယ်များကို အစားစာကျွေးမွေးနိုင်ကြ သော်လည်း ပို၍များသောပြဿနာကား ဘေးပတ်ဝန်းကျင်အခက်အခဲကို မည်ကဲ့ သို့ကိုင်တွယ်ရန် မသိရှိကြပေ။ ကျွန်ုပ်တို့သည် သူတို့ဘေးနား၌ ရပ်လျက် အားပေး စကားပြောရပါမည်။ သူတို့က သင့်ကို မေးမြန်းရန် အချိန် မစောင့်ဆိုင်းပါနှင့်။ အသစ်သောတပည့်တော်များသည် စိတ်အားမငယ်မိစေရန် သင်သည် ဤသူတို့နှင့် အတူ အချိန်ယူရမည်။ အခြားသောသူများအား တပည့်တော်မွေးထုတ်ရန် ဦးစွာ ပထမ အတွေ့အကြုံ ကြီးကြီးကို ချပေးရမည်။
အခြားသောသူများကို လေ့ကျင့်ပေးရန် ထောက်ပံ့ပါ
တပည့်တော်မွေးထုတ်ခြင်းဆိုင်ရာ လေ့ကျင့်ပေးခြင်း အစီအစဉ်များနှင့် ပစ္စည်းများ၏ အရေအတွက်သည် တိုးပွားလျက်နေ၏။ ဤအရာသည် ကောင်းသော အရာဖြစ်၏။ တစ်ချို့သောလူတို့က ထိုအကြောင်းအရာကို စဉ်းစားတွေးခေါ်လျက် နေကြ၏။ ကျွန်တော်ငယ်ရွယ်သောအချိန်၌ လူနည်းစုသာလျှင် တပည့်တော်မွေး ထုတ်ခြင်းကို မြှင့်တင်လုပ်ဆောင်ကြ၏။
တစ်ခုရှိတာက သူတို့တတွေဟာ အသင်းတော်ကို ဗဟိုပြု၍ လုပ်ဆောင် ခြင်းမဟုတ်ဘဲ တစ်ဦးချင်းရဲ့ဝိညာဉ်ရေးရာအသက်တာကို အခြေခံပြီးလုပ်ဆောင် ကြပါတယ်။ အသင်းတော်၏သီအိုလော်ဂျီ ပိုင်းဆိုင်ရာလည်း မှန်ကန်စွာပေါင်းစပ် ခြင်းမရှိပေ။ ကိုယ်ပိုင်မူနှင့်ဆိုင်တဲ့ တန်ဖိုးထားခြင်းက ပိုပြီးနေရာယူ လာတာကို တွေ့ရပါတယ်။ အရာရာဟာ ပိုကောင်းလာသလိုဖြစ်ပေမယ့် အသင်းတော်နှင့် အသင်းတော် ငယ်လေးတွေ စပ်ကြား၌ တစ်ချို့ အားပြိုင်မှုရှိနေသေး၏။ တကယ် တော့ သူတို့တွေဟာ ရည်ရွယ်ချက် တစ်ခုအတွက် အတူတကွလုပ်ဆောင် သင့်ပါသည်။
အနည်းငယ်သောအသင်းတော်များသည် သူတို့၌ရှိသောအရာများအားဖြင့် လုပ်ဆောင်ရန် ပြင်ဆင်မှု ရှိကြ၏။ ငါလည်း ဤသို့သောအလားအလာကို အားပေးလိုပါသည်။ အသင်းတော်တိုင်းက သူတို့နှင့်ဆိုင်တဲ့ အသစ်သောယုံကြည် သူအား တပည့်တော်မွေးထုတ်ခြင်း အရင်းအနှီးများကို ဝန်ဆောင်မှုပေးနိုင်ပါ၏။ ဘာသာပြန်ဆိုထားတဲ့ အမျိုးမျိုးကိုလည်းကောင်း၊ စာအုပ်ငယ်လေးကိုလည်း ကောင်း၊ ပုံနှင့်တကွ ထုတ်ဝေထားသည့်စာပေများကိုလည်းကောင်း ဝေမျှပေးလှူ နိုင်ပါသည်။
အရေးကြီးဆုံးသာအရာကား အမှန်တကယ် ကျေနပ်ရောင့်ရဲခြင်းပဲဖြစ် ပါသည်။ ဤစာအုပ်သည် တပည့်တော်မွေးထုတ်ခြင်းဆိုင်ရာ အဆင့်သုံးဆင့် အတွက် ဘုရားသခင်၏ရည်ရွယ်ချက်အမြင်ကို ဆွေးနွေး၍ အမှန်တကယ် ကျေနပ်ရောင့်ရဲ့ခြင်းအကြောင်းကို အကျဉ်းချုပ် မိတ်ဆက်ပေးခဲ့ပါသည်။
အထူးပြု ကြည့်ရှုစောင့်ရှောက်ခြင်း
အသစ်သောယုံကြည်သူများ၏လိုအပ်ချက် ဂရုစိုက်ခြင်းသည် အသင်း တော်၏ဦးစားပေးအရာအဖြစ် ရပ်တည်ရမည်။ မိသားစုသည် ကလေး၏လိုအပ် ချက်ကို ဖြည့်ဆည်း၍ စောင့်ရှောက်ပေးသကဲ့သို့ အသင်းတော်သည်လည်း ဘုရားသခင်၏အသစ်သောယုံကြည်သူများအတွက် သင့်တော်သည့် ပြုစုစောင့် ရှောက်ခြင်းကို သေချာလုပ်ဆောင် ပေးရမည်။

အသစ်သောယုံကြည်သူ များအတွက် ရှင်းလင်းသောဧဝံဂေ လိတရား၊ ဘုရား သခင်၏နှုတ်က ပတ်တော်အားဖြင့် တိုက်ကျွေးခြင်း၊ သူတို့အပေါ်၌ ခမည်းတော်၏ စောင့်ရှောက်ခြင်းကို နားလည်စေ ခြင်းတို့လိုအပ်ပါသည်။ သူတို့ သည် ယုံကြည်ခြင်း၌ ခိုင်ခံ့စွာရပ် တည်နိုင်ရမည့်အကြောင်း သူတို့၏ယုံကြည်ခြင်းကို အားပေးရန်ရည်ရွယ်ထားခြင်း ဖြစ်သည်။
ထိုသူတို့သည် အသက်တာမယိမ်းယိုင်ရဘဲ အပြစ်တရား၊ ခွင့်လွှတ်ခြင်း တရား၊ ခရစ်တော်နှင့် ယုံကြည်ခြင်း စသည်တို့ကို ရှင်းလင်းစွာ နားလည်ရမည့် အကြောင်း သူတို့၏ယုံကြည်ခြင်းကို အားပေးဖို့ လိုအပ်ပါသည်။ သို့မှသာ သူတို့၏ ပတ်ဝန်းကျင်၌ တည်မြဲသောဘုရားသခင်၏ချစ်ခြင်းမေတ္တာကို ပိုမိုလေးနက်စွာ ယုံကြည်စိတ်ချစေမည်ဖြစ်သည်။
အသစ်သောယုံကြည်သူတစ်ဦးသည် မိမိအသိုင်းအဝန်းထဲမှ ထွက်လာ သောအခါ ခရစ်ယာန်အသက်တာ၏ပုံစံအမျိုးမျိုး၊ မိတ်သဟာယဖွဲ့ခြင်းနှင့် သန့်ရှင်းခြင်းတို့ကို ဆက်လက်လေ့ကျင့်ပေးဖို့ လိုအပ်လာပါသည်။ အကယ်၍ သူတို့သည် တရားဥပဒေအသိုင်းအဝန်းထဲမှ ထွက်လာသောသူများဖြစ်လျှင် ကယ်တင်ခြင်းတရား၊ သန့်ရှင်းစင်ကြယ်စေခြင်းနှင့် ဧဝံဂေလိတရား၏လွတ် မြောက်ခြင်းတို့အပေါ်၌ အထူးရှင်းလင်းချက် လုပ်ဆောင်ပေးရမည်။
အကယ်၍ အခြားယုံကြည်သူတစ်ဦးသည် အိမ်၌ဖြစ်စေ၊ အလုပ်၌ဖြစ်စေ အများသုံးဝါဒကြောင့် အခက်တွေ့နေလျှင် ထိုသူရင်ဆိုင်နေတဲ့ပြဿနာကို အထူး ကိုင်တွယ်ဖြေရှင်းဖို့လည်း လိုအပ်ပါသည်။ မည်သည့်ကမ္ဘာ၌မဆို ထိုသို့သောသူ တို့ကို ကယ်တင်၍ အပေါင်းအသင်းဖွဲ့စေဖို့ လိုအပ်ပါသည်။ ဤအကြောင်းကြောင့် ဝိညာဉ်ရေးရာကြီးထွားဖွံ့ဖြိုးမှု ပထမအဆင့်၌ တစ်ဦးပေါ်တစ်ဦး တပည့်တော် မွေးထုတ်ခြင်းသည် အရေးပါခြင်းဖြစ်ပါ၏။ ထို့ကြောင့် အသစ်သောယုံကြည် သူအတွက် ပထမအဆင့်ကား ခရစ်ယာန်တို့၏အခြေခံတရားကို နားလည်ခြင်း၊ ဒုတိယအဆင့်ကား ခရစ်ယာန်အသက်တာ၌ ကြီးထွားဖွံ့ဖြိုးမှုကို ဦးတည်ခြင်း တို့ဖြစ်ပါသည်။
ယုံကြည်ခြင်းကို ပေါင်းစပ်ပါ
ထိုသူတို့၏အသက်တာသစ်ကို နားလည်ခြင်းနှင့်အတူ တစ်ခုလုံးအနေဖြင့် ဘုရားသခင် လုပ်ဆောင်နေသောအရာကို ပေါင်းစပ်ခြင်းသည် ဝေဖန်စရာ ဖြစ်တတ်၏။ တကယ်တော့ သူတို့သွားနေတဲ့ ခရစ်ယာန် အသက်တာအတွက် နက်နဲသောအုတ်မြစ်ချခြင်းဖြစ်သည်။ ဥပမာ နှစ်ခု ဖော်ပြပါမည်။
ဘုရားသခင်၏နှုတ်ကပတ်တော်အပေါ် သူတို့၏ဆာငတ်မှုအသစ်ကို ဖော် ထုတ်ရမည်။ ကလေးငယ် တစ်ဦးက မိမိ၏မိခင်နို့ဆာလောင်နေခြင်းနှင့်တူပါ သည်။ ထိုသို့ဖြစ်ခြင်းသည် သူတို့၏အသက်တာသစ်ဖြစ်၍ ဘုရားသခင်၏နှုတ် ကပတ်တော်ကို ဆာငတ်ခြင်းဖြစ်ကြောင်း သိစေပါ။ အစားအစာကို စားရသကဲ့သို့ ၎င်းသည်လည်း ပုံမှန်သွားနေမည်ဖြစ်သည်။
အသစ်သောယုံကြည်သူများသည် အခြားသောသူများနှင့်အတူ ဆုတောင်း ၍ နှုတ်ကပတ်တော်ကို ဝေငှလိုကြ၏။ ၎င်းသည် သူတို့၏အသက်တာထဲ၌ ဘုရား သခင်၏ဝိညာဉ်တော် နိုးကြားစေခြင်းဖြစ်၍ သူတို့သည် ပို၍ကြီးမားသော ဝိညာဉ် ရေးရာ မိသားစုဝင်များဖြစ်ကြောင်းကို သိစေရမည်။ ဤအတိုင်း ပုံမှန်ညွှန်ကြား သောအခါ အသစ်သောခရစ်ယာန်များသည် သူတို့အသက်တာထဲ၌ ဘုရားသခင် ပါဝင် ခြင်းအပေါ် ကောင်းကောင်း ကိုင်တွယ်စပြုတတ်လာကြမည်။ သေးငယ်သော ဤသင်ခန်းစာများသည် ပို၍ကြီးမားသော ရုပ်လုံးကို ပုံဖော်စေပါသည်။ သူတို့ အသက်တာ၌ ဖြစ်ပျက်နေသောအရာနှင့် ဘာ့ကြောင့် ဖြစ်ပျက်ရတာလဲဆိုတဲ့အရာ နှစ်ခုကို ချိတ်ဆက်ပေးဖို့ သတိရပါ။ ဘုရားသခင်၏ဝိညာဉ်တော်သည် သူတို့အထဲ၌ လုပ်ဆောင်လျက်နေ၏။ ထိုအသက်သည် ကြီးထွားလျက် သူ့ဖာသာသူဖော်ပြ လျက်နေ၏။
ဘုရားသခင်၏မဆုံးသောမေတ္တာ
ဘုရားသခင်၏မေတ္တာသည် တည်တံ့မြဲမြံ၍ အစစ်အမှန်ဖြစ်ပါသည်။ ကျွန်ုပ်တို့မှားယွင်း သော်လည်း ခရစ်တော်အားဖြင့် ခွင့်လွှတ်ခြင်းကို ရရှိဖို့ရန် ဘုရားသခင်သည် လမ်းကို ပြင်ဆင်ပေးတော်မူ၏။ ကိုယ်တော်သည် ကျွန်ုပ်တို့အား အားပေးသူ သို့မဟုတ် ထောက်ခံသူဖြစ်ပါသည် (၁ယော၊၂:၁-၂)။ အကယ်၍ ငါတို့သည် ကောင်းမွန်သောမိသားစုအသိုင်းအဝန်းမှ မကြီးပြင်းလာပါ က ငါဟာ ချစ်ခြင်းမခံစားရဟု ခံစားနိုင်တယ်။ သို့သော် မှန်ကန်သောတပည့်တော်ဖြစ်စေ ခြင်းဆိုသည်မှာ အသစ်သောယုံကြည်သူများအား သူတို့အပေါ် ၌ တည်မြဲသော ဘုရားသခင်၏မေတ္တာရှိကြောင်း သဘောပေါက်စေခြင်းအားဖြင့် ကြီးထွားလာခြင်း ကိုခေါ်သည်။
ခရစ်တော်အားဖြင့် သူတို့နှင့်မထိုက်တန်သော ခရစ်တော်၏အပြစ်ခွင့် လွှတ်ခြင်းကို မှန်ကန်စွာ သိရှိသင်ယူလာကြသောအခါ ချီးမွမ်းဂုဏ်ပြုခြင်းသည် လည်း ပို၍လေးနက်လာပါသည်။ သူတို့၏ ကြိုးစား အားထုတ်မှုကြောင့် မဟုတ်ဘဲ လက်ဝါးကပ်တိုင်ပေါ်၌ သူတို့ကိုယ်စား ယေရှုခရစ်တော်၏ လုပ်ဆောင်ချက် ဖြစ်သည့် ကြီးမြတ်သောအရေးပါမှုကို မြင်တွေ့လာကြပါလိမ့်မည်။ .
ဘုရားသခင်သည် အဆင့်တိုင်း၌ နောက်တစ်လှမ်း ကြီးထွားဖွံ့ဖြိုးမှု အတွက် တန်ဖိုးရှိသော အခြေခံအုတ်မြစ်ကို တည်ဆောက်လျက်နေ၏။ အသစ် သောယုံကြည်သူများသည် ဘုရားသခင်၏မေတ္တာကို ကောင်းကောင်းဆုတ်ကိုင် ထားခြင်းမရှိပါက ဝိညာဉ်ရေးရာ ကြီးထွားဖွံဖြိုးမှု၏ဒုတိယအဆင့်၌ အခက်ခဲရှိ နိုင်ပါသည်။ ယနေ့ အသင်းတော်၌ ကြီးမားသောပြဿနာကား ထိုအရာပေတည်း။ အသစ်သော ယုံကြည်သူများကို ကောင်းကောင်းမပြုစုခြင်းသည် ကြီးရင့်သော သူယုံကြည်သူများကို ချွတ်ယွင်းစေပါသည်။
အကျဉ်းချုပ်
ပြောစရာများစွာရှိသော်လည်း အနှစ်ချုပ်ပြောရလျှင် အသစ်သောယုံ ကြည်သူများကို ပြုစုပျိုးထောင်သည့်နေရာ ဤပထမအဆင့် လေ့ကျင့်ပေးခြင်း အတွက် ဘုရားသခင်၏ရည်ရွယ်ချက် ပြန်လည်အားဖြည့် စေခြင်းအား ဦးစားပေး ခြင်းကို ကျွန်ုပ်တို့ညှိဖို့လိုအပ်ကြောင်း အောက်မေ့ရမည်။ အသစ်သော ယုံကြည်သူ များကို ပြုစုစောင့်ရှောက်ဖို့ရန် ကျွန်ုပ်တို့သည် ဘုရားသခင်၏လူတို့အား ထက်မြက် စွာ လေ့ကျင့်ပေးခြင်းဖြစ်ကြောင်း ယုံကြည်စိတ်ချရမည်။
ဤသင်ခန်းစာများသည် အခြေခံကျ၍ မရှိမဖြစ်လိုအပ်သောအရာဖြစ် သော်လည်း အသင်းတော်၌ အကြီးအကျယ် လိုအပ်လျက်ရှိ၏။ ပြုစုစောင့် ရှောက်ခြင်းမရှိဘဲလျက် သူတို့သည် ခရစ်ယာန်အသက်တာ၏ ဒုတိယအဆင့်၌ မှန်ကန်စွာ ကြီးထွားဖို့ရန် တည်မြဲသောမေတ္တာနှင့်ယုံကြည်မှုကို ရရှိနိုင်ကြမည် မဟုတ်ပေ။ ထိုသူတို့သည် သင်မျှော်လင့်သည့်အတိုင်း ဖြစ်မလာကြဘဲ သူတို့၏ ခရစ်ယာန်အသက်တာ၌ ဒယိမ်းဒယိုင် ဖြစ်လာကြလိမ့်မည်။
အသစ်သောယုံကြည်သူတွေဟာ မတည်တံ့ကြဘူးဆိုတဲ့ အပြစ်တင်စ ကားကို ငါတို့ရပ်တန့်ဖို့ အချိန်ကျရောက်ပါပြီ။ အစကတည်းက ငါတို့အား ဘုရားသခင်သွန်သင်ခဲ့သည့် သူတို့ပြုစု စောင့်ရှောက်ခြင်းကို စတင်ဖို့ဖြစ်လာသည်။
အသစ်သောယုံကြည်သူ၏အဆင့်သည် တိုတောင်း၍ ချက်ချင်း ဖြည့် ဆည်းပေးဖို့လိုအပ်ပါသည်။ နတ်ဆိုးသည် သူတို့ကိုဖျက်ဆီးရန် အသင့်စောင့် ဆိုင်းလျက်နေ၏။ ကျွန်ုပ်တို့သည် သူတို့ထံရောက်အောင် အစွမ်းကုန်ကြိုးစား၍ သူတို့ကိုလမ်းပြကြရမည်။ အစပိုင်း၌ သူတို့စိတ်နှလုံးကို လှူံ့ဆော်၍ သင်ယူစေရန် ခက်ခဲသလိုဖြစ်သော်လည်း ခရစ်ယာန်အသက်တာ၌ လဲကျနေသောသူများအား ပြန်လည်ထူထောင်ခြင်းထက် သူတို့နှင့်အတူ လုပ်ဆောင်ရသည်မှာ ပျော်ရွှင်ဖွယ် ဖြစ်ပါသည်။ ဘုရားသခင်၏အလိုတော်ကို မဖြစ်ဖြစ်အောင် ဆောင်ရွက်ကြပါစို့။
သင်ခန်းစာ
- အသင်းတော်နှင့်ခရစ်ယာန် လေ့ကျင့်ပေးရေးအဖွဲ့အားလုံးတို့သည် အသစ်သောယုံကြည်သူများကို ကိုယ်တိုင်ကိုယ်ကျ ဂရုတစိုက် တပည့် တော်ပြုကြရမည်။
- အသစ်သောယုံကြည်သူများကို အာနာဂတ်အတွက် မျှော်မှန်းလျက် လေ့ကျင့်ပေးရုံမကဘဲ ပြည့်ဝသော ကြီးထွားခြင်းသို့ ပို့ဆောင်ကာ အခြားယုံကြည်သူအသစ်များကို မွေးထုတ်နိုင်သည်ထိ ဘုရားသခင် အသုံးပြုဖို့ လေ့ကျင့်ပေးရမည်။
- အသစ်သောယုံကြည်သူများအတွက် အထူးလုပ်ပေးသည့်ပစ္စည်းကို သူတို့ အသက်တာ၌ အထူးလိုအပ်မှု ရှိသောအခါ ပေးအပ်ရမည်။
ကျက်မှတ်ဆင်ခြင်ပါ
- တိ၊၃:၅-၆
တာဝန်ပေးအပ်ခြင်း
- အသစ်သောယုံကြည်သူများကို သင်လေ့ကျင့်ပေးဖူးပါသလား။ ရှင်းပြပါ။
- အသစ်သောယုံကြည်သူကို လေ့ကျင့်ပေးဖို့ရန် ဘာအစီအစဉ် သို့မဟုတ် ဘာပစ္စည်း ရှိပါသနည်း။
- သင်သိတဲ့ အသစ်သောယုံကြည်သူသုံးဦး အကြောင်းကို စဉ်းစားပါ။ အကယ်၍ သူတို့ကို သင်တပည့်တော်မွေးထုတ်မည်ဆိုလျှင် သူတို့အတွက် လိုအပ်သောအရာ သင်မည်သို့ ထည့်သွင်း စဉ်းစားပေးမည်နည်း။
- အကယ်၍ သင်သည် တပည့်တော်မွေးထုတ်ခြင်း၌ ပါဝင်လျှင် သင့်လူ များက အခြားသူများကို လေ့ကျင့်ပေးရာတွင် အသုံးပြုဖို့ အထူးပြုသင် ခန်းစာများကို ချပြရမည်။ သင်မည်ကဲ့သို့ ဖြစ်စေလိုသည်ကိုရေးချပါ။
© Paul J. Bucknell · Burmese translation: ဓမ္မဆရာတော် ဦးဘီထန်း (Bee Htan) · Biblical Foundations for Freedom