အသက်၏အနှစ်သာရ — The Life Core. ခရစ်ယာန် အသက်တာ၏ အခြေခံအမှန်တရားများ. Burmese edition banner with a growing seedling at sunrise over mountains.

အသက်၏အနှစ်သာရ — The Life Core

အခန်း ၂၇ — အသစ်သောယုံကြည်သူကို လေ့ကျင့်ပေးခြင်း

ပြီးခဲ့တဲ့သင်ခန်းစာ၌ ခေါင်းဆောင်မှုပိုင်းဆိုင်ရာ လေ့ကျင့်ပေးခြင်း၏ အဓိကအမှားများကြောင့် အသင်းတော်၌ ယုံကြည်ခြင်းအားနည်းခြင်း၊ ဘုရား တရားမကြည်ညိုခြင်းနှင့် ခေါင်းဆောင်များမမွေးထုတ်ခြင်း ဟူသောအချက်တို့ကို ကျွန်ုပ်တို့ထုတ်ဖော်ခဲ့သည်။

ကျွန်ုပ်တို့သည် ခရစ်ယာန်အသက်တာ ကြီးထွားဖွံ့ဖြိုးမှု အဆင့်ဆင့်တိုင်း၌ ဖြစ်ပျက်ရန် လိုအပ်သော အရာကို ရှင်းပြချက် အပြည့်အစုံမပေးနိုင်သော်လည်း ဖြစ်သင့်သောအရာကို မျှော်လင့်ချက်ကြီးစွာဖြင့် အကောင်းဆုံးတင်ဆက်ပေးနိုင်ပါ သည်။ ဤအရာသည်လည်း သင်ကြားပေးသူ၊ သင်းအုပ် သို့မဟုတ် တပည့်တော် ပြုသူ စသည့်ပုဂ္ဂိုလ်များထံမှ အစပြု၍ ဘုရားသခင်၏လူတို့အား အနည်းဆုံး မည်သို့ပြင်ဆင်မှုပြုရန် လိုအပ်သည်များကို တွေးတောကြံစည်ရာ၌ အထောက် အကူပြုပါလိမ့်မည်။

ယောဟန်၏တင်ပြခြင်း တန်ခိုးအရှိန်ဖြစ်သည့် ဝိညာဉ်ရေးရာ ကြီးထွား ဖွံ့ဖြိုးမှု အဆင့်အသီးသီး၏ လမ်းစဉ်သည် အစပြုပြီးဖြစ်ပါသည်။ ယောဟန်က ယုံကြည်သူများကို သုံးဖွဲ့ဖြင့် ပိုင်းခြားထားပါသည်။ ကလေးငယ်များ၊ လူငယ်များနှင့် ဖခင်များတို့ဖြစ်ပါသည်။ ဤအပိုင်းသည် အသစ်သောယုံကြည်သူများနှင့် ကလေး ငယ်များ အပေါ်၌ ဦးတည်ပါလိမ့်မည်။ သားသမီးတို့၊ သင်တို့သည် ကိုယ်တော်၏ နာမတော်အားဖြင့် အပြစ်များ ခွင့်လွှတ်ခြင်းခံရပြီ ဖြစ်သောကြောင့် သင်တို့ထံသို့ ငါရေးလိုက်၏။ ….. သားသမီးတို့၊ သင်တို့သည် ခမည်းတော်ကို သိကြသောကြောင့် သင်တို့ထံသို့ ငါရေးလိုက်၏…. (၁ယော၊ ၂:၁၂-၁၄)။

ပြီးခဲ့တဲ့သင်ခန်းစာ၌ ယုံကြည်သူအသစ်ကို ပုံဆောင်ထားတဲ့ ကလေးငယ် တစ်ဦးရဲ့ အထူးပြုစု စောင့်ရှောက်ခြင်း လိုအပ်မှုကို အကျဉ်းချုပ် ဆွေးနွေးပြီးဖြစ်ပါ သည်။ သင်ကြားပေးသူများနှင့် လေ့ကျင့်ပေးသူများဖြစ်သည့်အလျောက် ၎င်းသည် ကျွန်ုပ်တို့အတွက် အရိပ်နိမိတ်ဖြစ်ပါသည်။ ခရစ်ယာန် အသက်တာ ကြီးထွားဖွံ့ဖြိုးမှုဆိုင်ရာ ဤအဆင့်အတွက် ကျွန်ုပ်တို့သည် ယောဟန်၏စကားများ ထဲမှ ဘုရားသခင်၏အဓိက ရည်ရွယ်ချက်ပန်းတိုင်များကို ရှင်းလင်းစွာ ဖော်ထုတ် နိုင်ပါသည်။ တစ်ချိန်တည်းမှာပင် အသစ်သောယုံကြည်သူများအား မည်ကဲ့သို့ လေ့ကျင့်ပေးရန် လိုအပ်သည်ကို ကျွန်ုပ်တို့နားလည်နိုင်ပါသည်။ ယုံကြည်သူများ အတွက် ဘုရားသခင်၏ရည်ရွယ်ချက်ပန်းတိုင်များနှင့် ကျွန်ုပ်တို့၏လေ့ကျင့်ပေး ခြင်းတို့သည် အပြန်အလှန်ဆက်နွယ်မှုရှိရမည်။

သေးဖွဲသော ကြိုးပမ်းမှုများ

တပည့်တော်မွေးထုတ်ရန် အထူးလိုအပ်ချက်ကို ထိရောက်စွာ လုပ်ဆောင် ခြင်းမရှိခဲ့ပေ(မ၊၂၈:၂၀)။ သင်းအုပ်ဆရာ အနည်းငယ်သာလျှင် တပည့်တော်မွေး ထုတ်ခြင်းသည် အရေးကြီးကြောင်း ယုံကြည်ကြ၏။ ၎င်းသည် သူတို့၏အပြုအမူ အားဖြင့် ထင်ရှားတတ်၏။ များစွာသောသူများက ယေရှုကိုခေါ်၍ ယုံကြည်ရာတွင် ဝမ်းသာအားရဖြစ်သော်လည်း ထိုယုံကြည်ခါစလူများကို ပြုစုစောင့်ရှောက်ရန် လျစ်လျူရှူတတ်ကြ၏။ အကယ်၍ မိန်းမတစ်ဦးသည် ကလေးမွေးဖွား၍ ထိုကလေးသည် ချက်ချင်းလမ်းလျှောက်ပါက ကျွန်ုပ်တို့အားလုံး တုန်လှုပ် အံ့ဩသွားပေမည်။ သို့ဖြစ်၍ ဧဝံဂေလိဆရာများကသာလျှင် ပြောင်းလဲပြီး သူများကို ဆက်လက်သွန်သင်မှု ပြုနိုင်သည်။ တစ်ဘက်မှာ အစဉ်အလာအတိုင်း ဟောပြောခြင်းတစ်ခုသာ လုပ်ဆောင်ပြီး အသက်တာလေ့ကျင့်ပေးခြင်း မရှိသော အခါ ယုံကြည်သူများ၏အသက်တာသည် အားနည်းလာတတ်၏။

ကျွန်ုပ်တို့၏မိရိုးဖလာထုံးတမ်းစဉ်လာသည် ကျွန်ုပ်တို့အပေါ်၌ မည်သို့ပင် ဂယက်ရိုက်ခတ် သည်ဖြစ်စေ အသင်းတော်သည် အသစ်သောယုံကြည်သူများကို ရက်ရက်ရောရောချစ်၍ သူတို့၏ဝိညာဉ်ရေးရာကို ပြုစုစောင့်ရှောက်ဖို့ရန် ဘုရားသခင်ခေါ်ထားခြင်းဖြစ်ပါသည်။ အထူးသဖြင့် အသင်းတော် အနေဖြင့် အစပိုင်း၌ ထိုဂရုစိုက်မှုကို ရရှိစေရန် လေ့ကျင့်ပေးဖို့ လိုအပ်ပါသည်။ သင်းအုပ်၊ ဧဝံဂေလိဆရာနှင့် ဓမ္မဆရာတို့သည် အသင်းတော်အား သူ့လုပ်ငန်းဖြစ်သည့် တပည့်တော်မွေးထုတ်ခြင်း ဆောင်ရွက်နိုင်ဖို့ရန် တပ်ဆင်မွေးမံပေးရမည်။ တပည့်တော်ဖြစ်စေခြင်းနှင့်စပ်လျဉ်း၍ ကျွန်ုပ်တို့၏အခြားစာအုပ်များ သည်လည်း ဤနယ်ပယ်၌ လေ့ကျင့်ပေးခြင်းကို အကျယ်တဝင့် ဖော်ပြပေးပါသည်။

ပထမ၊ ကျွန်ုပ်တို့သည် လေ့ကျင့်ပေးသူများဖြစ်သည့်အလျောက် အသစ် သောယုံကြည်သူများကို ပြုစုစောင့်ရှောက်စေရန် ရင့်ကျက်သောယုံကြည်သူများ အတွက် တာဝန်ဝတ္တရားဖြစ်သည့်ရူပါရုံကို ချဲ့ထွင်ပေးရမည်။ သက်တမ်း နှစ်နှစ်ရှိပြီဖြစ်တဲ့ ယုံကြည်သူကို လေ့ကျင့်ပေးခြင်းအားဖြင့် အခြားယုံကြည်သူ အသစ်ကို လေ့ကျင့်ပေးနိုင်ပါလိမ့်မည်။

ဒုတိယ၊ ဤအခြေခံကျကျ ပြုစုခြင်းဆိုတာ ဘာလဲဆိုတာကို ကျနော်တို့ရှင်း ပြရမည်။ အဲဒီထဲမှာ သူငယ်ချင်းဖြစ်ခြင်း၊ သူတို့၏ပြဿနာကို ဝိုင်းဝန်းကူညီခြင်း၊ ဘုရားသခင်၏နှုတ်ကပတ် သမ္မာတရားကို သင်ပေးခြင်းနှင့်သူတို့ရင်ဆိုင်နေသော ပြဿနာကို ကိုင်တွယ်နည်း စသည်တို့ပါဝင်ပါသည်။ ပို၍ခက်ခဲသော ပြဿနာ များကို သင်အုပ်ထံသို့ လွှဲပြောင်းပေးနိုင်ပါသည်။

တတိယ၊ အသစ်သောယုံကြည်သူအား လေ့ကျင့်ပေးခြင်းသည် ဝိညာဉ် ရေးရာ ကြီးထွားဖွံ့ဖြိုးမှုနှင့် လေ့ကျင့်ပေးခြင်း ပုံရိပ်တစ်ခုလုံးနှင့် သင့်တော်ကြောင်း ကျွန်ုပ်တို့ပြသဖို့ လိုအပ်ပါသည်။ ဤရှုထောင့် အမြင်သည် လေ့ကျင့်ပေးသူအား အသစ်သောယုံကြည်သူများအပေါ်၌ ဖြစ်ပျက်မည့်ရူပါရုံကို လက်ဆင့်ကမ်း ရာတွင် အထောက်အကူဖြစ်စေပါသည်။

စတုတ္ထ၊ ခရစ်ယာန်အသက်တာကြီးထွားခြင်း ပထမအဆင့်၌ အသစ်သော ယုံကြည်သူများ သင်ယူဖို့ရန်နှင့်ကျွမ်းကျင်ဖို့ရန် လိုအပ်သည်များကို ဖော်ထုတ်ပေး ရမည်။ ထိုသို့ဆိုရာတွင် အသစ်သော ယုံကြည်သူများ ညွှန်ကြားရန်အတွက် သူတို့အသုံးပြုနိုင်သည့် လေ့ကျင့်ပေးခြင်းဆိုင်ရာ ပစ္စည်းများ ပါဝင်နိုင်ပါသည်။

တမန်တော်ယောဟန်သည် ဤတစ်ခုလုံးဖြစ်စဉ် အဆင့်ဆင့်တိုင်း၌ အမှန်တကယ် ပြောစရာများစွာရှိပါသည်။ အခြားကျမ်းချက်များထဲမှလည်း ကျွန်ုပ် တို့သင်ယူနိုင်ပါသည်။ အခြားယုံကြည်သူအသစ်များကို လေ့ကျင့်ပေးနိင်မည့် ဤယုံကြည်သူအသစ်များအတွက် တပည့်တော်မွေးထုတ်ခြင်းဆိုင်ရာ တာဆာ ပလာများကို ကျွန်ုပ်တို့အလျင်အမြန် စုဆောင်းရရှိနိုင်ပါသည်။

ပို၍ကြီးမားသော ရှုထောင့်အမြင်

ဘုရားသခင်သည် တပည့်တော်ပြုသူရော တပည့်တော်အပေါ်၌ပါ တပြိုင် နက်အလုပ် လုပ်တော်မူ၏။ မိခင်နှင့် ကလေး ငယ်အကြောင်းကို စဉ်းစားကြည့်ပါ။ မိခင်က ကလေးငယ်အား ကျွေးမွေးပြုစုနေသည်ကို ဘုရားသခင် ကျေနပ်အားရ ပါသည်။ ဘုရား သခင်သည် ကလေးငယ်အား ကျွေးမွေးစေရန် သူ့မိခင်ကို အသုံးပြု၍ မိခင်သည် မင်္ဂလာရှိ သောသူဟု မှတ်ယူခြင်းခံရ၏။

Illustration from the original Burmese The Life Core manuscript, chapter 27, figure 1

ထိုနည်းတူစွာ ဘုရားသခင်၏အသစ်သောသားသမီးတို့၏ ဆာလောင်မှု သည် သူတို့ကိုကျွေးမွေးပြုစုစေရန် ပို၍ရင့်ကျက်သောသူတို့ကို သတိပေးလျက် နေ၏။ ဘုရားသခင်၏လူတို့သည် အသစ်သောယုံကြည်သူများကို ပြုစု၍ အကြံ ဉာဏ်ပေးသကဲ့သို့ သူတို့လည်းပဲ သူတို့နှင့်စပ်ဆိုင်သော အသစ်သောယုံကြည်သူ များကို ထိုသို့ပြုလျက်နေကြ၏။ လေ့ကျင့်ပေးသူသည် အသစ်သောယုံကြည်သူ များကို လေ့ကျင့်ပေး၍ သူ့ရဲ့ပြုစုစောင့်ရှောက်ခြင်းကို ခံယူလျက်နေကြသော် လည်း ထိုအမှုနှင့် ကျေနပ်ရောင့်ရဲမနေသင့်ပါ။ အခြားသောသူများကို လေ့ကျင့် ပေးနိုင်တဲ့အဆင့်ထိ ရောက်ရှိဖို့လိုအပ်ပါသည်။ တပည့်တော်များသည် ကျွန်ုပ်တို့ ၏ပုံဥပမာအားဖြင့် များစွာသင်ယူတတ်ကြ၏။

ကျွန်ုပ်တို့ကြိုက်သည်ဖြစ်စေ၊ မကြိုက်သည်ဖြစ်စေ အသစ်သောယုံကြည် သူကို လေ့ကျင့်ပေးခြင်းသည် အချိန်အကန့်အသတ်ရှိ၏။ ကလေးငယ်သည် အလျင်အမြန် ကြီးထွားလာ၍ အသက်နှစ်နှစ်ပြည့်သောအခါ နို့ဖြတ်ခြင်းခံရသည့် အတိုင်း အသစ်သောယုံကြည်သူလည်းပဲ ယုံကြည်ခြင်း၏အခြေခံသမ္မာတရားကို သင်ကြားပေးဖို့ လိုအပ်ပါသည်။ တပည့်တော်မွေးထုတ်သောသူများသည် အသစ် သောယုံကြည်သူများနှင့် တွေ့ဆုံ၍ ထိုယုံကြည်သူသစ်များ ယုံကြည်လာပြီးနောက် ချက်ချင်း ဤသမ္မာတရားများကို အနည်းဆုံး ခုနှစ်ခါဆယ်ခါဆွေးနွေးကြမည်ဟု ကျနော်ယူဆပါသည်။

သင်အုပ်ဆရာများနှင့်ဧဝံဂေလိဆရာများကို လေ့ကျင့်ပေးသောသူတို့ သည် ယုံကြည်သူများ၏ အသက်တာများမှစ၍ ပို၍ရင့်ကျက်သောယုံကြည်သူများ ၏အသက်တာအားဖြင့် အသစ်သောယုံကြည်သူများကို လေ့ကျင့်ပေးရန် ဘုရား သခင်ပြုစေလိုသည့်ဤရူပါရုံကို ချဲ့ထွင်ရပါမည်။ ဤအရာသည် လေ့ကျင့်ပေးခြင်း နှင့်စပ်လျဉ်း၍ ကျွန်ုပ်တို့၏အဓိက ရည်ရွယ်ချက်ပန်းတိုင်များထဲမှ တစ်ခုဖြစ်မလာ ဖြစ်ပါက ကျွန်ုပ်တို့လေ့ကျင့်ပေးသည့်ထိုသူတို့သည် အခြားသူများကို လေ့ကျင့် ပေးရန် လျစ်လျူရှုနေသော အသစ်သောယုံကြည်သူကဲ့သို့ ဖြစ်သွားလိမ့်မည်။

ကျွန်ုပ်တို့သည် အသစ်သောယုံကြည်သူများကို ပြုစုဖို့ရန် အခြားသူများကို မည်ကဲ့သို့လေ့ကျင့်ပေးရန် မသိရှိသောအခါ ခေါင်းဆောင်များ လေ့ကျင့်ပေးခြင်း အကောင်းဆုံးအခွင့်ထူးကို ကျွန်ုပ်တို့ဆုံးရှုံးရပါ၏။ ထိုသို့ဖြင့် ကျွန်ုပ်တို့သည် အသစ်သောယုံကြည်သူများအား သူတို့လိုအပ်သည့်ကြီးထွားခြင်းကို မဖြည့်ဆည်း ပေးနိုင်တော့ပေ။

ယုံကြည်သူများသည် စောလျင်စွာ လေ့ကျင့်ပေးခြင်း မပြုလုပ်ကြသော ကြောင့် ပြဿနာသည် သူတို့၌ အမှန်တကယ်အစပြုသည်ဟု သင်စဉ်းစားဖူးပါသ လား။ အသင်းတော်၌ အခြားသောယုံကြည်သူများကို သမ္မာကျမ်းစာအတိုင်း လေ့ကျင့်ပေးမည့်အစား ဝိညာဉ်ရေးရာ ကြီးထွားခြင်းမရှိဟု ပြစ်တင်ဝေဖန်နေခြင်း သည် အလွန်ရှက်စရာကောင်းလှပါသည်။

အမှန်စင်စစ် သင်တို့သည် အချိန်ကာလအရ ဆရာများဖြစ်သင့်ဖြစ်သော် လည်း ဘုရားသခင်၏နှုတ်ကပတ်တရား၏အခြေခံကို တစ်စုံတစ်ယောက်က သင်တို့အား အစမှပြန်သင်ပေးရန် လိုအပ်နေ၏။ နို့ရည်ကို သောက်သုံးနေသော သူတိုင်းသည် ကလေးသူငယ်ဖြစ်သောကြောင့် ဖြောင့်မတ်ခြင်းနှင့်ဆိုင်သော နှုတ်ကပတ်တော်နှင့် ရင်းနှီးကျွမ်းဝင်ခြင်းမရှိ (ဟေဗြဲ ၅:၁၂-၁၃)။

ကျွန်ုပ်တို့၏စိန်ခေါ်မှု

ယနေ့ခေတ်ကြီးမှာ ကျွန်ုပ်တို့သည် မိခင်က မွေးကင်းစကလေးငယ် လေးကို ပြုစုစောင့်ရှောက် သကဲ့သို့တစ်ဦးပေါ်တစ်ဦး ပြုစုစောင့်ရှောက်ခြင်းကို ချဲ့ထွင်လျက် အသက်တာထဲ၌ လိုအပ်နေတဲ့ နှုတ်ကပတ်တော်နို့စစ်စစ်ကို တိုက် ကျွေးဖို့ အထူးလိုအပ်လာပါသည်။

“ဒီအရာအားဖြင့် ငါ့ကို ကြီးစွာအထောက်အကူ ဖြစ်စေပါတယ်။ ငါသင်ယူ ခဲ့တဲ့အရာကို ဘယ်တော့မှ မမေ့နိုင်ပါဘူးဟူ၍ ငါတို့အဖွဲ့ထဲက လူတွေက မှတ်ချက် ပေးလာတာကို ကြားရတာ ငါအရမ်း နှစ်သက်အားရမိပါတယ်။ ဤသို့သော မှတ်ချက်သည် ကမ္ဘာအဝှမ်း ပျံ့နှံ့ပါစေလို့ ဆုတောင်းလိုက်ပါတယ်။

သင်ခန်းစာ

  • ယုံကြည်သူတိုင်းက ပို၍ရင့်ကျက်သောယုံကြည်သူကို လိုအပ်၏။
  • ကိုယ်တိုင် တပည့်တော်ဖြစ်စေခြင်း မရှိပါက အသစ်ယုံကြည်သူများသည် မလိုအပ်သော ရုန်းကန်မှု များစွာနဲ့ ရင်ဆိုင်၍ အသင်းတော်မှစွန့်ခွာ နိုင်သည်။
  • ဧဝံဂေလိလုပ်ငန်းနှင့်သာသနာလုပ်ငန်း၌ ပါဝင်နေသောသူများသည် အသစ်သောယုံကြည်သူများ လေ့ကျင့်ပေးခြင်းတစ်ခုတည်းကိုသာ မလုပ် ဆောင်သင့်ဘဲ တစ်နေ့သောအခါ ဘုရားသခင်အသုံးပြုခံ၍ အသစ်သော ယုံကြည်သူအဆင့်မှ အခြားယုံကြည်သူသစ်များကို လေ့ကျင့်ပေးနိုင်သော သူဖြစ်သည်အထိ ရူပါရုံထားရှိရမည်။

ကျက်မှတ်ဆင်ခြင်ပါ

  • ဟေဗြဲ ၅:၁၂-၁၃

တာဝန်ပေးအပ်ခြင်း

  • ယုံကြည်သူအသစ်ကို သင်ညွှန်ပြဖူးပါသလား။ ဘယ်အချိန်မှာလဲ။ ဘယ် သူလဲ။
  • မညွှန်ပြဖူးပါက ဘာ့ကြောင့်ပါလဲ။
  • ယုံကြည်သူအသစ်များကို သင်မည်ကဲ့သို့လေ့ကျင့်ပေးသနည်း။ ဆွေးနွေး လို့ရသော အကြောင်းအရာ တစ်ခုကိုမှတ်သားလိုက်ပါ။

© Paul J. Bucknell · Burmese translation: ဓမ္မဆရာတော် ဦးဘီထန်း (Bee Htan) · Biblical Foundations for Freedom