
အသက်၏အနှစ်သာရ — The Life Core
အခန်း ၂၆ — ကွာဟချက်ကို ဆက်စပ်ခြင်း
အနောက်တိုင်းပညာရေးသည် အသိပညာအပေါ်၌ အခြေခံထားပါသည်။ ခရစ်ယာန်များ အထူးသဖြင့် ကျမ်းစာကျောင်းများက ၎င်းကို ချေပကြရမည်။ ကျွန်ုပ်တို့သည် လူတို့၏အသက်တာထဲ၌ ဘုရားသခင်၏နှုတ်ကပတ်တော် တန်ခိုး ဖြန့်ချီခြင်းဖြစ်သည့် ပိုမိုကြီးမားသော ရည်ရွယ်ချက်ပန်းတိုင်အားဖြင့် လှူံ့ဆော်ခြင်း ခံရ၏။
သီအိုလော်ဂျီပိုင်းဆိုင်ရာ လေ့ကျင့်ပေးခြင်းနှင့်ထိရောက်သောသာသနာ လုပ်ငန်း စပ်ကြား၌ အချိတ်အဆက်မရှိသည့်အရာ ကြီးကြီးမားမားရှိနေပါသည်။ ဓမ္မကောလိပ်မှ ကျောင်းပြီးသွားသော ကျောင်းသားများသည် သူတို့၏ရှေ့၌ လုပ်ဆောင်စရာလုပ်ငန်းအတွက် အသင့်ပြင်ဆင်ခြင်း မရှိကြပေ။ လောကအမြင် အရ ဤပြဿနာဖြေရှင်းချက်ကား ပညာများများလိုသည်ဟုပင်ဖြစ်ပါသည်။ ယနေ့ခေတ်၌ မဟာဘွဲ့နှင့်ပါရဂူဘွဲ့တို့သည် နေရာအနှံ့အပြားတွင် တွေ့ရှိရရှိ နိုင်ပါသည်။
မှန်ပါသည်၊ ဤဒီဂရီများကို ရရှိဖို့ရန် များများကြိုးစားအားထုတ်ရမည်ဟု ပြောဆိုနိုင်ပါသည်။ မိမိကိုယ်ကို ထိန်းချုပ်နိုင်ခြင်းသည် ကြီးမြတ်သောဆုလက် ဆောင်ဖြစ်သော်လည်း နောက်ကိုဆုတ်၍ နောက်ကွယ်၌ရှိသောအရာကို တစ်ချက် စိုက်ကြည့်ဖို့ လိုအပ်ပါသည်။ ကျွန်ုပ်တို့နှင့်ပတ်သက်တဲ့ ကျောင်းသားများအား သာသနာအတွက် အသင့်ဖြစ်မဖြစ်မေးဝံ့ပါသလား။ များသောအားဖြင့် အသင့် ဖြစ်ကြမှာ မဟုတ်ပါဘူး။
ကျွန်ုပ်တို့၏ပညာရေး ကိုင်တွယ်ဖြေရှင်းချက်ကား လူတစ်ဦးသည် မှန်ကန်သော အသိပညာအားဖြင့် ကြီးမားသောအရာများကို အမြတ်အစွန်း ရရှိလိမ့်မည်ဟု ဆိုထားသည်။ ဤကား လူသားနှင့်ပတ်သက်သည့်အတက် (အညှောက်)တစ်ခုပင်ဖြစ်သည်။ အသိပညာသည် ထည့်သွင်းစဉ်းစားရမည့် အပိုင်းအစ ဖြစ်သော်လည်း အားလုံးမဟုတ်ပေ။ ဝိညာဉ်ရေးရာပုံသွင်းခြင်းအပြင် ခရစ်ယာန်အသက်တာ၌ ဖြစ်ပျက်မည့်အရာဖြစ်သည့် ပို၍အရေးပါသော အကြောင်းအရာများလည်းရှိ၏။
အသိပညာသည် မကြာခဏ လူများနှင့်အတူတကွ ဆယ်နွယ်စေမည့် အစား ဝေးဝေးနေစေတတ်၏။ ဝိညာဉ်ရေးရာ ရင့်ကျက်ခြင်းသည်လည်း သီအို လော်ဂျီပိုင်းဆိုင်ရာ လေ့ကျင့်ပေးခြင်းနှင့် မှားယွင်းစွာတူစေတတ်ကြသည်။ တကယ်တော့ ဒီနှစ်ခုဟာ အလှမ်းဝေးကွာပါသည်။ အသိပညာကို အထူးပြု ဦးစားပေးသောအခါ ဘုရားတရားကြည်ညိုလျက် ထက်ြက်စွာအသက်ရှင်၍ ထက်မြက်စွာအစေခံဖို့ရန် စိတ်နှလုံးမြှင့်တင်ခြင်းအတွက် အချိန်အနည်းငယ်သာ ပေးနိုင်တော့သည်။ ဥပမာ ကျွန်ုပ်တို့သည် မြင့်မြင့်မားမား သင်ယူသောအခါ ဘုရားသခင်၏နှုတ်ကပတ်တော်အားဖြင့် ကျွန်ုပ်တို့အား ဘုရားသခင်မည်ကဲ့သို့ သွန်သင်ရမည်ကို သင်ယူဖို့ရန် အချိန်အနည်းငယ်သာ အခွင့်ပေးနိုင်တော့သည်။
ကျွန်ုပ်တို့သည် သဘောမတွေ့စရာ အကြောင်းအရာတွေကြားရလို့ ဝမ်းသာပေမယ့် တစ်ခုလုံးအနေနဲ့ ကြည့်ရင် လက်ရှိအသင်းတော်ခေါင်းဆောင် များက ငွေကြေးပိုင်းဆိုင်ရာ ရင်းနှီးငွေကြီးကြီးမားမားကို မှားယွင်းစွာ လေ့ကျင့် သင်ကြားလျက်နေ၏။ ဓမ္မကောလိပ်ရှိသမျှကို လှူဒါးနေတဲ့ ထက်ဝက်ကျော်ဟာ နောက်ငါးနှစ်ပြီးရင် သာသနာလုပ်ငန်းကို စွန့်ခွာတော့မှာ သံသယရှိစရာ မလိုပါဘူး။
အဘယ့်ကြောင့် ရှုံးနိမ့်ရသနည်း။
ဘာ့ကြောင့် ဤရှုပ်ထွေးခြင်းနှင့်ရှုံးနိမ့်ခြင်း ရှိရတာလဲ။ ဘုရားသခင်၏နှုတ် ကပတ်တော် ရှုံးနိမ့်နေ သောကြောင့်လော။ သို့မဟုတ် ဘုရားသခင်၏နှုတ်ကပတ် တော်က ကျွန်ုပ်တို့စိတ်နှလုံးကို မထိုးဖောက် နိုင်လို့လား။ သို့မဟုတ် အသင်း တော်၌ မှန်ကန်စွာ အမှုတော်ထမ်းဆောင်ဖို့ရန် လိုအပ်သော လေ့ကျင့်ပေးခြင်းကို ရရှိခံစားခြင်းမရှိလို့လား။
တမန်တော်ပေါလုက ကြားနာသောသူ၏နားထဲသို့ ဘုရားသခင်၏နှုတ် ကပတ်တော် မရောက်ရှိ သောကြောင့် ယုံကြည်ခြင်း အားနည်းရခြင်းဖြစ်သည်ဟု ဆိုပါသည်။ မျိုးစေ့ကျဲသည့် ပုံဥပမာ၌ ဤအကြောင်းအရာကို ယေရှုက ပိုမိုလေး လေးနက်နက် ဖော်ပြထားပါသည်။ သူက ဘုရားသခင်၏လူတို့သည် သူတို့၏ စိတ်နှလုံးကို အသင့်မပြင်ဆင်ကြသောကြောင့် မှန်ကန်စွာ သင်ယူခြင်းမရှိကြ ဟုဆို၏။
ဓမ္မကျောင်းသူ/သားများသည် ဘုရားသခင်၏နှုတ်ကပတ်တော်ကို မှန်ကန် စွာစူးစမ်းလေ့လာနိုင်မည့်အကြောင်း သူတို့၏စိတ်နှလုံး အသင့်ဖြစ်စေဖို့ရန် ကျွန်ုပ် တို့ဦးတည်ချက်ကို ပြောင်းသွားမည်ဆိုလျှင် ဘာဖြစ်မည်နည်း။ ထိုသူတို့သည် ကျမ်းစာနှင့်စပ်လျဉ်း၍ အိမ်စာကို ပြီးမြောက်အောင် ဖတ်ရုံသက်သက် သို့မဟုတ် အခြားသူများက မည်သို့ပြောဆိုထားသည် ဟူသောအရာကို လေ့လာခြင်းတို့ထက် ယုံကြည်ခြင်းကို မည်သို့ပြု၍ ရရှိမည်ကို သင်ယူဖို့ရန်လိုအပ်ပါသည်။
ကျွန်ုတော်သင်ယူချိန်တုန်းက ဓမ္မဟောင်းပါမောက္ခတစ်ပါးက “ဒီအချိန် ဟာ မင်းတို့အသက်တာ၌ ဓမ္မဟောင်းကျမ်းကို ဖတ်ရှူရန် အချိန်ကောင်းဖြစ် နိုင်သည်”ဟုဆို၏။ စာသင်ခန်းထဲ၌ သူသင်ကြားပေးသော အရာကို စဉ်းစား ကြည့်ပါ။
- ဓမ္မဟောင်းက အရေးမကြီးပါဘူး။
- ဓမ္မဟောင်းက မင်းတို့အသက်တာနှင့် လိုက်လျောညီထွေမှု ရှိလိမ့်မည် မဟုတ်။
- ဓမ္မဟောင်းကျမ်းကို တစ်ခါဖတ်ပြီးရင် မင်းတို့ဆက်ဖတ်ချင်မှာ မဟုတ် တော့ဘူး။
ဒီပါမောက္ခဟာ သူ့ရဲ့ယုံကြည်မှုကို မတော်တဆ ထုတ်ဖော်မိတာလည်း ဖြစ်နိုင်ပါတယ်။ အထက်က သူရဲ့ဖော်ပြချက်တွေဟာ မမှန်ကန်ပါဘူး။ သို့သော် ကျမ်းစာကို အပေါ်ယံပဲ ဖတ်မယ်ဆိုရင် ယုံကြည်ခြင်း ကင်းမဲ့နိုင်ပါတယ်။ သူက “ဓမ္မကျမ်းဟာ ငါ့ရဲ့အသက်တာနဲ့လည်း လိုက်လျောညီထွေမှုမရှိပါဘူး။ ဒါကြောင့် မင်းတို့ရဲ့ အသက်တာနဲ့လည်း လိုက်လျောညီထွေမှုရှိမယ် မထင်ဘူး”ဟူ၍ တိုက်ရိုက်ကြီးတော့ ပြောမှာ မဟုတ်ပါဘူး။
ကျောင်းသူ/သားများလည်း ဓမ္မဟောင်းကျမ်းကို ဖတ်ရှုရန် ထိတ်လန့် လာကြ၏။ သူတို့အဖို့ ယုံကြည်ခြင်း ကြီးထွားရန် အခွင့်အလမ်းမရှိတော့သလို ဖြစ်သွား၏။ ကျောင်းသူ/သားများသည် ကျောင်းပြီး နိုင်ဖို့ရန် စာသင်ရမည် ဖြစ်သောကြောင့် စာသင်ချိန်ဟာ အရေးကြီးတယ်ဆိုတာကို ဒီပါမောက္ခကြီးက နားလည်ပြီးသားဖြစ်ပါတယ်။
တစ်ချို့ပါမောက္ခများက ဓမ္မဟောင်းကျမ်းသည် ယုံကြည်အားထားလောက် သောအရာ မဟုတ်ဟု မစဉ်းစားတာလည်းဖြစ်နိုင်ပါ၏။ ဒီဓမ္မဟောင်းတရားကို ဝေဖန်တဲ့ပုံစံနဲ့ သင်ပေး၍ ယုံကြည်ခြင်းပိုင်းဆိုင်ရာကို အားနည်းစေတတ်ကြ၏။ တစ်ချို့ပါမောက္ခများကမူ ဓမ္မဟောင်းကို ယုံကြည်အားထားလောက်သည်ဟု ယုံကြည်ကြသော်လည်း သူတို့အသက်တာနှင့် သာသနာလုပ်ငန်းအတွက် လိုက် လျောညီထွေမှု မရှိဟု ယုံကြည်ကြပြန်၏။
တရားဟောတစ်ပါးသည် နှုတ်ကပတ်တော်သမ္မာတရားအားဖြင့် ပုံသွင်း ခြင်းမရှိဘဲလျက် ဒေသနာတစ်ပုဒ်ကို ဝေငှရုံမျှသာ ဟောပြောသောအခါ အထက်က ဖော်ပြသည့်ပုံစံအတိုင်း မကြာခဏဖြစ်လေ့ရှိ၏။ တရားဟောဆရာ သည် ယုံကြည်ခြင်းအားနည်းသည့်တိုင်အောင် သူဝေငှတဲ့နှုတ်ကပတ်တော်သည် ပရိသတ် အသက်တာအတွက် လိုက်လျောညီထွေမှုရှိပါ၏။
ကြွယ်ဝသောယုံကြည်ခြင်း
ယေရှုမူကား ဓမ္မဟောင်းကျမ်းကို လုံးလုံးခြားနားလျက် သင်ကြားပေး၏။ သူသည် ဓမ္မဟောင်းကျမ်း အတိုင်း ဘုရားတရားကြည်ညိုစွာ အသက်ရှင်ခဲ့၏။ စုံစမ်းနှောင့်ယှက်ခြင်းနှင့် တွေ့ဆုံသောအခါ ဓမ္မဟောင်းကျမ်းကို ကိုးကား၍ ချေပတတ်၏။ ဘုရားသခင်၏နှုတ်ကပတ်တော်အပေါ်၌ရှိတဲ့ သူ့ရဲ့ ယုံကြည်ခြင်းက သူ့ကို အကာအကွယ်ပေး၏။ ဓမ္မဟောင်းကျမ်းအားဖြင့် သူ၏အသက်တာအတွက် ဘုရားသခင်ချပေးသည့်အရာကို သူနားလည်သဘောပေါက်၏။
နေ့ပေါင်းလေးဆယ်နှင့်ညပေါင်းလေးဆယ် အစာရှောင်ပြီးနောက် ဆာလောင်တော်မူ၏။ ထိုအခါဖြားယောင်းသွေးဆောင်သောသူသည် ချဉ်းကပ် လာ၍ သင်သည် ဘုရားသခင်၏သားတော်မှန်လျှင် ဤကျောက်ခဲတို့ကို မုန့်ဖြစ် စေရန် အမိန့်ရှိပါဟုလျှောက်လေ၏။ ကိုယ်တော်ကလည်း လူသည် မုန့်အားဖြင့် သာအသက်ရှင်သည်မဟုတ်။ ဘုရားသခင်၏ နှုတ်ထွက်စကားရှိသမျှ အားဖြင့် အသက်ရှင်၏ဟူ၍ ကျမ်းစာ၌ ရေးထားသည်ဟု မိန့်တော်မူ၏ (မ၊၄:၂-၄)။
ကျွန်ုပ်တို့၏သင်ယူခြင်းဖြစ်စဉ်နှင့်အကြောင်းအရာအား ပြန်လည်ဆန်း စစ်ခြင်း အရေးကြီးပုံကို ဘယ်အခါမျှ အရေးတကြီးမရှိခဲ့ပါ။ ဆရာသမားသည် လည်း အကြောင်းအရာ သင်ကြားပေးခြင်း တစ်ဘက်ကိုကျော်လွန်သွား၍ ကျောင်းသူ/သားများ၏ယုံကြည်ခြင်းကို မြှင့်တင်ပေးရန် အထူးဂရုစိုက်ဖို့ လိုအပ် ပါသည်။ ဤယုံကြည်ခြင်းသည် ကျွန်ုပ်တို့အတွက် ဘုရားသခင်ထားပေးသည့် ရည်ရွယ်ချက် ပန်းတိုင်များ ရရှိဖို့ရန် တိုက်ရိုက်ဆက်နွယ်ပေး၏။
ကမ္ဘာအဝှမ်း၌ရှိသည့် ဘုရားသခင်၏လူများ ကြီးထွားခြင်း၌ ရပ်တန့်နေ သည့်အကြောင်းရင်း တစ်ရပ်ရှိပါသည်။ ဘုရားသခင်၏လူတို့သည် ဘုရားသခင်၏ ရည်ရွယ်ချက်ပန်းတိုင်များ ပြီးပြည့်စုံခြင်းကို မြင်တွေ့ခြင်းထက် အသိပညာ၌ ကျေနပ်ရောင့်ရဲရန် လေ့ကျင့်ပေးခြင်းကို ခံယူလျက်နေကြ၏။
အကယ်၍ ကျွန်ုပ်တို့သည် ဘုရားသခင်၏ရည်ရွယ်ချက်များနှင့်တန်ခိုးကို အောင်အောင်မြင်မြင် ဖော်ထုတ်မည်ဆိုလျှင် အသိပညာအားဖြင့် ပြဿနာ ကိုင်တွယ်ဖြေရှင်းနိုင်သည်ဟူသော ဖော်ထုတ်ချက်ကို ချေပရမည်ဖြစ်ပါသည်။ ကျွန်ုပ်တို့သည် မိမိတို့အသက်တာ၌ ထက်မြက်စွာလုပ်ဆောင်တတ်သော ဘုရားသခင်၏နှုတ်ကပတ်တော်ကို လိုအပ်ပါသည်။
ကျမ်းစာကျောင်းမှ ကျောင်းပြီးလာသော ကျောင်းသူ/သားများစွာတို့သည် ဘုရားသခင်ကို ကိုးစားမည့် အစား သူတို့၏အသိပညာ၌သာ မှီခိုအားထားကြ၏။ ထိုသို့ဖြစ်သည့်တိုင်အောင် ကောင်းမြတ်သော ဘုရားသခင်သည် သူတို့၏နည်းလမ်း အားဖြင့် ကောင်းသောအမှုပြုနိုင်၏။ အကယ်၍ ထိုကျောင်းသူ/ သားများသည် အသက်တာပြောင်းလဲ၍ ယေရှုကဲ့သို့ အစေခံရန် ကျွန်ုပ်တို့မျှော်လင့်ပါက ဘာဖြစ်သွား မည်နည်း။ ကောင်းကင်ဘုံ၌ စံမြန်းတော်မူသော ကျွန်ုပ်တို့၏သခင် ဘုရားသည် သူ့နာမ၏ဘုန်းအသရေနှင့် သူ့သိုးများအဖို့ မှန်ကန်သောလေ့ ကျင့်ခြင်းကို ရရှိစေခြင်းငှာ ကျွန်ုပ်တို့အား စောင့်ဆိုင်းလျက်နေ၏။
- အကယ်၍ ကျောင်းသူ/သားများသည် ကျမ်းစာကျောင်းမှ သာသနာထဲသို့ မည်ကဲ့သို့ခြေလှမ်းမည်ကို အခက်ခဲမရှိဘဲ ပြေပြစ်စွာ သင်ယူနိုင်ပါက ဘာဖြစ်မည်နည်း။
- အသင်းတော်၌ရှိသော ဘုရားသခင်၏လူတို့သည် ရင့်ကျက်ခြင်းသို့ အပြည့်အဝ အမှန်တကယ် ကြီးထွားနိုင်ပါက ဘာတွေဖြစ်ပျက်နိုင် သနည်း။
ကျွန်ုပ်တို့ဆရာသမားများသည် ယုံကြည်ခြင်း၌ အားနည်းကြသောကြောင့် ကျွန်ုပ်တို့၏ ကျောင်းသူ/ သားများနှင့် ဘုရားသခင်၏နှုတ်ကပတ်တော်သည် အလှမ်းဝေးသည်ဟု မျှော်လင့်ရပါသည်။ ယေရှုမူကား ဘုရားသခင်၏နှုတ်ကပတ် တော်ဖြစ်သည့် ဓမ္မဟောင်းကျမ်း၌ ကြီးမားသောယုံကြည်ခြင်းရှိ၏။ ရေးသားချက်၏ ဆိုလိုရင်းကား ဘုရားသခင်မိန့်ဆိုခဲ့သော စကားတော်သည် ယနေ့ထိ တန်ခိုးနဲ့ ပြည့်ဝ လျက်ရှိ၏။
သင်ခန်းစာ
- အသိပညာ၌ ကိုးစားခြင်းသည် ပုံမှန်လေ့ကျင့်ပေးခြင်း၌ဖြစ်စေ၊ ပုံမှန် မဟုတ်သည့် လေ့ကျင့်ပေးခြင်း၌ ဖြစ်စေ ကျွန်ုပ်တို့၏ရည်ရွယ်ချက် ပန်းတိုင်များကို ရှုပ်ထွေးစေပါသည်။
- ဆရာသမားတစ်ဦး၏ယုံကြည်ခြင်းသည် အဆိုးရောအကောင်းပါမကျန် ကျောင်းသားတစ်ဦး၏သင်ယူ လေ့လာခြင်းနှင့်ယုံကြည်ခြင်းကို လွှမ်းမိုး နိုင်သည်။
- ယေရှုကဲ့သို့ ဘုရားသခင်၏နှုတ်ကပတ်တော်ကို ယုံကြည်ဖို့ရန် မိမိတို့ ကိုယ်တိုင် ပြန်လည်ဆက်ကပ် အပ်နှံခြင်းအားဖြင့်သာလျှင် ကျွန်ုပ်တို့၏ သင်ကြားခြင်းသည် လိုက်လျောညီထွေမှု၊ အင်အား၊ ကျန်းမာခြင်းနှင့် အထောက်အမရှိလာမည်ဖြစ်ပါသည်။
ကျက်မှတ်ဆင်ခြင်ပါ
- မ၊၄:၄
တာဝန်ပေးအပ်ခြင်း
- များမကြာမီ သို့မဟုတ် လွန်ခဲ့တဲ့အချိန်၌ သင်ခန်းစာနှင့်ပတ်သက်သော ကျမ်းစာနှစ်အုပ်ကိုယူ၍ သင်ခန်းစာ၏ရည်မှန်းချက်များကို ဖော်ပြပါ။
- ဆရာသမားများသည် ဤခေါင်းစဉ်နှင့်ပတ်သက်၍ မည်ကဲ့သို့သောယုံ ကြည်ခြင်းကို ပိုင်ဆိုင်ကြ ပါသနည်း။
- ဤသင်ခန်းစာများသည် သင့်ကို မည်ကဲ့သို့အကျိုးပြု၍ မည်ကဲ့သို့ အကျိုးယုတ်စေပါသနည်း။
© Paul J. Bucknell · Burmese translation: ဓမ္မဆရာတော် ဦးဘီထန်း (Bee Htan) · Biblical Foundations for Freedom