
အသက်၏အနှစ်သာရ — The Life Core
အခန်း ၂၅ — ရည်ရွယ်ချက်ကို သတိပြုခြင်း
ဆရာသမားများနှင့်ညွှန်ပြသူများဖြစ်သည့်အလျောက် ကျွန်ုပ်တို့၏ပြဿ နာထက်ဝက် မည်သို့သင်ကြားမည်ကိုသိရှိလျက် အခြားတစ်ဝက်ကို ကျွန်ုပ်တို့ ကျောင်းသားများအား သင်ယူစေရန် လှူံ့ဆော် စေခဲ့၏။ အမှုတိုင်း၌ အချိန်ကန့် သတ်မှုရှိသော်လည်း အခြားသူများအား ထိရောက်စွာ လေ့ကျင့်ပေးခြင်းနှင့် ဆိုင်သည့် ကျွန်ုပ်တို့၏စိန်ခေါ်မှုကို ပုံဖော်ပေးပါလိမ့်မည်။
ကျွန်ုပ်တို့ဝိညာဉ်ရေးရာ ကြီးထွားခြင်းအတွက် ဘုရား သခင်၏အကြံအစည်သည် အစဉ်အမြဲ တက်တက် ကြွကြွ လုပ်ဆောင်လျက်ရှိ၏။ ကျွန်ုပ်တို့သည် ကိုယ် တော်၏အပိုင်းကို ထိရောက်စွာသယ်ပိုးရန် သူ့ကို ကိုးစားနိုင်ပါသည်။ သို့သော် မာရ်နတ်မင်း၏ စွမ်း အားကိုထိပ်တိုက်ရင်ဆိုင်ဖို့ရန် ထိုသို့ပြုခြင်း သည် လုံလောက်ပါမည်လော။ ဟုတ်ပါတယ်၊ တကယ် လုံလောက်ပါ၏။ ပြဿနာကား ပေးအပ်သည့်အ လုပ်ကို အသင်းတော်က မှန်ကန်စွာ သယ်ပိုးခြင်းမရှိသောကြောင့် ဖြစ်ပါသည်။

ပုံမှန်အားဖြင့် ကျမ်းစာကျောင်းနှင့်အသင်းတော်၌လည်းကောင်း၊ ပုံမှန်မ ဟုတ်သည့်နေအိမ် သို့မဟုတ် တစ်ဦးချင်းစီ၌ လေ့ကျင့်ပေးခြင်း အနေအထား၌ လည်းကောင်း ကျွန်ုပ်တို့၏လူများအား မိမိတို့ လေ့ကျင့်ပေးသည့်လမ်းစဉ်ကို ပြန်လည်စဉ်းစားဖို့ လိုအပ်ပါသည်။ ကျွန်ုပ်တို့သည် ပို၍မဟာဗျူဟာမြောက်စွာ ဦးတည်သောအခါ၌သာ အောင်မြင်ရပါလိမ့်မည်။ အာတိတ်က ကျွန်ုပ်တို့၏နည်း စနစ်များသည် ဘုရားသခင်၏ လူများနှင့်ခေါင်းဆောင်များကို ထိရောက်စွာ လေ့ကျင့်ပေးခြင်းမရှိခဲ့ပေ။ သက်စမ်းရေသည် ကြွယ်ဝစွာမစီးဆင်းပါ။ များစွာသော ခေါင်းဆောင်တို့သည် သူတို့၌ လုံလောက်သောခေါင်းဆောင်များ မရှိဟုညည်းတွား နေချိန်မှာ ခေါင်းဆောင်နှင့်ပတ်သက်၍ မကြာခဏ ပြဿနာတက်နေသောသူများ လည်းရှိပြန်၏။
ပြဿနာကား ကျွန်ုပ်တို့အနိုင်ရနိုင်သည်ဟူသောအရာ မဟုတ်ပေ။ ယောဟန်က လူငယ်ယုံကြည် သူများရော ကျွန်ုပ်တို့ပါမကျန် အောင်မြင်သော သူများဖြစ်သည်ဟုဆို၏။ ယုံကြည်ခြင်းသည် ဆရာနှင့် ကျောင်းသားကို မှန်ကန်စွာ အားဖြည့်ပေး၍ ညွှန်ပြပါလိမ့်မည်။ သို့သော် တစ်ချို့ကိစ္စများ၌ ကျောင်းသား များသည် ဤယုံကြည်ခြင်းကို မပိုင်ဆိုင်ကြပေ။ ဤသို့သောအနေအထားများတွင် ဆရာ၏ ယုံကြည်ခြင်းသည် မိမိအတွက်ကော ကျောင်းသားအတွက်ပါလုံလောက် မှုဖြစ်စေမည်။
ကျောင်းသားသစ်များအတွက် စဉ်းစားကြည့်ကြရအောင်။ သူတို့၏အပြု အမူ၊ အသိတရားနှင့် ကျွမ်းကျင်မှုတို့၌ သူတို့၏ကြီးထွားခြင်း အဆင့်ကား အဘယ် သို့နည်း။ ဆရာသမားသည် သင်ခန်းစာ၏ ရည်ရွယ်ချက်ပန်းတိုင်ကို ရယူရန် လိုအပ်၍ ၎င်းကို သင်ကြား၍ရအောင် စာသင်ချိန်တိုအတွင်း၌ ချပြရမည်။
ကျောင်းသားများနှင့် အချိန်ယူခြင်းသည် အလွန်တိုတောင်းသောကြောင့် ကျွန်ုပ်တို့၏သင်ခန်းစာနှင့် အကြောင်းအရာများကို ဂရုတစိုက်ရွေးချယ်ဖို့ လိုအပ်ပါ သည်။ ကျောင်းသားများအတွက် သင့်တော်မှန်ကန်သောအရာကို ကျွန်ုပ်တို့မှန်းဆ နိုင်မည်လော။ သူတို့သည် ဘယ်အထိ တိုးတက်ခဲ့ပြီလဲ။ သူတို့သည် သင်ခန်းစာ အဆုံး၌ ဘယ်နေရာ၌ရှိသင့်သနည်း။ အသင်းများသည် အသင်းတော်၌ ငါးနှစ်ပြီး နောက် ဘယ်နေရာ၌ ရှိသင့်ပါသနည်း သို့မဟုတ် ကျောင်းသားများသည် ဘွဲ့ရရှိပြီး နောက် ဘယ်နေရာ၌ ရှိသင့်ကြပါသနည်း။
ကျမ်းစာကို သင်ယူလေ့လာခြင်းသည် ကောင်းသောအမှုမဟုတ်လော။
သမ္မာကျမ်းစာ၏ကောင်းမွန်သောအသိပညာသည် ကျောင်းသားများအတွက် အချိန်ပြည့် လုပ်ဆောင် နိုင်ဖို့ရန် လုံလောက်သည်ဟု ကျနော်တို့ယူဆပါသည်။ အဲဒါမှန်တယ်ဆိုတာကို သံသယရှိစရာမလိုပေ။ ဒီလိုနဲ့ ဆရာတွေဟာ ဓမ္မဟောင်းခြုံငုံလေ့လာခြင်းနှင့် ဓမ္မသစ် ခြုံငုံလေ့လာခြင်းဟူ၍ သူတို့သင်ခန်းစာနဲ့ အလုပ်များလာကြ၏။ အချိန်ကောင်းရရှိရင် အထူးအကြောင်း အရာအနေနဲ့ ယောဟန်ခရစ်ဝင်ကျမ်းကိုပါ ပေါင်းထည့်တတ်ကြ၏။ .
ဒါဟာ ကောင်းတဲ့အရာပါ၊၊ သို့သော် အကောင်းဆုံးဟုတ်ပါသလား။ ကျောင်းသားတွေရဲ့ သမ္မာကျမ်းစာ ဗဟုသုတဖြစ်တဲ့ ယျေဘုယလိုအပ်ချက်များကို ကြည့်ရင် ဒါဟာ ဟုတ်တလိုပါပဲ။ အိန္ဒိယနိုင်ငံသား ဧဝေဂေလိဆရာတစ်ဦး အရိုက်ခံတာကို ကျနော်တွေ့ဖူးတယ်။ ဘာလို့လဲဆိုတော့ လူတွေက ကမ္ဘာဦး ကျမ်းအစပိုင်းကို မေးလာတဲ့အခါမှာ သူက သေချာမရှင်းပြနိုင်ခဲ့လို့ ဖြစ်ပါတယ်။
ငါသိသလောက် များစွာသောသင်းအုပ်၊ သာသနာပြု၊ လူငယ် သို့မဟုတ် အကြံပေးသူ စသည်ပုဂ္ဂိုလ်များသည် ကျမ်းစာကျောင်းဘက်၌ ခြေရာခံလိုက် တတ်၏။ သို့သော်လည်း ထိုသူတို့သည် ကျနော်တို့ဟာဘယ်သူဘယ်ဝါဖြစ် ကြောင်းကို ဖော်ပြမည့်အစား ကျနော်တို့ဘာ လုပ်ရမည်ကိုသာ ဖော်ပြတတ်ကြပါ တယ်။ ဒီတော့ အသက်၏အချက်အချာဟူသော ဤစာအုပ်လေးက ဤရှုထောင့် အမြင်ကို စိန်ခေါ်မှုပြုပါတယ်။ အကြောင်းမှာ ဤသင်ခန်းစားသည် ကျောင်းသား တစ်ဦး၏သင်ယူရန် လိုအပ်မှုကို ပို၍နက်ရှိုင်းသော တောင်းဆိုမှုပြုသောကြောင့် ဖြစ်ပါသည်။ ကျနော်တို့သည် ဘုရားသခင်မည်ကဲ့သို့ လေ့ကျင့်ပေးသည်ကို ဖော်ထုတ်နိုင်မှသာလျှင် ကျနော်တို့၏နည်းလမ်းများကို ကိုယ်တော်၏ နည်းလမ်း များနှင့်အတူ ထိရောက်စွာပူပေါင်းနိုင်မည်ဖြစ်ပါသည်။
ကျွန်ုပ်တို့သည် မိမိတို့ပတ်ပတ်လည်၌ရှိသောသူများအား လေ့ကျင့်ပေး ခြင်းကို အပြစ်ရှာတာမဟုတ်ပါ။ ကျနော်အပါအဝင် များစွာသောသူတို့သည် ထိုသင်ခန်းစာများအားဖြင့် ကြီးစွာအကျိုးဖြစ်ထွန်းပါပြီ။ ကျွန်ုပ်တို့အရေးတကြီး လိုအပ်သည်မှာ ကျွန်ုပ်တို့၏ရူပါရုံကို ထက်မြက်စေရန်ဖြစ်သည်။ ကျွန်ုပ်တို့၏ ရည်ရွယ်ချက်ပန်းတိုင်များသည် ယျေဘုယအားဖြင့် မှန်ကန်ပါသော်လည်း ၎င်းတို့သည် ဘုရားသခင်၏ စည်းမျဉ်းဥပဒေသနှင့် ဘုရားသခင်၏လေ့ကျင့်ပေး ခြင်းဆိုင်ရာ ရည်ရွယ်ချက်နဲ့ တခြားစီဖြစ်ပါသည်။
သမ္မာကျမ်းစာ၏အခြေခံအကြောင်းအရာများကို ဆက်လက်အသုံးပြု ရာတွင် ကျမ်းစာဗဟုသုတကို ရှာဖွေစူးစမ်းခြင်းထက် ပို၍ကြီးမားသောရည်ရွယ် ချက်ပန်းတိုင်များ ရှိဖို့လိုအပ်လာပါသည်။ ဤအချက် တို့သည် တချို့စဉ်းစားတွေး ခေါ်စရာများဖြစ်ပါသည်။
- ကျွန်ုပ်တို့သည် ဘုရားသခင်၏နှုတ်ကပတ်တော် သိရှိခြင်းအပေါ်၌ ဝါကြွား နိုင်သည်။
- ကျွန်ုပ်တို့သည် ဘုရားသခင်၏နှုတ်ကပတ်တော်ကို မှားယွင်းစွာသင်ယူ လျက် မိမိတို့၏ဝိညာဉ်ရေးရာ အကျိုးကိုမပေးဘဲနေနိုင်ပါ၏။ (ဥပမာ ဖာရိရှဲလိုမျိုး)
- ကျွန်ုပ်တို့သည် မိမိ၏ယုံကြည်ခြင်းကို လျော့ပါးစေတဲ့ နည်းလမ်း၌ ဘုရားသခင်၏နှုတ်ကပတ်တော်ကို သင်ယူနိုင်ပါသည်။ (ဥပမာ ဇဒကဲများ)
- ကျွန်ုပ်တို့စိတ်နှလုံးထဲ၌ ဘုရားသခင်၏စကားပြောသံကို ကြားနိုင်ရမည့် အကြောင်း ဘုရားသခင်၏ နှုတ်ကပတ်တော် သင်ယူရမည်။
- ကျွန်ုပ်တို့နေ့စဉ် ရင်ဆိုင်ရသည့်စိန်ခေါ်မှုကို မည်ကဲ့သို့သင်ခန်းစာရယူ မည်ကို သိရှိမည့်အကြောင်း ဘုရားသခင်၏နှုတ်ကပတ်တော်ကို သင်ယူဖို့ လိုအပ်သည်။
- ကျွန်ုပ်တို့သည် ဘုရားသခင်၏နှုတ်ကပတ်တော် သိရှိခြင်းကို ပိုမိုစူးစမ်း သည့်အလျောက် ဘုရားသခင်သည် ယုံကြည်ခြင်းကို တိုးပွားစေသော ဘုရားဖြစ်ကြောင်း ကျွန်ုပ်တို့သင်ယူနိုင်ပါသည်။
- ကျွန်ုပ်တို့သည် ဘုရားသခင်၏နှုတ်ကပတ်တော်ကို မှန်ကန်စွာသင်ယူ ဖို့ရန် စိတ်နှလုံးပြင်ဆင်ရမည်။
အချက်အလက် ဖော်ပြချက်များရှိနိုင်သော်လည်း ဆရာသမားအတွက် ရော ကျောင်းသားအတွက်ပါ စိန်ခေါ်မှုကြီးကြီးရှိကြောင်းကို နားလည်ဖို့လိုအပ် သည်။ ယေရှုက ရှင်းလင်းစွာ ဤသို့မိန့်ဆိုခဲ့၏။
“…ဟောပြောချက်ကား သင်တို့သည် ကြားလျက်ပင် လုံးဝနားမလည်ဘဲ ကြားကြလိမ့်မည်။ မြင်လျက်ပင် လုံးဝသတိမမူဘဲ မြင်ကြလိမ့်မည်။ အကြောင်း မူကား ဤလူတို့၏စိတ်နှလုံးသည် ထုံထိုင်းလျက် နားသည်လည်း လေးလျက် မျက်စိသည်လည်း ပတ်လျက်ရှိကြ၏။ သို့မဟုတ်လျှင် သူတို့သည် မျက်စိဖြင့် မြင်၍ နားဖြင့်ကြားလျက် စိတ်နှလုံးဖြင့် နားလည်ကာ ပြောင်းလဲကြသဖြင့် ငါသည် သူတို့ကို ကျန်းမာစေရမည်ဟူ၍ဖြစ်၏(မ၊၁၃:၁၄-၁၅)။
ကျမ်းစာသိခြင်းတစ်ခုတည်းသာလျှင် ကျွန်ုပ်တို့အဖို့ အထောက်အကူဖြစ် သည်ဟု မယူဆသင့်ပေ။ အဲဒီလို ယူဆခြင်းသည် ကြိမ်ဖန်များစွာ ဆန့်ကျင်ဘက် ဖြစ်တတ်၏။ အကောင်းဆုံးသောနို့ရည်သည်လည်း အချဉ်ပေါက်နိုင်၏။ ကျွန်ုပ်တို့ ကျောင်းသားများသည် သူတို့၏စိတ်နှလုံးဖြင့် နားလည်၍ သခင်ဘုရားထံသို့ မလှည့်မချင်း စစ်မှန်သောကျန်းမာခြင်း သို့မဟုတ် သင်ယူခြင်းဆိုတာ မရှိနိုင်ပါ။
ဤအရာသည် ကျွန်ုပ်တို့အသင်းတော်၌ အဓိကပြဿနာ မဟုတ်ပါလော။ နှုတ်ကပတ်တော်သည် အသက်တာပြောင်းလဲဖို့ရန် မဝေငှတော့ဘဲ ဖျော်ဖြေဖို့ ရန်သာ ဖြစ်လေတော့သည်။ လူတို့သည် ဘုရားသခင်၏နှုတ်ကပတ်တော်အားဖြင့် သူတို့၏အသက်တာကို တကယ်ပြောင်းလဲစေနိုင်သည် ဟူသောအရာပေါ် ယုံကြည် စိတ်ချမှု ပျောက်ဆုံးလာကြ၏။ ထုံးစံအချိန်အခါအတိုင်း ဝတ်ပြုကိုးကွယ်ခြင်း သည် ဘုရားသခင်၏လူတို့ကို သန့်ရှင်းသော အသက်တာထဲသို့ မပို့ဆောင်နိုင်ပါ။ အကြောင်းမှာ ဘုရားသခင်၏မျက်မှောက်တော်သို့ မရောက်ရှိ နိုင်ကြသောကြောင့် တည်း။ ဘုရားသခင်လူတို့၏စိတ်နှလုံး မှန်ကကန်စွာပြင်ဆင်ဖို့ များစွာလုပ် ဆောင်ဖို့ လိုအပ်ပါသည်။
သင်ခန်းစာ
- ဝိညာဉ်ရေးရာ လေ့ကျင့်ပေးခြင်းသည် ကျွန်ုပ်တို့၏လေ့ကျင့်ပေးခြင်း ရှိသမျှထဲသို့ ပေါင်းစပ်ရမည်။ ဝိညာဉ်ရေးရာ ရည်ရွယ်ချက်ပန်းတိုင်များ ၏အရေးကြီးပုံသည် ပညာရေးနှင့်ဆိုင်သောအရာများထက် အလေးသာ နေရမည်။
- တချို့နေရာများတွင် ဆရာသမားများက အသိပညာသာလျှင် ကျောင်းသား များအတွက် အခြေခံလိုအပ်ချက်ဖြစ်သည်ဟု ယူဆထားသည်မှာ မှားယွင်း မှုဖြစ်ပါသည်။
- ကျွန်ုပ်တို့၏လေ့ကျင့်ပေးခြင်းသည် ဘုရားသခင်၏လေ့ကျင့်ပေးခြင်း ဖြစ်စဉ်အောက်၌ ပြန်လည် သုံးသပ်ရမည်။ သို့မဟုတ်လျှင် အထူး သင်ကြားချက်သည် အချည်းနှီးဖြစ်သွားပါလိမ့်မည်။
ကျက်မှတ်ဆင်ခြင်ပါ
- မ၊၁၃:၁၄-၁၅
တာဝန်ပေးအပ်ခြင်း
- အတန်းတစ်ခုခု သင်ကြားဖို့ရန် ကျမ်းစာကို အသုံးပြုဖူးပါသလော။ မည်သည့်အတန်း၌ အကောင်းဆုံး လုပ်ဆောင်ခဲ့သနည်း။ ကြောက်စရာ ကောင်းသည့် လုပ်ဆောင်ချက်ကား အဘယ်နည်း။
- သင့်ရဲ့လေ့ကျင့်ပေးခြင်း/ပညာရေးသည် လုပ်ငန်းအတွက် သင့်ကို ပြင်ဆင်မှုဖြစ်စေသည်ဟု ခံစားပါသလား။
- ပိုမိုကောင်းမွန်အောင်ပြုနိင်သောအရာရှိသေးပါသလော။
© Paul J. Bucknell · Burmese translation: ဓမ္မဆရာတော် ဦးဘီထန်း (Bee Htan) · Biblical Foundations for Freedom