အသက်၏အနှစ်သာရ — The Life Core. ခရစ်ယာန် အသက်တာ၏ အခြေခံအမှန်တရားများ. Burmese edition banner with a growing seedling at sunrise over mountains.

အသက်၏အနှစ်သာရ — The Life Core

အခန်း ၂၄ — ရည်ရွယ်ချက်နှင့်တကွ လေ့ကျင့်ပေးခြင်း

လေ့ကျင့်မှုအမြင်ဘက်ကနေ၍ ကြီးထွားခြင်းအဆင့်တိုင်း၌ ဖြစ်ပျက်ရန် တကယ်လိုအပ်ချက်များကို ဆွေးနွေးခြင်းမတိုင်မီ တစ်ဦးချင်း၏အစိတ် အပိုင်းများ နှင့်စပ်လျဉ်း၍ ကျွန်ုပ်တို့နားလည်ခြင်းကို တစ်ခုလုံးအနေနဲ့ မည်ကဲ့သို့ပုံဖော် သည်ကို ကြည့်ကြပါစို့။

ဤအမှု၌ ကျွန်ုပ်တို့သည် တပည့်တော်မွေးထုတ်ရန် ရည်ရွယ်ချက်ရှိ သည်ဟု ဆိုကြပါစို့။ လူသုံးဦးကို တပည့်တော်ဖြစ်စေ၏။ တပည့်တော်ဖြစ်စေခြင်း ဆိုသည်မှာ အထူးပုံစံဖြင့် လေ့ကျင့်ပေးခြင်းကို ခေါ်သည်။ ကျွန်ုပ်တို့သည် ထိုသုံးဦးတို့၏ကြီးထွားခြင်းအပေါ် ဂုဏ်ယူပါသော်လည်း သူတို့၏အသက်တာ ကဏ္ဍ နည်းနည်းကိုသာ စိတ်ဝင်စားတာဖြစ်နိုင်ပါသည်။

လေ့ကျင့်ပေးခြင်းကာလ၌ သူတို့အား ကျွန်ုပ်တို့သင်ကြားလျက်ရှိသည့် အရာကို ဂရုစိုက်ဖို့ရန် လိုအပ်လှပါသည်။ သူတို့ အတွက် အရေးပါသည့်ရည်ရွယ်ချက်ပန်းတိုင်ကား သူတို့လည်း ငါတို့လိုပဲ အခြားသူများကို တပည့်တော် ဖြစ်စေလိုကြသည်။ ကျွန်ုပ်တို့နာခံလိုက်လျှောက် သည့် ပညတ်ချက်ကိုသာ ဦးတည်မထားဘဲ သူတို့ လည်း ငါတို့လို တပည့်တော်မွေးထုတ်ရန် ရူပါရုံရှိ ကြ၏။

Target and dart illustrating purpose and goals in training

ကျွန်ုပ်တို့လေ့ကျင့်ပေးသောသူများသည် သွား၍ တပည့်တော် မွေးထုတ် နိုင်ကြမည်လော။ မည်သို့ပြုမည်ကို သူတို့တကယ် သိကြပါသလား။ သူတို့ တကယ် ဂရုတစိုက်ရှိကြပါသလား။ အခြားသူများကို ဆင့်ကဲတပည့်တော် မွေးထုတ်ဖို့ရန် သူတို့ကိုသူတို့ လေ့ကျင့်လျက်နေသောသူများဟုတ်ပါသလား။ ပေါလုသည် ဤသို့ လုပ်ဆောင်လျက်နေ၏။

များစွာသောသက်သေတို့ရှေ့၌ ငါ့ထံမှ ကြားရသောအရာတို့ကို အခြား သူတို့အားလည်း သင်ကြားပေးနိုင်စွမ်းရှိသည့် သစ္စာရှိသောသူတို့၌ ပေးအပ်လော့ (၂တ၊၂:၂)။ ဤကျမ်းချက်သည် တပည့်တော်ဖြစ်စဉ်ကို ကောင်းကောင်းဖော်ပြပေး သည်။ ပေါလုက တိမောသေကို တပည့်တော်ဖြစ်စေ၍ တိမောသေမှတဆင့် အခြားသူများကို ဆင့်ကဲဆင့်ကဲ တပည့်တော် မွေးထုတ်ခြင်း ဖြစ်ပါသည်။

လူငယ်များစွာတို့သည် ထိမ်းမြားခြင်းကို အတူတကွငြင်းပယ်လာကြ၏။ အကြောင်းမှာ ထိမ်းမြားသည် ပို၍ကောင်းမွန်ကြောင်းကို သူတို့နားမလည်ကြသော ကြောင့်ဖြစ်သည်။ သူတို့သည် လူတကာနှင့် သောင်းပြောင်းလင်ဆက်ဆံလာကြ၏။ ခရစ်ယာန်မိဘများသည်လည်း သူတို့သားသမီးများကို ပုံသက်သေ ကောင်းမဖြစ် နိုင်ကြတော့ပေ။ လက်ထပ်ထိမ်းမြားခြင်းမရှိဘဲ ထိုသို့အတူတကွနေခြင်းသည် အလွန်နိမ့်ကျသော ရည်ရွယ်ချက်ပင်ဖြစ်သည်။ စုံတွဲဆိုသည်မှာ အရင်ဆုံး ထိမ်းမြားပြီးမှသာ အိမ်ထောင်ကို ထူထောင်၍ရ၏။ ထိုနည်းတူစွာ သူတို့ကလေး များလည်း သူတို့မိဘကဲ့သို့ ပြုမူအတုယူလာမည်ဖြစ်ပါသည်။

ထိမ်းမြားခြင်းမရှိဘဲ အတူတကွနေထိုင်ခြင်းဖြင့် ကလေးယူခြင်းဆို သည်မှာ ရှေ့ရေးကို မစဉ်းစားခြင်း ပင်ဖြစ်ပါသည်။ ထိမ်းမြားသောသူများကလည်း ၎င်းကို အရေးမထားလျှင် ထိမ်းမြားခြင်းနှင့် စပ်လျဉ်း၍ သူတို့ကလေးများကို အထင်အမြင်သေးစရာဖြစ်စေပါသည်။

ဤအကြောင်းနှင့်စပ်လျဉ်း၍ ကျွန်ုပ်တို့ခရစ်ယာန်ကျောင်းများနှင့် ပညာ ရေးမူဝါဒများ၌ မည်သို့ရှိပါသနည်း။ ၎င်းတို့သည် ဘုရားသခင်၏အလိုတော် နှင့်ကိုက်ညီမှုရှိပါသလား။ များသောအားဖြင့် ကျွန်ုပ်တို့၏ပညာရေး လောကနှင့် အစိုးရလောကတွင် ဘုရားသခင်မိန့်တော်သော စကားများထက် ရေတိုရည်ရွယ် ချက်ပန်းတိုင်များက လွှမ်းမိုနေပါသည်။

ခရစ်ယာန်များက ဤဖိအားကို ဝိညာဉ်ရေးရာ သတင်းစကားဝေငှသည့် နေရာ ဝတ်ပြုဆုတောင်းခြင်း၌ ဖြေရှင်းရန် ကြိုးစားအားထုတ်ကြသည်။ ဤနေရာ သည် မှတ်သားစရာကောင်းသော်လည်း တကယ်လုံလောက်မှုရှိပါသလား။ ခရစ် ယာန်များသည် ဝတ်ပြုဆုတောင်းသည့်နေရာသို့ တက်ရောက်ခြင်း၌ ကျေနပ် ရောင့်ရဲ့သည်ထက် သူတို့၏ဝိညာဉ်ရေးရာ ကြီးထွားခြင်း၌ သင့်လျော်သော အဆင့်သို့ ရောက်ရှိရန် အသီးသီးစိန်ခေါ်မှုပြုရန် လိုအပ်၏။

ကျွန်ုပ်အသက်တာ၌ရှိသော အကျပ်အတည်းတစ်ခု

ဥပမာတစ်ခုနဲ့ အဆုံးသတ်ပါရစေ။ ကျမ်းစာကျောင်း၌ နှစ်ပေါင်းများစွာ ဘာသာစကားသင်ယူပြီးမှ ကျောင်းပြီးသောအခါ ကောင်းမွန်သောအသင်းတော် တစ်ပါး၌ ပါဝင်လုပ်ဆောင်လေ၏။ နောက်ဆုံး၌ ငါ့အိပ်မက် တကယ်ဖြစ်လာ ကြောင်းကို တွေ့ရှိလေ၏။ ငါသည် နိုင်ငံရပ်ခြား သာသနာပြုတစ်ဦး ဖြစ်လာ၍ အဖွဲ့အစည်းကြီး၏အဖွဲ့ဝင်လည်း ဖြစ်လာပါသည်။ ၎င်းနှင့်အတူ အနည်းငယ်သော သာသနာပြုများက အသင်းတော်တစ်ပါးကို စတင်လာကြ၏။ အံဩဖွယ်ကောင်း လောက်အောင် ပထမဆုံး ရေနှစ်ချင်းမင်္ဂလာပွဲကျင်းပခြင်းသည် ထိုင်ဝမ်နိုင်ငံ တောင်ပိုင်းရှိ ထိုနေရာသစ်၌ဖြစ်ပါသည်။

Original Burmese diagram of contrasting directional goals

ဤသို့ယုံကြည်သူအသစ်များစွာ ပြောင်းလဲလာကြသောအခါ အကျွန်ုပ်ဘာ လုပ်ရမည်ကို နားမလည် တော့ပေ။ ဒါဟာ ကျမ်းစာကျောင်း၌ သာသနာပြုခြင်း သင်ခန်းစာကို မသင်ကြားခဲ့လို့လည်း မဟုတ်ပါဘူး။ ကျမ်းစာကျောင်းမှာ နေတုန်းက အသင်းတော်တည်ထောင်ခြင်းကိုလည်း သင်ယူခဲ့ပြီးပါပြီ။ တပည့်တော် ဖြစ်စေခြင်းကိုလည်း သင်ယူခဲ့ပြီးပြီ။ သို့သော်လည်း တစ်စုံတစ်ခုသည် လိုအပ် နေဆဲဖြစ်ပါသည်။

ငါလည်း ယုံကြည်သူသည် မည်ကဲ့သို့ ကြီးထွားရမည်ကိုလည်းကောင်း၊ ကြီးထွားဖွံ့ဖြိုးမှု အဆင့်တိုင်း၌ သူတို့အား မည်ကဲ့သို့ကူညီရမည်ကိုလည်းကောင်း မသင်ကြားခဲ့ဖူးပေ။ ငါ့သင်တန်း လေ့ကျင့်ပေးခြင်း၌ တပည့်တော်များမွေးထုတ် ခြင်းဆိုင်ရာ နောက်ဆက်တွဲဖြစ်စဉ်ကို ပျက်ကွက်ခဲ့ပါသည်။ ဘုရားသခင်လုပ် ဆောင်နေသောအရာ တစ်ခုလုံးကို ဘယ်ခါမျှငါမရရှိခဲ့ကြောင်း ငါတွေ့မြင်လေ၏။ သီအိုလော်ဂျီ စာသင်ခန်း၌ သင်ယူခဲ့သည့် သန့်ရှင်းစင်ကြယ်ခြင်းကို တပည့်တော် ဖြစ်စေခြင်း နယ်ပယ်၌ ဘယ်ခါမျှမကျင့်သုံးခဲ့ဖူးပေ။ ဝေငှခဲ့သည့်နှုတ်ကပတ် တော်သည်လည်း ကြားနာသောသူတို့ဝိညာဉ်ရေးရာ ကြီးထွားခြင်း၌ ဘယ်ခါမျှ မချိတ်ဆက်ပေးနိုင်ပေ။

နိုင်ငံများစွာနှင့်အသင်းတော်များစွာတို့ကို လှည့်လည်၍ သင်ကြားခဲ့ဖူး သော်လည်း ထိုပြဿနာသည် ပထဝီဝင်ဒေသ၊ အသင်းတော်ဂိုဏ်းဂဏ သို့မဟုတ် ပညာရေးစသည့်အနေအထားများ၌လည်း ရှိနေဆဲပင် ဖြစ်သည်။ အနည်းငယ် သောယုံကြည်သူများနှင့် အသင်းတော်များကသာလျှင် တပည့်တော်ဖြစ်စေခြင်း သင်တန်းအားဖြင့် သူတို့လူများကို မွေးထုတ်ရန် ရူပါရုံရှိကြ၏။

အသင်းတော်အနေဖြင့် နှစ်ပေါင်းနှစ်ထောင်လွန်သွားပြီးသည်ထိ တပည့် တော်ဖြစ်စေခြင်း၏ အခြေခံတရားကို နားမလည်ခြင်းသည် ဖြစ်သင့်ပါသလော။ ဘာ့ကြောင့် အခြေခံအကျဆုံးအရာများကို လျစ်လျူရှူရသနည်း။

ကျနော့်အယူအဆပြောရရင် အခြားသူများကို မှန်ကန်စွာလေ့ကျင့်ပေး ခြင်းနှင့် ဘုရားတရားကိုင်းရှိုင်းသောလူများအဖြစ် တည်ဆောက်ပေးရန် အကြီးဆုံး အဟန့်အတားမှာ ခရစ်ယာန်အသက်တာ တစ်ခုလုံး၏ရုပ်လုံးပုံကို မသိရှိခြင်းပင် ဖြစ်သည်။ ခရစ်ယာန်များသည် သူတို့၏ဝိညာဉ်ရေးရာ အသက်တာ ဖြစ်စဉ်၌ ကြီးထွားဖွံ့ဖြိုးမှု တစ်ဆင့်ပြီးတစ်ဆင့် တက်လှမ်းဖို့ရန် အထူးသင်ကြားပို့ချခြင်း လိုအပ်ပါသော်လည်း ရှင်းရှင်းလင်းလင်း သင်ကြားခြင်းမရရှိကြပေ။

တန်ခိုးကြီးသောဘုရားသခင် ပေးအပ်သည့်ရည်ရွယ်ချက်ပန်းတိုင်မဲ့နေ ခြင်းသည် သင်လိုက်စား နေသည့်လေ့ကျင့်ပေးခြင်းကို ကျေနပ်ရောင့်ရဲ့စေရန် ပို၍သေးငယ်သော သို့မဟုတ် ချို့ယွင်းသော ရည်ရွယ်ချက်ပန်းတိုင်ကို ဖြစ်ပေါ် စေပါသည်။

သင်ခန်းစာ

  • သခင်ဘုရားသည် ယုံကြည်သူအသီးသီးအတွက် ကြံစည်သည့်အတိုင်း ရေတိုရည်ရွယ်ချက် ပန်းတိုင်များကို ပုံသွင်း၍ ပို၍ကြီးမားသော ဝိညာဉ် ရေးရာအသက်တာ ရည်ရွယ်ချက်ပန်းတိုင်သို့ ချိတ်ဆက်ရမည်။
  • အခြားသူများထံသို့ ဤရူပါရုံကို ကျွန်ုပ်တို့အရေးတကြီး လေ့ကျင့်ပေး ခြင်းမှာ အခြားသူများထံသို့ ဆင့်ကဲဆင့်ကဲ လေ့ကျင့်ပေးရန ဖြစ်သည်။
  • ခရစ်ယာန်အသက်တာ၏ပြည့်ဝသော ရူပါရုံနှင့်အတွေ့အကြုံသည် ပြည့် ပြည့်ဝဝ လက်ဆင့်ကမ်းခြင်းမရှိပေ။ အကြောင်းမှာ လက်တွေ့ကျမှု အနည်းငယ်သာလျှင် ဘုရားသခင်၏ရည်ရွယ်ချက်တစ်ခုလုံးသို့ ဆက်နွယ် မှုရှိ၏။

ကျက်မှတ်ဆင်ခြင်ပါ

  • ၂တိ၊၂:၂

တာဝန်ပေးအပ်ခြင်း

  • အခြားသူများကို တပည့်တော်မွေးထုတ်ဖူးပါသလား။ ထိုအလုပ်ကို သင်တကယ် လုပ်ဆောင် နေပါ သလား။
  • လုပ်ဆောင်ပါက ယုံကြည်သူကို မည်သည့်အဆင့်ထိ လေ့ကျင့်ပေးပါ သနည်း။ မည်ကဲ့သို့လုပ်ဆောင် သည်ကို ရှင်းပြပါ။
  • အိမ်ထောင်ရှိသောသူသည် သင့်အိမ်ထောင်ဖက်ဖြစ်ပါက ကလေးကို သင်လိုချင်မည်လော။

© Paul J. Bucknell · Burmese translation: ဓမ္မဆရာတော် ဦးဘီထန်း (Bee Htan) · Biblical Foundations for Freedom