အသက်၏အနှစ်သာရ — The Life Core. ခရစ်ယာန် အသက်တာ၏ အခြေခံအမှန်တရားများ. Burmese edition banner with a growing seedling at sunrise over mountains.

အသက်၏အနှစ်သာရ — The Life Core

အခန်း ၂၃ — တစ်ခုလုံး၏အစိတ်အပိုင်းများ

ဘုရားသခင်၏ရည်မှန်းချက်အလုံးစုံ မည်ကဲ့သို့ဖြစ်မြောက်ကြောင်းကို အပြည့်အဝ နားမလည်ခြင်းသည် လေ့ကျင့်သင်ကြားခြင်း၌ သိသာထင်ရှားသော ပြဿနာကြီးဖြစ်ပါသည်။ ယောဟန်သည် ၁ယော၊၂:၁၂-၁၄ ၌ ယုံကြည်သူ၏ ဝိညာဉ်ရေးရာ ခရီးစဉ်ကို စိစစ်ခွဲဝေပေးလျက် အသက်တာ အဆင့်ဆင့်၌ ကြီးထွား ခြင်းကို နားလည်စေရန် ကျွန်ုပ်တို့သိရှိဖို့ လိုအပ်သောအရာကို ချပြလေ၏။

အသက်တာ၏တူညီချက်၊ ရှင်းလင်းစွာပြောဆိုနိုင်သည့် ရင်းမြစ်၊ စွမ်းရည်၊ ပုံစံနှင့်အသက်တာ မောင်းနှင်ခြင်းတို့သည် တကယ်အထောက်အကူပြုသော်လည်း တိုင်းတာ၍ရသောရည်မှန်းချက်များသို့ ကျွန်ုပ်တို့ကို မပို့ဆောင်နိင်ပေ။ ၎င်းတို့ကို အခြားသူများအား အလွယ်တကူ တင်ဆက်နိုင်၍ လေ့လာလိုက်စားရန် စိန်ခေါ်နိုင် ပါသည်။ ယောဟန်သည် အဆင့်တစ်ခုမှ အခြားအဆင့်တစ်ခုကို ပိုင်းခြားပေး ခြင်းသက်သက်မဟုတ်ဘဲ အထူးအဆင့်များ၌ ဖြစ်ပျက်မည့်ကြီးထွားမှုဆိုင်ရာ အဓိက ကဏ္ဍကိုလည်း ဖော်ထုတ်ပြသပေး၏။

ကြီးထွားဖွံ့ဖြိုးခြင်း၏အမှတ်အသားဖြစ်ပါသည်။ ကလေးငယ်များသည် ကျွန်ုပ်တို့၏တိုက်ရိုက် အကျိုးပြုခြင်းကို ခံသောသူများမဖြစ်ကြသော်လည်း ထိုအမှတ်အသားများမှာမူ သူတို့အဖို့ သွယ်ဝိုက်သောရည်မှန်းချက်များဖြစ်ပါ သည်။ မိဘ၏တာဝန်သည် ပြုစုစောင့်ရှောက်ခြင်းနှင့်ပတ်ဝန်းကျင်တစ်ခု၌ ကြီးထွား စေခြင်းသာဖြစ်သည်။

ငါ့ကလေး နှစ်ယောက်တို့လည်း စကားစပြောရန် အလွန်နှေးကွေးခဲ့သည်။ ကျွန်ုပ်တို့သည် မိဘဖြစ်သည့်အလျောက် တစ်ခုခုများဖြစ်သလားဟု စိုးရိမ်မိ၏။ တကယ်တော့ ဘာမျှမဖြစ်ပါ။ ကလေးတိုင်း မတူညီတဲ့ခြေလှမ်းနဲ့ ကြီးပြင်း လာကြတာကို ကျွန်ုပ်တို့သင်ယူမိတယ်။ ကျွန်ုပ်တို့သည် ဤကြီးထွားဖွံ့ဖြိုးမှု၌ မြန်ဆန်အောင်မလုပ်ပေးနိုင်သော်လည်း ကြီးထွားခြင်းဆိုင်ရာ ထိုအမှတ်အသား များသည် သိသာထင်ရှား၍ ထိုအမှတ်အသားများက သူတို့ကောင်းမွန်လျက် ရှိကြောင်း ကျွန်ုပ်တို့ကို ပြောပြနေခြင်းဖြစ်သည်။

ယနေ့ခေတ်ကြီးမှာ ဆေးပညာလည်း အရမ်းကိုမြင့်မားလာပြီဖြစ်တဲ့ အတွက် ကလေးတစ်ဦး ပုံမှန်မကြီးထွားလျှင် ထိုကလေးဘာဖြစ်နေသည်ကို ချက်ချင်းထောက်ပြနိုင်ကြ၏။ ထိုကလေးသည် ပုံမှန်ကြီးထွားဖွံ့ဖြိုးမှုအတွက် အာဟာရဓာတ် ချို့တဲ့တာလည်းဖြစ်နိုင်ပါသည်။ အကြောင်းရင်း အမျိုးမျိုး ရှိနိုင်ပါသည်။ ဓာတုဗာဒပိုင်းဆိုင်ရာဆေးဝါးများသည် ခန္ဓာကိုယ်ဖွဲ့စည်းမှု မှန်ကန် နိုင်ဖို့ရန် ဖြည့်ဆည်းပေးနိုနိုင်ပါသည်။ ထိုသို့သော လုပ်ဆောင်ချက်မှန်သမျှ တို့သည်လည်း ခန္ဓာကိုယ်၏ ဖွဲ့စည်းတည်ဆောက်မှု စည်းမျဉ်းစည်းကမ်းများနှင့် အကြောင်းအရာများအတိုင်း လုပ်ဆောင်ခြင်း ဖြစ်ရပါမည်။

ဝိညာဉ်ရေးရာ ရည်ရွယ်ချက်ပန်းတိုင်များ

ဒီဟာလည်း ဝိညာဉ်ရေးရာလိုအပ်ချက်များ အခြေအနေအတိုင်းဖြစ်ပါ သည်။ နည်းစနစ်ကို ဖန်တီးနေခြင်းမဟုတ်ဘဲ လုပ်ဆောင်နေခြင်းသာဖြစ်ပါသည်။ ကျွန်ုပ်တို့၏ယုံကြည်စိတ်ချမှုကို ဘုရားသခင် ဖန်းတီးပေးသည့် ဝိညာဉ်ရေးရာ နည်းစနစ်ထဲ၌ ချထားခြင်းဖြစ်ပါသည်။ ဒီအရာသည် တကယ်အလုပ်ဖြစ်၍ ဝိညာဉ်ရေးရာကြီးထွားခြင်းကို ဖြစ်ပေါ်စေပြီး နှုတ်ကပတ်တော် ကျမ်းချက်များ သည်လည်း ကျွန်ုပ်တို့၏ ကြီးထွားမှု ပမာဏကို အထောက်အကူပြုစေရန် ကြီးထွားခြင်းဆိုင်ရာ အမှတ်လက္ခဏာ ဖြစ်စေပါသည်။ ကျွန်ုပ်တို့သည် ဘုရားသခင် ခန့်ထားသည့် သင်ကြားသူနှင့် သင်ကြားခံရသူများ ဖြစ်သည့်အလျောက် ဤကြီး ထွားခြင်းပုံစံကို တိုက်တွန်းရခြင်းဖြစ်ပါသည်။

လူတို့အား ကျွန်ုပ်တို့ကြီးထွားစေသောကြောင့် ကြီးထွားခြင်း၏လက္ခဏာ သည် ကျွန်ုပ်တို့၏ရည်မှန်းချက်များဖြစ်လာရခြင်းမဟုတ်ဘဲ အဆင့်အတန်း အမျိုးမျိုးသောလူများ၌ ဘုရားသခင် လုပ်ဆောင်လျက်ရှိသည့်အရာကို နားလည် စေသောကြောင့်ဖြစ်ပါသည်။ ကျွန်ုပ်တို့သည် ကောင်းမွန်သည့် ကြီးထွားမှုကို အားဖြည့်စေရန်နှင့်မြှင့်တင်ပေးရန် လိုအပ်ချက်ကို ဖြည့်ဆည်းပေး၏။ ပေါလု၏ သွန်သင်ချက်နှင့်စပ်လျဉ်းသည့် သူ၏ရည်ရွယ်ချက်ပန်းတိုင် အဆင့်သုံးဆင့်မှာ “ကျွန်ုပ်တို့ညွှန်ကြားချက်၏ ရည်ရွယ်ချက်ပန်းတိုင်ကား စင်ကြယ်သောစိတ်နှလုံး၊ ကြယ်လင်သောအသိစိတ်နှင့် ဟန်ဆောင်မှု ကင်းသောယုံကြည်ခြင်းတို့မှ ဖြစ်ပေါ် လာသည့် ချစ်ခြင်းမေတ္တာဖြစ်၏”(၁တိ၊၁:၅)။

ယောဟန်သည် အဆင့်တိုင်း၌ ဖြစ်ပျက်ရန် လိုအပ်သောအရာအမျိုးမျိုးကို ခွဲခြားပေးခဲ့၏။ ကျွန်ုပ်တို့သည် ခန္ဓာကိုယ်ကြီးထွားဖွံ့ဖြိုးမှုကို အသုံးပြုခြင်းဖြင့် ဤအတွေးမျိုးကို ဆက်လက်ဖြည့်စွက် နိုင်ပါသည်။ ယောဟန်၏နှိုင်းယှဉ် ဆင်ခြင်ခြင်းသည် လွယ်လွယ်ကူကူ ပြောင်းလဲ၍ရသည့် အယူအဆများကို ချပြရုံတင်မကဘဲ အကောင်အထည်ဖော်ခြင်းဆိုင်ရာ လက်တွေ့ကျသည့်အဆင့် များကိုပါ ဖော်ထုတ် ပြသကြောင်း ငါကိုယ်တိုင်တွေ့ရှိခဲ့ပါသည်။ ၎င်းတို့သည် ရိုးရှင်းသော်လည်း အလွန်လေးနက်သော အရာဖြစ်ပါသည်။

ငါလည်း သင်ကြားပေးသူတစ်ဦးအနေနဲ့ ရေတွင်းတိုင်း၌ နက်ရှိုင်းစွာတူး ဖော်ခဲ့သော်လည်း မည်သည့်အခါမျှ အောက်ရေနက်တိုင်ကို မတွေ့ခဲ့ပါ။ ပို၍နက် ရှိုင်းလာအောင် အမြဲတူးဖော်နေရမည်။

ထူးကဲသောလေ့ကျင့်မှု

ထူးကဲသောလေ့ကျင့်မှု၏အဓိကသော့ချက်မှာ ဤသွင်ပြင်နှစ်ခုကို ကျွန်ုပ် တို့မည်ကဲ့သို့ ဆက်နွယ်ထားသည် ဆိုသည့်အနေအထားပေါ်၌ မူတည်ပါသည်။

(၁) ကျွန်ုပ်တို့သည် ကြီးထွားမှုအစိတ်အပိုင်းမှန်သမျှကို ဘုရားသခင်၏ရည်ရွယ် ချက်နှင့်အညီ ဝိညာဉ်ရားရာကြီးထွားဖွံ့ဖြိုးမှုသို့ ဆက်နွယ်ခြင်းအားဖြင့် ကြည်လင ပြတ်သားစေသည်။

(၂) ဝိညာဉ်ရေးရာ စောင့်ရှောက်ခြင်း မဟာဗျုဟာနှင့် ညွှန်ကြားချက်တို့သည် တစ်ဦးချင်းစီအတွက် ချက်ချင်းလိုအပ်၏။

ယုံကြည်သူများသည် မှန်ကန် သောလေ့ကျင့်မှုကို မရရှိသောအခါ ကြီး မားသောပြဿနာများကို ရင်ဆိုင်ကြရ၏။ သခင်ဘုရားထံတော်ပါးမှ လူအများလွင့် မျောသည့်နေရာ၌ ယုံကြည်သူများလည်း မကြီးထွားတော့ဘဲ ရပ်တန့်သောအခါ ပို၍ ဆိုးရွားသောခက်ခဲမှုများရှိလာသည်ကို ကျွန်ုပ်တို့မြင်တွေ့ ရပါသည်။

Original Burmese diagram of movement from scattered believers toward purpose

တစ်ခါတစ်ရံ အသင်းတော်၌ တစ်စုံတစ်ရာ အလိုလိုမှားယွင်းမှု ဖြစ်ပျက် လျက်ရှိတတ်၏။ ဤသို့ဖြစ်ရခြင်းသည်လည်း အရေးပါလှသည့်ဤအဆင့် နှစ်ဆင့်ကို အသင်းတော်၌ မေ့နေသောကြောင့် သော်လည်းကောင်း၊ ယုံကြည်သူ များအနေဖြင့် ကောင်းမွန်သောစောင့်ရှောက်ခြင်းကို လက်ခံရရှိခြင်း မရှိသော ကြောင့်သော်လည်းကောင်း ဖြစ်နိုင်ပါသည်။

သင်ခန်းစာ

  • ဘုရားသခင်၏လုပ်ဆောင်ချက် တစ်ခုလုံး၏ရုပ်လုံးပုံသည် ကျွန်ုပ်တို့အား အရာရာအားလုံးကို ရှုမြင် တတ်စေပါသည်။
  • လေ့ကျင့်မှု၌ ဖြစ်ပျက်သည့် အကြီးမားဆုံးပြဿနာများမှာ တစ်ခုလုံးထဲက အစိတ်အပိုင်း ကွဲပြားခြင်း ကြောင့်ဖြစ်ပါသည်။ ရေရှည်ရည်ရွယ်ချက် ပန်းတိုင်များကနဲ့ ရေတို ရည်ရွယ်ချက် ပန်းတိုင်းများသို့ ကူးပြောင်းခြင်း

ကျက်မှတ်ဆင်ခြင်ပါ

  • ၁တိ၊၁:၅

တာဝန်ပေးအပ်ခြင်း

  • သင့်အသက်တာ၊ ကျောင်း၊ အလုပ်စသည့်တို့၌ အဓိကတာဝန်ရှိခြင်းကို ဖော်ပြပါ။
  • ဤလောက၌ သင့်အသက်တာအတွက် ဘုရားသခင်၏ရေရှည် ရည်ရွယ် ချက်ပန်းတိုင်ကား အဘယ်နည်း။ ဘုရားသခင်သည် သင့်ကို ဝိညာဉ် ရေးရာ၌ မည်ကဲ့သို့ကြီးထွားစေလို၍ သူ့ကိုမည်ကဲ့သို့ အစေခံစေလိုပါ သနည်း။
  • သင့်၏ဝိညာဉ်ရေးရာ ကြီးထွားဖွံ့ဖြိုးမှုအတွက် သင့်အသက်တာသည် ဘုရားသခင်၏ရေရှည် ရည်ရွယ်ချက်ပန်းတိုင်းနှင့် ဆက်နွယ်မှုရှိဖူးပါ သလား။

© Paul J. Bucknell · Burmese translation: ဓမ္မဆရာတော် ဦးဘီထန်း (Bee Htan) · Biblical Foundations for Freedom