
အသက်၏အနှစ်သာရ — The Life Core
အခန်း ၂၂ — ကျွန်ုပ်တို့၏အကန့်အသတ်များ
ယုံကြည်သူတစ်ဦး၏ရေရှည် ရည်မှန်းချက်သည် ခရစ်တော်နှင့်တူခြင်းသို့ ကြီးထွားရန်ဖြစ်သော်လည်း ၎င်းကို ပို၍သေသေချာချာ ရှင်းလင်းဖို့လိုအပ်ပါသည်။ ကျွန်ုပ်တို့အသက်တာအတွက် ဘုရားသခင် အလိုရှိသောအရာကို မိမိတို့သည် ပို၍ရှင်းလင်းစွာ ရုပ်လုံးဖော်မြင်တွေ့လေလေ ထိုရည်မှန်းချက်ကို ရရှိရန် လွယ်ကူ လေလေဖြစ်သည်။
လေ့ကျင့်ပေးသူတစ်ဦး၊ ကျောင်းဆရာတစ်ဦး၊ မိဘတစ်ပါးဖြစ်သည့် အလျောက် ကျွန်ုပ်တို့သည် ကျွန်ုပ်တို့နှင့်အတူ လက်တွဲသူများအတွက် ဘုရား သခင်၏ရည်မှန်းချက်ပန်းတိုင်များကို အလျင်အမြန် ရှာဖွေတွေ့ချက်ပြုရပါလိမ့် မည်။ ၎င်သည် ကျွန်ုပ်တို့အသိအမှတ်ပြုရန်နှင့်လက်ခံဖို့ရန် လိုအပ်သောအရာ ဖြစ်သည်။
ပထမအနေဖြင့် တချို့လူအတွက် ကျွန်ုပ်တို့လေ့ကျင့်ပေးခြင်းသည် တစ်လ၊ တစ်နှစ်၊ ငါးနှစ် စသည့်ဖြင့် အချိန်အကန့်အသတ်ဖြစ်ပါလိမ့်မည်။ ထို့အတူ သူတို့နှင့်အတူ ကျွန်ုပ်တို့အချိန်ယူခြင်လည်း အမျိုးမျိုး ကွဲပြားပါလိမ့်မည်။ ကျွန်ုပ်တို့သည် အတန်းတစ်ခုကို တစ်ပတ်မှာ တစ်နာရီ သင်ကြားပေးလိမ့်မည် သို့မဟုတ် အပတ်တိုင်း တစ်ဦးချင်းကို မကြာခဏ တွေ့ဆုံပါလိမ့်မည်။
ဒုတိယအနေဖြင့် ကျွန်ုပ်တို့ကိုယ်ကို ဘုရားသခင်၏လက်ထောက်များ အဖြင့် ထင်မှတ်ရန် အရေးကြီးသည်။ ဘုရားသခင်သည် သူကိုယ်တိုင်၏ ရည်ရွယ်ချက်ကို တစ်ဦးချင်းစီအပေါ်၌ ပြီးပြည့်စုံ လျက်နေသည်။ သူ၏ရည်ရွယ် ချက်ကို အခြားသူများထံသို့ လုပ်ဆောင်ရာ၌ အထောက်အကူပြုရန် ကျွန်ုပ်တို့ အားဖြင့် အလုပ်လုပ်တော်မူ၏။ ယေရှုသည် သူတို့ကိုယ်သူတို့ အခြားသူများ အထက်မှ မြင်သောသူများရော ဘုရားသခင်၏ရည်ရွယ်ချက်မှ သွေဖည်၍ သီးခြား လုပ်ဆောင်သူများကိုပါ ပြင်းထန်စွာ ပြစ်တင်ရှုပ်ချခဲ့၏။
သို့သော် သင်တို့သည် ရဗ္ဗိဟုခေါ်ဝေါ်ခြင်းကို မခံကြနှင့်။ အကြောင်းမူကား သင်တို့၏ဆရာသည် တစ်ပါးတည်းသာရှိ၍ သင်တို့အားလုံးသည် ညီအစ်ကိုများဖြစ် ကြ၏။ သင်တို့သည် ခေါင်းဆောင်ဟုလည်း ခေါ်ဝေါ်ခြင်းကို မခံကြနှင့်။ အကြောင်း မူကား သင်တို့၏ခေါင်းဆောင် ခရစ်တော်တစ်ပါးတည်းဖြစ်၏(မ၊ ၂၃:၈၊၁၀)။
ယေရှုက ကျွန်ုပ်တို့၌ ဆရာများဟူ၍ မရှိသင့် သို့မဟုတ် တစ်ဦးချင်းစီကို ဆရာဟူ၍ မခေါ်သင့်ဟု ဆိုလိုခြင်းမဟုတ်ပေ (ယာ၊၃:၁ ကိုကြည့်ရှူပါ)။ သို့သော် ကိုယ်တော်ဆိုလိုသည်မှာ ကျွန်ုပ်တို့၏ဒီဂရီ၊ ရာထူးအဆင့်အတန်းပေါ်၌ မိမိတို့၏ စိတ်နေသဘောထားကို ဖော်ပြနေခြင်းဖြစ်ပါသည်။ ကျွန်ုပ်တို့သည် လူတစ်ဦး၏ ဝိညာဉ်ရေးရာ ကြီးထွားဖွံ့ဖြိုးမှုကို ပံ့ပိုးပေးရန် ဘုရားသခင်နှင့်အတူ လုပ်ဆောင်နေ သောသူများ ဖြစ်ကြောင်းကို နားလည်ရမည်။ ၎င်းသည် အရေးပါသော အမှုဖြစ် သော်လည်း ကျွန်ုပ်တို့သည် အဓိကသော့ချက်မဟုတ်ကြပေ။ ဤအမှု၌ ခန္ဓာပိုင်း ဆိုင်ရာအသက် ပြုစုပျိုးထောင်ခြင်းနှင့် စပ်လျဉ်းသည့်ပုံရိပ်သည် ကျွန်ုပ်တို့ကို အထောက်အကူ ဖြစ်စေပါသည်။ ကျွန်ုပ်တို့သည် လူတစ်ဦးကို မကြီးထွားစေ နိုင်သော်လည်း ထိုသူကို ကြီးထွားမှု လွယ်ကူစေရန် အထောက်အကူ ပြုနိုင်သည်။
အကျွန်ုပ်တို့၏အပိုင်းကို မှန်ကန်စွာ သိမြင်ခြင်း
ကျွန်ုပ်တို့သည် မိမိတို့၏အသင်းတော်နေရာသို့ ပြန်လှည့်သောအခါ သန့်ရှင်းသောဝိညာဉ်တော်အားဖြင့် ပေးအပ်သည့်ခေါင်းဆောင်ပိုင်းဆုကျေးဇူး သို့မဟုတ် သင်ကြားခြင်းဆုကျေးဇူးကို ရရှိနိုင် ကြောင်း ကျွန်ုပ်တို့တွေ့မြင်နိုင် သည်(ရော၊ ၁၂:၇-၈)။ ထိုဝိညာဉ်တော်သည် အခြားသူများ ကြီးထွားဖို့ရန် ကျွန်ုပ်တို့အထဲ၌ သူပေးသည့် ဆုကျေးဇူးကို အသုံးပြုတတ်၏။ ကျွန်ုပ်တို့၏ လေ့ကျင့်ခြင်းကာလသည် အချိန်တို အတွင်း၌ စိတ်ပျက်ဖွယ်ကောင်းသည်ဟု ထင်ရသော် လည်း ယုံကြည်ခြင်းပါရှိ၏။ ထိုအချိန် အတောအတွင်း၌ ပုံဖော်ခြင်းဖြစ်ပျက ်ဖို့ရန်အတွက် ဘုရားသခင်ကိုသာကိုးစားပါ။ ထိုကာလ တစ်လျှောက်လုံး တပည့် တော် အသက်တာအဖြစ်သို့ ဘုရားသခင်ပို့ဆောင်လိုသောကြီးထွားခြင်းကို သင် မည်ကဲ့သို့ အကောင်းဆုံး ကြည့်ရှူစောင့်ရှောက်နိုင်သည်ကို ကြိုတင်မျှော်မှန်း ရပါမည်။

ဤအမှုသည် “ဘုရားသခင်နှင့်ဆိုင်သည့် ပိုမိုကြီးမြတ်သောအလုပ်”ဖြစ်သည်ဟု အောက်မေ့ပါ။ ဘုရားသခင်သည် တစ်ဦးချင်းစီအတွက် သူ့စိတ်နှလုံး ထဲ၌ ပြည့်စုံသောအလုပ်ရှိသည်ဟူသော ယုံကြည် စိတ်ချမှုဖြင့် အလုပ်လုပ်ပါ။ ကျွန်ုပ်တို့လုပ်ဆောင်ရမည့်အမှုသည် သေးသေးလေးပင်ဖြစ်သည်။
ကျွန်ုပ်တို့၏ကန့်သတ်ခြင်းများကို ရှာဖွေတွေ့ရှိခြင်း
ရေရှည်ရည်မှန်းချက်များ အဘယ်သို့ဖြစ်သည်ကို ဆန်းစစ်ပြီးလျှင် ၎င်းတို့ သည် ယုံကြည်သူ တစ်ဦးချင်းစီအတွက် တူညီပါလိမ့်မည်။ ကျွန်ုပ်တို့နှင့်အတူ လုပ်ဆောင်လျက်ရှိသော လူတစ်ဦး၏ကြီးထွားမှု အဆင့်အတန်း အတိအကျကို ကျွန်ုပ်တို့သိရှိဖို့ လိုအပ်၏။ ကျွန်ုပ်တို့၏အချိန်၊ အခြေအနေ၊ အရင်းအမြစ်များ၊ ဆုကျေးဇူးများနှင့်ဘုရားသခင်၏ရည်ရွယ်ချက်တို့ကို စဉ်းစားတွေးခေါ်ရင်း ထိုအ ချိန်အခါမှတဆင့် ဘုရားသခင်သည် မည်သည့်အရာကို ပြီးမြောက်အကောင် အထည်ဖော်ရန် ကြိုးစားအားထုတ်မည်နည်း။
အချိန် - လေ့ကျင့်ခံသူနှင့်ကျနော်တို့အချိန် ဘယ်လောက်ရသည်ကို ဆုံးဖြတ်ရမည်။ ဥပမာအားဖြင့် အတန်းချိန်နှင့်ပတ်သက်၍ မိမိတို့တစ်ဆယ့် သုံးနာရီ ရရှိနိုင်ပါသည်။ နာရီတိုင်း၌ လုပ်နိုင်သောအရာကို ရေးဆွဲချမှတ်၍ အိမ်စာ များကိုလည်း သေသေချာချာ လုပ်ခိုင်းရမည်။
အခြေအနေ - အရွယ်ရောက်သူတစ်ဦး၏သင်ယူလေ့လာခြင်း အခြေအ နေသည် ဆားဒေးစကူလ် အတန်းထဲမှာလား၊ ကျမ်းစာကျောင်းမှာလား၊ ညွှန်ပြပေး နေတဲ့အချိန်မှာလား၊ အခြားအစီအစဉ်မှာလားဆိုတာ အရေးကြီးတယ်။ ကျွန်ုပ်တို့ အခြေအနေများသည် ကျနော်တို့ဆွေးနွေးရမည့် လိုအပ်ချက်တွေအတွက် တခါတလေ လမ်းညွှန်ပေးတတ်၏။
အရင်းအမြစ်များ - ကျွန်ုပ်တို့၏အရင်းအမြစ်များသည် မိမိတို့လုပ်နိုင် သောအရာကို အများအားဖြင့် ပုံဖော်တတ်၏။ တစ်နေရာ၌ စာအုပ်များစွာရှိ နိင်သော်လည်း အခြားတစ်နေရာ၌ ပုံနှိပ်ထားတဲ့ စာအုပ်တစ်အုပ်မျှမရှိတာ လည်းဖြစ်နိုင်တယ်။ တစ်ဦးဦး၌ ကွန်ပျူတာအလုံးရေ များများရှိနေတဲ့အခါ အခြားသူတစ်ဦးမှာ စာသင်ခန်းအတန်းကို လှည့်လည်ဖို့ရန်အတွက် လုံလောက် တဲ့ငွေကြေးပင် မရှိတာလည်း ဖြစ်နိုင်ပါတယ်။ အဲဒီလိုအပ်ချက်တွေအတွက် သတိပြုရမယ်။ အကန့်အသတ်ရှိတဲ့ အရင်းအမြစ်များဟာ ထိရောက်သောလေ ့ကျင့်ခြင်းကို မကြာခဏစိန်ခေါ်မှုပြု၏။ သို့ရာတွင် ဘုရားသခင်သည် ခက်ခဲသော အနေအထားများ၌ပင် အခြားသူများအား ဆက်လက်အားပေးရန် သင့်ကို လေ့ကျင့်ပေး လျက်နေ၏။
ဆုကျေးဇူးများ - မျှော်လင့်ချက်ကြီးစွာဖြင့် ကျွန်ုပ်တို့လုပ်ဆောင်သောအ ရာသည် များသောအားဖြင့် မိမိတို့အား ဘုရားသခင်ပေးတော်မူသော ဝိညာဉ်ပိုင်း ဆိုင်ရာဆုကျေးဇူးနှင့် ဆက်စပ်မှုရှိ၏။ ဤအရာသည် အရေးကြီး၏။ အကြောင်းမှာ ကျွန်ုပ်တို့၏ဝိညာဉ်ဆုကျေးဇူးများ အစင်းအကြောင်းတလျှောက်တွင် မိမိတို့၏ လုပ်ငန်းကို သယ်ပိုးရန်အတွက် မိမိတို့၌ တိုးပွားသောယုံကြည်ခြင်းရှိသောကြောင့် တည်း။ ကျွန်ုပ်တို့၏ဆုကျေးဇူးများသည် မိမိတို့အလေးထားသောအနေအထား၌ မိမိတို့လိုချင်သည့်အတိုင်း လုပ်ဆောင်နိုင်ခြင်းမရှိသည်ကိုလည်း သတိပြုရမည်။ ၎င်းက စိတ်ရှည်ခြင်းနှင့်ဘုရားသခင်၏ဉာဏ်ပညာ ရှာဖွေခြင်းကို တောင်းဆိုမှ ုပြုသည်။
ဘုရားသခင်၏ရည်ရွယ်ချက် - ဤကား အားလုံးထဲတွင် အရေးကြီးဆုံး အခန်းကဏ္ဍဖြစ်နိုင်ချေရှိသည်။ ဘုရားသခင်သည် ကျွန်ုပ်တို့၏ဆုကျေးဇူးများ သို့မဟုတ် အရင်းအမြစ်များဖြစ်သည့် မိမိတို့၏ကန့်သတ်ချက်များအားဖြင့် ကန့်သတ်၍မရပေ။ ဤအကြောင်းကြောင့် ဤအချိန်နာရီများ၌ ဘုရားသခင် လိုလားသောအရာကို ပြုလုပ်ဖို့ရန် ဆုတောင်းခြင်းနှင့်သတိထား စဉ်းစားဆင်ခြငf ခြင်းသည် အရေးကြီးခြင်း ဖြစ်သည်။
ကျွန်ုပ်တို့ကဏ္ဍများကို နားလည်ခြင်း
အခြားသောသူများ စိတ်ရှုပ်ထွေး၍ မျှော်လင့်ချက်မဲ့နေသောအချိန်၌ တချို့သောလူတို့သည် သက်သောင့်သက်သာဖြစ်၍ အသင့်နေကြ၏။ ကျွန်ုပ်တို့ သည် ဘုရားသခင်ပြုစေလိုသောအရာကို ပို၍ဆုပ်ကိုင်ထားလေလေ မိမိတိုထည့် ဝင်နိုင်သောအရာသည် အလွန်နည်းပါးသည်ကို ပို၍မြင်တွေ့ လေလေဖြစ်သည်။ လုပ်ငန်းတာဝန် သေးငယ်သော်လည်း ကိစ္စမရှိပါဘူး။ ဘုရားသခင်သည် သင်၏ လုပ်ငန်းကို တန်ဖိုးကြီးကြီးထားနေဆဲဖြစ်သည်။ မည်သည့်အခါမျှ အထင်အမြင် သေးခြင်းမရှိပေ။
လူတစ်ဦးရပ်လျက် မိမိအိမ်နားရှိ အပင်များရေလောင်းနေသည့်အ ကြောင်းကို စဉ်းစားကြည့်ပါ။ ထိုသူသည် မိမိ၏လုပ်ဆောင်မှုအားဖြင့် ရှင်သန်ခြင်း သို့မဟုတ် ကြီးထွားခြင်းကို မပြုနိုင်သော်လည်း ဘုရားသခင်သည် သူ၏ကြီးမြတ် သောအလုပ်များကို ပြီးမြောက်စေနိုင်သည်။ သင့်လုပ်ငန်းသည် သေးငယ် ပါသ လား၊ ကိစ္စမရှိပါဘူး။ ထည့်ဝင်ခြင်း ကြီးပါသလား၊ ဒါလည်း ကိစ္စမရှိပါဘူး။
“ငါသည် စိုက်ပျိုးသောသူဖြစ်၏။ အာပေါလုသည် ရေလောင်းသောသူ ဖြစ်၏။ အပင်ကို ကြီးပွားစေသောသူကား ဘုရားသခင်ပေတည်း။ စိုက်ပျိုးသောသူ မတတ်နိုင်။ ရေလောင်း သောသူလည်း မတတ်နိုင်။ ကြီးပွားစေတော်မူသော ဘုရားသခင်သာလျှင် တတ်နိုင်တော်မူ၏” (၁ကော၊ ၃:၆-၇)။
သို့ဖြစ်၍ ကျွန်ုပ်တို့၏ကန့်သတ်ခြင်း များစွာတို့ကို သိရှိဖို့ရန်လိုအပ်သည်။ ကျွန်ုပ်တို့သည် ထိုအရာ များကြောင့် ဘုရားသခင်၏အဆင့်အတန်း နည်းပါးစေရန် သို့မဟုတ် မိမိတို့ထည့်ဝင်ခြင်းများအား အထင်အမြင်သေးခြင်း ဖြစ်စေရန် အခွင့်မပေးရ။ ကျွန်ုပ်တို့ဖြစ်သင့်သည်ထက် မိမိတို့ကိုယ်ကို ပို၍မြင့်မားစွာ မထင်ရ။ ယုံကြည်ခြင်းကင်းမဲ့ခြင်းနှင့်ထောင်လွှားခြင်းသည် အခြားသောသူများ၏အသက် တာများ၌ ဘုရားသခင်ပြုလိုသည့် အံ့ဩဖွယ်အလုပ်ကို ဖျက်ဆီးသည့်အရာနှစ်ခု ဖြစ်ပါသည်။
ကျွန်ုပ်တို့ယုံကြည်ခြင်းကို လေ့ကျင့်ရန် အားသစ်လောင်းခြင်း
ဘုရားသခင်၏ရည်မှန်းချက်ပန်းတိုင်းများကို ဆန်းစစ်သော် ထိုရည်မှန်း ချက်ပန်းတိုင်များကို သတ်မှတ် ပိုင်းခြားထားသည့် အချိန်နှင့်ကန့်သတ်ခြင်းများ၌ ကျွန်ုပ်တို့မည်ကဲ့သို့ပြည့်စုံစေနိုင်မည်ကို မိန်းမောတွေဝေလျက်နေကြ၏။ ကျွန်ုပ် တို့၌ အံ့ဩဖွယ်ဖြစ်ရပ်လိုအပ်သည်။
အခါအားလျော်စွာ ကျွန်ုတော်သည် ခရစ်ယာန်ခေါင်းဆောင်များအတွက် ပင်လယ်ရပ်ခြား ဘာသာစကားနှစ်မျိုး နှီးနှောဖလှယ်ပွဲသင်တန်းကို ဦးစီးလုပ် ဆောင်တတ်၏။ ထိုအချိန်၌ ကျွန်တော်သည် ဘေးကျပ်နံကျပ်ဖြစ်ခြင်းကို ရင်ဆိုင် ရပါသည်။ အချိန်သည် ကန့်သတ်မှုရှိ၏။ ဘာသာစကားသည်လည်း အဟန့်အ တားဖြစ်၏။ ရာသီဥတုလည်း အိုက်စပ်စပ်ဖြစ်၏။ ကျွန်ုတော်တို့သည် အိန္ဒိယ နိုင်ငံ၌ သင်ကြားခြင်း ပြုလုပ်နေစဉ် အပြင်ဘက်၌ ရုပ်တုနှင့်ဆိုင်သောပွဲရှိ၍ အလွန်ဆူညံခြင်းနှင့်ရင်ဆိုင်ရသည်ကို အမှတ်ရသေး၏။ ကျယ်လောင်သော ဗျောက်အိုး ဖောက်သံသည် ကျွန်ုပ်တို့ပြောစကားသံများနှင့် အပြိုင်အဆိုင်ဖြစ်၏။
ကျွန်ုပ်တို့ကိုယ်တိုင် ယုံကြည်ခြင်း၌ ဦးစီးဦးရွက်ပြုခြင်းသည် ဆရာသမား များဖြစ်သည့်အလျောက် ပဓာနကျ၏။ ကျွန်ုပ်တို့သည် ဘုရားသခင်၏ကြီးမြတ် သော ရည်ရွယ်ချက်များကို ရှေ့ရှူမည်ဖြစ်သောကြောင့် စိတ်ဓာတ်ကျခြင်းနှင့် ဆိုင်သောစိုးမိုးမှုကို အခွင့်မပေးသင့်ပေ။ လေ့ကျင့်သင်ကြားခြင်း ကာလတ လျှောက်တွင် ဘုရားသခင်၏နာမကြီးမြတ်ဖို့ရန် ကိုယ်တော့်ကို နေရာပေးရပါမည်။ တစ်နာရီအတွင်း၌ ကျွန်ုပ်တို့ပြီးမြောက် နိင်သောအရာထက် တစ်မိနစ်အတွင်း၌ ကိုယ်တော်ပြီးမြောက်နိုင်သောအရာ ပို၍များပြား၏။ ဘုရားသခင်၏လူတို့အား ပြုစု ပျိုးထောင်ခြင်းတည်းဟူသော ကိုယ်တော်၏ရည်ရွယ်ချက်တစ်ခုလုံးကို နားလည် ခြင်းအားဖြင့် ကျွန်ုပ်တို့၏ယုံကြည်ခြင်းသည် အားတက်မြှင့်တင်ခြင်းခံရ၏။ “ငါဆိုသည်ကား သင်သည် ပေတရုဖြစ်၏။ ဤကျောက်ပေါ်မှာ ငါ့အသင်းတော်ကို ငါတည်ဆောက်မည်။ ထိုအသင်းကို မရဏာနိုင်ငံ၏တံခါးတို့သည် မနိုင်ရ”(မ၊ ၁၆:၁၈)။
ပေတရု၌ ယေရှုပေးအပ်သည့် အခွင့်အာဏာများစွာရှိသည့်တိုင်အောင် ယေရှုကသာ သူ၏အသင်းတော်ကို တည်ဆောက်လျက်ရှိကြောင်း အခိုင်အမာ မိန့်ဆိုခဲ့၏။ မည်သည့်အရာကမျှ သူ၏ အကြံအစည်ကို အနှောင့်အယှက် မပြုနိုင်ပေ။
ဘုရားသခင်ကို အားထားမှီခိုနေရသောအသက်တာဖြင့် အသက်ရှင်ခြင်း
အကယ်၍ ကျွန်ုပ်တို့၏ရည်မှန်းချက်များသည် ဘုရားသခင်၏ကြီးမြတ် သော ရည်ရွယ်ချက်များနှင့်အညီ မှန်ကန်စွာဖွဲ့စည်းထားပါက ကျွန်ုပ်တို့သည် မိမိတို့၏အသက်တာကို ဖန်တီးမည့်အစား မြှင့်တင်အားပေးခြင်းကိုသာ ပြုရပါလိမ့် မည်။ ကျွန်ုပ်တို့သည် ခရစ်တော်နည်းတူ ကြီးမြတ်သော ဆရာမဖြစ်ကြပေ။ ကျွန်ုပ်တို့သည် ဆရာသမားများနှင့်လေ့ကျင့်ပေးသူများ နာမည်ခံများဖြစ်သည့် အလျောက် မိမိတို့အပိုင်းကို အာရုံစူးစိုက်ဖို့လိုအပ်ပါသည်။ ထိုသို့ပြုသောအခါ ကျွန်ုပ်တို့၏အကန့်အသတ်ရှိသောအချိန်နှင့် အခြေအနေများ၌ ဘုရားသခင် အလိုရှိသောအရာကို ပြီးမြောက်နိုင်ဖို့ရန် ဘုရားသခင်သည် ကျွန်ုပ်တို့အား သူ၏ ဝိညာဉ်တော်နှင့်ပြည့်ဝစေရန် ကြိုးပမ်းလေ၏။
ကျွန်ုပ်တို့သည် ဒေသနာဝေငှချက်ကို သင်ကြားသည်ဖြစ်စေ၊ ဆားဒေး စကူးလ် အတန်းကို သင်ကြားသည်ဖြစ်စေ၊ အဖွဲငယ်လေးကို သင်ကြားသည်ဖြစ်စေ မိမိတို့သည် ဘုရားသခင်၏ကြီးမြတ်သော အလင်းပေးခြင်းအောက်၌ အသက်ရှင် ကြ၏။ သို့ဖြစ်၍ ကျွန်ုပ်တို့သည် ကိုယ်တော်၏အံ့အားသင့်ဖွယ် ကောင်းသော အလုပ်ကို သင့်တင့်လျောက်ပတ်စွာ ထမ်းဆောင်ရမည့်အကြောင်း ကိုယ်တော်၏ လုပ်ပိုင်ခွင့် အာဏာကို နှိမ့်ချစွာ ရှာဖွေကြရမည်။
ခရစ်တော်၏ပြစ်တင်ကြိမ်းမောင်းခြင်းကို သတိပြုရမည်။ အကယ်၍ ကျွန်ုပ်တို့သည် တတ်ကျွမ်းသည်ဟု ထင်မှတ်ပါက ပြဿနာကို အဖြေရှာခြင်းထက် ထိုပြဿနာဘက်၌ ပါနေသူများဖြစ်ကြသည်။ ဘုရားသခင်သည် စစ်မှန်သောကြီး ထွားခြင်းကို ဖြစ်ပေါ်စေ၍ ယုံကြည်သူများအား ကြီးထွားဖွံ့ဖြိုးခြင်းတစ်ဆင့်မှ အခြား တစ်ဆင့်သို့ ပို့ဆောင်ပေးသည်။
ခရစ်တော်သည် အနှိုင်းမဲ့ဆရာဖြစ်ပါသည်။ သူ၏ဝိညာဉ်သည် တပည့် တော်တစ်ဦးချင်းထံ၌ ဆရာအဖြစ်လည်းကောင်း၊ လေ့ကျင့်ပေးသူအဖြစ်လည်း ကောင်း ကဏ္ဍနှစ်ခုစလုံး၌ လုပ်ဆောင်တော်မူ၏။ ခရစ်တော်သည် သူ၏သမ္မာ တရားကို ထိထိရောက်ရောက် လက်ဆင့်ကမ်းနိုင်ဖို့ရန် သံတမန်များကို ရှာဖွေ လျက်နေ၏။ ကျွန်ုပ်တို့သည် သာလွန်သော ဆုတောင်းခြင်းလိုအပ်သည်။
သင်ခန်းစာ
- ရေရှည်ရည်မှန်းချက်များသည် ကျွန်ုပ်တို့၏သေးဖွဲသောအရာကို ပိုမို ကောင်းမွန်စွာ နားလည်စေ၍ သင်ကြားခြင်းနေရာ၌ သိသာထင်ရှား မှုရှိ၏။
- ကျွန်ုပ်တို့သည် ကန့်သတ်မှုရှိသောအချိန်၌ ရှိနေသောကြောင့် ယုံကြည် သူတစ်ဦးအား ကြီးထွားစေဖို့ရန် မိမိတို့၏အင်အားများကို အကောင်းဆုံး အသုံးချနိုင်ရမည့်အကြောင်း ဉာဏ်ပညာအတွက် ဘုရားသခင်ကို နှိမ့်ချစွာ တောင်းခံဖို့လိုအပ်ပါသည်။
- ကျွန်ုပ်တို့သည် ယုံကြည်ခြင်းအားဖြင့် သွန်သင်၍ ညွှန်ပြရမည်။ သို့မှသာ ဘုရားသခင်သည် ကျွန်ုပ်တို့၌ရှိသည့်အနည်းငယ်သောအရာကိုယူ၍ သူ၏ မဟာကောင်းမြတ်မှု စုံလင်စေဖို့ရန် ၎င်းကို တိုးပွားစေမည်ဖြစ်သည်။
- အကောင်းဆုံးသောဆရာသည် ထာဝရဘုရားဘက်၌ ထောက်မသူအဖြစ် ရပ်တည်ခြင်းအားဖြင့် မိမိ၏စိတ်နှလုံးကို လုပ်ဆောင်လျက်ရှိသည့် အလုပ် ပေါ်၌ ချထား၏။
ကျက်မှတ်ဆင်ခြင်ပါ
- ၁ကော၊ ၃:၆-၇
- မ၊ ၂၃:၈၊၁၀
တာဝန်ပေးအပ်ခြင်း
- ဤအခန်းထဲမှ သင်လေ့လာသင်ယူခဲ့သည့် အရေးပါဆုံးတစ်ခုကို ဖော်ပြ ပါ။ ၎င်းအပေါ်၌ ဆုတောင်းပါ။
- သင်သည် မြင့်မားသောရည်မှန်းချက်ထား၍ စိတ်ပျက်အားလျော့ရန် ရည်ရွယ်ပါသလား သို့မဟုတ် နိမ့်ကျသောရည်မှန်းချက်ထား၍ အကျိုး ယုတ်ရမည်လော။ ကျေးဇူးပြ၍ ရှင်းပြပါ။
- မြင့်မြင့် သို့မဟုတ် နိမ့်နိမ့်အောင်မြင်သောသူများအဖို့ သင်ကြားခြင်း ဆိုင်ရာ သူတို့၏အမြင် တိုးတက်ခြင်းနှင့်စပ်လျဉ်း၍ ဤသင်ခန်းစာသည် မည်ကဲ့သို့အထောက်အကူပြုနိုင်သနည်း။
- ၁ကော၊ ၃:၅-၁၀ ကို စဉ်းစားဆင်ခြင်၍ အခြားသူများအား သွန်သင်ရန်နှင့် လေ့ကျင့်ပေးရန် အကောင်းဆုံးချဉ်းကပ်မှုကို အကျဉ်းချုပ် ဖော်ပြပါ။.
.
© Paul J. Bucknell · Burmese translation: ဓမ္မဆရာတော် ဦးဘီထန်း (Bee Htan) · Biblical Foundations for Freedom