
အသက်၏အနှစ်သာရ — The Life Core
အခန်း ၂၁ — ရူပါရုံကို ဆုပ်ကိုင်ခြင်း
ကျွန်ုပ်တို့သည် ဆရာသမားများနှင့်သင်ကြားပို့ချသူများ ဖြစ်သည့်အ လျောက် ယုံကြည်သူအသီးသီး အတွက်ရော မိမိတို့ကိုယ်ပိုင်အသက်တာအတွက်ပါ ဘုရားသခင်ပါဝင်ပတ်သက်ခြင်း အပြည့်အဝကို ဆုပ်ကိုင်ထားဖို့ လိုအပ်ပါသည်။ အဘယ့်ကြောင့်နည်း။ အကြောင်းမှာ ဤကား ယုံကြည်ခြင်းတည်းဟူသော ကျွန်ုပ် တို့အား ဘုရားသခင်ရောက်ရှိစေလိုသောအရာ၊ စောင့်ထိန်းစေလိုသောအရာ၊ သူတစ်ပါးအား လက်ဆင့်ကမ်းစေလိုသောအရာ ဖြစ်ပါသည်။
ယနေ့များစွာသောသူတို့သည် ရည်မှန်းချက်ပန်းတိုင်များ၊ ရူပါရုံနှင့်သာ သနာအကြောင်းတို့ကို ပြောဆိုကြသော်လည်း အမှန်စင်စစ် သူတို့သည် ကျမ်းချက် များ၌သာ နစ်မြှပ်လျက်နေကြ၏။ ဘုရားသခင်သည် သူကိုယ်တိုင်ရေးဆွဲထား သည့်ပုံစံအတိုင်း ပြုမူလှုပ်ရှား၍ သူ၏ကြီးမြတ်သော အကြံအစည်ကို ပြည့်စုံ စေလျက်နေ၏။ ဖန်ဆင်းခြင်း၏လုပ်ဆောင်ချက်သည် အံဩဖွယ်အကြံအစည် ဖြစ်၍ ကိုယ်တော်၏ လက်ရာပြောင်မြောက်ခြင်း - ဘုရားသခင်၏အသင်းတော် - ကိုယ်တော်၏ရွေးနှုတ်ခြင်းလည်းဖြစ်သည်(ကော၊ ၁:၁၅-၂၀)။
ရာဇဝင်ချုပ်ဒုတိယစောင် ၂၉ သည် ဟေဇကိမင်း၏ပြုပြင်ပြောင်းလဲမှုများ အတောအတွင်း ယုဒပြည်၌ ဖြစ်ပျက်သောအံ့ဩဖွယ်ရာ ပြောင်းလဲခြင်းအ ကြောင်းကို ဖော်ပြသည်။ သူတို့သည် အတိတ်က ရှင်ဘုရင်တို့၏ ပြုပြင်ပြောင်း လဲမှုများထက် ပိုမိုနက်ရှိုင်းစွာ ထိုးဖောက်၏။ အကြောင်းမှာ သူသည် ဖြစ်နိုင်သည့် အရာအတွက် မျှော်လင့်ချက်တစ်ခုရှိသောကြောင့်တည်း။
ထိုမျှော်လင့်ချက်သည် ဘုရားသခင်၏နှုတ်ကပတ်တော် ကြားနာခြင်း အားဖြင့် ဖြစ်ပေါ်သည်။ သူသည် ပသာခါပွဲစောင့်ထိန်းခြင်းနှင့်စပ်လျဉ်း၍ ဘုရား သခင်အလိုရှိသောအရာကို ရုပ်လုံးဖော်စဉ်းစား၏။ ထိုအခါ သူသည် ထိုအတိုင်းပြု၍ တောင်ပိုင်းယုဒနိုင်ငံရှိ လူတို့ကို ခေါ်မည့်အစား အစ္စရေးလူအပေါင်းတို့ကို ခေါ်ဖိတ် လေ၏။ သူဤသို့ ပြုရခြင်းမှာ အစ္စရေးလူယောက်ျားရှိသမျှတို့ ပါဝင်ခြင်း အရေး ကြီးပုံကို ကျမ်းစာက မီးမောင်းထိုးပေးသောကြောင့်တည်း။ သူသည် ဘုရားသခင် ၏နှုတ်ကပတ်တော် ထောက်မရာတွင် နိုင်ငံရေးပိုင်းဆိုင်ရာ အငြင်းအခုံဖြစ်မှု အပေါ် ရဲရင့်၏။
ကျွန်ုပ်တို့၏ရည်မှန်းချက်ပန်းတိုင်များသည် မိမိတို့ယျဉ်ကျေးမှုအရ အရေးပသည်ဟု ယူဆသော အရာထဲကမဟုတ်ဘဲ ကျမ်းစာထဲ၌ မိမိတို့တွေ့မြင် သည့်အရာထဲမှ ဖြစ်သင့်သည်။ သမ္မာကျမ်းစာသည် မိမိတို့၏အိမ်ထောင်ရေး၊ အသင်းတော်နှင့်စပ်လျဉ်းသောအသက်တာ၊ တစ်ဦးချင်းဆက်နွယ်မှုနှင့် မိမိတို့ အသက်တာနှင့်ဆိုင်သော အခြားကဏ္ဍများစွာအတွက် ဘုရားသခင်အလိုရှိသော အရာများကို သင်ပေး၏။ နှုတ်ကပတ်တော်၏ဖော်ပြချက်သည် မိမိတို့အတွေ့အကြုံ သို့မဟုတ် ထင်မြင်ယူဆချက်နှင့် ခြားနားသောအခါ မိမိတို့အား မေးခွန်းနှစ်မျိုးဖြင့် စိန်ခေါ်မှုပြု၏။
(၁) သင့်အတွက် ဘုရားသခင်၏ရည်မှန်းချက်များသည် သင်၏ရည်မှန်းချက်ကို ပုံသွင်းသင့်သည်ဟု သင်ယုံကြည်ပါသလား။
(၂) ဤရည်မှန်းချက်များ ရောက်ရှိရန် သင့်အား ဘုရားသခင်ကူညီနိုင်သည်ဟု ယုံကြည်ပါသလား။
ရည်မှန်းချက်များနှင့်အသီး
ကျွန်ုပ်တို့ဥယျဉ်၌ စိုက်သမျှသောအပင်တို့သည် လျှို့ဝှက်သည့်အကြံ အစည်အတိုင်း ကြီးထွားလာရန် စီမံထားသကဲ့သို့ သန့်ရှင်းသောဝိညာဉ်တော် သည်လည်း ကျွန်ုပ်တို့တစ်ဦးချင်းစီအပေါ်၌ သူ၏အကြံအစည် ဖြန့်ကျဲလာရန် ဖြစ်သည်။ ဤစာအုပ်၌ ကျွန်ုပ်တို့၏အဓိက မျှော်လင့်ချက်မှာ ကျွန်ုပ်တို့အသက် တာနှင့်တကွ ခရစ်တော်၌ ဘုရားသခင်၏လျှို့ဝှက်သော အကြံအစည်နှင့် တန်ခိုး တို့စပ်ကြား၌ရှိသည့် ဆက်နွယ်မှုကို ဖော်ထုတ်ရန်အတွက် ဖြစ်သည်။
မှန်ပါ၏၊ တစ်ဦးချင်းတိုင်းနှင့်လုပ်ငန်းတိုင်းသည် ထူးခြားမှုရှိသော်လည်း တူညီမှုများလည်းရှိ၏။ အပင်များ၊ အမြစ်များ၊ အကိုင်းခက်များ၊ အရွက်များနှင့် အသီးများအကြောင်းကို စဉ်းစားကြည့်ပါ။ အပင်တိုင်းသည် ထူးခြားသော်လည်း တူညီသောလုပ်ဆောင်ချက်များရှိ၏။ ရှမ်းဆီးပင်သည် ဆီးဖြူပင်နှင့် ဆင်တူရိုးမ ဖြစ်သော်လည်း ခြားနားမှုရှိ၏။ ခြားနားမှုသည် ဘယ်ရီသီးများ၏အရောင် အဆင်းများထက် များစွာနက်ရှိုင်းမှုရှိသည်။
ခရစ်ယာန်ုယုံကြည်သူများ အသက်ရှင်မှု၌ တူညီသောပုံစံများရှိသော် လည်း သူတို့၏ခေါ်ခြင်းနှင့် ခရစ်တော်နောက်လိုက်ရာတွင် ဘုရားသခင်၏ ရည်ရွယ်ချက် ပေါ်လွင်ထင်ရှားစေခြင်း ခြားနားမှုရှိ၏။ ယုံကြည်သူများသည် ဘုရား သခင်၌ ဆက်ကပ်အပ်နှံလျက် မိမိတို့၏အသက်တာများကို စင်ကြယ်စေ သောအခါ ကျွန်ုပ်တို့၏ကောင်းမြတ်သော ဘုရားသခင်သည် ထိုအရာများကို သူတို့အား ဖွင့်ပြတော်မူ၏။ အပင်သည် မရင့်ကျက်မချင်း အသီးမသီးပေ။ အကယ်၍ အပင်သည် သန်မာကြံ့ခိုင်ပါက များစွာသော အသီးကို သီးနိုင်၏။
ဘုရားသခင်၏လူအပေါင်းတို့အတွက် အခြေခံမွမ်းမံခြင်းနှင့်ဆိုင်သော သင်တန်းရှိသကဲ့သို့ ဘုရားသခင်၏နိုင်ငံတော်လုပ်ငန်း၌ ပါဝင်သောယုံကြည်သူ အသီးသီးအတွက် ပိုမိုထူးခြားသော သင်တန်းလည်းရှိ၏။ ထိုနေရာ၌ သူတို့သည် အသီးသီးစပြုလာသောအခါ အထင်ရှားဆုံး ကြီးထွားမှုနှင့် ပြောင်းလဲမှုတို့ကို ကျွန်ုပ်တို့မြင်တွေ့ပါလိမ့်မည်။ မည်သူမျှ နုနယ်သောသေးသည့်အပင်၌ ရင့်သော အသီးကို မမျှော်လင့်သလို ကျွန်ုပ်တို့လည်း စောလျင်စွာ အသီးကြီးထွားလာဖို့ရန် မမျှော်လင့်ပေ။ ထို့အတူ ယုံကြည်သူသည် မိမိ၏ကြီးထွားမှုကို ဖော်ထုတ်ရာ၌ မိမိ၏စွမ်းအားအပေါ် အာရုံစူးစိုက်မှု ပို၍အရေးကြီး၏။ ထို့ကြောင့် ပင်ကိုယ် စွမ်းရည် ကြီးထွားဖွံ့ဖြိုးမှုသည် လိုအပ်ခြင်းဖြစ်၏။ အချိန်တန်သောအခါ အသီး သီးရန် ဘုရားသခင်လုပ်ဆောင်ခဲ့၏။
ထိုမှတပါး လူသည် လယ်၌ မျိုးစေ့ကျဲပြီးမှ နောက်တစ်ဖန် မိမိမကြည့် မမှတ်၊ နေ့၊ ည အိပ်လျက် နိုးလျက်နေသော်လည်း အပင်ပေါက်၍ ကြီးပွားသည်နှင့် ဘုရားသခင်၏နိုင်ငံတော်တူ၏။ မြေကြီးသည် မိမိအလိုအလျောက် အသီးကို သီးစေ၍ ရှေးဦးစွာ အညှောက်၊ ထို့နောက် အနှံ၊ ထို့နောက် အနှံထဲမှာအောင် မာသောအဆန်ကို ဖြစ်စေတတ်၏(မာ၊၄:၂၇-၂၈)။

ဤကား မိမိတို့အသက်တာကို ခရစ် တော်ထံသို့ မောင်းနှင်ပေးသည့် အသက်စွမ်း အား၏တွန်းအားဖြစ်ပါသည်။ ခရစ်တော်သည် မိမိ၏ရည်ရွယ်ချက်များကို ယူဆောင်လာ၍ ကျွန်ုပ်တို့အား ကောင်းမြတ်သောအသီးများကို သီးစေလိုပါသည်။
တချို့သောလူတို့သည် အကြောင်းမလှစွာဖြင့် ရည်မှန်းချက်နှင့် စံနှုန်း အကြောင်းတို့ကို စဉ်းစားတွေးခေါ်ခြင်း မရှိကြပေ။ အကယ်၍ မှန်မှန်ကန်ကန် နားလည် သဘောပေါက်ခဲ့လျှင် သင်ကြားခြင်းက ကျွန်ုပ်တို့ကို ထိုရည်မှန်းချက် များသို့ ပို့ဆောင်ပေး၍ လွဲသွား စေမည်မဟုတ်ပေ။
ကြမ်းပြင်ပေါ်၌ လေးဖက်တွားသွားနေသော ကလေးငယ်လေးအ ကြောင်းကို စဉ်းစားကြည့်ပါ။ မိဘနှစ်ပါးသည် ဤကလေးငယ်လေး အရွယ်ရောက် လာမည့်အချိန်ကို စောင့်ဆိုင်းလျက် မျှော်လင့်နေကြ၏။ သူတို့က ဤကလေး ငယ်လေး “အရွယ်ရောလာ၍ အိမ်ထောင်ကျသောအခါကျရင် …” ဟူ၍ ပြောဆို နိုင်ကြ၏။
လူတစ်ဦး၏အသက်တာနှင့်ပတ်သက်၍ ယာယီအားဖြင့် မွေးကင်းစ ကလေး၊ ကလေးငယ်နှင့် အရွယ်ရောက်လာသည့်အရွယ်ဟူ၍ အဆင့်ဆင့်ရှိ၏။ အကြောင်းမှာ ၎င်းတို့သည် ဖွဲ့စည်းတည်ဆောက်မှုနှင့် ဆိုင်သောကြောင့်တည်း။ ကောင်းမွန်သောလေ့ကျင့်မှုသည် တစ်ဦးချင်းစီ၏ဖြစ်ခြင်းကို ဖော်ထုတ်ခြင်း အားဖြင့် အစပြု၏။ ထို့နောက် တဆင့်ပြီးတဆင့် ဝိညာဉ်ပိုင်းဆိုင်ရာ လိုအပ်သော ပြုစုစောင့်ရှောက်ခြင်းနှင့် သင်ကြားခြင်းတို့ကို ဖြည့်ဆည်းပေးရမည် ဖြစ်သည်။ အသိပညာနှင့်အတွေ့အကြုံ မရှိဘဲလျက် မိမိတို့ တွေ့ကြုံခြင်းသည် တုပခြင်းသာ ဖြစ်သည်။ ၎င်းသည် အတိုင်းအတာတစ်ခုထိ ကောင်းသော်လည်း မိမိတို့သည် လေ့ကျင့်မှုကို လျစ်လျူရှူနေဆဲပင်ဖြစ်သည်။
လေ့ကျင့်ပေးခြင်းနှင့်မိဘများ
ငါနှင့်ငါ့မိန်းမသည် မိဘနှင့်ဆိုင်သောသင်ခန်းစာများကို သင်ပေးကြ၏။ ကွင်းဆင်းသောအခါ မေးခွန်းမေးမြန်းခြင်းခံရ၍ ငါ့မိန်းမလည်း ထိုမေးခွန်း မဖြေဆိုမီ ကလေးသည် မည်သည့်အရွယ်ရှိကြောင်းကို လိမ္မာပါးနပ်စွာ အရင်ဖော် ထုတ်လိုက်၏။ တစ်နှစ်အရွယ်၊ နှစ်နှစ်အရွယ်ကလေးငယ်လေးသည် ထိန်းကျောင်း သူတစ်ဦး ပြုရမည့်အကြံပြုချက်နှင့် ကြီးမားသောလွဲချော်မှုပြုတတ်၏။
ကျွန်ုပ်တို့ခရစ်ယာန်အသက်တာ အဆင့်ဆင့်၌ မိမိတို့အဖို့ ဘုရားသခင် ထားပေးသည့်အရာကို နားလည်သဘောပေါက်သောအခါ “မည်သို့နည်း” ဟူသောလေ့ကျင့်ပေးခြင်းသည် လေ့ကျင့်ပေးသူရော လေ့ကျင့်ခံရသူနှစ်ဦးစလုံး အတွက်ပါ ပိုမိုရှင်းလင်းလာသည်။ ကျွန်ုပ်တို့သည် အသင်းတော်နှင့်ဆိုင်သော အစီအစဉ်တချို့ကို ပြည့်စုံစေခြင်းသက်သက်မဟုတ်ဘဲ အထူးရည်မှန်းချက်များ ပြည့်စုံဖို့ရန် ယုံကြည်သူတို့အား သူတို့အဆင့်အတန်း၏ရင့်ကျက်ခြင်း၌ မူတည် လျက် အထောက်အကူပြုရန် လေ့ကျင့်ပေးနေခြင်းဖြစ်ပါသည်။
ငါနှင့်ငါ့မိန်းမသည် လေ့ကျင့်ပေးသူများ သို့မဟုတ် အကြံဉာဏ်ပေးသူများ ဖြစ်သည့်အားလျော်စွာ ထာဝရဘုရား၌ ဆည်းကပ်၍ လုပ်ဆောင်သည့်အတိုင်း ဘုရားသခင်၏အလိုတော်ကို ရှာဖွေတွေ့ရှိရင်း ထိုလေ့ကျင့်ပေးခြင်းကို ဤတပည့် တော်များ၏အသက်တာထဲသို့ ပေါင်းစပ်ဖို့ရန် အကောင်းဆုံးနည်းလမ်းကို ရှာဖွေ ကြ၏။ ကောင်းမွန်သောမိဘများက သူတို့၏သားသမီးများအား လေ့ကျင့်ပေးခြင်း နှင့် ဘာမျှ ခြားနားချက်မရှိပေ။
ဘုရားသခင်၏ရည်ရွယ်ချက်နှင့်တန်ခိုး
ဤဖြစ်စဉ်နှင့်စပ်လျဉ်း၍ အကြီးမားဆုံးသောအရာကား ယေရှုခရစ်တော် သည် ကျွန်ုပ်တို့အထဲ၌ ကြီးထွားနေသော အသက်၏စွမ်းအားဖြစ်၍ သူ၏ရည်မှန်း ချက်ရှိရာသို့ ကျွန်ုပ်တို့အား ပို့ဆောင်နေခြင်း ဖြစ်သည်။ ဤအရာကား စနစ်တကျမ ရှိသောအရာ မဟုတ်ဘဲ အထူးပြုသည့်ဖြစ်စဉ်ဖြစ်ပါသည်။ ဘုရားသခင်သည် သူ၏ရည်ရွယ်ချက်များကို သယ်ပိုးနိုင်ဖို့ရန် ကျွန်ုပ်တို့အထဲ၌ ရှင်သန်လျက်နေ၏။
ဤအသက်တာကို ကျွန်ုပ်တို့ဖန်တီးစရာမလိုသလို ကြီးထွားဖို့ရန် ဖိအား ပေးစရာလည်းမလိုအပ်ပေ။ အကယ်၍ အစစ်အမှန်ဖြစ်လျှင် ထိုဗီဇက ကြီးထွား စေ၍ အသီးသီးစေပါလိမ့်မည်။ လယ်သမားတစ်ဦးက မိမိ၏လယ်ယာကို စောင့် ရှောက်သကဲ့သို့ ကျွန်ုပ်တို့သည်လည်း ဘုရားသခင်လုပ်ဆောင်ခြင်းနှင့်အတူ ရိုးရှင်းစွာ လုပ်ဆေင်ခြင်းသာဖြစ်သည်။ ယေရှုက ပေတရုအား “ငါ့သိုးတို့ကို ကျွေး မွေးလော့ဟုမိန့်ဆိုသောစကားကို သတိရပါ။ ပေတရုက သိုးတို့အား အသက်ပေး စရာမလိုပါဘူး။ သို့သော် သူသည် သိုးထိန်းကောင်းဖြစ်သည့်အလျောက် သိုးတို့ကို ကျွေးမွေး၍ စောင့်ရှောက်ရန်သာဖြစ်သည်။
လေ့ကျင့်ခြင်းသည် ငါတို့အားဖြင့် အစပြု၍ ၎င်းက အခြားသူများ လေ့ကျင့်ခြင်းအဖြစ်သို့ အလွယ်တကူ ကူးပြောင်းနိုင်မည်ဖြစ်သည်။ လေ့ကျင့်ပေး ခြင်းဟူသည်မှာ မိမိတို့အသက်တာထဲ၌ ဘုရားသခင်လုပ်ဆောင် ခဲ့ပြီးသောအရာ များကို အခြားသူများအား သင်ကြားခြင်းသာဖြစ်သည်။
သင်ခန်းစာ
- ဝိညာဉ်ပိုင်းဆိုင်ရာ ရူပါရုံသည် ဝိညာဉ်ပိုင်းဆိုင်ရာ သမ္မာတရားများမှ ပေါက်ဖွား၍ ၎င်းက ကျွန်ုပ်တို့၏မျှော်လင့်ချက်များနှင့် ဦးတည်ချက် များကို ပုံဖော်ပေးသည်။
- ရည်မှန်းချက်များသည် ဝိညာဉ်ပိုင်းဆိုင်ရာ ကြီးထွားဖွံ့ဖြိုးမှု အဆင့်ဆင့် အတွက် အတိအကျဖြစ်ဖို့ လိုအပ်သည်။
- ကျွန်ုပ်တို့သည် ရည်မှန်းချက်ပန်းတိုင်များကို ကြီးထွားခြင်းအတွက် တီထွင်ကြံဆ ဖန်တီးနေခြင်း မဟုတ်ဘဲ ကျမ်းစာ၌ ဘုရားသခင်မိန့်ဆို ပြီးသောအရာများကို ဂရုတစိုက် ထိန်းသိမ်းလျက် မိမိတို့အသက်တာ ထဲသို့ ဆက်သွယ်ခြင်းသာဖြစ်သည်။
- ဘုရားသခင်သည် ယုံကြည်သူအသီးသီးတို့အား သူ၏မေတ္တာသီးကို သီးလျက် ဤလောက၌ ထွန်းလင်းရန် အထူးအကြံအစည်ရှိသည်။ ဤကား ထိုယုံကြည်သူ၏အသီး သို့မဟုတ် ကောင်းသော လုပ်ဆောင်ချက် များဟု ခေါ်သည်။
ကျက်မှတ်ဆင်ခြင်ပါ
- မာကု၊၄:၂၇-၂၈
တာဝန်ပေးအပ်ခြင်း
- သင့်အသက်ထဲရှိ ဤအဆင့်၌ သင့်အဖို့ ဘုရားသခင်၏ရည်မှန်းချက်ကား အဘယ်နည်း။ အနည်းဆုံး သုံးခုဖော်ထုတ်ပါ။
- ရည်မှန်းချက်ပန်းတိုင်များ ချမှတ်ခြင်း၌ သင်မည်ကဲ့သို့ တုံ့ပြန်မည်နည်း။ သင်သည် ထိုဖြစ်စဉ်အားဖြင့် စိတ်အားထက်သန်သလော သို့မဟုတ် စိတ်ပျက်သလော။ အကြောင်းရင်းကို ရှင်းပြပါ။
- ဥယျာဉ်ရှိ အပင်နှင့်အသီးတစ်ချိုအတွက် ဘုရားသခင်၏ရေရှည်ရည် မှန်းချက်ကား အဘယ်နည်း။ ၎င်းသည် သင့်အသက်တာ၏ဝိညာဉ် ရေးရာ၌ မည်သို့အဓိပ္ပာယ်သက်ရောက်ပါသနည်း။
- အထက်၌ ဖော်ပြပြီးသောရည်မှန်းချက်သို့ ရောက်ရှိဖို့ရန် သင့်ကိုယ်သင် သတိပေး၍ သင့်အနီးအနားရှိ အချို့သောယုံကြည်သူများအကြောင်းကို စဉ်းစားရမည်။ သူတို့အသီးသီး ကြီးထွားဖို့ရန် ဘုရားသခင်မစစေခြင်းငှာ ဆုတောင်းပေးရမည်။ အကယ်၍ ဘုရားသခင်သည် ထိုသူတို့အား ကူညီဖို့ရန် သင့်စိတ်နှလုံး၌ စကားပြောဆိုလျှင် ၎င်းကို လိုက်နာရမည်။
© Paul J. Bucknell · Burmese translation: ဓမ္မဆရာတော် ဦးဘီထန်း (Bee Htan) · Biblical Foundations for Freedom