
အသက်၏အနှစ်သာရ — The Life Core
အခန်း ၂၀ — အသက်အူတိုင်
ကျွန်ုပ်တို့ထဲမှ များစွာသောသူတို့သည် ဤမြေကြီး၏အတွင်းပိုင်း လုပ် ဆောင်ချက်များကို သတိမမူဘဲ အသက်ရှင်ကြ၏။ မြေငလျင်လှုပ်သောအခါ လူအနည်းငယ်ခန့်သာ မိမိတို့၏ခြေဖဝါးအောက်၌ရှိသော အကြောင်းအရာကို စဉ်းစားတတ်ကြ၏။ သို့သော် အများစုမှာ ၎င်းအကြောင်းအရာကို အချိန်ပေးပြီး မစဉ်းစားမိကြပေ။
ကျွန်ုပ်တို့၏ခရစ်ယာန်အသက်ရှင်ခြင်းသည်လည်း ထို့အတူဖြစ်သည်။ ခရစ်ယာန်တို့သည် သူတို့၏ ခရစ်ယာန်အသက်တာ အောက်၌ဖြစ်ပျက်နေသော အကြောင်းအရာကို မသိရှိကြပေ။ သန့်ရှင်းစင်ကြယ်ခြင်း ဖြစ်စဉ်ကို လေ့လာ၍ အကျယ်တဝင့်ရေးသားခဲ့ကြသော်လည်း ဝိညာဉ်ရေးရာအသက်တာ၌ အရေးကြီး ဆုံး အကြောင်းအရာကို လျစ်လျူရှူကြ၏။
ဤစာအုပ်၏အစပိုင်း၌ သန့်ရှင်းသောဝိညာဉ်တော်အားဖြင့် လုပ်ဆောင် လျက်ရှိသည့် အသက်တာ၏ တန်ခိုးအကြောင်းကို ကျွန်ုပ်တို့ဖော်ပြပြီးဖြစ်ပါသည်။ အသက်သည် စွမ်းအားသက်သက်မဟုတ်ဘဲ ပုဂ္ဂိုလ်ဖြစ်ပြီး လိုအင်ဆန္ဒနှင့် ရည်ရွယ်ချက်ရှိ၏။ တစ်စုံတစ်ဦးသည် ဝိညာဉ်တော်၏ရည်ရွယ်ချက်နှင့်တကွ သတိရှိစွာ လုပ်ဆောင်သောအခါ ထိုအင်အား၏တန်ခိုးကို ပို၍နားလည်ရ၏။ ယုံကြည်သူများသည် ဝိညာဉ်တော်၏ရည်ရွယ်ချက်ကို လျစ်လျူရှူသောအခါ ရှုပ်ထွေးခြင်း သွင်ပြင်အမျိုးမျိုးကိုဖြစ်စေသည့် သတိမဲ့သောအသက်တာ၌ အသက် ရှင်ကြရ၏။ တစ်နည်းပြောရလျှင် ယုံကြည်သူတစ်ဦး၏အသက်ရှင်ခြင်းမှ ထွက်ခွာ ခြင်းသည် ဝိညာဉ်တော်နှင့် ဆန့်ကျင်ဘက်ဖြစ်သည်။
ခရစ်ယာန်အသိုင်းအဝန်းထဲတွင် သန့်ရှင်းသောဝိညာဉ်တော်၏ အလုပ်စီး ဆင်းမှု တချို့ကို ဖော်ထုတ်သည့်လှုပ်ရှားမှု အသင်းအဖွဲ့ရှိ၏။ ထိုသူတို့သည် သူတို့ခေါ်လေ့ရှိသည့် “သန့်ရှင်းသော ဝိညာဉ်တော်နှင့် ပြည့်ဝခြင်း” အထဲသို့ ဝင်ရောက်ရန် စိတ်လှုပ်ရှားကြ၏။ သို့သော်လည်း များသောအားဖြင့် သူတို့လည်း မဟုတ်ကြဘူး။ သူတို့သည် မိမိတို့၏အသက်တာထဲ၌ ဘုရားသခင်၏ကြီးမြတ်သော ရည်ရွယ်ချက်ကို လျစ်လျူရှူကြ၏။
တမန်တော်ပေါလုသည် ချစ်ခြင်းမေတ္တာအကြောင်းကို ဖော်ပြသည့် ၁ကောအခန်းကြီး ၁၃ ကို သန့်ရှင်းသောဝိညာဉ်တော်၏ဆုကျေးဇူး အကြောင်းကို ဖော်ပြသည့် အခန်းကြီး ၁၂ နှင့် ၁၄ စပ်ကြားတွင် ရည်ရွယ်ချက်ရှိရှိ ညှပ်ထားသည်။ ဤဆုကျေးဇူးများသည် ဧကန်မုချအရေးကြီး၏။ သတိပြုရမည်မှာ တမန်ပေါလု သည် ပိုမိုကြီးမြတ်သောတစ်စုံတစ်ရာကို ကျွန်ုပ်တို့အား ပြသခြင်းငှာ ဆွေးနွေး ချက်ကို စကားကြားဖြတ်လိုက်လေ၏။ “သင်တို့သည် အမြတ်ဆုံးသောဆုကျေးဇူး တော်တို့ကို အလွန်အလိုရှိ ကြသည်တွင် သာ၍မြတ်သောလမ်းကို ငါပြဦးမည်”(၁ကော၊၁၂:၃၁)။
စိတ်နှလုံးအကြောင်းအရာပေါ် အာရုံစူးစိုက်ခြင်း
ကျွန်ုပ်တို့အသက်တာ၌ ဝိညာဉ်တော်အားဖြင့် ဘုရားသခင်ပြုသော အမှုသည် ကျွန်ုပ်တို့အား ခရစ်တော်ကဲ့သို့ ပိုမိုသန့်ရှင်းစေ၏။ ထိုအမှုသည် သာမန်မျက်စိဖြင့် မြင်၍မရသော သန့်ရှင်းသော ဝိညာဉ်တော်၏ရည်ရွယ်ချက် ဖြစ်ပါသည်။ သန့်ရှင်းခြင်းအသက်တာမရှိသည့် ဆုကျေးဇူးများသည် အလွဲသုံးစား ခံရလိမ့်မည်။
သန့်ရှင်းသောဝိညာဉ်တော်၏အတွင်းပိုင်း လုပ်ဆောင်ချက်များနှင့် ရည်ရွယ်ချက်တို့ကို “အသက်၏အချက်အချာ”ဟု ငါခေါ်ဝေါ်ခဲ့သည်။ အကြောင်း မှာ ၎င်းသည် ကျွန်ုပ်တို့ယုံကြည်သူများ၏အဓိက လုပ်ဆောင်ချက်ဖြစ်သောကြောင့် တည်း။ သန့်ရှင်းသောဝိညာဉ်တော်သည် အသက်ကို ယူဆောင်လာ၍ ယုံကြယ်သူ များကိုလည်း အလင်းဖွင့်ပြပေးသည်။ သူသည် ကျွန်ုပ်တို့အား ဝိညာဉ်ပိုင်းဆိုင်ရာ ဆုကျေးဇူးများကို ပေးသနား၍ မိမိတို့အား ယုံကြည်ခြင်း၌ လျှောက်လှမ်းနိုင်ရန် ဘုရားသခင်၏ နှုတ်ကပတ်တော်အားဖြင့် လှုံ့ဆော်ပေးလျက် စကားပြောတော်မူ၏။
“သမ္မာတရားနှင့်ပြည့်စုံသော ထိုဝိညာဉ်တော်သည် ရောက်လာသောအခါ သမ္မာတရားကို သင်တို့အား အကြွင်းမဲ့ သွန်သင်ပြသလိမ့်မည်။ ထိုဝိညာဉ်တော် သည် ကိုယ်အလိုအလျောက် ဟောပြောမည်မဟုတ်။ ကြားသမျှတို့ကို ဟောပြော လိမ့်မည်။ နောင်လာလတံ့သောအရာတို့ကို သင်တို့အား ဖော်ပြလိမ့်မည်”(ယော၊ ၁၆:၁၃)။
ဝမ်းနည်းစရာကောင်းသည်မှာ ဝိညာဉ်တော်၏ထိတွေ့ခြင်းမပါဘဲလျက် သန့်ရှင်းသောဝိညာဉ်တော် အကြောင်းကို ကျွန်ုပ်တို့သိရှိနိုင်သည်။ ဤအရာသည် ကျွန်ပ်တို့ဦးနှောက်နဲ့ သိခြင်း၏အခြေခံ ပြဿနာ ဖြစ်ပြီး၊ မိမိတို့သင်ယူ လေ့လာခြင်းသည်လည်း မိမိတို့အသက်တာ၌ ကောင်းကောင်း ကျင့်သုံး၍မရပေ။ လူတို့သည် သန့်ရှင်းသောဝိညာဉ်တော်ကိုလည်းကောင်း၊ သူ၏ရည်ရွယ်ချက်ကို လည်းကောင်း နားလည်သဘောပေါက်ခြင်း မရှိဘဲလျက်သွားလာလှုပ်ရှား နိုင်သည်။ ၎င်းကို လျစ်လျူရှူခြင်း ဟုခေါ်ပါသည်။
သန့်ရှင်းသောဝိညာဉ်တော်၏ကောင်းမြတ်ခြင်းနှင့် ဘုရားတရားကြည်ညို သောရည်ရွယ်ချက်တို့အား ဆန့်ကျင်တုံ့ပြန်ခြင်းကို “မနာခံခြင်း” ဟုခေါ်သည်။ တချို့သောသူတို့သည် သူတို့အား သန့်ရှင်းသော ဝိညာဉ်တော် လုပ်ဆောင်စေလို သောအရာကို သိရှိကြသော်လည်း သူပြုစေလိုသည့် လမ်းစဉ်အတိုင်း ပြည့်စုံစေရန် မပြုလုပ်ကြပေ။ ရှောလုမင်းသည် ဝမ်းနည်းဖွယ်နှင့်စိတ်ပျက်ဖွယ်ကောင်းသည့် ခေါင်းမာသော ပုံဥပမာကိုဆောင်ထားပါသည်။ သူသည် သူ၏သင်ခန်းစာယူ စရာများကို မေ့လျော့ခြင်းအားဖြင့် သင်ယူစရာ အခွင့်အလမ်းကောင်းများစွာကို လက်လွှတ်ဆုံးရှုံးခဲ့ရ၏။
ကျွန်ုပ်တို့၏စိတ်သဘောထားကို ဆန်းစစ်ခြင်းသည် မိမိတို့၏အတွင်း ပုဂ္ဂိုလ် ပုံရိပ်များကို ပို၍ ကောင်းမွန်စေသည်။ ကျွန်ုပ်တို့သည် တွန့်တိုခြင်းမရှိဘဲ ပေးကမ်းရန်ဖြစ်သည် (၂ကော၊၉:၇)။ ကျွန်ုပ်တို့သည် သူတစ်ပါးအား ညည်းညူခြင်း မရှိဘဲလျက် အမှုထမ်းရမည်။ ကျွန်ုပ်တို့အား ဘုရားသခင်ပြသသည့် ဦးစားပေးမည့် အရာကို မိမိတို့သည် အလျင်အမြန် ပြည့်စုံစေရန် ဆောင်ရွက်ရပါမည်။
ဘုရားသခင်အား ယေဘုယအားဖြင့် တုံ့ပြန်ချက်နှစ်မျိုး
သန့်ရှင်းသောဝိညာဉ်တော်အားဖြင့် ကျွန်ုပ်တို့၌ ဘုရားသခင်လုပ်ဆောင် သောအရာကို မိမိတို့နားလည် သဘောပေါက်သောအခါ မိမိတို့ကိုယ်တိုင် သူနှင့်သူ ၏ရည်ရွယ်ချက်များနှင့်အတူ ပူးပေါင်းဖို့ရန် များစွာလွယ်ကူ၍ ပိုမိုဝမ်းမြောက်ဖွယ် ဖြစ်လာသည်။

အထက်ပုံဇယားတွင် ယုံကြည်သူနှင့်သန့်ရှင်းသောဝိညာဉ်တော် စပ်ကြား၌ အဟန့်အတားပုံစံဖြင့် ရှိသည့်လျစ်လျူရှူခြင်းနှင့်စိတ်နှလုံးခိုင်မာခြင်းတို့ကို ကျွန်ုပ် တို့တွေ့မြင်ရပါသည်။ ညာဘက်ခြမ်းပုံ၌ရှိသော အဟန့်အတားသည် ဆွဲထုတ်ခြင်း ကိုခံရ၍ ယုံကြည်သူအထဲသို့ သန့်ရှင်းသောဝိညာဉ်တော် စီးဆင်းခွင့် ရရှိလေ၏။ ဤသည်မှာ ဝိညာဉ်တော်နှင့် ပြည့်ဝခြင်းဆိုင်ရာ ဆိုလိုရင်းအဓိပ္ပာယ်မှန်ဖြစ်သည်။ တနည်းဆိုသော် ဘုရားသခင်၏ဝိညာဉ်တော်အားဖြင့် လုံးလုံးလွှမ်းမိုးခြင်းခံရသည်။
ဘုရားသခင်၏လူတို့သည် ဘုရားသခင်၏အမှုတော်မြတ်တို့၌ စိတ်အား ထက်သန်စွာ ပူးပေါင်းနိုင်ရ မည့်အကြောင်း ခရစ်ယာန်သင်တန်းပို့ချခြင်းသည် သန့်ရှင်းသောဝိညာ်တော်၏ရည်ရွယ်ချက်ကို ရှင်းရှင်းလင်းလင်း ဖော်ထုတ်ပြသ သင့်သည်။ ဝမ်းနည်းဖွယ်ကောင်းသည်မှာ များစွာသောသူတို့သည် ဤအမှုတော် လုပ်ငန်းကို ရှင်းလင်းစွာ မရှင်းပြနိုင်ကြပေ။ ထို့ကြောင့် ဘုရားသခင်၏လူအ ပေါင်းတို့သည် မျက်နှာပြင်အောက်၌ ဖြစ်ပျက်နေသောအရာများကို လျစ်လျူရှူ နေကြခြင်းဖြစ်ပါသည်။
ယုံကြည်သူများ အားနည်းခြင်းနှင့်ခွန်အားမဲ့နေခြင်းတို့ကို သူတို့အဖို့ ဘုရားသခင်လိုအင်ဆန္ဒနှင့် ယှဉ်ကြည့်ရပါမည်။ ယုံကြည်သူ၏ခွန်အားသည် သန့်ရှင်းသောဝိညာဉ်တော်၏လုပ်ဆောင်ချက်ကို မိမိ၏ လိုအင်ဆန္ဒနှင့်တကွ ဆက်နွယ်လျက် အတည်ပြုခြင်းအားဖြင့် ဖြစ်လာသည် (ရော၊၁၂:၁-၂)။
သင်ခန်းစာ
- များစွာသောယုံကြည်သူတို့သည် သန့်ရှင်းသောဝိညာဉ်တော်၏ရည်ရွယ် ချက်ကို လျစ်လျူရှူ ကြသောကြောင့် ဝိညာဉ်တော်၏အလုပ်ကို မေ့လွယ်၍ သံသယရှိလာကြ၏။
- ယုံကြည်သူသည် သန့်ရှင်းသောဝိညာဉ်တော်၏လုပ်ဆောင်ချက်အပေါ် တုံ့ပြန်ရန် မလိုလားသောအခါ ဝိညာဉ်ပိုင်းဆိုင်ရာမောက်မာမှုနှင့် တာဝန်မဲ့ခြင်း တိုးပွားလာသည်။
- ကျွန်ုပ်တို့သည် သန့်ရှင်းသောဝိညာဉ်တော်အားဖြင့် ဘုရားသခင်၏သန့် ရှင်းစင်ကြယ်စေခြင်း ရည်ရွယ်ချက်ကို ကိုယ်တော်သည် မည်ကဲ့သို့အ ကောင်အထည်ဖော်သည်ကို ရှင်းလင်းသောအခါ ပို၍ကျယ်ပြန့်သည့် မိမိတို့၏ဝိညာဉ်ရေးရာ အသက်တာပိုင်းဆိုင်ရာ အမြင်ကို လက်ခံရရှိ လေ၏။ ၎င်းက မိမိတို့အား ဝိညာဉ်တော်နှင့်ပြည့်ဝလျက် အသက်ရှင်ခြင်း ကို နားလည်းစေသည်။
ကျက်မှတ် ဆင်ခြင်ပါ
- ယော၊၁၆:၁၃
တာဝန်ပေးအပ်ခြင်း
- ယောဟန် ၁၆:၅-၁၅ ကိုဖတ်ရှုပါ။ သန့်ရှင်းသောဝိညာဉ်တော် အကြောင်းနှင့်စပ်လျဉ်း၍ သင်လေ့လာ တွေ့ရှိသောအရာများကို ရေးချပါ။
- များမကြာမီက သင်ရုန်းကန်ခဲ့သည့် ဝိညာဉ်တော်၏ကမ်းလှမ်းချက် တစ်စုံတစ်ရာကို လုပ်ဆောင်ဖို့ သင့်မသင့်ကို စဉ်းစားပါ။ ထိုအရာသည် အဘယ်နည်း။ သင်သည် ၎င်းကိုမည်ကဲ့သို့တုံ့ပြန်သနည်း။
© Paul J. Bucknell · Burmese translation: ဓမ္မဆရာတော် ဦးဘီထန်း (Bee Htan) · Biblical Foundations for Freedom