အသက်၏အနှစ်သာရ — The Life Core. ခရစ်ယာန် အသက်တာ၏ အခြေခံအမှန်တရားများ. Burmese edition banner with a growing seedling at sunrise over mountains.

အသက်၏အနှစ်သာရ — The Life Core

အခန်း ၁၉ — တပည့်တော်ဖြစ်ခြင်း၏ရည်ရွယ်ချက်

အထက်ကဖော်ပြသည့်ကြီးထွားခြင်းဆိုင်ရာ အဆင့်သုံးဆင့်အကြောင်းကို ယုံကြည်သူများ ကြားသိသောအခါတွင် သူတို့သည် ခွန်အားရရှိပြီးဖြစ်ပါသည်။ သူတို့သည် ၎င်းတို့၏ဆိုလိုရင်းကို နားလည်သောအခါ အသစ်သောခြေထောက် တစ်စုံ ရရှိသကဲ့သို့ခံစားကြ၏။ များစွာသောသူတို့သည် ခရစ်ယာန်အသက်တာ၌ အဆင့်ဆင့်ရှိကြောင်းကို မစဉ်းစားဖူးကြပေ။ ထိုသို့ မစဉ်းစားဖူးသောသူတို့တွင် ခရစ်ယာန်ဓမ္မဆရာများနှင့်တရားဟောဆရာများလည်းပါဝင်သည်။

ငါမသိသောအရာများ

ယုံကြည်သူတို့သည် ထုံစံအတိုင်း ခရစ်ယာန်အသက်တာကို မရှင်းမလင်း၊ နားလည်ရန်ခက်ခဲသည်ဟု ထင်တတ်ကြ၏။ သူတို့က “ငါကယ်တင်ခြင်းရရှိပြီးပါပြီ။ ဆိုတော့ အထက်ကောင်းကင်ကိုပဲ ရှေ့ရှုရမှာပေါ့”ဟု ဆိုတတ်ကြတယ်။ ထိုသူတို့ သည် သန့်ရှင်းစင်ကြယ်ခြင်းအကြောင်းအရာနှင့်စပ်လျဉ်း၍ သိပ်ပြီးနားလည်ပုံ မပေါက်ဘူး။

ငါနှင့်ငါ့မိန်းမဟာ ကလေးမိဘတွေကို ကလေးမချီတဲ့နည်း လေ့ကျင့်ပေး ကြတယ်။ အဲဒီနေရာမှာပင် ကျွန်ုပ်တို့အခက်ခဲရှိသေးတယ်။ မိခင်ကြီးများသည် မိသားစု၏လိုအပ်မှုကြောင့် အိမ်၌နေခြင်းအမှု နည်းသထက်နည်းလာသောအခါ အတွေ့အကြုံနည်းပါးလှသော ငယ်ရွယ်သည့်စုံတွဲများသည် သူတို့၏ကလေးငယ် များကို မည်ကဲ့သို့ပြုစုစောင့်ရှောက်ရမည်ကို မသိကြတော့ပေ။

တစ်စုံတစ်ဦးက အခြေခံအဆင့်မျှသာဖြစ်သည့်ကလေးငယ်အား ပြုစုပျိုး ထောင်ခြင်းနှင့်မိခင်နို့ တိုက်ကျွေးခြင်း အမှုတို့သည် သဘာဝအလျောက်ဖြစ်လာ လိမ့်မည်ဟုဆိုကြ၏။ သို့သော် ထိုသို့မဖြစ်နိုင်ပေ။ တစ်စုံတစ်ဦးသည် မိမိ၏သား သမီးများကို ကောင်းမွန်စွာ နို့တိုက်ကျွေး၍ ပြုစုပျိုးထောင်ရန် သင်ယူစရာ များစွာရှိပါသည်။ တစ်ခါတစ်ရံ သဘာဝအလျောက်ပြုမူတတ်သည့် သဘောသည် စိတ်ပျက်ဖွယ် ကောင်းလောက်အောင် အထောက်အကူမဖြစ်ပေ။ ထိုအကြောင်း ကြောင့် ဆေးရုံနှင့် ဆေးခန်းများတွင် ကလေးငယ်ပြုစုပျိုးထောင်ခြင်းနှင့်ဆိုင်သော ပညာပေးသင်ကြားခြင်း အတန်းများကို ထည့်သွင်းပေးခြင်း ဖြစ်သည်။

ခရစ်တော်၏သင်ကြားခြင်းသည်လည်း ထို့အတူဖြစ်၏။ ကျွန်ုပ်တို့သည် ဘုရားသခင်အတူပါရှိခြင်းကို သိရှိလျက် ဝတ်ပြုကိုးကွယ်ခြင်းအမှုကို ပြုနိုင်ပါသ လား။ ယုံကြည်သူများသည် အလိုအလျောက် ကြီးထွားပါမည်လော။ ပျိုလဲကျရှုံး ခြင်းကလွဲ၍ အခြားဘာမျှမဖြစ်နိုင်ပေ။ များစွာသောသူတို့သည် ဝိညာဉ်ရေးရာအ ကြောင်းအရာများကို မှန်မှန်ကန်ကန် နားလည်သဘောပေါက်ကြသော်လည်း ပြဿနာများ ရှိနေသေးကြောင်း ကျမ်းစာပင်လျှင်ဖော်ပြ၏။ ၎င်းတို့မှာ အကျင့်ပိုင်း ဆိုင်ရာ (ရော၊၂:၁၄-၁၅)၊ ဘုရားသခင် ပါရှိခြင်း (ရော၊၁:၁၉-၂၀) သို့မဟုတ် တစ်ကိုယ်ကောင်းဆန်ခြင်းနှင့်စပ်လျဉ်း၍ မှားယွင်းမှုတို့ဖြစ်ပါသည်။ ဤအရာတို့ သည် မရှင်းမလင်းဖြစ်နိုင်ပါသည်။ ထိုစဉ်၌ မိမိတို့၏အာရုံခံစားမှုသည် မိမိတို့၌ရှိ သည့် မရေရာသောအရာကို အလွယ်တကူ ပယ်ချနိုင်သည်။

ဤအကြောင်းကြောင့် ယေရှုက ကျွန်ုပ်တို့အား တပည့်တော်မွေးထုတ်ရန် မိန့်ဆိုခဲ့ခြင်းဖြစ်သည်။ ကျွန်ုပ်တို့သည် ယေရှုမိန့်ဆိုခဲ့သောအရာနှင့်ပြုခဲ့သည့် အရာများကို အခြားသူများအား သင်ယူစေရန် ခေါ်ဆောင်လာရမည်။ “ငါသည် သင်တို့အား မိန့်မှာသမျှတို့ကို စောင့်ရှောက်စေခြင်းငှာ သူတို့အား ဆုံးမဩဝါဒပေး ကြလော့”(မ၊၂၈:၁၉)။

မကြာသေးမီကနှစ်များတွင် များစွာသောသူတို့သည် တပည့်တော်ဖြစ်ခြင်း အကြောင်းနှင့်စပ်လျဉ်း၍ သင်ကြားပေးခြင်းနှင့်ရေးသားခြင်းများ လုပ်ဆောင်ခဲ့ သည်ကိုတွေ့ရှိ၍ ငါဝမ်းသာအားရဖြစ်၏။ သို့သော်လည်း လူတို့သည် တပည့်တော် ဖြစ်ခြင်းကို ဦးတည်ရာလမ်းကြောင်းထက် နည်းဗျူဟာတစ်ခုဟု ယူဆလာခြင်း ကြောင့်တစ်ကြောင်း၊ အကြောင်းအရာထက် ကိုယ်တိုင်ဆက်နွယ်ခြင်း အပေါ်၌ ပို၍အာရုံစိုက်လာခြင်းကြောင့်တစ်ကြောင်း ငါသည် စိတ်ပျက်လာ၏။ သူတို့အသီး သီးက အခြားသူများအား မည်ကဲ့သို့လေ့ကျင့်သင်ကြားပေးမည်ဟူသောအရာ၌ အာရုံစိုက်သည်ကို ငါလည်း အသိအမှတ်ပြုပါသည်။ ဤအကြောင်းအရာကို ငါလည်းသင်ပေး၏။ အကြောင်းမှာ ဤအကြောင်းအရာသည် အချို့ကိစ္စများ၌ မေ့လျော့၍ အဆင့်အတန်းလျော့ကျလာသောကြောင့်ဖြစ်သည်။ မည်သို့ပင်ဖြစ်စေ ကျွန်ုပ်တို့သည် ထိုအရာကို ကျော်လွန်၍ ဆက်သွားဖို့ လိုအပ်ပါသည်။ ကျွန်ုပ်တို့၏ ရည်ရွယ်ချက်ကား အခြားသူများ သင်ယူစေခြင်းငှာ သင်ကြားပေးရန် ဖြစ်ပါသည်။ ဤ”သင်ယူလေ့လာခြင်း”သည် တပည့်တော်ဖြစ်ခြင်းထက် သာလွန်သော တကယ့်အဓိပ္ပာယ်ဆိုလိုရင်းဖြစ်သည်။ ကျွန်ုပ်တို့ထဲတွင် များစွာသောသူတို့သည် သင်ကြားပေးခြင်း အရေအတွက်ဖြင့် သက်သောင့်သက်သာ ခံစားကြ၏။ ထိုအရာ တို့ကို စမ်းသပ်စစ်ဆေး၍ တိုင်းတာနိုင်၏။ အနောက်တိုင်း ပညာရေးသည် ဤအတွက် ကျွန်ုပ်တို့အား လေ့ကျင့်ပေးသည်။ သို့ရာတွင် ဝိညာဉ်ရေးရာ ကိစ္စများ သည် လွယ်လွယ်ကူကူ စမ်းသပ်စစ်ဆေး၍ မဖြစ်ပေ။ ထို့ကြောင့် ၎င်းသည်

(၁) လျစ်လျူရှူလွယ်၍

(၂) မရှင်းမလင်းဖြစ်ကာ

(၃) အပြင်ပန်းအားဖြင့် ဆီလျော်မှုနည်းပါးတတ်သည်။

ပေါလုနှင့်အခြားသူများကလည်း ကျွန်ုပ်တို့သည် ယေရှုအကြောင်းကို မှန်ကန်စွာ သင်ယူသောအခါ အရေးကြီးသည့်အပြောင်းအလဲ ဖြစ်ပေါ်ကြောင်း အတည်ပြုပြောဆိုကြ၏။ “စိတ်နှလုံးသဘောသစ်ကို ရရှိပြီးလျှင် မှန်သောဖြောင့် မတ်ခြင်း၊ သန့်ရှင်းခြင်းပါရမီအားဖြင့် ဘုရားသခင်နှင့်အတူအမျှ ဖန်ဆင်းသော လူသစ်ကို ယူတင်ဝတ်ဆောင်မည်အကြောင်း၊ (ဧ၊၄:၂၃) ဟူသောစကားစုသည် အရေးကြီးသော်လည်း လိုအပ်သည့်ပြောင်းလဲခြင်း ဖြစ်ပေါ်စေရန် လုံလောက်သော ရှင်းလင်းမှုနှင့် အခိုင်အမာယုံကြည်မှုတို့ပါ တွဲဖက်ရမည်။

၁ယော၊ ၂:၁၂-၁၄ ၌ရှိသော သမ္မာတရား၏တန်ခိုး

၁ယော၊၂:၁၂-၁၄ ၌ ဖော်ပြသည့်အကြောင်းအရာကို သင်ကြားခြင်း၌ ကျွန်ုတော် အတော့်ကိုစိတ်လှုပ်ရှားခဲ့ပါသည်။ ကျွန်ုပ်တို့အားလုံးသည် မိသားစုအ ကြောင်းနှင့်ပတ်သက်၍ ရင်းနှီးကြသောကြောင့် ယောဟန်သည် ဤအရာကို ချက်ချင်း သင်ယူရန်အတွက် အလွန်ရိုးရှင်းစွာဖော်ပြ၏။ ဘုရားသခင်သည် ဤအရာကို လွယ်လွယ်ကူကူ သင်ယူရန်နှင့်ကြီးထွားရန်အတွက် လုပ်ဆောင်ခြင်း ဖြစ်သည်။

ထိုထက်မက ယောဟန်သည် တစ်ဦးချင်းစီနှင့်ဆိုင်သည့် ကဏ္ဍများကို ပိုမိုကောင်းမွန်စွာ သင်ယူလေ့လာနိုင်ရန် ကျွန်ုပ်တို့အား အထောက်အကူဖြစ် စေမည့် ပြည့်စုံသောနည်းစနစ်ကို ပြင်ဆင်ပေး၏။ အသက်တာနှင့်ဆိုင်သော ထိုအဆင့်သုံးဆင့်အကြောင်းကို အစပိုင်း၌ ဖော်ပြပြီးဖြစ်သော်လည်း ၎င်းသည် အစပြုခြင်းသာဖြစ်သည်။ ဝိညာဉ်ပိုင်းဆိုင်ရာ သင်ယူလေ့လာခြင်းသည် နက်ရှိုင်း သောပင်လယ်သမုဒ္ဒရာထဲသို့ ဆင်းသွားပြီးလမ်းလျှောက်ခြင်းနှင့်တူ၏။ ကျွန်ုပ်တို့ သည် မမျှော်လင့်သောလှိုင်းတံပိုး ရိုက်ခတ်ခြင်းဒဏ်ကို ခံရနိုင်သည်သာမက ပင်လယ်အောက်ခြေကို မတွေ့ဘဲနေနိုင်၏။ ထိုသို့ဖြစ်သည့်တိုင်အောင် ဘုရား သခင်သည် ကျွန်ုပ်တို့အား ပို၍နက်သောရေထဲသို့ ဆင်းလာရာ ဆက်လက်ခေါ် ဖိတ်တတ်၏။ ကိုယ်တော်သည် ကျွန်ုပ်တို့အား ပို့ဆောင်လေရာရာ၌ သူ့ကိုသာ ကိုးစားစေလို၏။ ထိုသို့ဖြင့် ကျွန်ုပ်တို့သည် သူ၏ဘုန်းအသရေရှိသောပုဂ္ဂိုလ် ဖြစ်ခြင်းနှင့်အကြံအစည်များကို ပိုမိုထိတွေ့ခံစားနိုင်မည် ဖြစ်သည်။

သင်ကြားခြင်းထဲက အမြင်

အသက်၏ရင်းမြစ်နှင့်အချက်အချာဖြစ်သည့် ဤအပိုင်းရှိ ဖွဲ့စည်းမှုစနစ် အားလုံးတို့သည် ပညာရေးရာနှင့်သင်ကြားခြင်း ရှုထောင့်အမြင်ထဲက အစိတ် အပိုင်းများနှင့်အပြန်အလှန်ဆက်နွယ်မှုရှိကြောင်းကို ကျွန်ုပ်တို့ပြသသွားမည် ဖြစ်ပါသည်။ ကျွန်ုပ်တို့သည် ဤအရာကို တစ်ဦးချင်းအဆင့် အကန့်အသတ်ဖြင့် လုပ်ဆောင်ခဲ့သော်လည်း အသင်းတော်ကြီး၌ အသုံးပြုရန်လည်း အရေးကြီး ပါသည်။

ဤချဉ်းကပ်မှုသည် ကျွန်ုပ်တို့သင်ကြားခြင်း၌ အကောင်အထည်ဖော် စေနိုင်သည့် သင်ကြားလေ့ကျင့်ခြင်းဆိုင်ရာ လက်တွေ့ကျသောနည်းလမ်းများ ဖြစ်၍ မိမိတို့အတွက် အထောက်အကူဖြစ်စေသည်။ ထို့အပြင် ကျွန်ုပ်တို့၏ သင်ကြားလေ့ကျင့်ခြင်း၌ ဝိညာဉ်ပိုင်းဆိုင်ရာ ကြီးထွားဖွံ့ဖြိုးမှုကိုပါ ဖြစ်ပေါ်စေသည်။ ဆရာသမားများ ကြည့်ရုံနဲ့ ကျွန်ုပ်တို့သည် အရည်အသွေးပမာဏများများကို ထုတ်လုပ်နိုင်လိမ့်မည်ဟု သေချာပေါက်မပြောနိုင်ပါ။ သို့သော် အခြားသူများအား သင်ကြားလေ့ကျင့်ပေးသောအခါ မိမိတို့အဖို့ ဘုရားသခင်ပြင်ဆင်ပေးတော်မူ သည့် ပန်းတိုင်များသို့ ရောက်ရှိမည်ဟု သေချာပေါက်ပြောနိုင်သည်။

ခရစ်ယာန်ဓမ္မဆရာများသည် အသင်းတော်၌ဖြစ်စေ၊ ကျောင်း၌ဖြစ်စေ မိမိတို့၏ ကျောင်းသား/ သူများကို ခရစ်တော်၌ စုံလင်စေသောသူများအဖြစ် ဝိညာဉ် ရေးရာ၌ ကြီးထွားစေလိုကြ၏။ အကယ်၍ ဤအရာသည် မိမိတို့၏ပန်းတိုင်များ ဖြစ်ပါက သင်ယူခြင်း၌ စိတ်အားထက်သန်မှု ကင်းအောင်းလာရန်အတွက် ကောင်း မွန်သောဖော်ရွေမှုကို ပျိုးထောင်ပေးရမည်။ တပည့်တော်ဖြစ်ခြင်းသည် မိမိတို့အဖို့ ဘုရားသခင် ပြင်ဆင်ပေးသော ပန်းတိုင်ရှိရာသို့ ရောက်ရှိရန် အထောက်အကူ ပြုသည့် အဓိကသော့ချက် အယူအဆဖြစ်ပါသည်။

သင်ခန်းစာ

  • တပည့်တော်ဖြစ်ခြင်းသည် သင်ယူနေခြင်း၌ ဖြစ်ပျက်သည့်အရာတည်း ဟူသော ပိုမိုရင့်ကျက်သော သူတစ်ဦးက နုနယ်သေးသောသူတစ်ဦးအား ယေရှု၏အကြောင်းအရာများကို သင်ယူစေရန် ကူညီသည့်အကြောင်း ဖော်ပြခြင်းပင်ဖြစ်သည်။ ထိုသူသည်လည်း ခရစ်တော်ကဲ့သို့ မည်ကဲ့သို့ ခိုင်ခံ့စွာ အသက်ရှင်မည်ကို သိရှိလာမည်။
  • ခရစ်ယာန်တို့၏သင်တန်းပို့ချခြင်းဆိုင်ရာ စိန်ခေါ်မှုသည် သမားရိုးကျဖြစ် စေ၊ သမားရိုးကျမဟုတ်သည် ဖြစ်စေ ယုံကြည်သူများအား ဘုရားတရား ကြည်ညိုခြင်း အသက်တာကို အမှန်တွေ့ကြုံခံစား ကြသည်အထိ ပြောင်း လဲစေရန်ဖြစ်သည်။
  • တိုင်းတာ၍ရသော သိရှိနားလည်မှုအပေါ်၌ အာရုံစူးစိုက်မှုကင်းမဲ့ခြင်းသည် သင်ယူခြင်းဆိုင်ရာ အရည်အသွေးကို အကဲဖြတ်ရန် ခက်ခဲစေသည်။
  • ခရစ်တော်လှုံ့ဆော်ခြင်းအားဖြင့် ဘုရားသခင်ကို သိရှိသောအခါ အသက် တာပြောင်းလဲခြင်း ဖြစ်ပေါ်သည်။ ထိုသို့ဖြင့် ဆရာသည် မိမိတပည့်၌ ပြောင်းလဲခြင်းကို မြင်တွေ့နိုင်ခြင်းဖြစ်သည်။

ကျက်မှတ် ဆင်ခြင်ပါ

  • ဧ၊၄:၂၄

တာဝန်ပေးအပ်ခြင်း

  • သင်သည် တစ်စုံတစ်ရာအကြောင်းကို သင်ယူခဲ့ပြီး ၎င်းကို လက်တွေ့ ကျင့်သုံးရန် နားမလည်သည့် ဥပမာတစ်ခု ဖော်ပြပါ။
  • သင်သည် ယခုပင် ဝိညာဉ်ရေးရာ ကြီးထွားရန် စိတ်ဆန္ဒပြင်းပြသည်ဟု ပြောနိုင်ပါသလား။ ဘာ့ကြောင့် ပြောနိုင်၍ ဘာ့ကြောင့် မပြောနိုင်သနည်း။
  • တစ်စုံတစ်ဦးအား တပည့်တော်ပြုဖူးပါသလား။ မည်သူနည်း။ မည်သည့် အချိန်၌နည်း။

© Paul J. Bucknell · Burmese translation: ဓမ္မဆရာတော် ဦးဘီထန်း (Bee Htan) · Biblical Foundations for Freedom