အသက်၏အနှစ်သာရ — The Life Core. ခရစ်ယာန် အသက်တာ၏ အခြေခံအမှန်တရားများ. Burmese edition banner with a growing seedling at sunrise over mountains.

အသက်၏အနှစ်သာရ — The Life Core

အခန်း ၁၈ — အသက်ရှင်ခြင်း၏စက်ဝိုင်း

အသက်ရှင်ခြင်း၏စက်ဝိုင်းသည် ခန္ဓာနယ်ပယ်၌သာ မှန်ကန်မှုရှိသည် မဟုတ်ဘဲ ဝိညာဉ်ရေး ရာနယ်ပယ်၌လည်း မှန်ကန်မှုရှိ၏။ ကျွန်ုပ်တို့သည် ဤလော ကသို့ မွေးဖွားလာ၍ ရုန်းကန်လှုပ်ရှားများနှင့် ကြီးထွားလာကာ အခြားသူများကို ဆွဲခေါ်လျက် ထိုသူတို့ကို ကြည့်ရှုစောင့်ရှောက်လေ၏။ ထို့နောက် ကျွန်ုပ်တို့သည် အခြားသူများအား အခွင့်အလမ်း လက်ဆင့်ကမ်းရန် ဤစက်ဝိုင်း၏သံသယာထဲမှ ခြေလှမ်းလှမ်းလေ၏။

ဤရုပ်လုံးပုံကြီးသည် ဤအသက်တာ၌ ကျွန်ုပ်တို့အသီးသီးအတွက် ဘုရား သခင်စီရင်သည့် အထူးအလုပ်ကို အကန့်အသတ်ရှိသည့်အချိန်၌ နားလည်လွယ်ကူ စေရန် မိမိတို့အားအထောက်အကူ ပြုပါသည်။ ကျွန်ုပ်တို့သည် အချိန်နာရီနှင့် အခွင့်အလမ်း အကန့်အသတ်ရှိသည့် မရေရာမသေချာသော အရပ်၌ နေထိုင်သူ များဖြစ်ကြသည်။ ကျွန်ုပ်တို့အား ဘုရားသခင်၏ကျေးဇူးတော်နယ်ပယ်ထဲသို့ ပို့ဆောင်ပေးသော ဘုရားသခင်၏ရည်ရွယ်ချက်ကို မိမိတို့စတင်နားလည်နိုင် ပါသည်။

ဤမြေကြီးပေါ်၌ ကျွန်ုပ်တို့ရရှိသောအချိန်သည် တိုတောင်းလှသော်လည်း ၎င်းက ထာဝရကာလနှင့်ဆိုင်သောအရာကို ကြီးမားစွာပုံသွင်းနိုင်သည်။ သာမန် အားဖြင့် မိမိတို့်ယုံကြည်လက်ခံသည့်အရာများထက် မိမိတို့၏နေ့စဉ် ဆုံးဖြတ်ချက် များသည်သာ ပို၍အရေးကြီး၏။ ကျွန်ုပ်တို့အသီးသီး၏လုပ်ဆောင်ချက်များသည် မိမိတို့အသက်တာများ၌ ထာဝရကာလအတွက် ကြီးမားစွာလွှမ်းမိုးနိုင်သည်။ ဘုရားသခင်သည် ဤအမှုကို အတိအကျလုပ်ဆောင်တော်မူ၏။

တစ်ခုလုံးကို ဆုပ်ကိုင်ရရှိခြင်း

ဝိညာဉ်ရေးရာကြီးထွားခြင်းကို အကျယ်တဝင့် နားလည်သဘောပေါက် ခြင်းသည် အသက်ရှင်ခြင်းကို အဆုံးစွန်ပြည့်စုံစေပါသည်။ ဖြစ်ပျက်သော လမ်းစဉ်မှာ

  • တာဝန်ခံမှု - ကျွန်ုပ်တို့သည် မိမိတို့၏မျက်မှောက်အသက်တာ၌ အရေးပါ သည့်အရာအတွက် ပိုမိုလွယ်ကူစွာ နိုးကြားတတ်၏။
  • ရှင်းလင်းမှု - ကျွန်ုပ်တို့သည် မိမိတို့အားဖြင့် ပေါက်ကြားပြီးသောအရာ သို့မဟုတ် မပေါက်ကြား သေးသည့်အရာနှင့်ဆိုင်သော ရုပ်လုံးပုံသဏ္ဌာန် ကို အတော်အတန် ရရှိပြီးဖြစ်သည်။
  • ဦးတည်ချက် - ကျွန်ုပ်တို့သည် မိမိတို့အသက်တာအတွက် ဘုရားသခင်၏ အထူးအကြံအစည်ကို ပြည့်စုံစေခြင်းမှစ၍ ရင့်ကျက်ခြင်းသို့ ရောက်ရှိခြင်း အားဖြင့် မိမိတို့၏ဆုံးဖြတ်ချက်ကို ပြတ်သား စေကြ၏။

ကျွန်ုတော့်အဖေသည် ကျွန်ုပ်တို့အရပ်မြင့်တက်လာခြင်းကို တံခါးဘောင်၌ ခဲတံနှင့် အမှတ်အသား လုပ်ခြင်းဖြင့် တိုင်းထွာတတ်၏။ ငါလည်း ဘယ်လောက် မြင့်တက်လာသည်ကို တွေ့မြင်ချင်၍ အမြဲစိတ်လှုပ်ရှားလျက်နေ၏။ ကျွန်ုပ်တို့ လည်း ဝိညာဉ်ရေးရာ၌ ထို့အတူဖြစ်ပါသည်။ ယုံကြည်သူတို့သည် သာမန်အားဖြင့် သူတို့ကိုယ်တိုင်၏ဝိညာဉ်ရေးရာ ကြီးထွားခြင်းအကြောင်းကို သိလိုစိတ်ပြင်းပြကြ တတ်သည်။ တချို့သောအမှုသည် ယှဉ်ပြိုင်ရာကျသော်လည်း ၎င်းသည် စုံလင် သောရင့်ကျက်ခြင်းသို့ ပို့ဆောင်ပေးသည့် ပိုမိုကြီးထွားခြင်းကိုဖြစ်စေပါသည်။ ဤကြီးထွားခြင်းသည် ကျွန်ုပ်တို့ရင့်ကျက်ခြင်း အဆင့်သို့ ရောက်ရှိပြီးနောက် ပိုင်း၌လည်း ဤလောက၌ ဆက်လက်တိုးပွားနေမည်ဖြစ်သည်။

ယုံကြည်သူများကြားထဲ၌ ဝိညာဉ်ပိုင်းဆိုင်ရာပေါ့လျော့မှုနှင့်စပ်လျဉ်း၍ များစွာငုပ်နေသောပြဿနာကား ရည်မှန်းချက်ပန်းတိုင်များ မရှိခြင်းပင်ဖြစ်သည်။ ထို့ကြောင့် ထိုသူတို့သည် ဝိညာဉ်ရေးရာ၌ မကြီးထွား တော့ဘဲ ရပ်တန့်လျက် နေကြ၏။ ထိုသူတို့သည် မိမိတို့အသက်တာထဲ၌ ဘုရားသခင် လုပ်ဆောင်လျက် ရှိသည့်အရာများကို အာရုံစူးစိုက်မည့်အစား သူတို့ကိုယ်တိုင်၏ပြဿနာများ၌ စိတ်အနှောင့်အယှက်ဖြစ်၍ ဘာသာရေးထောင်ချောက်၌ ယစ်မူးကာ လောက၏ ဖမ်းဆုပ်ခြင်းကို ခံလျက်နေကြ၏။

စိတ်နှလုံးထဲ၌ ငိုကြွေးခြင်းနှစ်မျိုး

ယောရှုမှတ်စာနှင့်တရားသူကြီးမှတ်စာ နှစ်အုပ်တို့ကို ဖတ်ရှုပြီးနောက်ပိုင်း ငါ့စိတ်နှလုံးထဲ၌ နက်နဲသော ငိုကြွေးခြင်းနှစ်မျိုးကို ကောင်းကောင်းသဘော ပေါက်လာသည်။

(၁) ယောရှုမှတ်စာသည် ကျွန်ုပ်အသက်တာတစ်လျှောက် ဘုရားသခင်၏ကြီးမား သောလုပ်ဆောင်ချက်ကို မျှော်လင့်တတ်ဖို့ရန် ကျွန်ုပ်စိတ်နှလုံးကို ဖိတ်ခေါ်ပါ သည်။ အရာခပ်သိမ်း ဖြစ်နိုင်ပါသည်။ ငါ့အထဲ၌ဖြစ်စေ၊ အသင်းတော်၌ဖြစ်စေ၊ ဒေသတစ်နေရာ၌ဖြစ်စေ၊ ကမ္ဘာတဝှမ်း၌ဖြစ်စေ မည်သည့်အရာမျှ ဘုရားသခင်၏ အလုပ်ကို မဟန့်တားနိုင်ပေ။

(၂) ယောရှုမှတ်စာသည် ကျွန်ုပ်စိတ်နှလုံးကို နှိမ့်ချစေပါသည်။ ကျွန်ုပ်အသက်တာ တာဝန်ဝတ္တရားများနှင့်စပ်လျဉ်း၍ ကျွန်ုပ်၏လျစ်လျူရှူမှုများအပေါ်၌ အလွန်စိတ် မကောင်း ဖြစ်မိသည်။ ကျွန်ုတော်ကောင်းကောင်း လုပ်နိုင်သောအရာများကို လုပ်ဆောင်ဖို့ ပျက်ကွက်ခဲ့သည်။

စွမ်းရည်နှင့်ပြည့်သောအောင်မြင်ခြင်းသည် ရှက်ကြောက်ဖွယ်ကောင်း သည့် ရှုံးနိမ့်ခြင်း၏နောက်၌ နေရာယူလျက်နေ၏။ တစ်ခုချင်းစီသည် အခြားတစ်ခု ဖြစ်နိုင်သည်ကို သတိရစေသည်။ ကျွန်ုပ်တို့သည် မကြီးထွားသောကြောင့် ဓားစားခံများ မဟုတ်ကြပေ။ ကျွန်ုပ်တို့သည် အချိန်နာရီတိုင်းတွင် အခွင့်အလမ်း၏ တံခါးဝ၌ ရပ်လျက်နေသောသူများ ဖြစ်ကြသည်။

ကျွန်ုပ်တို့သည် ထိုတံခါးဝလမ်းမအတိုင်း လျှောက်လှမ်းသောအခါ မိမိတို့၏ဝိညာဉ်ပိုင်းဆိုင်ရာ ကြီးထွားဖွံ့ဖြိုးမှုသည် မည်သည့်အရပ်သို့ရောက်ရှိနေ သည်ကို အကဲဖြတ်နိုင်ကြ၏။ ကျွန်ုပ်တို့စိတ်နှလုံးသည် ဘုရားသခင်လုပ်ဆောင် ပေးခဲ့သည့်အရာ၌ ကျေးဇူးတင်ရှိသော်လည်း တရားသူကြီးမှတ်စာ၌ ဖော်ပြသည့် အတိုင်း ထိုလမ်းစဉ်များ၌ပင် မကြာခဏ အသက်ရှင်ခြင်းနှင့်ဆိုင်သော အခြေခံ စည်းမျဉ်းများကို လျစ်လျူရှူတတ်ကြ၏။ အသက်တာနှင့်ဆိုင်သော အခွင့်အလမ်း များမှာ အောက်ပါအတိုင်းဖြစ်သည်။ သင့်အုပ်စ္စာကား အဘယ်နည်း။

  • သင်သည် ကြောက်စရာကောင်းသော လင်နှင့်အသက်ရှင်နေပါသလား။
  • သင့်အထက်လူကြီးသည် သင်၏လုပ်နိုင်စွမ်းရည်ကို မသိမြင်တတ ်သူလော။
  • သင့်ရည်းစားကို တစ်စုံတစ်ဦးက ခိုးယူခဲ့ပါသလား။
  • သင်သည် အသက်ကြီးလျက်နေသည့်အပေါ်၌ စိတ်တိုပါသလား။

အကယ်၍ ကျွန်ုပ်တို့သည် မိမိတို့အနီးအနား၌ရှိသော အခြားသူများ၌ သော်လည်းကောင်း၊ မိမိတို့ အသက်တာထဲ၌သော်လည်းကောင်း ပြဿနာများကို သတိပြုနေကြပါက အောင်မြင်ခြင်း၏နောက်၌သာ ထိုင်လျက်နေကြောင်း ကျွန်ုပ်တို့သတိရဖို့လိုအပ်သည်။ သမ္မာကျမ်းစာထဲ၌ ရန်သူ၏တန်ခိုးသည် မည်သည့်အခါမျှ အရေးမကြီးကြောင်း သင်သိရှိပါသလား။ ၎င်းသည် ရိုးရိုးလေး ဖြစ်ပါသည်။ အကြောင်းမှာ ဘုရားသခင်သည် ပို၍ကြီးမြတ်ပါ၏။ သို့ဖြစ်၍ ယောရှု မှတ်စာသည် ကျွန်ုပ်တို့အား သတိပေးရန် တရားသူကြီးမှတ်စာ မတိုင်မီနေရာယူ လျက်ရှိ၏။

ကျွန်ုပ်တို့သည် အတိတ်၌ ဖြစ်ပျက်သောအရာကို ပြန်လည်မရယူနိုင် သော်လည်း မိမိတို့၏ဆောင်ရွက်မှုများကို ချဲ့ထွန်ဖို့ရန် သခင်ဘုရားအလိုရှိ သည့်အတိုင်း ယုံကြည်မှုအပြည့်ဖြင့် မိမိတို့၏ အနာဂတ်ထဲသို့ လျှောက်လှမ်းဖို့ ဖြစ်ပါသည်။ အတိတ်၌ ရှုံးနိမ့်မှုများရှိခဲ့ရင်လည်း အရေးမကြီးပေ။ ဘုရားသခင် သည် ယနေ့ကျွန်ုပ်တို့အား လမ်းပြရန် အသင့်ပြင်ဆင်၍ အဆင်သင့်နေ၏။

တမန်တော်ပေါလုက မိမိတို့အား တိုက်တွန်းသည်မှာ “ထို့ကြောင့် ပညာမဲ့ ကဲ့သို့မဟုတ်၊ ပညာရှိကဲ့သို့စေ့စေ့မြေ့မြေ့ ကျင့်ဆောင်မည်အကြောင်း သတိပြုကြ လော့။ ယခုနေ့ရက်ကာလတို့သည် ဆိုးယုတ်သောကြောင့် ကာလအချိန်ကို ရွေးနှုတ်ကြလော့။ ထို့ကြောင့် သတိမရှိသူမဖြစ်၊ သခင်ဘုရား၏ အလိုတော်ရှိရာကို ပိုင်းခြား၍ သိသောသူဖြစ်ကြလော့”(ဧ၊ ၅:၁၅-၁၇)။

Burmese diagram showing three circles of the spiritual life cycle

အချိန်ဟူသည်မှာ ဘဝ၏အပိုင်းအစတစ်ခုဖြစ်၍ ကျွန်ုပ်တို့အားလုံးကို အကျိုးသက်ရောက်မှုပြုသည်။ ဘုရားသခင်၏ကျေးဇူးတော်ကြောင့် နှိမ့်ချသော စိတ်နှင့် ကြိုးစားရှာဖွေစိတ်ရှိသောသူများအား ဘုရားသခင်သည် သူတို့ဆုံးရှုံးသော အချိန်များအတွက် ကုစားပေးနိုင်သည်။ စပျစ်ရည်ကို အချဉ်ဖောက်လာသည့် ဖြစ်စဉ်ထိ ပြုလုပ်ရာတွင် အချိန်ကြာမြင့်သော်လည်း ယေရှုသည် တခဏအတွင်း၌ သာ ရေကို စပျစ်ရည်ပြောင်းပစ်လိုက်၏။

သင်သည် မည်သည့်ဝိညာဉ်ရေးရာ ဇယားပေါ်၌ ရှိကြောင်းရှင်းပြပါ။ သင်သည် မည်သည့်နေရာ၌ ရှိသင့်ပါသနည်း။ သင်ရှိသင့်သည့်နေရာသို့ သခင် ဘုရားပို့ဆောင်ပါမည့်အကြောင်း သူ့ကိုရှာဖွေ၍ သင့်အသက်တာ၌ သူ့အဖို့ အသီး အပွင့်တိုးပွားရန် ဆက်လက်ရှာဖွေရပါမည်။

သင်ခန်းစာ

  • ဝိညာဉ်ရေးရာကြီးထွားမှု ဇယားအပေါ်၌ ကျွန်ုပ်တို့ရောက်ရှိသည့်နေရာ ဖော်ထုတ်ခြင်းတွင် မိမိတို့၏ အကန့်အသတ်ရှိသောအချိန် နေရာများ သည် အရေးကြီး၍ မိမိတို့ရှေ့ဆက်သွားရန် စေ့ဆော်ပေး၏။
  • ဘုရားသခင်သည် ကျွန်ုပ်တို့အသက်တာတစ်လျှောက် နည်းဗျူဟာကျကျ လုပ်ဆောင်စေလိုသော်လည်း ကြီးထွားမှု တိုးတက်ခြင်းနှင့်ရင့်ကျက်ခြင်း သည် မရှိမဖြစ်လိုအပ်အရာများဖြစ်သည်။
  • ကျွန်ုပ်တို့သည် ကြီးထွားရန် ရည်ရွယ်ချက်ထားရှိသောအခါ ကြီးထွားမှု သည် လျင်မြန်လွယ်ကူလာ၍ ပိုမိုစိတ်လှုပ်ရှားလာတတ်၏။

ကျက်မှတ် ဆင်ခြင်ပါ

  • ဧ၊၅:၁၅-၁၇

တာဝန်ပေးအပ်ခြင်း

  • သင်သည် ဝိညာဉ်ရေးရာအသက်တာ ကြီးထွားခြင်းဇယား၌ မည်သည့် နေရာတွင် ရှိကြောင်း ထောက်ပြပါ။
  • ဝိညာဉ်ရေးရာကြီးထွားမှု အရေးကြီးသည်ဟုခံစားပါသလား။ ဤအမှုနှင့် စပ်လျဉ်း၍ သခင်ဘုရားကို ပြောပြ၍ အသက်တာ၌ သင်၏ဦးစားပေး မှုအား မီးမောင်းထိုးပေးမည့်အကြောင်း ကိုယ်တော်ကို တောင်းခံပါ။
  • သင်ကိုယ်တိုင်၏ကြီးထွားမှုအတွက် လိုအပ်သောအပြောင်းအလဲကို အတည်ပြုခြင်း၌ သင့်အား အာရုံစိုက်စေရန် လုပ်ငန်း၊ လုပ်ရိုးလုပ်စဉ်၊ အကြောင်းအရာနှင့်တိုးတက်မှုတစ်ခုခုကို ဖော်ထုတ်ပါ။ သင်သည် ၎င်းကို မည်ကဲ့သို့ / မည်သည့်အချိန်၌ အကောင်အထည်ဖော်မည်နည်း။ ဤအကြောင်းကို ထာဝရဘုရားအားပြောပြလော့(သု၊၃:၆)။

© Paul J. Bucknell · Burmese translation: ဓမ္မဆရာတော် ဦးဘီထန်း (Bee Htan) · Biblical Foundations for Freedom