
အသက်၏အနှစ်သာရ — The Life Core
အခန်း ၁၇ — ရင့်ကျက်သောအရွယ် –အဆင့် #၃
ယောဟန်သည် ဤတတိယအဆင့်တည်းဟူသော နောက်ဆုံးအဆင့် ဖြစ်သည့် “ဖခင်အရွယ်”ကို ထိုးထွင်းသိမြင်စွမ်း အပြည့်ဖြင့် ဖော်ပြထားသည်။ တစ်စုံတစ်ဦးသည် “လူငယ်တစ်ဦး” ဖြစ်လာသောအခါ မရေရာမှု အချို့ရှိနိုင် သော်လည်း ဖခင်အရွယ်သည် ပို၍သေချာ၏။ ဖခင်တို့သည် သားသမီးများ ရရှိပိုင်ဆိုင်ကြ၏။
ကျွန်ုပ်တို့၏လက်ရှိကမ္ဘာသည် နိုင်ငံရေးမူဝါဒအမှားကို ပြင်စေခြင်းငှာ ဘုရားသခင်ဖွဲ့စည်းလိုက်သည့် ညိုနှိုင်း၍ရသောဘဝ၏နှစ်သက်ဖွယ်ကို ဖျက်ဆီးပစ် လိုက်၏။ အကယ်၍ ထိုထက်ကျော်လွန်၍ မိမိတို့၏ မိသားစုအကြောင်းကို စဉ်းစားနိုင် ပါက ယုံကြည်သူတိုင်းအတွက် ဘုရားသခင် ၏ရည်မှန်းချက် ပန်းတိုင်များ အကြောင်းကို ပိုမိုနားလည်လာနိုင်သည်။ အကြောင်းမှာ ကျွန်ုပ်တို့အသီးသီးသည် ဖခင်ရှိကြသော ကြောင့်တည်း။ ကျွန်ုပ်တို့ဖခင်များသည် အလိုအလျောက်ဖခင်ကောင်းများ မဟုတ် ကြပါ။ ကျမ်းစာ သင်တန်းများကို ကျွန်ုတော်ဦးစီး၍ လုပ်ဆောင်သည့်နေရာ၌ များစွာသောလူတို့သည် ဖခင်ကောင်းများ မပိုင်ဆိုင်ကြပေ။ အကယ်၍ သူတို့က ငါတို့၌ ဖခင်ကောင်းများ ရှိကြပါသည်ဟု ဆိုသည့်တိုင်အောင် ဖခင်ကောင်းဟူ သည်မှာ မည်သို့ဖြစ်ကြောင်းကို ရှင်းရှင်းလင်းလင်း နားလည်သဘောပေါက်ခြင်း မရှိကြပေ။

ကျွန်ုပ်တို့အဖို့ ဘုရားသခင်၏ပန်းတိုင်များ
ရင့်ကျက်သောယုံကြည်သူ အဆင့်အတန်းနှင့်စပ်လျဉ်း၍ ထူးခြားချက်သုံး မျိုးရှိသည်။
(၁) ဘုရားသခင်သည် ကျွန်ုပ်တို့အား ဤတတိယအဆင့်တည်းဟူသော နောက်ဆုံး အဆင့်ဖြစ်သည့် ဝိညာဉ်ပိုင်းဆိုင်ရာကြီးထွားဖွံ့ဖြိုးခြင်းသို့ ရွေ့လျားရန် အလိုရှိ၏။
(၂) ဘုရားသခင်သည် ကျွန်ုပ်တို့အသီးသီးအား အခြားသူများကို ဝိညာဉ်ရေးရာ အသက်တာသစ်သို့ ပို့ဆောင်စေလိုသည်။
(၃) ဘုရားသခင်သည် ကျွန်ုပ်တို့အနီးအနားရှိ ဝိညာဉ်ရေးရာ အသက်တာရရှိသော သူတို့အား တာဝန်ယူပြုစုစောင့်ရှောက်ရန် အလိုရှိတော်မူ၏။
ဦးစွာပထမ၊ ဘုရားသခင်သည် ကျွန်ုပ်တို့အသီးသီးအား ဝိညာဉ်ရေးရာ ရင့်ကျက်ခြင်းသို့ ရှေ့ရှူရွေ့လျားရန် အလိုရှိ၏။ “ငါတို့ရှိသမျှသည် ယုံကြည်ခြင်း သို့၎င်း၊ ဘုရားသခင်၏သားတော်ကို သိကျွမ်းခြင်းသို့၎င်း၊ တညီတညွတ်တည်း ရောက်၍ ခရစ်တော်၏ပြည့်စုံခြင်း ပမာဏအရပ်တည်းဟူသော ကြီးရင့်သောသူ၏ အဖြစ်သို့ ရောက်ကြသည်တိုင်အောင် ဖြစ်သတည်း”(ဧ၊၄:၁၃)။
ကလေးငယ်အဆင့်သည် နှစ်လိုဖွယ်ကောင်းသော်လည်း ၎င်းသည် ပန်းတိုင်မဟုတ်သလို၊ ဆယ်ကျော်သက်အရွယ်လည်း မဟုတ်ပေ။ သူတို့အဖို့ ဘုရားသခင်စီစဉ်သည့်အတိုင်း ထိုသူတို့သည် လေ့ကျင့်ခြင်း၌ ရှိနေကြသေး၏။ တမန်တော်ပေါလုက “ဖခင်” အဆင့်ကို ခရစ်တော်၏ပြည့်စုံခြင်းဖြင့် ရင့်ကျက် သောသူဟု အဓိပ္ပာယ်ဖွင့်ဆိုထားပါသည်။ ယေရှုခရစ်တော်၏အမှတ်လက္ခဏာ သည် ကျွန်ုပ်တို့ အသက်တာထဲ၌ ရှင်းလင်းစွာပေါ်လွင်သင့်သည်။
ပေါလုသည် “ဖခင်များ”ဟူ၍ သုံးစွဲသော်လည်း ၎င်းသည် “သူ” ဖြစ်ကြောင်း သိသာထင်ရှား၏။ ယောဟန်သည် “ယောက်ျားတို့၏ဝိညာဉ်ရေးရာ ကြီးထွားဖွံ့ဖြိုးမှုကို”သာ မပြောဆိုဘဲ၊ “မိန်းမတို့၏ ဝိညာဉ်ရေးရာ ကြီးထွားဖွံ့ဖြိုးမှု”ကိုပါ ပြောဆိုသကဲ့သို့ဖြစ်၏။ တိုင်းနိုင်ငံအသီးသီးနှင့်ယဉ်ကျေးမှု အသီးသီးထဲက ယုံကြည်သူအပေါင်းတို့သည် ခရစ်တော်၌ ကြီးထွားရင့်ကျက်ရန် မျှော်လင့်သော သူများ ဖြစ်ကြသည်။
ကြီးထွားနိုင်ဖို့အလို့ငှာ ကျွန်ုပ်တို့သည် မိမိတို့အဖို့ ဘုရားသခင်၏ရူပါရုံကို ရရှိရမည်။ ၎င်းကို ရရှိဖို့ရန် ယုံကြည်ခြင်းလိုအပ်သည်။ “အကယ်၍ ဘုရား သခင်သည် ငါတို့အား ကြီးထွားစေလိုလျှင် ၎င်းကို ကိုယ်တော်ကိုယ်တိုင် အမှုပြုပါ လိမ့်မည်” ဟု မိမိတို့တွေးတောနိုင်ပါသည်။ ဤသည်ကား ယုံကြည်ခြင်းဖြင့် တည်ဆောက်ထားသော သမ္မာတရားများဖြစ်ပါသည်။ ယုံကြည်သူတိုင်း မြေကြီး ပေါ်၌ ရှိနေစဉ် ခရစ်တော်နှင့်သဏ္ဌာန်တူသည့်အဖြစ်သို့ ကြီးထွားရမည်ဟူသော အချက်ကို မိမိတို့သိရှိသောအခါ မိမိတို့သည် မည်သို့သောအနှောင့်အယှက်မျိုးကို ရင်ဆိုင်နေရသည်ဖြစ်စေ ကြီးထွားနိုင်ရမည့်အကြောင်း ထိုအမှုသည် ဘုရားသခင် လုပ်ဆောင်သောအရာဖြစ်သည်ဟု မိမိတို့သဘောတူကြရမည်။
အခြားသောသူများအကြောင်း စဉ်းစားခြင်း
ဒုတိယအနေဖြင့် ရင့်ကျက်သောသူသည် အသက်သစ်ကို ရှေ့ဆက် သယ်ပိုးစေရန် ဘုရားသခင်ပြုတော်မူ၏။ ထိုအမှုတို့သည် အသက်နှင့်ဆိုင်သော အကြောင်းအရာများ မဟုတ်ပါလော။ ယနေ့လောကီသားတို့သည် အသက်ကို ငြင်းပယ်၍ မျိုးဆက်ကိုဖြစ်ထွန်းစေသော ဤပုံရိပ်ကို စိတ်ပျက်ဖွယ် ကောင်း လောက်အောင် ရှုံ့မဲ့စေခဲ့ကြ၏။ ကြီးထွားနေသောလူတစ်ဦးအကြောင်းကို စဉ်းစား ကြည့်ပါ။ ထိုသူသည် ထိမ်းမြားမည့်သူကို ရှာဖွေလျက် သားသမီးများ ထွန်းကားရန် ကြီးမားသောရည်မှန်းချက်ထားရှိ၏။ ဤသို့သော လိုအင်ဆန္ဒများသည် မိမိတို့ အထဲ၌ တည်ရှိပြီးဖြစ်သည်။
ဝိညာဉ်သဘောအရ ပြောရလျှင် ကျွန်ုပ်တို့သည် ဧဝံဂေလိသတင်းကောင်း ဝေငှရန် တာဝန်နှင့် အခြားသူများအား ယေရှုခရစ်တော်အားဖြင့် ဘုရား သခင်နှင့်ဆက်နွယ်ခြင်းသို့ ပို့ဆောင်ပေးရန် တာဝန်တို့ကို မည်သည့်အခါမျှ မမေ့လျော့ရ။ ကျွန်ုပ်တို့သည် ထိုသူတို့ကို ဤအသစ်သောဆက်နွယ်ခြင်းသို့ ပို့ဆောင်သောအခါ သူတို့ကို ပြုစုစောင့်ရှောက်ရန် မိမိတို့တာဝန်ရှိလာသည်။ ကျွန်ုပ်တို့ရှိသမျှသည် ဘုရားသခင်၏နှုတ်ကပတ်ကို ဟောပြောသောသူများ သို့မဟုတ် သင်ကြားပေးသောသူများ မဟုတ်သော်လည်း မိမိတို့အသီးသီးသည် မိမိတို့အနီးအနား၌ရှိသောသူတို့ကို ကယ်တင်ခြင်းရရှိဖို့ရန်နှင့်ကြီးထွားဖို့ရန် တာဝန်ရှိသောသူများဖြစ်ကြသည်။
ဝိညာဉ်ရေးရာ ပြုစုစောင့်ရှောက်ခြင်း
နောက်ဆုံးအနေဖြင့် ကျွန်ုပ်တို့သည် မိမိတို့အနီးအနား၌ရှိသော သူတို့ အတွက် ဝိညာဉ်ရေးရာ ပြုစုစောင့်ရှောက်ခြင်းကို လုပ်ဆောင်ရန်ဖြစ်ပါသည်။ ဘုရားသခင်ထံသို့ မိမိတို့ပို့ဆောင်သော ထိုသူတို့ကို မိမိတို့ကူညီရမည်။ ကျွန်ုပ်တို့ထံသို့ ဘုရားသခင်ခေါ်ဆောင်လာသောသူတို့၌လည်း မိမိတို့ အလုပ်အ ကျွေး ပြုရန် တာဝန်ရှိ၏။
ဤရွှေ့ပြောင်းခေတ်ကြီး၌ လူတို့သည် ပုံမှန်အားဖြင့် မိမိတို့၏အလုပ် များကို ပြောင်းလျက်နေကြ၏။ ခရစ်ယာန်တို့သည်လည်း ကမ္ဘာအနှံ့ပတ်ချာ လှည့်လည်၍ ပြောင်းလျက်နေကြ၏။ အခြားတိုင်းပြည်ထဲက ယုံကြည်သူများသည် မိမိတို့အနီးအနား၌ ရောက်ရှိလာနိုင်သည်။ ကျွန်ုပ်တို့သည် အခြားသူများကို အလုပ်အကျွေးပြုရန် အခွင့်အလမ်းရှာဖွေဖို့လိုအပ်လာသည်။ ကျွန်ုပ်တို့သည် ဤအမှုကို ထောင်လွှားသောစိတ်ဖြင့်မပြုရ။ အကြောင်းမှာ ၎င်းသည် ဘုရား သခင်ဆိုလိုသော သူ့သိုးတို့ကို ပြုစုစောင့်ရှောက်ခြင်းဖြစ်ပါသည်။ ဘုရားသခင် သည် မိမိတို့အနီးအနား၌ရှိသော သူတို့ကိုပြုစုစောင့်ရှောက်ဖို့ရန် ပို၍ ရင့်ကျက် သောယုံကြည်သူများကို အသုံးပြု၏။
များစွာသောတိုင်းပြည်၌ ရောဂါဖြစ်ပွားမှုနှင့်သဘာဝဘေးဒဏ်ကြောင့် မိဘမဲ့ကလေးများ မရေတွက် နိုင်လောက်အောင်ပင် ဖြစ်ထွန်းစေပါသည်။ ထိုထဲမှ များစွာသောအသင်းတော်များနှင့် သင်းအုပ်တို့သည် မိမိတို့မိသားစုများအတွက် လုံလောက်သောအစားအစာမရှိသော်လည်း ထိုကလေးများကို မွေးစားရန် ခြေလှမ်းလှမ်းကြ၏။
ထို့အတူ ကျွန်ုပ်တို့သည်လည်း မိမိတို့၏အလုပ်ကို လုပ်ဆောင်ဖို့ လိုအပ်သည်။ ထိုသို့ဆိုရာတွင် အခြားသောသူများအတွက် ဝိညာဉ်ပိုင်းဆိုင်ရာ ပြုစုစောင့်ရှောက်ခြင်းကိုဆိုလိုသည်။ ဤကား တပည့်တော် ဖြစ်စေရန် ဘုရားသခင်ပေးအပ်သည့်တာဝန်ဖြစ်ပါသည်။ ထိုတာဝန်တို့မှာ ယုံကြည်သူများ၏ ကြီးထွား ဖွံ့ဖြိးမှုအတွက် ဘုရားသခင်၏မေတ္တာနှင့်ပြုစုစောင့်ရှောက်ခြင်းတို့ကို ဝေမျှရန်ဖြစ်သည်။ များစွာသော အသင်းတော်များတွင် အသင်းအဖွဲ့ငယ်များ ၏ကြီးထွားဖွံ့ဖြိုးမှုသည် ဤဖြစ်စဉ်၌ ကြီးမားစွာအထောက်အကူ ဖြစ်စေသော်လည်း မိမိတို့၏အစီအစဉ်များနှင့် မသင့်တော်သောအရာများ ရှိကောင်းရှိနိုင်၏။ ထိုသူတို့ ၏လိုအပ်ချက်များကို သတိပေးကြပါစို့။
ဖခင်တစ်ဦးသည် မိမိနှစ်သက်အားရသည်များကိုသာ ရှာဖွေ၍ သားသမီး များ၏လိုအပ်မှုကို လျစ်လျူရှုလျှင် ထိုသူသည် စက်ဆုပ်ရွံရှာဖွယ်ကောင်းသော ဖခင်ပင်ဖြစ်သည်။ ထိုအမှုသည် မှားယွင်းပါ၏။
အခြားသောသူများကို ပြုစုစောင့်ရှောက်ခြင်းသည် ထိုသူတို့ထံသို့ ဘုရားသခင်၏မေတ္တာနှင့် ဉာဏ်ပညာတို့ကို လွှဲပြောင်းပေးရန် ဘုရားသခင်၏ ကြီးမားသောအခွင့်ထူးဖြစ်ပါသည်။ ယောက်ျားတို့အဖို့ အသင်းတော်၌ အသင်း တော်ခေါင်းဆောင်ပိုင်းဆိုင်ရာရာထူးများထိ ခြေလှမ်းလှမ်းရန် သူတို့၏ လိုလားမှုလည်းပါဝင်သည်။ ထို့ပြင် စုံတွဲတစ်တွဲနှင့်အခြားစုံတွဲတစ်တွဲတို့စပ်ကြား၊ ညီအစ်မတစ်ဦးနှင့် အခြားညီအစ်မတစ်ဦးစပ်ကြား၊ ယောက်ျားတစ်ဦးနှင့်အခြား ယောက်ျားတစ်ဦးစပ်ကြားတို့၌ အကြံပေးခြင်း လည်းပါဝင်သည်။ သင့်အနီး အနား၌ရှိသော သူတို့၏လိုအပ်ချက်ရှိရာသို့ နားစွင့်ရမည်။ ဘုရားသခင်သည် ထိုသူတို့ကြီးထွားခြင်း၌ အထောက်အကူဖြစ်စေရန် သင့်ကိုအသုံးပြုလိုသည်။
သင်ခန်းစာ
- “ဖခင်သည်” ရင့်ကျက်သောယုံကြည်သူဖြစ်၍ လူငယ်ယုံကြည်သူ၏ ရုန်းကန်လှုပ်ရှားမှုများ တစ်ဘက်၌ ခြေလှမ်းလှမ်းသဖြင့် အခြားသူများ အပေါ်၌ မိမိ၏ဂရုစိုက်ခြင်းကို အာရုံစူးစိုက်နိင်သူဖြစ်သည်။
- ဘုရားသခင်၏လူတို့သည် ခရစ်တော်၌ စုံလင်သောရင့်ကျက်ခြင်းသို့ ကြီးထွားနိုင် / သင့်သည်။
- ကျွန်ုပ်တို့သည် အခြားသူများအပေါ်၌ အသက်နှင့်ဆိုင်သော ဘုရားသခင် ၏သမ္မာတရားကို လက်ဆင့်ကမ်းရန် တာဝန်ရှိသောသူများဖြစ်ကြသည်။
ကျက်မှတ်ဆင်ခြင်ပါ
- ဧဖက်၊ ၄:၁၃
တာဝန်ပေးအပ်ခြင်း
- ယေရှု၏နောက်လိုက်သူဖြစ်သည်မှာ ဘယ်လောက်ကြာပြီနည်း။ သင်သည် ဝိညာဉ်ရေးရာ၌ “ဖခင်” ဖြစ်ပါသလား။
- သင်သည် ခရစ်တော်၌ ပို၍ငယ်ရွယ်သောယုံကြည်သူများကို ပြုစုစောင့် ရှောက်ပါသလား။ ၎င်းသည် မည်ကဲ့သို့ ရွေ့လျားသနည်း။ ၎င်းသည် မည်ကဲ့သို့ ပို၍ကောင်းနိုင်မည်နည်း။
- သင့်အနီးအနား၌ ပြုစုစောင့်ရှောက်နေသောသူ တစ်စုံတစ်ဦးရှိပါသလား။
© Paul J. Bucknell · Burmese translation: ဓမ္မဆရာတော် ဦးဘီထန်း (Bee Htan) · Biblical Foundations for Freedom