အသက်၏အနှစ်သာရ — The Life Core. ခရစ်ယာန် အသက်တာ၏ အခြေခံအမှန်တရားများ. Burmese edition banner with a growing seedling at sunrise over mountains.

အသက်၏အနှစ်သာရ — The Life Core

အခန်း ၁၆ — လူငယ်အရွယ် –အဆင့် #၂

အကယ်၍ အသစ်သောယုံကြည်သူသည် ရင်းနှီးသောမေတ္တာနှင့် ဂရုစိုက် မှုကို လိုအပ်ပါက လူငယ် ယုံကြည်သူကော ဘာလိုအပ်မည်နည်း။

လူငယ်တစ်ဦးသည် မိမိ၏ဆုံးဖြတ်ချက်များကို ထိန်းချုပ်ရန် အစပြုသည့် နည်းလမ်းအားဖြင့် သူ့အကြောင်းကို သိရှိနိုင်သည်။ ထိုသူ၌ အကူးအပြောင်း ရှိတတ်သည်။ ထိုအကူးအပြောင်းမှာ မိမိကိုယ်ကို တာဝန်မယူနိုင်သော အနေ အထားနှင့်အသိဉာဏ်နည်းပါးသော အချိန်မှစ၍ အမှန်တရားကိုသိရှိပြီး မိမိ အတွက်ရောအခြားသူများအတွက်ပါ အသင့်အတင့်တာဝန်ယူနိုင်သည့် အချိန် ထိဟူ၍ ဖြစ်ပါသည်။ လူငယ်တို့သည် လူကြီးအရွယ်သို့ ကူးပြောင်းနေသူများဖြစ်၍ မိမိတို့အတွက်ရော အခြားသူများ အတွက်ပါမည်ကဲ့သို့ တာဝန်ယူဂရုစိုက်ကြမည်ကို သင်ယူလေ့လာဖို့ လိုအပ်ပါသည်။ စိတ်နှလုံးထဲ၌ ဘုရားသခင်၏ရည်မှန်းချက် ပန်းတိုင်များကို ထိန်းသိမ်းထားခြင်းသည် အထဲ၌ တင်းမာနေသော အရာများကို လျှော့ချဖို့ရန် များစွာအထောက်အကူပြုပါသည်။

Burmese stage two illustration with young skateboarder

အကူးအပြောင်းကာလနှင့်စပ်လျဉ်း၍ “ဆယ်ကျော်သက်”ဟူသောစကားကို ဖော်ပြ ဖို့ရန် မြောက်များစွာသောဘာသာစကား၌ အထူးပြုစကားလုံး မရှိကြပေ။ မူရင်းဂရိဘာ သာစကား၌ ဤယုံကြည်သူကို လူငယ်လူရွယ် ကဲ့သို့ဖော်ပြသည်။ သို့သော် ငယ်ငယ်ရွယ် ရွယ်လည်း မဟုတ်၊ ရင့်ကျက်သောသူလည်း မဟုတ်ပေ။

လူငယ်ယုံကြည်သူ၏ စိန်ခေါ်မှု

လူငယ်ယုံကြည်သူသည် စိုးမိုးခြင်းများနှင့်စုံစမ်းနှောင့်ယှက်ခြင်းများ တစ်ဖက်၌ ခိုင်ခံ့စွာရပ်တည်နိုင်ရန် ဘုရားသခင်၏နှုတ်ကပတ်တော်ကို မည်ကဲ့သို့ အသုံးပြုရမည်ကို သင်ယူရပါမည်။ ဘုရားသခင်၏နှုတ်ကပတ်တော်သည် ပထမ အဆင့်မှာကဲ့သို့ပင် အရေးကြီး၏။ လူငယ်တို့သည် ဖြားယောင်းခြင်းအပေါ် မည်ကဲ့ သို့ရင်ဆိုင်ရမည်ကို သင်ယူရမည်။ ဤကား အောင်မြင်သောသူတစ်ဦး အဖြစ် ပြည့်စုံဖို့ရန် လိုအပ်သောအပိုင်းဖြစ်ပါသည်။

ဘဝဟူသည့် အကြောင်းအရာများသည် ဤသို့ဖော်ပြပါသည်။ လူငယ် တို့သည် အသက်ကြီးရင့် လာသောအခါ ဤလောက၌ မိဘမပါဘဲ မည်ကဲ့သို့ လှုပ်ရှားအသက်ရှင်ရမည်ကို သင်ယူရမည်။ ဤဖြစ်စဉ်သည် လူသားများအဖို့ တရိစ္ဆာန်များနှင့် နှိုင်းယှဉ်ပါက အလွန်နှေးကွေးသည်ဆိုရသော်လည်း နောက်ဆုံး တော့ ဖြစ်ပျက်လာသည်။ ကလေးငယ်လေးများနှင့် မူကြိုတက်နေသူများသည် မိမိတို့ဘာမိမိတို့ စားသောက်ရန် ရိုးအစွာသင်ယူတတ်ကြ၏။ သို့သော် အရွယ် ရောက်လာခါနီးတွင် မိမိတို့ဘာမိမိတို့ စားသောက်တတ်ရန် အစားအစာရရှိဖို့ မည်ကဲ့သို့လုပ်ဆောင်ရမည်ကို သင်ယူဖို့လိုအပ်သည်။

ဝိညာဉ်ပိုင်းဆိုင်ရာ ကြီးထွားဖွံ့ဖြိုးခြင်း၌ ပို၍ကြီးရင့်သောလူငယ်တို့သည် ဘုရားသခင်၏နှုတ်ကပတ်တော်ကို လိုလားကြသော်လည်း အခြားသူများ၏လိုအပ် ချက်ကို ဖြည့်ဆည်းဖို့ရန်အတွက် ပုံမှန်အားထားလို့မရကြပေ။ ဤသို့သောယုံကြည် သူတို့သည် မိမိတို့ကိုယ်ကို ဘုရားသခင်၏နှုတ်ကပတ်အားဖြင့် ကျွေးမွေးဖို့ရန် သင်ယူနေသူများဖြစ်ကြသည်။ ထို့အပြင် သူတို့အား တိုက်ခိုက်ရန် ချောင်းနေသော ရန်သူ၏လက်ထဲမှ သူတို့ကိုယ်ကို ခုခံကာကွယ်ရန် ဘုရားသခင်၏နှုတ်ကပတ် တော်ကို မည်ကဲ့သို့အသုံးပြုရန် သင်ယူနေသောသူများလည်းဖြစ်ကြသည်။

လူငယ်ယုံကြည်သူတို့အကြောင်းကို ယောဟန်ဖော်ပြရာတွင် အားပါသော စကားလုံး ရွေးချယ် သုံးနှုန်းသည်ကို သတိပြုစေလိုပါသည်။ “လူပျိုတို့၊ သင်တို့ သည် ခွန်အားနှင့်ပြည့်စုံ၍ ဘုရားသခင်၏ နှုတ်ကပတ်တော်၌ မှီဝဲဆည်းကပ်သဖြင့် မာရ်နတ်ကို အောင်သောကြောင့် သင်တို့အား ငါရေး၍ပေးလိုက်ခဲ့ပြီ(၁ယော၊ ၂:၁၃-၁၄)။

လောကကို ကျွန်ုပ်တို့နှစ်သက်စွဲလန်းရလေအောင် ဤလောကသည် မသန့်ရှင်းရုံမက အထောက်အကူမပြုပါ။ ဤလောက၌ ကျွန်ုပ်တို့၏သေတမ်းစာကို ရှာဖွေနေသည့် တကယ့်ရန်သူဖြစ်ပါသည်။ ယေရှုခရစ်တော်သည် စစ်ပွဲကို အနိုင်ယူပြီးဖြစ်ကြောင်း မိမိတို့သည် သမ္မာတရား၌ နှစ်သိမ့်ခွန်အား ယူသင့်သည်။ လူငယ်တို့မူကား ဘဝမျိုးစုံနှင့် ရင်ဆိုင်တွေ့ကြုံသောအခါ ဘုရားသခင်၏ကျေးဇူး တော်၌ မည်ကဲ့သို့မှီခိုအားထားမည်ကို ကိုယ်တိုင်သင်ယူဖို့ လိုအပ်ပါသည်။

အခုဖော်ပြမည့်ကျမ်းချက်တွင် ဘုရားသခင်၏သမ္မာတရားထဲမှ ထွက်ပေါ် လာသောတန်ခိုး အကြောင်းကို ပေတရုက အခိုင်အမာကြေညာခြင်းဖြစ်ကြောင်း ကျွန်ုပ်တို့ကြားရသည်။

“ထိုသို့သောအားဖြင့်လည်း အလွန်ကြီးမြတ်၍ အဖိုးထိုက်သောကတိ များကို ငါတို့၌ အပ်ပေးတော်မူပြီ။ အကြောင်းမူကား ထိုကတိတော်များကို အမှီပြု၍ သင်တို့သည် လောကီတပ်မက်ခြင်း အညစ်အကြေးနှင့် ကင်းလွတ်သဖြင့် ဘုရား ပကတိကို ဆက်ဆံရသောသူ ဖြစ်ကြမည်အကြောင်းတည်း(၂ ပေ၊ ၁:၄)။

လူငယ်တို့သည် သူတို့ဖြစ်နေသည်ထက် ပို၍ကြီးရင့်သည်ဟု ယူဆတတ် ကြ၏။ သူတို့သည် တာဝန်ယူလိုစိတ်မရှိဘဲ လွတ်လပ်မှုကိုသာ တောင်းဆို တတ်ကြ၏။ သူတို့သည် သူတို့ရင်ဆိုင်နေရသော စိန်ခေါ်မှုများကို သတိမထားဘဲ လျစ်လျူရှူတတ်ကြ၏။ (ဤအရာသည် စိန်ခေါ်မှု တစ်စုံတစ်ရာအတွက် သူတို့ကို စိတ်အားထက်သန်စေနိုင်သည်)

နောက်ထပ် ကြီးထွားခြင်း၏ခြေလှမ်းများ

ထိုသူတို့သည် ကလေးအရွယ်နှင့်အရွယ်ရောက်ပြီးသောသူတို့ကြား၌ နေလိုကြသည်။ အရွယ်ရောက် ပြီးသောလူဖြစ်ခြင်းမှ လွတ်မြောက်လိုသော ဆန္ဒသည် ကောင်းပေ၏။ သူတို့သည် ဘုရားသခင် ပို့ဆောင်နေသည်ဟု ယုံကြည် ထားသည့်အရာပေါ်၌ မှီအောင်လိုက်နေကြသည်။ ဤလူငယ်တို့သည် သူတစ်ပါးကို မှီခိုအားထားလျက် နေရသည့်အချိန်၊ တနည်းဆိုသော် ကလေးအရွယ် ရှိနေသေး သည့်အချိန်၌ပင် မိမိတို့ကိုယ်ကို ကြီးထွားပြီဟု ထင်တတ်ကြ၏။ သူတို့သည် သူတစ်ပါးအား ပြုစုစောင့်ရှောက်သည့် ဖခင်အဆင့်သို့ ရောက်ရှိလာရမည့် အကြောင်း သူတို့ကြီးထွားသည်နှင့်အမျှ ထိုဟာကွက်များကို လက်လွှတ်ဖို့ လိုအပ်ပါသည်။

ပညာရှိသောလုလင်သည် ကောင်းမွန်သောဝိညာဉ်ရေးရာ စည်းကမ်းချက် များကို ချမှတ်၍ ဖြားယောင်းသွေးဆောင်ခြင်းကို ရင်ဆိုင်ဖို့ရန်အတွက် ဘုရား သခင်၏နှုတ်ကပတ်တော်ကို မည်ကဲ့သို့အသုံးပြုရမည်ကို သူတစ်ပါးထံမှ သင်ယူ လျက်နေ၏။ လူငယ်ယုံကြည်သူသည် စူးရှသောမျက်လုံးနှင့်တကွ မိမိအထဲ၌ တိုက်ပွဲရှိသည်မရှိသည်ကို သတိပြုလာလိမ့်မည်။ သူသည် ယုံကြည်သူတစ်ဦး ဖြစ်လျက်နှင့် အဘယ့်ကြောင့် ထိုသို့သောတိုက်ပွဲနှင့် ရင်ဆိုင်နေရသနည်းဟူ၍ တွေဝေမိနိုင်သည်။ တချိန်တည်းမှာပင် ဤလောကနတ်ဘုရားက သူ့အား တပ်မက် သောလမ်းနှင့် မိုက်မဲသောလမ်းတို့၌ လျှောက်လှမ်းရန် ဖြားယောင်းသွေးဆောင် နေသည်ကို သိရှိနားလည်လာလိမ့်မည်။

ဘုရားသခင်သည် တိုက်ပွဲနိုင်ပြီးဖြစ်၍ လူငယ်ယုံကြည်သူကိုလည်း တိုက်ပွဲနိုင်ရန် အပြည့်အဝ တပ်ဆင်ပေးပြီးဖြစ်သည်။ ထိုတိုက်ပွဲ၌ ရှုံးနိမ့်ခြင်း ရှိသလို အောင်မြင်ခြင်းလည်းရှိ၏။ အကယ်၍ တစ်စုံတစ်ဦးက ထိုယုံကြည်သူကို တပည့်တော်ပြုပါက သင်တန်းကာလ တိုတောင်းပါလိမ့်မည်။ တပည့်တော်ပြုပေး သောသူကလည်း အဘယ့်ကြောင့် ဝိညာဉ်ရေးရာအသက်တာ ဖြစ်မြောက် အကောင်အထည်ဖော်သည်ကို ရှင်းပြနိုင်သည်။ သင်ယူလေ့လာစရာများ အလျင် အမြန် သင်ယူနိုင်ရ မည့်အကြောင်း သူသည် တပည့်တော်ပြုခြင်းခံသောသူအား လိုအပ်ချက်အစက်အပြောက်များကို တဆက်တည်းဖြစ်ဖို့ရန် ကူညီဖေးမနိုင်သည်။ သို့မဟုတ်လျှင် အသစ်သောယုံကြည်သူသည် တိုက်ပွဲဆင်နွှဲရန် များစွာရှိ၍ အခက်ခဲနှင့်ရှုံးနိမ့်ခြင်း ထပ်ခါတလဲလဲရင်ဆိုင်ရဖွယ်ရှိလာနိုင်သဖြင့် စိတ်ပျက် ခြင်းသို့ ဦးတည်သွားနိုင်သည်။

အသစ်ဖွားမြင်သောကလေးငယ်လေးကို ပြုစုစောင့်ရှောက်ခြင်းသည် မရှိမဖြစ်လိုအပ်သကဲ့သို့ လူငယ်ယုံကြည်သူသည် အသက်အရွယ်အရ ရင့်ကျက် ပြီဟု ထင်ရသော်လည်း ပြုစုစောင့်ရှောက်ခြင်းသည် မရှိမဖြစ် လိုအပ်သော အရာဖြစ်ပါသည်။ ထိုသူသည် အပေါ်ယံကြည့်ခြင်းအားဖြင့် ဤအဆင့်၌ အကျိုးရှိ၍ ဖောက်ထွင်းမြင်နိုင်သော ယုံကြည်သူတစ်ဦးသည် ဆင်းရဲဒုက္ခနှင့်စုံစမ်းနှောင့် ယှက်ခြင်းတို့ကို ရင်ဆိုင်ရ သောအခါ ကြီးမားစွာအထောက်အကူပြုနိုင်မည်ဟု ထင်ရ၏။

သင်ခန်းစာ

  • လူငယ်ယုံကြည်သူများသည် ခိုင်ခံ့သောခရစ်ယာန်အသက်တာ၌ ရှင်သန် ဖို့ရန်အတွက် ဘုရားသခင်၏ နှုတ်ကပတ်ကို မည်ကဲ့သို့အသုံးပြုရမည် ဟူသည့် သင်ယူခြင်းဆိုင်ရာစိန်ခေါ်မှုကို ရင်ဆိုင်ကြရသည်။
  • ကျွန်ုပ်တို့အသက်တာ၌ ဝိညာဉ်ရေးရာတိုက်ပွဲများ ရှိလာလိမ့်မည်။ အကြောင်းမှာ ကျွန်ုပ်တို့သွေးသားနှင့်ရန်သူသည် မိမိတို့ကိုထိခိုက် နာကျင်စေရန် လောကကို အသုံးပြုသောကြောင့်တည်း။
  • ဘုရားသခင်သည် သူ၏နှုတ်ကပတ်တော်အားဖြင့် ကျွန်ုပ်တို့အား အပြောင်းအလဲမရှိသော အောင်မြင်မှုကို တွေ့ကြုံခံစားစေနိုင်ကြောင်း ကတိပြုထားသည်။
  • ဤအဆင့်၌ ဝိညာဉ်ပိုင်းဆိုင်ရာ ထိုးထွင်းမြင်နိုင်ခြင်းသည် မိမိ၏ ဝိညာဉ်ရေးရာ အသက်တာ၌ တချို့သောအရာ အဘယ့်ကြောင့် ဖြစ်ပျက် နေသည်ကို နားမလည်သောသူတည်းဟူသော စိတ်ရှုပ်နေသော လူငယ် ယုံကြည်သူအား ကြီးမားစွာအထောက်အကူပြုနိုင်သည်။

ကျက်မှတ်ဆင်ခြင်ပါ

  • ၂ပေ၊ ၁:၄

တာဝန်ပေးအပ်ခြင်း

  • သင်သည် ဘုရားသခင်၏နှုတ်ကပတ်တော်အားဖြင့် သင့်ကိုယ်သင် ကျွေးမွေးခြင်းဆိုင်ရာ ခိုင်ခံ့သောဝိညာဉ်ရေးရာ စည်းကမ်းချက်ရှိပါသ လား။ အဘယ့်ကြောင့်ရှိသနည်း သို့မဟုတ် အဘယ့်ကြောင့် မရှိပါ သနည်း။
  • နေ့စဉ် ဘုရားသခင်၏နှုတ်ကပတ်တော် ထည့်သွင်းခြင်းသည် ဝိညာဉ် ရေးရာအသက်တာ ခိုင်ခံ့ဖို့ရန် အရေးကြီးသည်ဟု သင်ယူဆပါသလား။ အဘယ့်ကြောင့် ထိုသို့ယူဆပါသနည်း။
  • တစ်စုံတစ်ဦး၏ရှုံးနိမ့်ခြင်းနှင့်အောင်မြင်ခြင်းကို ဆက်စပ်မှုပြုပါ။ တစ်ခု ချင်းစီကို သုံးသပ်ပါ။ သင်သည် အဘယ့်ကြောင့် ရှုံးနိမ့်ရသနည်း။ သင်သည် အဘယ့်ကြောင့် အောင်မြင်ရသနည်း။
  • သင်သည် တိုက်ခိုက်ခြင်းနှင့်စုံစမ်းနှောင့်ယှက်ခြင်းကို ရင်ဆိုင်နေရ သောသူ တစ်စုံတစ်ဦးအား ပြောပြဖို့ရန် ကောင်းကောင်းရင့်ကျက် ပါသလား။

© Paul J. Bucknell · Burmese translation: ဓမ္မဆရာတော် ဦးဘီထန်း (Bee Htan) · Biblical Foundations for Freedom