
အသက်၏အနှစ်သာရ — The Life Core
အခန်း ၁၅ — ကလေးအရွယ် –အဆင့် #၁
ဤအခန်း၌ ယုံကြည်ခါစလူသစ်နှင့်ကလေးငယ်တို့အတွက် လုပ်ဆောင် ဖို့ရန် ဘုရားသခင်က မည်သို့သောကတိတော်များပေးတော်မူသည်ကို ကျွန်ုပ်တို့ ကြည့်ရှုရပါမည်။

ကျွန်ုပ်တို့အသီးသီးသည် ကလေးငယ် ဘဝမှစတင်၍ ဆယ်ကျော်သက်အရွယ်သို့ ကြီးရင့် လာလျက် လူလားမြောက်သောသူများဖြစ်ကြ၏။ အသက်အရွယ်တစ်ဆင့်မှ နောက်တဆင့်သို့ ကူး ပြောင်းသွားသောအခါ ရှင်းရှင်းလင်းလင်းမဖြစ် သော်လည်း ဖြစ်စဉ်မှာ မရပ်မနားဖြစ်ပျက်လျက် နေ၏။
ကျွန်ုပ်တို့ကြီးထွားခြင်းနှင့်စပ်လျဉ်း၍ မှတ်သားစရာ အဓိကသော့ချက် နှစ်ခုရှိ၏။ ထမအချက်ကား ကျွန်ုပ်တို့မွေးလာသောအခါ အောင်ပွဲခံခြင်းပါ လိုက်လာသည်။ မွေးကင်းစကလေးငယ်သည် လောကကို ဗဟိုပြုလာသည်။ ဂုဏ်ယူတတ်သောမိဘတို့သည် သူတို့၏အမွေရတနာသစ်ဖြစ်သည့် သားသမီးတို့၏ ဓာတ်ပုံများကို ထုတ်ဖော်ပြသ၍ အချင်းချင်းပို့ပေး တတ်ကြ၏။
အခြားမှတ်သားစရာတစ်ခုမှာ ယောဟန်ပထမစာစောင်၌ ဖော်ပြသည့် အတိုင်း လူတစ်ဦးဖခင်အရွယ် ရောက်ရှိလာခြင်းဖြစ်သည်။ ယခင်၌ ငယ်ရွယ်သော သူတစ်ဦးသည် ယခုအသက်အရွယ်ရလာ၍ မိမိ၏ကလေးငယ်ရရှိလာ၏။ တနည်း ပြောရရင် ဘဝစက်ဝိုင်းတစ်ပတ်လည်ပတ်သည်ဟု ဆိုရမည်ဖြစ်သည်။ မျိုးဆက် တစ်ဆက်က နောက်ထပ်မျိုးဆက်တစ်ဆက် တိုးပွားလာသည်ဟု ဆိုလိုပါသည်။
မျက်မှောက်ခေတ် လူများက အသက်အရွယ်ရောက်လာခြင်းဟူသည်မှာ မိဘဖြစ်၍ ၎င်းနှင့်ဆိုင်သော တာဝန်များ၏တောင်းဆိုခြင်းနှင့်မဆိုင်ဘဲ အရွယ်ကြီး ရင့်လာသောကြောင့် အလိုလိုအသက်အရွယ်ကြီးရင့် လာခြင်းဖြစ်သည်ဟုအနက် ဖွင့်ရန် ကြိုးစားအားထုတ်လာကြ၏။ ဝမ်းနည်းစရာကောင်းသည်မှာ ယနေ့ အသင်းတော်က ဤသွန်သင်ခြင်းကို တစ်နည်းမဟုတ်ရင် နောက်တစ်နည်းနဲ့ လက်ခံလာကြ၏။ အသင်းတော်ရှိ အသက်တာရင့်ကျက်သောသူများကလည်း နုနယ်သေးသောယုံကြည်သူများကို ကောင်းကောင်းသွန်သင်ဆုံးမခြင်း မပြုကြ သောကြောင့် ထိုအယူအဆသည် အဖွဲ့အစည်းနှင့်အသင်းတော် နှစ်ခုစလုံး၌ ကျန်ရစ်လေတော့သည်။ မှန်ကန်သောတရား၊ ပြီးပြည့်စုံသောစက်ဝိုင်းတရားက ယုံကြည်သူသည် အသက်အရွယ် ရောက်ရှိလာခြင်းသက်သက်မဟုတ်ဘဲ အသီး အပွင့်သီးလာ၍ နောက်လာမည့်မျိုးဆက်အတွက် တာဝန်ယူခြင်း ဟုခေါ်ဆိုပါသည်။

ယခုလက်ရှိ သင်ခန်းစာသည် အသက်တာသစ် အစပြုသည့်နေရာတည်း ဟူသော ပထမအဆင့်ရှိ အရေးပါသမျှ၌ အာရုံစိုက်လျက်နေသည်။ တမန်တော် ယောဟန်သည် ဘုရားသခင်နှင့်ဆိုင်သော ဝိညာဉ်ပိုင်းဆိုင်ရာမိသားစု၌ မိမိတို့၏ ကြီးထွားဖွံ့ဖြိုးမှုကို နားလည်စေရန် မိမိတို့၏မိသားစု၌ ခန္ဓာပိုင်းဆိုင်ရာ ကြီးထွား ဖွံ့ဖြိုးမှု အလားသဏ္ဌာန်ကို အသုံးပြုခြင်းဖြစ်သည်။ သူသည် ယေရှုကဲ့သို့ အကျွမ်း မဝင်သောအရာကို သင်ကြားပေးရန် အကျွမ်းဝင်သောအရာကို အသုံးပြုထား သည်။ ကျွန်ုပ်တို့သည် အရှေ့ပိုင်းအခန်းများ၌ ဝိညာဉ်ပိုင်းဆိုင်ရာ အသစ်သော အသက်တာ၏အရေးကြီးပုံကို ဆွေးနွေးခဲ့ပါသည်။ ယုံကြည်ခါစ လူတစ်ဦးသည် အသက်သစ်ကို ရရှိပိုင်ဆိုင်သော်လည်း ကလေးသူငယ်ကဲ့သို့ဖြစ်ပါသည်။
ကြီးထွားနေသော ကလေးငယ်
ခန္ဓာပိုင်းဆိုင်ရာ ကြီးထွားဖွံ့ဖြိုးခြင်း၌ ကလေးငယ်လေးသည် လေးဖက် တွားသွားလျက်၊ ထိုင်လျက်၊ ထလျက်၊ လမ်းလျှောက်လျက်နေသကဲ့သို့ အသစ် သောယုံကြည်သူအဖို့ ဝိညာဉ်ရေးရာ ကြီးထွား ဖွံ့ဖြိုးခြင်းဆိုင်ရာ ပထမအဆင့်၌ ဘုရားသခင်ထံ သင်ယူရမည့်အခြေခံသင်ခန်းစာ များစွာရှိသည်။ အသက်တာ၏ အဆင့်များသည် အရေးကြီး၏။ အကြောင်းမှာ ထိုအဆင့်ဆင့်တို့၌ တစ်ဦးချင်းစီ သည် မတူညီသောနည်းမျိုးစုံဖြင့် သင်ယူလျက် ကြီးထွားလျက်ရှိကြသောကြောင့် ဖြစ်သည်။
လွန်ခဲ့သောဆယ်နှစ်၌ ရေဘက္ကာက သူ့အကိုကြီး ဣဇာက်ကိုပါ ပန်းခြံ တစ်နေရာသို့ခေါ်သွားပြီး ကစားကြရန် ငါ့ကိုသိမ်းသွင်းစည်းရုံးခဲ့ပါသည်။ ပန်းခြံ တစ်နေရာသို့ သွားရောက်ပြီး ငါးမိနစ်၊ ဆယ်မိနစ်ခန့် ကစားကြသောအခါ သူတို့အချင်းချင်း “ငါတို့တတွေ ဒီအရွယ်နှင့် ဒီပန်းခြံထဲမှာ ကစားနေတာ မဟုတ် သေးဘူး”ဟု တိုးတိုးတိတ်တိတ် ပြောဆိုသံကို ငါကြား၏။ ထို့နောက်မှ တောင် တက်လမ်းလျှောက်ဖို့ စတင်ကြ၏။ သူတို့သည်လည်း ထိုနေရာ၌ တောင်တက် လမ်းလျှောက်ကြသည်ကို အလွန်အားရ ပျော်ရွှင်လာကြ၏။ ဆိုလိုရင်းကား လူတို့သည် အသက်အရွယ်ရသည်နှင့်အမျှ အပြောင်းအလဲရှိလာတတ်၏။
အသက်အရွယ် တစ်ဆယ့်ငါးနှစ်သာ ရှိသေးသည့်လူငယ်လေးသည်လည်း ထာဝရဘုရားကို သိရှိလာနိုင်သည်။ သူ၏အသက်အရွယ် ငယ်ရွယ်ခြင်းသည် ပြဿနာမဟုတ်ပေ။ ဝိညာဉ်ပိုင်းဆိုင်ရာ ဖွားမြင်ခြင်းသည် ဘုရားသခင်၏မိသား စုဝင် အသင်းသားအသစ်ဖြစ်ခြင်းပေတည်း။
ခရစ်တော်၌ အသက်အရွယ် ကြီးရင့်သောယုံကြည်သူသည်လည်း ဤအ ဆင့်(၁) တစ်လျှောက်၌ အလျင်အမြန် ကြီးထွားသင့်သည်။ သို့သော် သူသည် အခြေခံအဆင့်သာရှိသေးသည့် ဤအဆင့် (၁)၌ လျှောက်လှမ်းနေသေးကြောင်းကို သတိပြုရမည်။ ထိုသို့မဟုတ်ပါက ထိုသူ၏ဝိညာဉ်ပိုင်းဆိုင်ရာ အသက်တာ၌ ပုံမှန်ကြီးထွားခြင်းအတွက် အခွင့်အလမ်းနည်းပါးသွားလိမ့်မည်။
အသစ်သောယုံကြည်သူများကို ပြုစုစောင့်ရှောက်ခြင်း
သင်သည် ယုံကြည်သူတစ်ဦးဖြစ်လာသောအခါ ပြုစုစောင့်ရှောက်ခြင်းခံ ပါသလား။ တစ်စုံတစ်ဦးက သင့်အား ဂရုစိုက်ပါသလား။ ဤမေးခွန်းနှစ်ရပ်သည် အရေးမပါသလို ဖြစ်သော်လည်း တကယ်အရေးပါလှ၏။ ကလေးငယ်တစ်ဦးသည် မွေးလာပြီးနောက် အထူးဂရုစိုက်ခြင်းခံရသည်ကို သတိပြုပါ။ ထိုသို့သော အချိန်၌သာ မိဘများက ထိုကလေးငယ်ကို ဂရုတစိုက်ပြုတတ်ကြ၏။
ကလေးငယ်လေးသည် မိခင်နို့တိုက်ခြင်းသက်သက်မဟုတ်၊ ထိုကလေး ငယ်ကို ချစ်လျက်၊ ရေချိုးပေးလျက်၊ ဝတ်ဆင်ပေးလျက် စသည်ဖြင့်ပြုစုပေးရ ပါမည်။ ထိုကလေးငယ်အတွက် အထူးသဖြင့် ညအချိန်တွင် ထပ်ခါထပ်ခါပြု စရာများဖြင့် ပင်ပန်းနိုင်နေသော်လည်း ထိုအမှုတို့သည် အလွန် အရေးကြီးသည်။ ဖြစ်ပျက်နေသောအရာများကို သတိပြုရမည်။ မိခင်နှင့်နီးကပ်ခြင်းသည် ကလေး ငယ်အဖို့ မေတ္တာပါသောစကားများ၊ အသံများနှင့်ဟန်ပန်အမူအရာများကို ထိတွေ့ ခံစားဖို့ရန် အခွင့်ထူးဖြစ်ပါသည်။ ကလေးငယ်သည် မည်ကဲ့သို့တုံ့ပြန်၍ ဆက်ဆံရမည်ကိုသာ သင်ယူနေခြင်းမဟုတ်ဘဲ ပိုက်ခြင်း၊ ကျီစယ်ခြင်းနှင့်ဆော့ ကစားခြင်းတို့အားဖြင့် မေတ္တာခံစားရန်လည်းပါသည်။
ကလေးငယ်လေးသည် ထိတ်လန့်၍ ငိုကြွေးသောအခါ ဘာဖြစ်သနည်း။ မိခင်သည် ကလေးငယ်လေးကို အလျင်အမြန် ချီပိုက်လျက် “သား/သမီးလေးရယ် မေမေအနားမှာရှိတယ်၊ ဘာမှမဖြစ်ဘူး၊ မငိုနဲ့တဲ့တော့နော်” ဟူ၍ အသံချိုချို လေးနဲ့ တိတ်လေ့ရှိ၏။
ကလေးငယ်လေးသည် ခန္ဓာကိုယ်အစားစာနှင့်သူ့လိုအပ်ချက်များ ရရှိခြင်း အတွက်သာမကဘဲ စိတ်ပိုင်းဆိုင်ရာမေတ္တာ ခံစားရရှိဖို့ရန်လည်း အထူးလိုအပ်ပါ သည်။ ဤကား ကလေးငယ်အဖို့ အသင့်တော်ဆုံးလိုအပ်ချက်ဖြစ်ပါသည်။ အကယ်၍ မိခင်သည် သူ့ကလေးအပေါ် ထိုသို့ပြုဖို့ရန် ပျက်ကွက်ခဲ့ပါက မိခင်၏ မေတ္တာကို မခံစားလိုက်သောကလေးငယ်အဖို့ လွန်စွာမှဘဲ ရင်လေးဖွယ် ဖြစ်ပါလိမ့် မည်။ ဘုရားသခင်သည် ယုံကြည်ခြင်း၌ ပိုမိုရင့်ကျက်သောသူတို့ထံသို့ မေတ္တာ၊ ဂရုစိုက်ခြင်းနှင့် ပြုစုစောင့်ရှောက်ခြင်းစသည်တို့ကို မျှဝေပေးကမ်းပြီးဖြစ်ပါသည်။ အကယ်၍ ယုံကြည်ခြင်း၌ ပိုမိုရင့်ကျက်သောသူတို့သည် ဘုရားသခင်၏အကြံ အစည်အတိုင်း အသစ်သောယုံကြည်သူများကို ကြည့်ရှု စောင့်ရှောက်ပါက ယုံကြည်ခြင်း၌ ခိုင်ခံ့ကြီးထွားလာမည်ဖြစ်သည်။ အကယ်၍ ကြည့်ရှုစောင့် ရှောက်ခြင်း မပြုနိုင်ပါက အသစ်သောယုံကြည်သူအဖို့ ယုံကြည်ခြင်းနှင့်ဆိုင်သော အခြေခံအုတ်မြစ်သည် အားနည်းသွား မည်သာဖြစ်ပါသည်။
သင်ယူစရာများ
အသစ်သောယုံကြည်သူသည် သင်ယူစရာများစွာရှိ၏။ ပေတရုသည် ကျွန်ုပ်တို့အား အသစ်သော ယုံကြည်သူများကို နားလည်ခြင်း၌ အထောက်အကူ ဖြစ်စေရန် အလားသဏ္ဌာန်တူသည့်အချက်ကို အသုံးပြု ထားသည်။ ပေတရုသည် အသစ်သောယုံကြည်သူတစ်ဦး၏ ဘုရားသခင်နှုတ်ကပတ်တော်အပေါ် မည်သို့လို လားတောင့်တသည်ကို ကျွန်ုပ်တို့အား နားလည်သဘောပေါက်စေရန် မွေးကင်းစ ကလေး၏နို့ရည် အလွန်လိုချင်ပြင်းပြပုံကို ဥပမာပေး၍ အသုံးပြုခဲ့သည်။ “နှုတ်ကပတ်တရား၏နို့စစ်အားဖြင့် ကြီးပွားမည့် အကြောင်း ဖွားစသောသူငယ် ကဲ့သို့ ထိုတရားနို့ကို အလွန်လိုချင်သောစိတ်ရှိကြလော့(၁ပေ၊၂:၂)။
ကလေးငယ်လေးသည် မိမိပါးစပ်ထဲသို့ မိခင်၏နို့စစ်ရည်မရောက်မချင်း ငိုကြွေးနေမည်ဖြစ်သည်။ သို့ရာတွင် ကလေးငယ်လေးသည် မိခင်နို့ရည်ကို စတင်စုပ်ယူလာသောအခါ အငိုတိတ်၍ ကျေနပ်ရောင့်ရဲလေ၏။ အသစ်သော ယုံကြည်သူ၌လည်း ထို့အတူဖြစ်၏။ ယုံကြည်ခါစလူတစ်ဦးသည် ဘုရားသခင်၏ နှုတ်ကပတ်တော် သိလိုသောဆန္ဒအလွန်ပြင်းပြ၏။ ထိုကြောင့် ထိုသူသော သူတို့သည် အသက်တာ ကြီးထွားရမည်အကြောင်း ကျွန်ုပ်တို့သည် သူတို့ကို ကိုယ်တော်၏နှုတ်ကပတ်အားဖြင့် ပြုစုကျွေးမွေးဖို့ရန် သူတို့ရှိရာအရပ်၌ ရှိနေဖို့ရန် လိုအပ်လှပေသည်။ ဤသို့ဖြင့် သူတို့သည် အသက်တာကြီးထွား လာမည်ဖြစ်သည်။
အသက်တာဟူသည်မှာ ဝိညာဉ်ပိုင်းဆိုင်ရာ အသစ်တစ်ဖန်ဖွားမြင်ခြင်း ၌သာ အစပြုသည်။ ကလေးငယ်လေးသည် လိုအပ်သောအဟာရဓာတ်ကို ရရှိသကဲ့သို့ယုံကြည်သောသူသည် ဘုရားသခင်၏နှုတ်ကပတ်တော်ကို ရရှိသော အခါ ကြီးထွားခြင်းဖြစ်ပျက်လေ၏။ ဘုရားသခင်၏နှုတ်ကပတ်တော်လိုအပ်မှု သည် မိမိတို့၏အသက်တာတစ် လျှောက်လုံးအတွက် ဖြစ်သည်။ ကျွန်ုပ်တို့သည် အသက်ရှင်နေနိုင်ဖို့ရန် ၎င်းကို စားသုံးမှီဝဲဖို့ လိုအပ်သည်မှန်သော်လည်း မိမိတို့ ကြီးထွားလာသည်နှင့်အမျှ တစ်စုံတစ်ရာပြောင်းလဲမှု ရှိတတ်သည်။ အစကနဦး အဆင့်၌ အစားအစာနှင့် အဟာရဓာတ်သည် နို့စစ်ပုံစံဖြစ်ပြီး မိခင်အားဖြင့် ရရှိခြင်းဖြစ်သည်။ ဤကဲ့သို့ ကျွေးမွေး၍ ထိန်းသိမ်းစောင့်ရှောက်ခြင်းသည် ဘုရားသခင်၏ပုံဖော်ခြင်းကြောင့် ဖြစ်၏။ ကလေးငယ်အား နို့တိုက်နိုင့် သောအခါ မိခင်နှင့်ကလေးငယ်နှစ်ဦး တို့သည် အချင်းချင်း မကြာခဏကြည့်ကြ၏။
ကျွန်ုပ်တို့သည် ဝိညာဉ်ရေးရာ အသက်တာသစ်အကြောင်းကို စဉ်းစား သောအခါ ထိပ်ဆုံးက နေရာယူသည့်အခြေခံ လိုအပ်ချက်တချို့ရှိ၏။ ၎င်းတို့မှာ ရင်းနှီးကျွမ်းဝင်ခြင်း၊ ခင်မင်မှုသံယောဇဉ်၊ ချစ်ခြင်းမေတ္တာ၊ ဘုရားသခင်၏နှုတ်က ပတ်တော်၊ ပြုစုစောင့်ရှောက်ခြင်းနှင့်အာရုံစူးစိုက်ခြင်းတို့ဖြစ်ပါသည်။ ကလေးငယ် တစ်ဦးအတွက် အခြားလိုအပ်ချက်များစွာရှိသော်လည်း အခြေခံလိုအပ်ချက် တည်းဟူသော ပြုစုပျိုးထောင်ခြင်းထက် လိုအပ်သောအရာမရှိတော့ပေ။
လွန်ခဲ့သောနှစ်တော်တော်များများ၌ အသင်းတော်သည် လူတို့အား ဘုရားသခင်၏နိုင်ငံတော်ထဲသို့ ခေါ်သွင်းခြင်းကို ကောင်းကောင်းအာရုံစူးစိုက်လုပ် ဆောင်ခဲ့သော်လည်း ထိုယုံကြည်ခါစထဲမှ များစွာသောသူတို့သည် အကြမ်း ဖက်ခြင်း ဒုက္ခကိုခံစားကြ၏။ ထိုသူတို့သည် သူတို့လိုအပ်သော ကြည့်ရှုစောင့် ရှောက်ခြင်းကို မခံစားကြပေ။ အကြောင်းမှာ ထိုသူတို့သည် အခြားသောယုံကြည် သူများအားဖြင့် မည်သည့်အခါမျှ ပြုစုပျိုးထောင်ခြင်းနှင့်စောင့်ရှောက်ခြင်းကို မခံစားဖူးကြသူများဖြစ်သည်။ သူတို့သည် တပည့်တော်အဖြစ် မွမ်းမံခြင်းကိုလည်း မခံဖူးကြပေ။ ကလေးငယ်လေးသည် သူ့ဟာသူ ကျွေးမွေးပြုစုခြင်း မပြုနိုင်သကဲ့သို့ အသစ်သောယုံကြည်သူလည်း သူ့ဟာသူ ကျွေးမွေးပြုစုခြင်းမပြုနိုင်ပေ။ ထိုသူ သည် သူတစ်ပါး၏ကျွေးမွေးပြုစုခြင်းကို လိုအပ်၍ ကာလအချိန်အတန်ကြာမှသာ သူ့ဟာသူ ကျွေးမွေးပြုစုရန် သင်ယူလေ့လာနိုင်၏။
ကျွန်ုပ်တို့သည် ဤအခြေခံတရားကို သိပြီးဖြစ်သော်လည်း မိမိတို့သိရှိ သည့်အတိုင်း အသင်းတော်၌ စောင့်ထိန်းခြင်းမရှိဘဲ အသက်ရှင်ကြ၏။ ထို့သို့ဖြစ်သောကြောင့် ခရစ်တော်၏ခန္ဓာကိုယ်သည် ကြောက်မက်ဖွယ်သောအကျိုး ဆက်များနဲ့ ဆင်းရဲဒုက္ခခံနေရသည်။ ငါကိုယ်တိုင် ယုံကြည်သူများကို မေးလေ့ရှိ သည်မှာ “မင်းတို့ထဲက ဘယ်နှစ်ဦးက ကိုယ်ကိုယ်ကို စောင့်ရှောက်၍ အခြားယုံကြ သည်သူကိုပါ သင်ကြားပေးခဲ့သနည်း။ လူအနည်းငယ်သာ ထိုသို့ပြုနိုင်သည်ဟု ဖြေဆိုခဲ့သည်။
ဘုရားသခင်၏သားသမီးရတနာများအပေါ် ပြုစုစောင့်ရှောက်ရန် ကျွန်ုပ် တို့၏ပျက်ကွက်မှုကြောင့် ကိုယ်တော်ဝမ်းမြောက်မည်မဟုတ်ပေ။ အဘယ့်ကြောင့် မိမိတို့၏စိတ်နှလုံးသည် ထပ်တူထပ်မျှ မကြေကွဲရသနည်း။ အသင်းတော်သည် လည်း နောက်မျိုးဆက်သစ်များ မွေးထုတ်ဖို့ရန် မိမိတို့၏အားနည်းချက်အပေါ် ဘာ့ကြောင့် နောင်တမရဘဲ နေကြရသနည်း။
သင်ခန်းစာ
- ယေရှုခရစ်တော်၏နောက်လိုက်သစ်သည် ကလေးငယ်လေးကဲ့သို့ဖြစ် သောကြောင့် ထိုကလေးငယ်သည် ကလေးထိန်း၏ပြုစုကျွေး မွေးခြင်းကို လိုအပ်သည့်အတိုင်း ယေရှုခရစ်တော်၏ နောက်လိုက်သစ် သည်လည်း ထို့အတူဖြစ်သည်။
- ဘုရားသခင်သည် ကျွန်ုပ်တို့အား မိခင်က မိမိ၏ကလေးငယ်လေးကို နူးညံ့သိမ်မွေ့စွာနှင့် စိတ်ရှည်လက်ရှည်ဖြင့် ပြုစုစောင့်ရှောက်သကဲ့သို့ စောင့်ရှောက်စေလိုပါသည်။
- ဘုရားသခင်သည် အသစ်သောယုံကြည်သူအား မိမိ၏နှုတ်ကပတ်တော် ထဲမှ အခြေခံတရားများကို ထိုသူ၏အသက်တာ ပထမအဆင့်မှစ၍ ကြီးထွားလာသည့်အထိ သင်ကြားပေးတော်မူ၏။
- ထာဝရဘုရားသခင်သည် မိမိ၏သားသမီးအသစ်များအား မိမိ၏မေတ္တာနှင့် ပြုစုစောင့်ရှောက်ခြင်းကို နားလည်စေလိုပါသည်။
ကျက်မှတ် ဆင်ခြင်ပါ
- ၁ပေ၊၂:၂
တာဝန်ပေးအပ်ခြင်း
- သင်သည် အသစ်သောယုံကြည်သူအား တပည့်တော်ဖြစ်စေဖူးပါသလား။ မည်သည့်အရာဖြစ်ပျက်၍ မည်သည့်အရာ မဖြစ်ပျက်သနည်းဟူသည်ကို ရှင်းပြပါ။
- သင့်ပတ်ပတ်လည်၌ရှိသော အသစ်သောယုံကြည်သူများအား သင်မည် ကဲ့သို့ တုံ့ပြန်သနည်း။ သူတို့ကို တပည့်တော်ပြုပါသလား။ အဘယ့်ကြောင့် ပြုသနည်း သို့မဟုတ် အဘယ့်ကြောင့် မပြုရသနည်း။
- သင်သည် တပည့်တော်မမွေးထုတ်ဘဲနေသေခါ မည်သို့ခံစားရသနည်း။ အကယ်၍ သင်သည် တပည့်တော်မွေးထုတ်ခဲ့ပါက မည်သည့်အရာများကို ရရှိပါသနည်း။
© Paul J. Bucknell · Burmese translation: ဓမ္မဆရာတော် ဦးဘီထန်း (Bee Htan) · Biblical Foundations for Freedom