အသက်၏အနှစ်သာရ — The Life Core. ခရစ်ယာန် အသက်တာ၏ အခြေခံအမှန်တရားများ. Burmese edition banner with a growing seedling at sunrise over mountains.

အသက်၏အနှစ်သာရ — The Life Core

အခန်း ၁၄ — သိချင်စိတ်ပြင်းပြခြင်း

ယုံကြည်သူများသည် ဤအဆင့်သုံးဆင့်အကြောင်းကိုကြား၍ ၎င်း၌ အဆင့်လေးဆင့်မရှိကြောင်း နားလည်လာသောအခါ သူတို့သည် မည်သည့် အဆင့်နှင့် သင့်တော်မည်နည်းဟူ၍ တွေဝေလျက်နေကြ၏။ ပျော်ပွဲစားထွက်၍ အဖွဲ့လိုက် ဓာတ်ပုံပြသခြင်းနှင့်တူ၏။ ကျွန်ုပ်တို့၏မျက်စိသည် အဲဒီထဲက မိမိတို့၏ ဓာတ်ပုံကို ရှာဖွေကြ၏။ ငါ့ပုံကော ပါရဲ့လား။ ငါဘယ်လိုနေသလဲ။

ခရစ်ယာန်တို့သည် မိမိတို့အသက်တာများနှင့်စပ်လျဉ်း၍ သိလိုစိတ်ပြင်း ပြ၍ သူတို့မည်သည့် အတိုင်းအတာထိ ရောက်နေပြီဖြစ်ကြောင်းကို သိလိုကြ၏။ များစွာသောယုံကြည်သူများသည် ဝိညာဉ်ပိုင်းဆိုင်ရာ ကြီးထွားဖွံ့ဖြိုးမှု၏အဆင့် အတန်းများအကြောင်းကို မကြားဖူးကြပေ။ သို့ဖြစ်၍ နွေးရုံမျှသာရှိသော ယုံကြည် ခြင်းကို ပိုင်ဆိုင်သောသူတို့၌ ၎င်းသည် တချို့သော စိတ်ဝင်စားမှုများကိုပါ မီးပွား လောင်စေတတ်၏။ ယုံကြည်သူတိုင်း အလွယ်တကူနားလည်၍ ပွေ့ဖက်ကာ အခြားသူများအား လက်ဆင့်ကမ်းနိုင်ဖို့ရန် ဘုရားသခင်သည် အသွင်သဏ္ဌာန်တူ သည့်မိသားစုကိုအသုံးပြုခဲ့၏။

အဆင့်အတန်း ဟုဆိုရာတွင် တစ်စုံတစ်ဦးက မိမိကိုယ်ကို သူတစ်ပါးထက် ကြီးမြတ်ကြောင်း၊ သူတစ်ပါးထက် အရေး ကြီးကြောင်း သဘောပေါက်မိသောအခါ အန္တရာယ်ရှိလာ၏။ အခြားသူများအား ဖြောင့်စေရန် လိုအပ်သည် ဟူသည့်အထိ စဉ်းစားလာ၏ (သင်သည် ထိုသို့သောသူ တို့ကို ဝိညာဉ်ပိုင်းဆိုင်ရာ အနိုင်ကျင့်သူ များဟုခေါ်ဆိုနိုင်ပါသည်)။ ဤကား ယော ဟန်၏စိတ်နှလုံး၌ မရည်ရွယ်နိုင်သောအရာဖြစ်၏။

Burmese questions about growth on a typographic background

မိမိတို့ကိုယ်ကို အခြားသူများနှင့် နှိုင်းယှဉ်မည့်အစား မိမိတို့၏လုပ်ဆောင် ခြင်းရော မိမိတို့၏သာသနာလုပ်ငန်း၌ပါ ခရစ်တော်နှင့်သဏ္ဌာန်တူခြင်းကို ထင်ဟပ်စေနိုင်သည့် သန့်ရှင်းသောဝိညာဉ်တော်၏အသက်တန်ခိုးအား ဖော်ထုတ် ရန်သာ စူးစမ်းရှာဖွေသင့်သည်။ မိမိတို့၏ဝိညာဉ်ပိုင်းဆိုင်ရာ အသက်တာ၌ ဤမှန် ကန်သောစိတ်ဝင်စားမှုသည် မိမိတို့မည်မျှကြီးထွားပြီ ဟူသောအကြောင်းကို စဉ်းစားရာသို့ပို့ဆောင်ပေး၍ မည်သည့်ကဏ္ဍ၌ ဆက်လက်ရင့်ကျက်ရန် လိုအပ်နေ သေးကြောင်းကိုလည်း သိစေသည်။ မိမိတို့ကိုယ်ကို ကလေးငယ်တစ်ဦးကဲ့သို့ စဉ်းစားကြည့်ပါ။ သူသည် မိမိ၏ဖခင်ကဲ့သို့ ကြီးထွားလာရန် စိတ်ကူးသူဖြစ်သည်။

ကြီးထွားမှုဆိုင်ရာ ရူပါရုံသစ် လိုအပ်၏

များစွာသောယုံကြည်သူတို့သည် ကျန်းမာသန်စွမ်းသော ကြီးထွားခြင်းကို ရှာဖွေမည့်အစား ဝိညာဉ်ရေးရာ၌ ရပ်တန့်လျက်နေကြ၏။ သူတို့သည် မကြီးထွား တော့ပေ။ ထိုသူတို့သည် ဆက်လက် ကြီးထွားရန် မျှော်လင့်ချက်ကိုပင် မသိကြတော့ပေ။ သူတို့၏အသက်တာ ကဏ္ဍတစ်ခု သို့မဟုတ် တစ်ခုထက်ပို သောနေရာ၌ ဒုက္ခရောက်နေကြ၏။ သူတို့သည် သူတို့ကိုယ်ကို လက်ရှိမြင်နေ သည့်နေရာမှ တစ်စုံတစ်ရာ ထူးခြားစေနိုင်သည့်မျှော်လင့်ချက်ကိုပါ လက်လွှတ် လိုက်ကြ၏။ ထိုနေရာသည် သူတို့ရှိနေရမည့်နေရာဖြစ်သည်ဟု သူတို့ကိုသူတို့ စဉ်းစားကြ၏။

ကြီးထွားလျက်ရှိသော စပျစ်နွယ်ပင်ကဲ့သို့ပင် မိမိတို့လိုရာသို့သွားတတ် ကြ၏။ ကျွန်ုပ်တို့သည် မိမိတို့၏ခရစ်ယာန်အသက်တာ အဆင့်ဆင့်အတွက် ဘုရားသခင်၏တန်ခိုးနှင့်ပြည့်စုံသော အသက်စွမ်းအား နားလည်သဘောပေါက် ခြင်းကို သူ၏အထူးရည်ရွယ်ချက်နှင့်အတူ ပေါင်းစပ်လိုက်သောအခါ မိမိတို့၏ ကြီးထွားဖွံ့ဖြိုးမှု၌ မိမိတို့သည် ရှေ့သို့ တလိမ့်လိမ့်တက်လာနိုင်သည်။

ကျွန်ုပ်တို့၏ခန္ဓာပိုင်းဆိုင်ရာ အသက်ရှင်ခြင်း၌ ကြီးထွားမှု ပန်းထွက်လာ သည့်အတိုင်း အရွယ်ရောက်သည့်ဘက်သို့ မောင်းနှင်ပေးသည်။ ထို့အတူ မိမိတို့၏ ဝိညာဉ်ရေးရာအသက်တာ၌ သူ၏သမ္မာတရားကို နားလည်သဘောပေါက်ခြင်းက ယုံကြည်ခြင်းကို တိုးပွားစေ၍ ၎င်းက မိမိတို့အား ဝိညာဉ်ပိုင်းဆိုင်ရာ ကြီးထွားမှုကို ဖြစ်ပေါ်စေတတ်သည်။ မိမိတို့၏ဝိညာဉ်ရေးရာ ကြီးထွားခြင်းကို တည်ဆောက် ပေးသော တွေးတောကြံဆမှုများမှာ အောက်ပါ အတိုင်းဖြစ်သည်။

  • သန့်ရှင်းသောဝိညာဉ်တော်သည် ကျွန်ုပ်အား ဝိညာဉ်ရေးရာ ကြီးထွား ဖွံ့ဖြိုးသည်အထိ ချဉ်းကပ်လျက် နေ၏။ သူသည် ငါ့အပေါ်၌ အရှုံးမပေးပါ။
  • ငါလှည့်သွားသည့်လမ်းမှားကား ဘယ်မှာနည်း။
  • ဘုရားသခင်သည် ငါ့အဖို့ အကြံအစည်ရှိတော်မူ၏။
  • ဘုရားသခင်သည် ငါ့အား ကြီးထွားရင့်ကျက်ဖို့ရန် တပ်ဆင်ပေးတော်မူ၏။
  • ငါဘယ်ကို ရောက်နေသနည်း။
  • ငါနောက်ထပ် ကြီးထွားရန် ခြေလှမ်းကား အဘယ်နည်း။
  • ငါမည်ကဲ့သို့ ပို၍ကြီးထွားနိုင်မည်နည်း။

ဤသည်တို့ကား ဝိညာဉ်ရေးရာအသက်တာအပေါ်၌ ဘုရားသခင်၏နှုတ် ကပတ်တော်ကို မှန်မှန်ကန်ကန် သင်ကြားခြင်းအားဖြင့် အစပြုပေးခဲ့သည့် လက်ခံ ဖွယ်စဉ်းစားစရာများဖြစ်ပါသည်။ သမ္မာတရားသည် ယုံကြည်သူများအား သူတို့၌ ဘုရားသခင်၏အလုပ်နှင့်ဆိုင်သော ပြန်လည်မီးတောက်လောင်မည့်နေရာဖြစ် သည့် မှန်ကန်သောခြေရာဘက်သို့ ပို့ဆောင်တတ်၏။

ကြီးထွားလျက်ရှိသော မျှော်လင့်ချက်

သင်ငါ့ကို တကယ်ယေရှုကဲ့သို့ဖြစ်စေချင်ပါသလား။ ငါ့အတွက် လက်တွေ့ ကျတဲ့အရာကို နားလည်အောင် သင်တကယ်ကူညီမှာလား။ ထိုနေရာ၌ သင်ငါ့ကို လမ်းပြမှာလား။ ငါ့အတွက် နောက်ခြေလှမ်းကား အဘယ်နည်း။

ဤသို့ တွေးခေါ်စဉ်းစားခြင်းသည် ယုံကြည်ခြင်းကို ဖြစ်ပေါ်စေ၍ ယုံကြည် သူများကို ဝိညာဉ်ရေးရာ၌ ပိုမိုကြီးထွားစေနိုင်ပါသည်။

ထိုသူတို့သည် ယခုဝိညာဉ်ရေးရာ ကြီးထွားဖွံ့ဖြိုးခြင်း အကြောင်းကို စဉ်းစား၍ သူတို့ရင်ဆိုင်နေရသောပြဿနာကို အမှုမထားဘဲ သူတို့အဖို့ ဘုရား သခင်ပြင်ဆင်ပေးသည့်ပန်းတိုင်များကို စတင်ရှာဖွေလာကြ၏။ အပြောင်းအလဲ အတွက် မျှော်လင့်ချက်လမ်းစပေါ်လာ၍ ၎င်းနှင့်အတူ ယုံကြည်ခြင်း တိုးပွားလာ၏။ သူတို့သည် ဘုရားသခင်၏ကတိတော်များကို ရရှိထားသူများဖြစ်၍ ထိုကတိ တော်များက သူတို့ကို အစဉ်ကြီးထွားစေ မည်ဖြစ်ပါသည်။

ယုံကြည်သူတိုင်းသည် တဆင့်ပြီးတဆင့် ဝိညာဉ်ရေးရာ အသက်တာ၏ အဆင့်မျိုးစုံအားဖြင့် စုံလင်သောရင့်ကျက်ခြင်းအဖြစ်သို့ ကြီးထွားရမည်ဖြစ်ပါ သည်။ ဤသင်ကြားခြင်းကို တချို့လက်မခံချင် ကြသော်လည်း ၁ ယော၊၂:၁၂-၁၄ ၌အတိအလင်း ဖော်ပြထားပါသည်။ ကျွန်ုပ်တို့နောက်ကွယ်၌ ပို၍ကြီးသော မသင်္ကာဖွယ် ပြသာနာကား ရင့်ကျက်ခြင်းနှင့်ဆိုင်သည့် မှားယွင်းသောအတွေး အခေါ်ပင်ဖြစ်သည်။ မည်သူမျှအပြစ်မပါဘဲ စုံလင်သောသူမရှိနိုင်ပေ။ ကျွန်ုပ်တို့ သည် အစွန်းအထင်းရှိပြီးသူများ ဖြစ်ကြသော်လည်း ဘုရားသခင်၏ဘုန်းတော် နှင့်ဆိုင်သောအရာများကို စဉ်ဆက်မပြတ် ဘုရားတရားကြည်ညိုစွာ ဆုံးဖြတ် ချက်ချခြင်းအားဖြင့် မိမိတို့အသက်တာ ပြုပြင်ပြောင်းလဲခြင်းခံရသည်ကို တွေ့မြင် နိုင်ပါသည်။ ယောဟန်ပြောဆိုသည့်စကားကို သတိပြုပါ။

ငါ့သားသမီးတို့၊ သင်တို့သည် အပြစ်မပြုကြစေရန် ဤအရာများကို သင်တို့ထံ ငါရေးလိုက်၏။ တစ်စုံတစ်ယောက်သည် အပြစ်ပြုမိခဲ့လျှင် ခမည်းတော် ထံ၌ ကူညီဖြေရှင်းပေးသူတည်းဟူသော ဖြောင့်မတ်သည့်အရှင် ယေရှုခရစ်တော် သည် ငါတို့အတွက်ရှိ၏။ ထိုအရှင်သည် ငါတို့အပြစ်များ အတွက် အသနားခံခြင်း ပူဇော်သက္ကာဖြစ်တော်မူ၏။ ငါတို့အပြစ်များ အတွက်သာမက လောကီသားအပေါင်း တို့၏အပြစ်များအတွက်လည်း ဖြစ်တော်မူ၏။ ငါတို့သည် ကိုယ်တော်၏ ပညတ်တော်တို့ကို လိုက်နာစောင့်ထိန်းလျှင် ထိုအမှုအရာအားဖြင့် ကိုယ်တော်အား ငါတို့သိကျွမ်းသည်ကို သိကြ၏(၁ယော၊၂:၁-၃)။

ယုံကြည်သူများ၌ သိလိုစိတ်ပြင်းပြလာသောအခါ သူတို့သည် သင်ယူ ရန်နှင့်ကြီးထွားရန် လမ်းစပွင့်လာသည် (ဆရာသမားများက မိမိတို့ကျောင်းသား /သူများ၌ သင်ကြားလို့ရသောသူများ အဘယ်မျှလောက် အရေးကြီးသည်ကို နားလည်သိရှိကြ)။ ယုံကြည်သူတစ်ဦးက မိမိသည် လွန်ခဲ့သည့်တစ်ဆယ့်ငါးနှစ် ကပင် အသင်းတော်သို့ ရောက်နေပြီဟု စဉ်းစားပါက စိတ်ပိုင်းဆိုင်ရာ ထူးခြားမှု တစ်ခုခုရှိနိုင်သည်။

အသက်တာဟူသည်မှာ ကျွန်ုပ်တို့လိုအပ်သည့်အလျောက် ကြီးထွားခြင်း မဟုတ်ပေ။ ၎င်းသည် သူ့ဟာသူ ကြီးထွားတတ်၏။ သေးငယ်သော အညွန့်အဖူး ကဲ့သို့ဖြစ်၍ ၎င်းကို အကာအကွယ်ပေးလျက် ရေ၊ မြေဩဇာနှင့်နေရောင်ခြည် စသဖြင့်လိုအပ်ချက်များကို ဖြည့်ဆည်းပေးရမည်။ မိမိတို့သည် အသက်ကို မပြုလုပ်နိုင်ပေ။ ၎င်းကို ပျိုးထောင်ပေးနိုင်သည်။ ခရစ်ယာန်အသက်တာလည်း ထို့အတူဖြစ်သည်။

ယုံကြည်သူသည် ကြီးထွားဖို့ရန်အတွက် မိမိ၌ရှိသောစွမ်းရည်ကို တစ်ကြိမ် နားလည်လျှင် မိမိ၏ စိတ်နှလုံးကို ပြန်လည်ပြုပြင်ဖို့ရန် ဘုရားသခင်၏နှုတ် ကပတ်တော် သမ္မာတရားကို ပို၍ရရှိရန် စိတ်အားထက်သန်လာသည်။ မကောင်း သောအရာများကို ချန်ထားခဲ့၍ သူ့အဖို့ ခရစ်တော်ယေရှု၌ ဘုရားသခင်၏ ကြီးမြတ်သောရည်ရွယ်ချက် ဘုန်းတော်အသရေကို ချီးမြှောက်လာ၏။

အလင်းတော်နှင့်သစ္စာတော်ကို စေလွှတ်တော်မူပါ။ သူတို့သည် လမ်းပြ၍ သန့်ရှင်းသော တောင်တော်သို့၎င်း၊ တဲတော်သို့၎င်း အကျွန်ုပ်ကိုပို့ဆောင်ပါ စေသော။ သို့ပြုလျှင် ဘုရားသခင်၏ ယဇ်ပလ္လင်သို့၎င်း၊ အကျွန်ုပ်ဝမ်းမြောက် ရွှင်လန်းရာ ဘုရားသခင်ထံသို့၎င်း အကျွန်ုပ်သည် ရောက်လာ၍ ကိုယ်တော်ကို စောင်းတီးလျက် ချီးမွမ်းထောမနာ ပြုပါမည် (ဆာ၊၄၃:၃-၄)။

ကြီးထွားခြင်းသည် ဖြစ်နိုင်သောအရာဖြစ်၏။ ၎င်းကို မိမိတို့ယုံကြည် သောအခါ ဒါဝိဒ်ကဲ့သို့ ၎င်းကို ယုံကြည်ခြင်းအားဖြင့် မှီအောင်လိုက်ကြ၏။ ဒါဝိဒ်ကဲ့သို့ အပြစ်ပြုမိသောအခါပင်လျှင် ဘုရားသခင်၏ ကျေးဇူးတော်အားဖြင့် လွတ်မြောက်နိုင်သည် (ဆာ၊၃၂)။

သင်ခန်းစာ

  • ကြီးထွားရန် ရပ်တန့်ခြင်းသည် ကြီးထွားရန် လိုအင်ဆန္ဒကင်းမဲ့နေခြင်း ဖြစ်သည် သို့မဟုတ် ကြီးထွားခြင်း မလိုအပ်ပေ / အရေးမကြီးဟု ယုံကြည် ထားခြင်းဖြစ်သည်။
  • အကယ်၍ ယုံကြည်သူများသည် ဝိညာဉ်ရေးရာကြီးထွားခြင်း အမှန်တ ကယ်ဖြစ်နေသည်ဟု မြင်တွေ့ပါက ကြီးထွားခြင်းအထဲ၌ ထိုသူတို့၏စိတ် ဝင်စားမှုသည် ပြန်လည်မီးတောက်လောင် လာမည်ဖြစ်သည်။

ကျက်မှတ် ဆင်ခြင်ပါ

  • ဆာ၊၄၃:၃-၄
  • ၁ယော၊၂:၁-၃

တာဝန်ပေးအပ်ခြင်း

  • သင့်ပတ်ဝန်းကျင်၌ရှိသော လူတို့သည် ဘုရားသခင်၏နှုတ်ကပတ် တော်ကို သင်ယူရန် မည်မျှစိတ်အားထက်သန်ကြပါသနည်း။ နှုတ်က ပတ်တော်သင်ယူဖို့၊ ဆုတောင်းဖို့၊ ဝတ်ပြုကိုးကွယ်ဖို့ အစည်းအဝေးတက် ရောက်လာသောသူများ၏စိတ်ထားကို အကဲဖြတ်ကြည့်ပါ။
  • သင်သည် သင်ယူခြင်းနှင့်ကြီးထွားခြင်း၌ မည်မျှစိတ်ပါဝင်စားသနည်း။ သင်သည် မည်သည့် နယ်ပယ်များ၌ ပိုမိုအားကြီးသနည်း။ ထိုနယ်ပယ် များ၌ ကြီးထွားရန် အခန်းရှိသည်ဟု သင်ထင် ပါသလား။ ရှင်းပြပါ။

© Paul J. Bucknell · Burmese translation: ဓမ္မဆရာတော် ဦးဘီထန်း (Bee Htan) · Biblical Foundations for Freedom