
အသက်၏အနှစ်သာရ — The Life Core
အခန်း ၁၃ — ဦးတည်ချက်ကို ရှာဖွေခြင်း
ဘုရားသခင်သည် ကျွန်ုပ်တို့အား ခရစ်တော်နှင့်တူအောင် မိမိတို့အထဲ၌ တက်တက်ကြွကြွ ရှင်သန်လှုပ်ရှားတော်မူ၏။ ထိုအရာသည် အံ့ဩဖွယ်သမ္မာတရား ဖြစ်သော်လည်း မိမိတို့မူကား ကမောက်ကမ ဖြစ်နိုင်သေး၏။ (နတ်ဆိုးသည် မိမိတို့အား ပို၍ရှုပ်ထွေးစေရန် လှုပ်ရှားလျက်နေ၏)။ ယုံကြည်သူများက ခရစ်တော် နှင့်တူသောအသက်တာသည် မည်သို့နည်းဟူ၍ ရှုပ်ထွေးလာနိုင်သည် သို့မဟုတ် ၎င်းသည် မဖြစ်နိုင်ဟူ၍ ဆိုနိုင်ပါသည်။
သူတို့သည် ဝိညာဉ်ပိုင်းဆိုင်ရာ ရုန်းကန်လှုပ်ရှားမှုမျိုးစုံနှင့် တွေ့ကြုံ၍ ထိုအမှုတို့အား မည်ကဲ့သို့ကျော်လွှားရမည် ကိုမသိရှိကြပေ။ ဖြစ်နိုင်ချေမှာ ဤယုံ ကြည်သူများက ကိုယ်တိုင်ဆက်နွယ်မှုများ ကို မည်ကဲ့သို့ မှန်ကန်စွာ ကိုင်တွယ်ရ မည်ကို မသိရှိခြင်းဖြစ်နိင်သည်။ ထိုသူတို့ သည် သူတစ်ပါးအပေါ်၌ ခါးသီး၍ စိတ်မ ကောင်းဖြစ်ကြ၏။
ကျွန်ုပ်တို့သည် ကလေးငယ် တစ်ဦးကို တွေ့မြင်သောအခါ သူ့ကို အရွယ် ရောက်ပြီးသောသူများနှင့် ရောနှောရန် စိတ်ကူးမရှိကြပေ။ ထိုသို့ စိတ်ကူးမိပါက မိုက်မဲရာရောက်ပါလိမ့်မည်။ ကလေးငယ်တို့သည် မိမိတို့ဟာမိမိတို့ မစားတတ် သေးပါ။ ထိုသို့ စားတတ်ဖို့ရန် အချိန်ရောက်လာ ပါလိမ့်မည်။ ဝိညာဉ်ပိုင်းဆိုင်ရာ အသက်လည်း ထို့အတူ ဖြစ်ပါသည်။

ယောဟန်က ဝိညာဉ်ပိုင်းဆိုင်ရာ အသက်၏တည်ရှိမှုနှင့်အနှစ်သာရတို့ကို ကျွန်ုပ်တို့အား နားလည်စေရန် ခန္ဓာပိုင်းဆိုင်ရာ အသက်ကို အလားသဏ္ဌာန်တူ သည့် ပုံစံအဖြစ် အသုံးပြုခဲ့သည် (ယောဟန် အခန်းကြီး ၁၊၃၊၅ တို့၌ ဆွေးနွေးပြီး ဖြစ်သည်)။ ယောဟန်သည် မိမိတို့၏ဝိညာဉ် ပိုင်းဆိုင်ရာအသက်တာများ၏ကြီး ထွားဖွံ့ဖြိုးမှုကို ရှင်းလင်းစေရန် အခြား အထောက်အကူ ပြုသည့်အရာကို ပြင်ဆင် ပေးခဲ့သည်။
လူသားတို့၏ဝိညာဉ်ပိုင်းဆိုင်ရာအသက်သည် လူသားတို့၏ခန္ဓာပိုင်းဆိုင် ရာအသက်ကဲ့သို့ပင် ကြီးထွားသည်။ ထိုနှစ်ခုကြား၌ ခြားနားချက်ရှိသည်မှန် သော်လည်း ခြုံငုံလိုက်ရင် ဆင်တူမှုများရှိ၍ ၎င်းက မတူညီသောခရစ်ယာန် အသက်တာ အဆင့်ဆင့်၌ မိမိတို့၏ဝိညာဉ်ပိုင်းဆိုင်ရာ အသက်၏ကြီးထွားဖွံ့ဖြိုးမှုကို ကြီးမားစွာ ထိုးထွင်းသိမြင်စေနိုင်သည်။ ကျွန်ုတော်လည်း တချို့သောကဏ္ဍ၌ ဝိညာဉ်ပိုင်းဆိုင်ရာ အခက်ခဲရှိသောအခါ ဤအလားသဏ္ဌာန်တူသည့် နှိုင်းယဉ် ချက်က များစွာအထောက်အကူဖြစ်စေပါသည်။
၁ယော၊ ၂:၁၂-၁၄ က ဝိညာဉ်ပိုင်းဆိုင်ရာ အသက်၏အဆင့်သုံးဆင့်ကို ကျွန်ုပ်တို့အား နားလည်စေရန် အဓိကသော့ချက်ကို ပြင်ဆင်ပေးထားပါသည်။ ဤဝိညာဉ်ပိုင်းဆိုင်ရာ အသက်၏အဆင့်သုံးဆင့်သည် ရိုးရှင်းသော်လည်း မိမိတို့ အဖို့ ထိုဖြစ်စဉ်သည် အလွန်နက်နဲလှပါသည်။ မည်သည့်အရာသည် ယခင်က မထင်မရှားဖြစ်၍ ယခုလက်တွေ့ဖြစ်လာကာ ရှင်းလင်းပါသနည်း။
၁ယော၊ ၂:၁၂-၁၄
သားသမီးတို့၊ သင်တို့သည် ကိုယ်တော်၏နာမတော်အားဖြင့် အပြစ်များ ခွင့်လွှတ်ခြင်းခံရပြီ ဖြစ်သောကြောင့် သင်တို့ထံ ငါရေးလိုက်၏။ ဖခင်တို့၊ သင်တို့ သည် အစအဦးကပင် ရှိတော်မူသောအရှင်ကို သိကြသောကြောင့် သင်တို့ထံ ငါရေးလိုက်၏။ လူငယ်လူရွယ်တို့၊ သင်တို့သည် မကောင်းသောအရာကို အောင်နိုင် ခဲ့ကြသောကြောင့် သင်တို့ထံ ငါရေးလိုက်၏။ သားသမီးတို့သည် ခမည်းတော်ကို သိကြသောကြောင့် သင်တို့ထံ ငါရေးလိုက်၏။ ဖခင်တို့၊ သင်တို့သည် အစအဦး ကပင် ရှိတော်မူသောအရှင်ကို သိကြသောကြောင့် သင်တို့ထံ ငါရေးလိုက်၏။ လူငယ်လူရွယ်တို့၊ သင်တို့သည် ခွန်အားနှင့် ပြည့်စုံ၍ ဘုရားသခင်၏နှုတ်က ပတ်တော်သည် သင်တို့၌တည်သဖြင့် မကောင်းသောအရာကို သင်တို့အောင်နိုင်ခဲ့ ကြသောကြောင့် သင်တို့ထံ ငါရေးလိုက်၏။
သားသမီးတို့၊ လူငယ်လူရွယ်တို့၊ ဖခင်တို့ ဟူသောစကားလုံးတို့သည် ရင်းနှီးသောစကားလုံးများဖြစ်၍ ကောင်းသောဥပမာများဖြစ်သည်။ လူတို့က ဤအကြောင်းနှင့်စပ်လျဉ်း၍ ခန္ဓာပိုင်းဆိုင်ရာ ကြီးထွားဖွံ့ဖြိုးမှုနှင့် အသက်အ ရွယ်ကို အလေးထားသောကြောင့် ဝိညာဉ်ပိုင်းဆိုင်ရာကြီးထွားခြင်းအား တကယ် လက်တွေ့ကျစေ ပါသလားဟူ၍ ငါ့ကိုမေးမြန်းဖူးသည်။ ယောဟန်၏ဖော်ပြချက်ကို စေ့စေ့စပ်စပ် ကြည့်ရှုလေ့လာပါက ခန္ဓာပိုင်းဆိုင်ရာများထက် ဝိညာဉ်ပိုင်းဆိုင်ရာ ဝိသေသများကို ရည်ညွှန်းပြောဆိုပါသည်။ “မကောင်းသော အရာကို သင်တို့ အောင်နိုင်ခဲ့ကြ”နှင့်”နှုတ်ကပတ်တော်သည် သင်တို့၌တည်သဖြင့်” ဟူသော စကားစုတို့သည် ခန္ဓာပိုင်းဆိုင်ရာအသက်ကို မဆိုလိုဘဲ ဝိညာဉ်ပိုင်းဆိုင်ရာ အသက်ကို ဆိုလိုခြင်းဖြစ်သည်။
အဆင့်သုံးဆင့်သာ
ကြီးထွားဖွံ့ဖြိုးမှုပိုင်းဆိုင်ရာ၏နယ်ပယ်များ၌ ခန္ဓာပိုင်းဆိုင်ရာ ကြီးထွား ဖွံ့ဖြိုးမှုနှင့်စပ်လျဉ်း၍ ကျွန်ုပ်တို့များစွာ လေ့လာသင်ယူခဲ့ဖူးသည်။ ဤကြီးထွား ဖွံ့ဖြိုးမှု၏နယ်ပယ်သုံးခုကို အကျဉ်းချုပ် ဖော်ပြမည် ဖြစ်သော်လည်း ဦးတည်ချက ်သည် ဝိညာဉ်ပိုင်းဆိုင်ရာအသက်တာတစ်ခုလုံးအဖြစ် သင့်တော်စေရန်ဖြစ်သည်။
ဝိညာဉ်ပိုင်းဆိုင်ရာ အသက်စွမ်းအင်သည် သန့်ရှင်း သောဝိညာဉ်တော် အားဖြင့် မောင်းနှင်ခြင်းခံ၍ ယေရှု ခရစ်တော်၏နောက်လိုက် များကို ပါ ခရစ်တော်နှင့်သဏ္ဌာန်တူ သည့်အထိ မရပ်မနားမောင်းနှင် လေ၏။ ဤအဆင့်သုံးဆင့်သည် တစ်ဆင့်ချင်းစီ၌ ဖြစ်သင့်သော အရာများကို ရှင်းလင်းစေ၏။ ဤ သို့သောကြီးထွားခြင်းကို ဖြစ် မြောက်အောင် ဆောင်ရွက်ပါက ယုံကြည်သူများသည် ခိုင်ခံ့လာပါလိမ့်မည်။ မိမိတို့ကိုယ်တိုင်၏ကြီးထွားခြင်း အတွက်ဖြစ်စေ၊ အခြားယုံကြည် သူများ၏ကြီးထွားခြင်း အတွက်ဖြစ်စေ မည်သည့် အချိန်၊ မည်သည့်နေရာ၌ မိမိတို့၏တာဝန်များကို လျစ်လျူရှု၍ ယုံကြည်ခြင်း အားယုတ်ခဲ့သနည်း။

ယနေ့မိမိတို့၏အသင်းတော်များကို ကြည့်ရှုသောအခါ ထိုအသင်းတော် များ၌ မရေရာသောအရာများ၊ ရည်ရွယ်ချက်ကင်းမဲ့နေမှုများအတွက် ဘုရားသခင် ၏နှုတ်ကပတ်တော် သို့မဟုတ် ဘုရားသခင်ကို အပြစ်မတင်သင့်ပေ။ အသင်းတော် အနေဖြင့် တပည့်တော်မွေးထုတ်ရန် တာဝန်များကို မေ့လျော့ပျက်ကွက်လျက် နေသည်။ ကျွန်ုပ်တို့မျှော်လင့်ချက်ကား မိမိတို့သည် ခရစ်တော်နှင့်သဏ္ဌာန် တူခြင်း၌ လေးနက်မှုရှိလာ၍ သူ၏မိန့်တော်မူချက်များကို နာခံသောအခါ အသင်း တော်သည် ခိုင်ခံ့လာမည်ဖြစ်ပါသည်။ ကျွန်ုပ်တို့သည် ယေရှုနောက်လိုက် များကဲ့သို့ သူ၏မေတ္တာ၌ သူ၏အလုပ်ကို ထမ်းဆောင်သွားရပါမည်။
ကျွန်ုပ်တို့မိသားစုများ၌ရှိသော ကြီးထွားခြင်းပုံရိပ်လေးကို အသုံးပြုခြင်း အားဖြင့် မိမိတို့အား သွန်သင်ရမည့်အကြောင်း ဘုရားသခင်သည် ဤကြီးထွား ဖွံ့ဖြိုးမှုလမ်းစဉ်ကို စွဲမြဲစေရန် ရွေးချယ်ခြင်း ဖြစ်သည်။ နောက်အခန်းများတွင် ယုံကြည်သူများမှစ၍ မိမိတို့ကိုယ်တိုင်နှင့်အခြားသူများ ကြီးထွားခြင်း၌ အထောက် အကူဖြစ်စေရန် ထိုအဆင့်နှင့်ဆိုင်လမ်းစဉ်ကို မီးမောင်းထိုးပေးပါမည်။
သင်ခန်းစာ
- ယုံကြည်သူများ၏ဝိညာဉ်ပိုင်းဆိုင်ရာ ကြီးထွားဖွံ့ဖြိုးမှုသည် လူသားတို့၏ ခန္ဓာပိုင်းဆိုင်ရာ ကြီးထွား ဖွံ့ဖြိုးမှုနှင့်တူညီမှုများစွာရှိ၏။
- အသင်းတော်၌ရှိသော အားနည်းချက်ကို တန်ခိုးမဲ့သောဧဝံဂေလိတရား သို့မဟုတ် တန်ခိုးမဲ့သော ဘုရားသခင်၏နှုတ်ကပတ်တော်အားဖြင့် မည်သို မျှမပြုနိုင်ပေ။
- ဝိညာဉ်ပိုင်းဆိုင်ရာ ကြီးထွားဖွံ့ဖြိးမှု သုံးမျိုးရှိ၏။ ၎င်းတို့မှာ အသစ်သော ယုံကြည်သူများ (သားသမီးများ)၊ လူငယ်ယုံကြည်သူများ (လူငယ်လူရွယ် များ)၊ ရင့်ကျက်သောယုံကြည်သူများ (ဖခင်များ) ဟူ၍ဖြစ်သည်။
ကျက်မှတ် ဆင်ခြင်ပါ
- ၁ ယော၊၂:၁၂-၁၄
တာဝန်ပေးအပ်ခြင်း
- ၁ယော၊၂:၁၂-၁၄ ကိုလေ့လာပါ။ ထိုအဖွဲ့သုံးဖွဲ့၌ သင်ဘာကိုတွေ့မြင် သနည်း။ ခန္ဓာပိုင်းဆိုင်ရာနှင့် ဝိညာဉ်ပိုင်းဆိုင်ရာနှစ်ခုစလုံးမှ အဆင့်တစ် ခုစီအတွက် ခြားနားချက်တစ်ခုကို မီးမောင်းထိုးပြပါ။
- ယောဟန်က ၎င်းတို့ကို မည်သို့သောအစီအစဉ်ဖြင့် ဆွေးနွေးပါသနည်း။
- သင်သည် တပည့်တော်ပြုခြင်းခံသောသူ တစ်ဦးတစ်ယောက်ကို သိပါသ လား။ မသိပါက၊ ၎င်းသည် ကိစ္စတစ်ရပ်ဟု ယူဆပါသလား။
© Paul J. Bucknell · Burmese translation: ဓမ္မဆရာတော် ဦးဘီထန်း (Bee Htan) · Biblical Foundations for Freedom