
အသက်၏အနှစ်သာရ — The Life Core
အခန်း ၁၂ — ကျွန်ုပ်တို့အသက်တာ၏ပန်းတိုင်များ
စွမ်းအင်မှန်သမျှ၌ ဦးတည်ချက်ရှိ၍ ခွန်အားရှိ၏။ ဥပမာ လေသည် အရှေ့မြောက်ဘက်ကို ဦးတည်လျက် တစ်နာရီမိုင် ၆၀ နှုန်းဖြင့် တိုက်ခတ်နိုင် ပါသည်။ ၎င်းသည် အားပြင်းသောလေဖြစ်နိုင်သည်။
ကျွန်ုပ်တို့အသက်၏စွမ်းအားသည် ထို့အတူဖြစ်သည်။ မိမိတို့၏ခန္ဓာကိုယ် သည် ထိုအသက်၏ စွမ်းအားကြောင့် ကြီးထွား၍ ဤမြေကြီးပေါ်၌ မိမိတို့ကိုလုပ် ဆောင်စေနိုင်ခြင်းလည်းဖြစ်သည်။ ကျွန်ုပ်တို့သည် ဘားစ်ကားများ ရှုပ်ထွေး နေသော်လည်း အချင်းချင်းဆဲလ်ဖုန်းများဖြင့် စကားပြောဆိုနိုင်ကြ၏။ ဝိညာဉ်ပိုင်း ဆိုင်ရာအသက်၏စွမ်းအားသည် မိမိတို့၏ခန္ဓာပိုင်းဆိုင်ရာ အသက်ရှင်ခြင်းများကို စေ့စေ့စပ်စပ် အားသွင်းပေးသည်။ ထိုဝိညာဉ်ပိုင်းဆိုင်ရာအသက်သည် အဓိက အားဖြင့် မိမိတို့၏ခန္ဓာပိုင်းဆိုင်ရာ ကိုယ်ထည်နှင့်စိတ်နှလုံးမှတဆင့် လုပ်ဆောင် သော်လည်း ၎င်း၌ ၎င်း၏ကိုယ်ပိုင် တန်ခိုးနှင့်ရည်ရွယ်ချက်ရှိ၏။
ကျွန်ုပ်တို့ကြီးထွားဖို့ရန် ဤဝိညာဉ်ပိုင်းဆိုင်ရာ အသက်တာ၏ဦးတည် ချက်နှင့်ပန်းတိုင်များကို ပိုမိုကောင်းမွန်စွာသိမြင်ဖို့ လိုအပ်သည်။ ကျွန်ုပ်တို့အသက် တာ၏ပန်းတိုင်များကို တန်ပြန်လုပ်ဆောင်မည့်အစား ၎င်းတို့နှင့်အတူ လုပ်ဆောင် သင့်သည်။ ကျွန်တော်သည် Chicago မြို့လမ်းမပေါ်၌ လေထန်သောနေ့များ၌ ကြိုးစားအားထုတ်လျက် လျှောက်လှမ်းခဲ့ဖူးသည်။ လေသည် ငါ့ကိုယ်ပေါ် အရှိန်ပြင်းပြင်း တိုက်ခတ်လျက်နေ၏။ တစ်ဘက်မှာ ငါ့နောက်မှ လေပြင်းအရှိန ်ကြောင့် ငါသည် စက်ဘီးခြေနင်း နင်းစရာမလိုဘဲ အလိုလိုရှေ့ကို လှိမ့်သွားလျက ်နေလေ၏။
ကျွန်ုပ်တို့၏အသိတရားကို ကျယ်ပြန့်စေခြင်း
အသိတရားသည် မိမိတို့၏ ဝိညာဉ်ရေးရာ ကြီးထွားခြင်း၌ အဓိက သော့ချက်ဖြစ်ပါသည်။ အကယ်၍ ကျွန်ုပ် တို့သည် မိမိတို့၏အသက်တာထဲ၌ ဘုရား သခင်လုပ်ဆောင်နေသောအရာကို သိရှိ နားလည်လျက် ပေါင်းစပ်ကာ ၎င်း၌ မိမိတို့၏ လိုအင်ဆန္ဒကို ဆက်ကပ်နိုင် ပါက မိမိတို့၏ခရစ်ယာန် အသက်တာ ထဲ၌ များသောအားဖြင့် ဝိညာဉ်ပိုင်းဆိုင်ရာ ရုန်းကန်လှုပ်ရှားမှုများသည် ကွယ် ပျောက်သွားပါလိမ့်မည်။

များစွာသောယုံကြည်သူများသည် မိမိတို့အဖို့ ဘုရားသခင်ချပေးသော ပန်းတိုင်များကို မသိဘဲနေတတ်ကြ၏။ အချို့တို့သည် သဘာဝအလျောက် ဖြစ်တတ်ပါသည်။ ကျွန်ုပ်တို့သည် မိမိတို့၏မျက်စိများကို လမ်းမပေါ်သို့ စူးစားကြည့် သောအခါ ဝိညာဉ်ရေးရာနှင့်ဆိုင်သော အရာများကိုမတွေ့မြင်တတ်ပေ။ လူများ၊ ကားများ၊ သစ်ပင်များ၊ လမ်းဘေးလမ်းလျှေက်နေသူများကိုသာ တွေ့မြင်၍ ကောင်းကင်တမန်များနှင့် နတ်ဆိုးများကို မတွေ့မြင်တတ်ပေ။ လေကဲ့သို့သော ဘုရားသခင်၏ဝိညာဉ်တော်ကို သင့်မျက်စိဖြင့် မမြင်နိုင်ပေ။ ဤရုပ်လောက၌ မည်ကဲ့သို့ အကျိုးသက်ရောက်မှု ပြုသည်ကိုသာ တွေ့မြင်တတ်ကြ၏။
ဝိညာဉ်ရေးရာလောကကို တွေ့မြင်နိုင်ဖို့ရန် ဧလိရှဲကျွန်၏မျက်စိကို ဖွင့်ပေးဖို့်ဖြစ်လာသည်။ “အို ထာဝရဘုရား ဤသူသည် မြင်နိုင်မည်အကြောင်း သူ၏မျက်စိကို ဖွင့်တော်မူပါဟု ဆုတောင်းသည်အတိုင်း ထာဝရဘုရားသည် ထိုလုလင်၏မျက်စိကို ဖွင့်တော်မူသဖြင့် ဧလိရှဲပတ်လည်၌ တတောင်လုံးသည် မီးမြင်း၊ မီးရထားနှင့်ပြည့်သည်ကို မြင်လေ၏”(၄ရာ၊၆:၁၇)။
ဘုရားသခင်၏နှုတ်ကပတ်တော်ကို လေ့လာခြင်းအားဖြင့် ဝိညာဉ်ရေးရာ လောကကို စတင်ခံစားနိုင်သည်။ ဥပမာ ဘုရားသခင်၏သားသမီး အသီးသီး အပေါ်၌ အနည်းဆုံးကောင်းကင်တမန်တစ်ပါးစီ စောင့်ထိန်းလျက်ရှိကြောင်း ဟေဗြဲစာအုပ်ထဲမှ ကျွန်ုပ်တို့သိရှိနိုင်ပါသည် (ဟေ၊၁:၁၄)။
တိုက်ခတ်လျက်ရှိသောလေ
ဘုရားသခင်၏နှုတ်ကပတ်သည် ဤအကြောင်းအရာ အသေးစိတ်နှင့် စပ်လျဉ်း၍ များများမပြောသော်လည်း ၎င်းက အခြေခံလိုအပ်ချက်များကို မီးမောင်းထိုးပြသည်။ ထိုသိုဆိုရာတွင် ဝိညာဉ်တော်သည် မိမိတို့အထဲ၌ ဝိညာဉ်ပိုင်းဆိုင်ရာ အသက်၏စွမ်းအားအားဖြင့် လုပ်ဆောင်လျက်ရှိ၏။ ပေါလုသည် ယုံကြည်သူများအတွက် ဤပန်းတိုင်ကို ဖော်ပြပေးခဲ့သည်။ “ငါတို့သည် လူတိုင်းကို ခရစ်တော်၌ စုံလင်ရင့်ကျက်သောသူအဖြစ် ဆက်သနိုင်ရန် လူတိုင်းကို သတိပေး ဆုံးမကာ ဉာဏ်ပညာရှိသမျှတို့ဖြင့် လူတိုင်းကို သွင်သင်လျက် ထိုသခင်၏ အကြောင်းကို ဟောပြောကြ၏(ကော၊၁:၂၈)။
ပေတရုက နည်းနည်း တမူထူးခြားစွာပြောဆို၏။ “သင်တို့ကို ခေါ်ယူတော် မူသောအရှင်သည် သန့်ရှင်းတော်မူသည့်နည်းတူ သင်တို့ကိုယ်တိုင်လည်း အသက် ရှင်နေထိုင်မှုရှိသမျှတို့၌ သန့်ရှင်းခြင်း ရှိကြလော့။ အဘယ့်ကြောင့်ဆိုသော် ငါသည် သန့်ရှင်းသောကြောင့် သင်တို့သည် သန့်ရှင်းခြင်း ရှိကြရမည်ဟုရေးထား၏ (၁ပေ၊၁:၁၅-၁၆)။
‘ခရစ်တော်၌ ပြည့်စုံခြင်း’နှင့်‘သန့်ရှင်းခြင်းတို့သည် မိမိတို့အသက် တာ၌ လှုပ်ရှားတိုက်ခတ်နေသော လေတည်းဟူသော ဝိညာဉ်ပိုင်းဆိုင်ရာ အသက် ၏ဦးတည်ချက် လမ်းစဉ်နှစ်မျိုးကို တင်ဆက်ခြင်းဖြစ်ပါသည်။
ဝိညာဉ်ပိုင်းဆိုင်ရာအသက်၏စွမ်းအားကို ပိုမိုကောင်းမွန်စွာ နားလည်ဖို့ရန် ခန္ဓာပိုင်းဆိုင်ရာ အသက်၏စွမ်းအားနှင့် နှိုင်းယှဉ်အသုံးပြုခြင်းဖြစ်သည်။ အမှန်မှာ ထိုထက်မက ကျယ်ပြန့်၏။ ခရစ်တော်သည် မိမိ၏နှုတ်ကပတ်တော်အားဖြင့် ခန္ဓာနှင့်ဆိုင်သောအသက်ကို ထိန်းထားသကဲ့သို့ ခရစ်တော်သည် ဝိညာဉ်တော် အားဖြင့် မိမိတို့အထဲ၌ရှိသော အသက်၏စွမ်းအားကို ပြင်ဆင်ပေးခြင်းဖြစ်သည် (ယော၊၁၄:၁၅-၁၇)။
ကျွန်ုပ်တို့ယုံကြည်သူများထဲ၌ ရင်ဆိုင်နေရသည့်ပြဿနာများထဲမှ တစ်ခု မှာ ခန္ဓာပိုင်းဆိုင်ရာအသက်နှင့် ဝိညာဉ်ပိုင်းဆိုင်းရာအသက်သည် ဖြစ်ချင်တိုင်း ဖြစ်သည်ဟု ယူဆခြင်းပင်ဖြစ်သည်။ ထိုသို့ ယူဆခြင်းမှာ မမှန်ကန်ပါ။ ဘုရားသခင် ၏စွမ်းအားသည် သူ၏အလိုတော်ကို ပြည့်စုံစေဖို့ရန် မိမိတို့အထဲ၌ လုပ်ဆောင် လျက်နေ၏။ ၎င်းသည် အယောက်စီတိုင်းနှင့် ဖန်ဆင်းခံ အားလုံးအတွက် မှန်ကန်၏။ အရာရာ အားလုံးသည် ဘုရားသခင်၏ဘုန်းတော်အတွက် ဖန်ဆင်းခြင်း ဖြစ်သည်။ သန့်ရှင်းသောဝိညာဉ်တော်သည် ခရစ်တော်ကို ယုံကြည်သောသူတို့ အား ဝိညာဉ်ပိုင်းဆိုင်ရာအသက်ကို ပေးသနားတော်မူ၏။
ငါသည်လည်း ခမည်းတော်ကို တောင်းလျှောက်သဖြင့် ခမည်းတော်သည် အခြားသော ကူညီမစသူတစ်ပါးကို သင်တို့နှင့်အတူ ကာလ အစဉ်အဆက်ရှိစေရန် သင်တို့အား ပေးတော်မူမည်။ ထိုအရှင်မှာ သမ္မာတရား၏ဝိညာဉ်တော်ဖြစ်၏။ ဤလောကသည် ထိုအရှင်ကို မြင်လည်းမမြင်၊ သိလည်းမသိသောကြောင့် ထိုအရှင်ကို မခံယူမရရှိနိုင်။ သို့သော် ထိုအရှင်သည် သင်တို့နှင့်အတူ တည်နေ၍ သင်တို့၌ ရှိနေမည်ဖြစ်သောကြောင့် သင်တို့သည် ထိုအရှင်ကိုသိကြ၏ (ယော၊၁၄:၁၆-၁၇)။
ဘုရားသခင်သည် ကျနော်တို့၏ဝိညာဉ်ပိုင်းဆိုင်ရာ နားလည်သဘော ပေါက်ခြင်းကို တန်ခိုးဖြည့်ပေး၍ ကျနော်တို့နှင့်ပေါင်းစပ်နိုင်ဖို့ရန် ကျနော်တို့ အထဲ၌ အသက်ရှင်လှုပ်ရှားလျက်နေ၏။ သို့မှသာ ကျနော်တို့ အသက်တာအားဖြင့် သူ့၏ဘုန်းနှင့်ပြည့်စုံသောရည်ရွယ်ချက်များကို သူနှင့်အတူ ပြီးပြည့်စုံ စေနိုင်မည် ဖြစ်သည်။
သင်ခန်းစာ
- ဝိညာဉ်ပိုင်းဆိုင်ရာ အသက်၏စွမ်းအားသည် ခန္ဓာပိုင်းဆိုင်ရာ အသက်၏ စွမ်းအားနှင့် အလားသဏ္ဌာန်တူ၍ ကျွန်ုပ်တို့လူသား၏ခန္ဓာကိုယ်ကို မောင်းနှင်းလျက်နေ၏။
- ဝိညာဉ်ပိုင်းဆိုင်ရာ အသက်၏စွမ်းအားသည် မိမိတို့၏အသက်တာထဲ၌ လုပ်ဆောင်နေသကဲ့သို့ ခရစ်တော်သည်လည်း သန့်ရှင်းသောဝိညာ်တော် အားဖြင့် မိမိတို့အထဲ၌ လုပ်ဆောင်လျက်နေ၏။
- ကျနော်တို့၏လိုအင်ဆန္ဒသည် ဘုရားသခင်၏အလိုတော် လုပ်ဆောင်ခြင်း နှင့်အတူ ပေါင်းစပ်လိုက်သောအခါ မိမိတို့၏ခန္ဓာပိုင်းဆိုင်ရာနှင့် ဝိညာဉ်ပိုင်းဆိုင်ရာနှစ်ခုစလုံးသည် ရှင်သန်လာ၍ မိမိတို့၏ဝိညာဉ်ပိုင်း ဆိုင်ရာအသက်ရှင်မှုသည် ပိုမိုလွယ်ကူစေပါ၏။
ကျက်မှတ် ဆင်ခြင်ပါ
- ၁ပေ၊ ၁:၁၅-၁၆
- ယော၊၁၄:၁၆-၁၇
တာဝန်ပေးအပ်ခြင်း
- ဘုရားသခင်သည် သင်၌ သူ၏ရည်ရွယ်ချက်ကို ပြီးပြည့်စုံစေဖို့ရန် သန့်ရှင်းသောဝိညာဉ်တော်ကို အသုံးပြုလျက်နေသည်ကို သင်စဉ်းစားဖူး ပါသလား။ ရှင်းပြပါ။
- ကော၊၁:၂၈ နှင့် ၁ပေ၊ ၁:၁၅-၁၆ အရ၊ သင့်အထဲ၌ ဝိညာဉ်ပိုင်းဆိုင်ရာ အသက်၏စွမ်းအားအားဖြင့် ဘုရားသခင်လုပ်ဆောင်ရန် ရည်ရွယ်သည့် အရာကို သင်မည်သို့ပြောဆိုမည်နည်း။ သင်နှင့် ဘယ်လောက်ဝေးပါ သနည်း။
© Paul J. Bucknell · Burmese translation: ဓမ္မဆရာတော် ဦးဘီထန်း (Bee Htan) · Biblical Foundations for Freedom