
အသက်၏အနှစ်သာရ — The Life Core
အခန်း ၁၁ — ကြီးထွားလျက်ရှိသော ယုံကြည်ခြင်း
သခင်ဘုရားအား မိမိတို့ဝန်ခံသည့်လမ်းစဉ်၊ လိုက်လံရှာဖွေသည့်ပုံစံတို့ သည် မိမိတို့၏ ခရစ်ယာန်အသက်တာ ကြီးထွားခြင်းအတွက် များစွာအကျိုးရှိ၏။ အရပ်ရှည်ထွက်လာခြင်း၊ ရင့်ကျက်လာခြင်း၊ သန်မာထွားကြိုင်းလာခြင်းတို့သည် ခန္ဓာကိုယ် ကြီးထွားခြင်းကို ရည်ညွှန်းသကဲ့သို့ ဘုရားသခင်အား ဝန်ခံခြင်းနှင့် သူ့ကိုရှာဖွေခြင်းတို့သည် ဝိညာဉ်ပိုင်းဆိုင်ရာ ကြီးထွားခြင်းကို ဖော်ပြ၏။
သခင်ဘုရား၏မျက်မှောက်တော်ကို ရှာဖွေသောယုံကြည်သူများသည် မိမိတို့၏ယုံကြည်ခြင်းကို အားဖြည့်စေကြ၏။ ကိုယ်တော်ကို မရှာဖွေသောသူများ သည် ယုံကြည်ခြင်းအားဖြင့် အသက်ရှင်သောသူများ မဟုတ်ပေ။ မြင်တွေ့နိုင်သော အရာအားဖြင့် အသက်ရှင်သောသူများသာဖြစ်သည်။ ခရစ်ယာန်များ၌ အရေးပါ သောစိန်ခေါ်မှုနှစ်ရပ်ရှိ၏။ ၎င်းတို့မှာ
(၁) တစ်စုံတစ်ဦးသည် ရှုံးနိမ့်သောအခါ သခင်ဘုရားထံတော်သို့ မည်ကဲ့သို့ပြန် လှည့်ရမည်ကို သင်ယူလေ့လာခြင်း
(၂) အရာရာအားလုံး ကောင်းမွန်နေသော်လည်း သခင်ဘုရားကို စဉ်ဆက်မပြတ် လိုက်ခြင်း
အထက်ပါနှစ်ချက်စလုံးအတွက် ယုံကြည်ခြင်းလိုအပ်၏။ ယုံကြည်သူတစ် ဦးသည် မိမိ၏စိတ်နှလုံးကို နှိမ့်ချ၍ စစ်မှန်သောဝန်ခံခြင်းနှင့် ပေါင်းစပ်လိုက်သော အခါ ထိုသူသည် သခင်ဘုရားကို ရှာဖွေသည့် အလျောက် မိမိ၏ယုံကြည်ခြင်းကို သခင်ဘုရား၌ ကျင့်သုံးလာသည်။
ရှင်ဘုရင်ရောဗောင်သည် သူ့ဖခင် ရှောလမုန်နှင့်မတူ၊ သူ၏အုပ်စိုးခြင်းကို ကောင်းကောင်း အစမပြုခဲ့ပေ။ သူသည် ပညာရှိအကြံပေးပုဂ္ဂိုလ်များ၏သဘော ထားထက် သူ့မိတ်ဆွေများ၏သဘောထားကို ရယူလက်ခံခဲ့သည်။ နောက်ဆုံး၌ နိုင်ငံတော် နှစ်ခြားကွဲလေ၏။ ရောဗောင်မင်းသည် မိမိနိုင်ငံကို တည်စေ၍ အားကြီးသောအခါ ဣသရေလအမျိုးရှိသမျှနှင့်တကွ ထာဝရဘုရား၏တရား တော်ကို စွန့်ကြ၏ (၆ရာ၊၁၂:၁)။
ဤကျမ်းချက်သည် ရောဗောင်မင်း နန်းစံငါးနှစ်၌ သူ၏သစ္စာမရှိခြင်း ကြောင့် ဒုက္ခရင်ဆိုင်ရသည့် အကြောင်းနှင့် ချိတ်ဆက်ထားပါသည်။ သူတို့သည် ထာဝရဘုရားထံ၌ သစ္စာမရှိကြသောကြောင့် (၆ရာ၊၁၂:၂)။ သို့ရာတွင် ရောဗောင် မင်းသည် ထာဝရဘုရားကို ရှာဖွေသောအခါ ထာဝရဘုရားသည်လည်း သူ့ကိုမစီ ရင်ဘဲနေလေ၏။ ထိုသို့ ရှင်ဘုရင်သည် ကိုယ်ကိုနှိမ့်ချသောအခါ ထာဝရဘုရား သည် သူ့ကို ရှင်းရှင်းမဖျက်ဆီး မည့်အကြောင်း အမျက်တော်ကို လွှဲတော်မူ၏ (၆ရာ၊၁၂:၁၂)။
ဤအခြေခံသဘောတရားအတိုင်း ဘုရားသခင်က သူ့လူမျိုးတို့အပေါ်၌ ကိုင်တွယ်ခြင်းသည် ကျွန်ုပ်တို့အဖို့ သင်ယူရန် အရေးကြီးပါသည်။ ၎င်း သည် မိမိတို့အပေါ်၌ ဘုရား သခင်မည် ကဲ့သို့ ကိုင်တွယ်သည်ကို ပိုမိုလျင်မြန် စွာ ဆုပ်ကိုင်စေ၍ တိုးတက်ခြင်းကို ပါဖြစ်ထွန်းစေ ပါသည်။

ယုံကြည်ခြင်းဆိုင်ရာ အချက်အလက်များ
ကျွန်ုပ်တို့၏ဝိညာဉ်ရေးရာ ကောင်းကျိုးချမ်းသာသည် မိမိတို့၏ယုံကြည် ခြင်းအပေါ်၌ အခြေခံသည်။ တနည်းဆိုသော် တကယ့် လိုအပ်သောအချိန်၌ ဘုရားသခင်နှင့်စပ်လျဉ်း၍ မိမိတို့မည်သို့ ယုံကြည်သည်ဟူသော အရာ၌လည်း မူတည်၏။ မိမိတို့၏ယုံကြည်ခြင်းသည် အားကြီးလာသောအခါ မိမိတို့၏ဝိညာဉ် ရေးရာ ကြီးထွားလာ၏။ မိမိတို့၏ဝိညာဉ်ရေးရာ အားနည်းလာသောအခါ ဝိညာဉ်ပိုင်းဆိုင်ရာ ရှုံးနိမ့်ခြင်းနှင့် ရုန်းကန်းတတ်ကြ၏။
ကျွန်ုပ်တို့၏ယုံကြည်ခြင်းခွန်အားသည် အတိတ်က မိမိတို့၏မှတ်တမ်း သို့မဟုတ် လက်ရှိပြုနေသောအကောင်းအဆိုး စသည့်တို့အပေါ်၌ မှီခိုအားခြင်း မဟုတ်ပေ။ ရောဗောင်မင်းသည် အကောင်းလုပ်နေချိန်၌ပင် လဲသွားခဲ့ရသည်ကို သတိပြုရမည်။ သူသည် ကျိုးပဲ့ကြေမွသောအခါ ထာဝရဘုရားကို ရှာဖွေခဲ့၏။ ကျွန်ုပ်တို့၏ဝိညာဉ်ပိုင်းဆိုင်ရာ ကောင်းကျိုးချမ်းသာခြင်းသည် ယခုပင်လျှင် ထာဝရဘုရားအား မိမိတို့မည်ကဲ့သို့ တုံ့ပြန်သည်ဟူသောအရာ၌ မူတည်ပါသည်။
အရာရာအားလုံးကောင်းသည်ဟု ယူဆသောအချိန်အခါ၌ ဘာ့ကြောင့် ကျွန်ုပ်တို့ကျရှုံးရသနည်း ဟူသောမေးခွန်းကို ဤအတိုင်းရှင်းလင်းနိုင်၏။ မိမိတို့ သည် ကျိုးပဲ့ကြေမွနေသောကြောင့် အထူးအကူအညီ အတွက် ဘုရားသခင်ထံ အော်ဟစ်နိုင်ပါသည်။
ဘုရားသခင်သည် ကျွန်ုပ်တို့အား ဝိညာဉ်ရေးရာ၌ ရှုံးနိမ့်ခြင်းနှင့် ကင်း လွတ်စေလို၍ ခိုင်ခံ့စွာရပ်တည်စေလိုသည်။ သမ္မာကျမ်းစာက ကျွန်ုပ်တို့အား ယုံကြည်ခြင်း၌ ခိုင်ခံ့ဖို့ရန် အမြဲတိုက်တွန်းနှိုးဆော်၏။ ခိုင်ခံ့သောယုံကြည်ခြင်း သည် စုံစမ်းနှောင့်ယှက်ခြင်းမှာသမျှကို စိုးမိုး၍ ယုံကြည်ခြင်း၌ မည်ကဲ့သို့ခိုင်ခံ့စွာ ရပ်တည်ရမည်ကို သင်ယူတတ်ခြင်းဖြစ်သည်။ ကြီးထွား လျက်ရှိသော မိမိတို့၏ ယုံကြည်ခြင်းသည် ဘုရားသခင်နှင့် သူ၏အလုပ် အရေးကြီးပုံကို ဟုတ်မှန်ကြောင်း ပြောဆိုဖို့ရန် စေ့စေ့စပ်စပ် ပူးတွဲထားသည်ဖြစ်၍ ၎င်းက မိမိတို့၏ ဆုံးဖြတ်ချက် များကို ပုံသွင်းမည်ဖြစ်ပါသည်။ ဝိညာဉ်ပိုင်းဆိုင်ရာ အားနည်းခြင်းသည် ယုံကြည်မှု ကင်းမဲ့သောကြောင့်ဖြစ်သည်။
ဤပုံ၌ တွေ့မြင်ရသည့် ပြောင်းလဲမှုများနှင့် အခွင့်အလမ်းများသည် မိမိတို့၏စိတ်နှလုံး၌ မသိမသာဖြစ်ပျက်လေ၏။ နောက်တစ်ခန်း၌ ဘုရားသခင် အားဖြင့် အောင်မြင်လျက်ရှိသော အသက်တာဟုဆိုရာ၌ ကြီးထွားလျက်ရှိသော အနေအထား တချို့၌ မှီခိုအားထားကြောင်းကို ပိုမိုကောင်းမွန်စွာ နားလည်ပါ လိမ့်မည်။ ဘုရားသခင်သည် ကျွန်ုပ်တို့အား သူနှင့် ပို၍ပို၍ နီးကပ်စေရန် ပတ်ဝန်း ကျင်အားဖြင့် မောင်းနှင်တတ်၏။
သင်ခန်းစာ
- ဝိညာဉ်ရေးရာ ကြီးထွားခြင်းသည် ဘုရားသခင်ထံတော်၌ မိမိတို့၏ ယုံကြည်ခြင်း သို့မဟုတ် ကိုးစားခြင်းကို ကျင့်သုံးခြင်းမှတဆင့် ပေါ်ပေါက် လာသည်။
- ဝိညာဉ်ရေးရာရှုံးနိမ့်ခြင်းသည် ဘုရားသခင်၏လမ်းစဉ် အရေးကြီးကြောင်း သို့မဟုတ် အကောင်းဆုံး ဖြစ်ကြောင်းကို ရိုးရိုးသားသား မယုံကြည်ခြင်း၏ အကျိုးဆက် ဖြစ်သည်။
ကျက်မှတ် ဆင်ခြင်ပါ
- ၆ရာ၊ ၂:၁၂
- ၆ရာ၊ ၂:၁-၁၄
တာဝန်ပေးအပ်ခြင်း
- ဘုရားသခင်၌ သင့်ယုံကြည်ခြင်းကို ဖော်ပြပါ။ သင့်အသက်တာ၌ ဘုရားသခင်သည် အရေးကြီးကြောင်း သင်မည်ကဲ့သို့ ထင်မြင်ယူဆရ သည်ကို စကေး ၀- ၁၀ ဖြင့်တိုင်းတာပြပါ။
- သင်လဲသွားရသည့်အချိန်ကို စဉ်းစားကြည့်ပါ။ ထိုအချိန်၌ သင့်သံသယကို ဖော်ပြပါ။ သင်သည် ဘုရားသခင်၏ရှုထောင့် သို့မဟုတ် သူ၏လမ်းစဉ် များကို သံသယရှိနေသလား။
© Paul J. Bucknell · Burmese translation: ဓမ္မဆရာတော် ဦးဘီထန်း (Bee Htan) · Biblical Foundations for Freedom