
အသက်၏အနှစ်သာရ — The Life Core
အခန်း ၁၀ — ကြိုဆိုခြင်း
ဘုရားသခင်သည် မိမိတို့၏စိတ်နှလုံးထဲ၌ အသက်ရှင်လာသောအခါ မိမိတို့သည် သူ၏မျက်မှောက်တော်ကို အစဉ်မပြတ်ရှာဖွေလာ၏။ ယောဟန်က သူ၏ခရစ်ဝင်ကျမ်း ပထမအခန်း၌ စူးစမ်းသိချင်စိတ် ပြင်းပြသောလမ်းစဉ်ဖြင့် ရေးသားခဲ့သည်။ ယောဟန်သည် ဦးစွာပထမ ဤအသက်အကြောင်းကို ပြောဆို လျက် (၁:၄) ထိုအသက်သည် လောကသို့ရောက်လာကြောင်း၊ ထိုအသက်ပင်လျှင် အလင်းတည်းဟူသော ခရစ်တော်ယေရှုဖြစ်ကြောင်းကို ဖော်ထုတ်ပြသခဲ့သည်။
နောက်ဆက်တွဲ ကျမ်းပိုဒ်များသည် ဆန်းကြယ်နက်နဲလှ၏။ “သို့ရာတွင် ကိုယ်တော်ကို လက်ခံသမျှသောသူတည်းဟူသော ကိုယ်တော်၏နာမတော်ကို ယုံကြည်သောသူတို့အား ဘုရားသခင်၏ သားသမီး ဖြစ်ရသောအခွင့်ကို ပေးတော် မူ၏။ ထိုသားသမီးတို့သည် မျိုးရိုးဇာတိအားဖြင့်သော်လည်းကောင်း၊ ကိုယ်ကာယ၏ အလိုဆန္ဒအားဖြင့်သော်လည်းကောင်း မွေးဖွားကြသည်မဟုတ်။ ဘုရားသခင်အား ဖြင့် မွေးဖွားကြ၏(ယော၊၁:၁၂-၁၃)။ ထိုသို့ ကိုယ်တော်ကို လက်ခံသောသူတို့အား သူ၏အသစ်သောအသက်ကို ပေးသနားတော်မူ၍ သန့်ရှင်းသောဝိညာဉ်တော်၌ ဖွားမြင်စေတော်မူ၏။
ဤသူတို့သည် ကိုယ်တော်ကိုလက်ခံ၍ ကြိုဆိုခြင်းခံသောသူများဖြစ် ကြသည်။ မူရင်းဂရိဘာသာ စကား၌လည်း အိမ်ရှင်က မိမိအိမ်သို့လာလည်သော သူကို နှုတ်ဆက်၍ လက်ခံကြိုဆိုခြင်း အသုံးအနှုန်း ပုံစံဖြင့် အသုံးပြုထားသည်။
မိမိဧည့်သည်ကို ကြိုဆိုလက်ခံ၍ ဧည့်ခံပြုစုသောသူနှင့်မိမိဧည့်သည် ရှိနေမှန်းကိုပင် မသိရှိသောသူ ထိုသူနှစ်ဦးတို့သည် တကယ်ခြားနားပါ၏။ ဘုရား သခင်သည် မိမိတို့အနား၌ အစွမ်းတန်ခိုးသက်သက် အတွက်သာ ရှိနေခြင်း မဟုတ်ပေ။ ကိုယ်တော်သည် ပုဂ္ဂိုဟ်ဖြစ်သောကြောင့် ကျွန်ုပ်တို့သည် သူ့ကို တက်တက်ကြွကြွ ဧည့်ခံကြိုဆိုလျက် နှစ်သက်စေခြင်းဖြစ်သည်။ ခိုင်ခံ့သောခရစ် ယာန်တစ်ဦးသည် ဝိညာဉ်တော်အားဖြင့် သခင်ဘုရားနှင့်အတူ ဆက်နွယ်၍ ရှင်သန် လှုပ်ရှားအသက်ရှင်တတ်၏။
ဘုရားသခင်၏မျက်မှောက်တော်ကို သိရှိနားလည်ခြင်းသည် ကိုယ်တော့်ကို ကြိုဆိုခြင်း စိတ်နှလုံး ဖြစ်ပေါ်စေ၍ သူ့ကိုရှာဖွေစေတတ်၏။ သမ္မာကျမ်းစာထဲ၌ ‘ကိုယ်တော်ကို ရှာဖွေခြင်း’ ဟူ၍ အကြိမ်ပေါင်းစွာ အသုံးပြုခဲ့သည်။ ငါလည်း ဤအကြောင်းကို အကြိမ်ပေါင်းများစွာ ဆင်ခြင် နှလုံးသွင်း၍ ၎င်း၏အဓိပ္ပာယ် ဆိုလိုရင်းကို အပြည့်အဝရရှိရန် ကြိုးစားအားထုတ်ခဲ့သည်။
ကိုယ်တော်ကို ရှာဖွေခြင်းသည် ထိုအရပ်၌ ဘုရားသခင်ရှိနေသည် ဟူ သောအကြောင်း အရာပေါ်၌ မူတည်ပါသည်။ ကျွန်ုပ်တို့သည် ကိုယ်တော်ကို မမြင်ရသည်ဖြစ်၍ ယုံကြည်ခြင်းသည်လည်း ထိုထဲမှ ပေါ်လာခြင်းဖြစ်သည်။ “ယုံကြည်ခြင်းမရှိလျှင် ဘုရားသခင်၏စိတ်တော်နှင့်မတွေ့နိုင်။ အကြောင်းမူကား ဘုရားသခင်ထံ ချဉ်းကပ်သောသူသည် ဘုရားသခင်ရှိတော်မူကြောင်း ကိုလည်း ကောင်း၊ ဘုရားသခင်သည် မိမိကို ရှာသောသူတို့အား အကျိုးပေးတော်မူသော အရှင် ဖြစ်ကြောင်းကိုလည်းကောင်း ယုံကြည်ရမည်(ဟေ၊၁၁:၆)။ ယုံကြည်ခြင်း သည် ခရစ်ယာန်တစ်ဦး၏ ကျောရိုးမကြီးဖြစ်၍ ၎င်း၏အသက်ကို ဖော်ထုတ်ပြသ သည့် အရေးကြီးသောအပိုင်းဖြစ်သည်။ ယုံကြည်ခြင်းနှင့်အတူ အသက်ရှိ၏။ ယုံကြည်ခြင်း မရှိဘဲလျက် ဝိညာဉ်ရေးရာအသက် မရှိနိုင်ပေ။ ရှင်ဘုရင်ရောဘောင် နှင့်စပ်လျဉ်း၍ ဘုရားသခင်မိန့်ဆိုသည်မှာ “ထာဝရဘုရားကို ရှာလိုသောငှာ မိမိ သဘောမချသောကြောင့် ဒုစရိုက်အမှုကို ပြု၏(၆ရာ၊၁၂:၁၄)။
လူတစ်ဦးသည် ဘုရားသခင်ကို ရှာဖွေသောအခါ ဘုရားသခင်ကို နားလည် သဘောပေါက်ခြင်း သက်သက် မဟုတ်ဘဲ ကိုယ်တော် ကိုသိမြင် လို၍ နှစ်သက်စေလိုပါသည်။ ကိုယ်တော်ကို ကျွန်ုပ်တို့ရှာ ဖွေ ခြင်းသည် သူနှင့်သူ၏အလို တော်ကို သိရှိဖို့ရန်လိုလားခြင်းကို ဖော်ထုတ်ခြင်းဖြစ်သည်။ ကျွန်ုပ်တို့သည် ကိုယ်တော်ကို သိရှိလို၍ သူ၏လမ်းစဉ်များကို သင်ယူလိုကြ၏။ ကျွန်ုပ်တို့သည် ကိုယ်တော်နှင့် ပိုမိုနီးကပ်လို၍ သူပြုသောအမှု၌ ပါဝင်လိုကြ၏။

ကောင်းသောအိမ်ရှင်သည် မိမိ၏ဧည့်သည်ကို ကောင်းစွာပြုစုတတ်၏။ ထိုအချိန်အတွင်း၌ ဧည့်သည်သည် အိမ်ရှင်၏ဘဝအပိုင်းအစဖြစ်လာ၏။ သို့သော် ယုံကြည်သူခရစ်ယာန်တစ်ဦးအဖို့ ဘုရားသခင်နှင့်ကိုယ်တိုင်ဆက်နွယ်ခြင်းသည် မည်သည့်အခါမျှ ဆုံးသည်ဟူ၍မရှိပေ။ ယုံကြည်သူ၏နှလုံးသားထဲသို့ ယေရှုခရစ် တော် ဝင်ရောက်လာသောအခါ သူသည် မိမိ၏အထဲ၌ အထူးဧည့်သည် ရှိနေခြင်း၏ ဆိုလိုရင်းကို စူးစမ်းရှာဖွေလာတော့သည်။
သင်ခန်းစာ
- ယုံကြည်သူသည် အစပိုင်း၌ မိမိအသက်တာထဲသို့ ယေရှုကို ကြိုဆိုခြင်း သက်သက်မဟုတ်ဘဲ ယခု သူ့အထဲ၌ ရှင်သန်နေသောခရစ်တော်ယေရှုကို နက်နက်နဲနဲ နားလည်သဘောပေါက်ဖို့ရန် သူ့ဘဝတစ်လျှောက်လုံး ဆက်လက်ရှာဖွေလာပါသည်။
- ယုံကြည်ခြင်းသည် ကျွန်ုပ်တို့အား ဘုရားသခင်ပေးတော်မူသော အသစ် သောဖြစ်ခြင်းထဲမှဖြစ်ပေါ်လာသည်။ ကြီးထွားလျက်ရှိသောယုံကြည်ခြင်း သည် မိမိတို့အထဲ၌ ဘုရားသခင်ပါရှိခြင်းနှင့် လုပ်ဆောင်ခြင်းကို ကိုယ်စား ပြုခြင်းဖြစ်ပါသည်။
ကျက်မှတ် ဆင်ခြင်ပါ
- ဟေ၊၁၁:၆
- ယော၊၁:၁၂-၁၃
တာဝန်ပေးအပ်ခြင်း
- သင့်စိတ်နှလုံးအား ဘုရားသခင် စတင်ဖွင့်ပေးသည့်အတိုင်း သင့်တွေး တောကြံစည်ခြင်းများကို ကိုယ်တော့်ထံသို့ ပြန်လှည့်ပါ။
- ကျမ်းစာထဲ၌ “ဘုရားသခင်ကို ရှာဖွေလော့ဟူသောစကားစုကို ရှာဖွေပါ။ ဤကျမ်းချက်များနှင့်စပ်လျဉ်း၍ လေ့လာတွေ့ရှိချက်သို့မဟုတ် ၎င်း၏ အသုံးအနှုန်း နှစ်ခု သုံးခုစသည်ဖြင့် ရေးချပါ။
- သင်ကျော်ဖြတ်ပြီးသော ရက်သတ္တပတ်အကြောင်းကို စဉ်းစားပါ။ သခင် ဘုရားအား မည်သည့် လမ်းစဉ်များဖြင့် ရှာဖွေခဲ့သနည်း။ ၎င်းသည် သင့်အဖို့ အဘယ်မျှလောက် အရေးပါသနည်း။
များများမဟုတ် ..... နည်းနည်းလေးလား.....အများကြီးလား။ ရှင်းပြပါ။
© Paul J. Bucknell · Burmese translation: ဓမ္မဆရာတော် ဦးဘီထန်း (Bee Htan) · Biblical Foundations for Freedom