အသက်၏အနှစ်သာရ — The Life Core. ခရစ်ယာန် အသက်တာ၏ အခြေခံအမှန်တရားများ. Burmese edition banner with a growing seedling at sunrise over mountains.

အသက်၏အနှစ်သာရ — The Life Core

အခန်း ၉ — နားလည်သဘောပေါက်လာခြင်း

ဝိညာဉ်တော်မည်ကဲ့သို့ လုပ်ဆောင်သည်ဟူသောအရာကို ယေဘုယျ အားဖြင့် ဖော်ပြရာတွင် သူ၏လုပ်ဆောင်ခြင်း၌ ကိုယ်တိုင်ကိုယ်ကျ၏ရှု့ထောင့်မှ ကြည့်ရှုရန်လိုအပ်ပါသည်။ ဤစာအုပ်၏ အဆုံးပိုင်း၌သာ သင်ယူသူတစ်ဦး၏ ရှုထောင့်ဘက်မှ နောက်တစ်မျိုးပုံစံဖြင့် ကြည့်ရှုသုံးသပ်ရန်ဖြစ်သည်။

ကျွန်ုပ်တို့သည် မကြာခဏ အသက်၏တည်ရှိမှုကို နားမလည်ဘဲနေတတ် ကြ၏။ အမှန်မှာ ဤတန်ခိုးရှိသောအသက်အားဖြင့်သာ သွားလာအသက်ရှင်၍ အကျိုးပြုနေခြင်းဖြစ်၏။

လူလားမြောက်လာသော ယောက်ျားနှင့်မိန်းမတို့သည် မိမိတို့၏ခန္ဓာကိုယ် ပြောင်းလဲလာခြင်းကို သတိပြုကြသူများဖြစ်ကြသည်။ ထိုသူတို့သည် သူတို့၏ ခန္ဓာကိုယ်နှင့်စိတ်ဝင်စားမှုများ ပြောင်းလဲလာခြင်းကို အပြည့်အဝအာရုံစိုက်ကြ သော်လည်း ထိုအသက်အားဖြင့် ပြောင်းလဲလာသောအကြောင်းအရာများကို သိပ်မ စဉ်းစားတတ်ကြပေ။ ထိုသို့ဖြင့် လူငယ်တို့သည် သူတို့မည်သူမည်ဝါဖြစ်ကြောင်း ကိုသာ အာရုံစိုက်လာကြ၏။ ကြာလာသည်နှင့်အမျှ သူတို့သည် မိမိတို့၌ မည်သည်ကိုပိုင်ဆိုင်ကြောင်း၌သာ ပို၍အာရုံစိုက်လာကြ၏။ လူငယ်အနည်းစု ကသာလျှင် မိမိတို့၏အရွယ်ရောက်လာမှုမှစ၍ အလုပ်အကိုင်ရရှိခြင်း အကြောင်း တို့ကို ချင့်ချိန်စဉ်းစားတတ်ကြ၏။ နေ့ရက်စဉ်တိုင်း အလုပ်နှင့်လုံးပါးခြင်းက မိမိတို့၏ခန္ဓာရေးရာနှင့်ဝိညာဉ်ရေးရာ နှစ်ခုစလုံးအကြောင်းတို့ကို နားလည်သ ဘောပေါက်ရန် အဟန့်အတားတစ်ခုလို ဖြစ်လာ၏။

သိမြင်နားလည်ခြင်းကို နှိုးဆော်သည့် တံတားပေါ်က မြန်မာစာ သရုပ်ဖော်ပုံ

ကျွန်ုပ်တို့အထဲ၌ မှုတ်သွင်းပေး တော်မူသောအသက်တည်းဟူသော ဘုရား သခင်၏အသက်ကို မသိရှိခြင်းနှင့် အာရုံမ စိုက်ခြင်းသည် အသက်၏နက်နဲမှုကို မခံစား တတ်ခြင်း ပင်ဖြစ်သည်။ ကျေးဇူးမတင်တတ် ခြင်းသည် ကိုယ်ပိုင်လွတ်လပ်စွာ အသက် ရှင်ခြင်းသို့ ပို့ဆောင်၍ မောက်မာခြင်းကို အားသန်စေ တတ်၏။

ထိုအရာသည် ဤနေ့ရက်နှင့်ဆိုင်သော ရုပ်ဝတ္ထုနှင့် လောကီ ရေးရာတို့ ၏တုန်ခါမှု ခေတ်ကာလကိုဆိုလိုပါသည်။ အရာရာအားလုံးသည် ဓာတုဗေဒနှင့်ပတ် သက်၍ သူတို့၏အသက်ရှင်ခြင်း တစ်ဘက်၌လည်း မည်သည့်အစွမ်းတန်ခိုးမျှ မရှိဟု ယုံကြည်ထားကြ၏။ သူတို့ပိုင်ဆိုင်သော အရာအားလုံးအတွက် ကိုယ်တော်၌ မှီခိုကြသော်လည်း ဤလောကနှင့်ဆိုင်သော အမှုကိစ္စများ၌ ဘုရားသခင်ပါဝင် နေခြင်းကိုမူ လက်မခံကြပေ။

ဝိညာဉ်ရေးရာ၌ မထင်ရှားသောပြဿနာ

ဤလျစ်လျူရှုခြင်းသည် အသင်းတော်ကို အကျိုးထိခိုက်မှုရှိစေပါသည်။ ကျွန်ုပ်တို့သည် မိမိတို့၏ ဝိညာဉ်ရေးရာ နောက်ကွယ်၌ အသက်၏စီးထွက်နေမှုကို အာရုံမစိုက်ဘဲနေကြ၏။ ကျွန်ုပ်တို့သည် မိမိတို့၏ထိုးထွင်းသိမြင်နိုင်စွမ်းထက် ထိတွေ့မြင်တွေ့နိုင်သောအရာများ အပေါ်၌သာ ပို၍ အာရုံစိုက် တတ်ကြ၏။

ကျွန်ုပ်ဘဝတစ်လျှောက်၌ ဘုရားသခင်သက်ဝင်လှုပ်ရှား၍ အသင်းတော် အား အားသစ်လောင်း စေခဲ့ဖူးပါသည်။ Ray Stedman ရေးသားသော ‘ခန္ဓာကိုယ် အသက်’ ဟူသည့်စာအုပ်အားဖြင့် ဝိညာဉ်ရေးရာဆုကျေးဇူးများ နှင့်ပတ်သက်၍ ဘုရားသခင်၏လူများနိုးကြားမှု အပါအဝင် ဘုရားသခင်၏ဝိညာဉ်တော်သည် သူ၏လူတို့အား ထိုဆုကျေးဇူးများဖြင့် အားဖြည့်စေခဲ့သည်။ ဤနှစ်ခု၏ဆက်စပ်မှု မှာ လက်တွေ့ကျ၍ သီအိုလော်ဂျီအရလည်း မှန်ကန်၏။ ဘုရားသခင်၏လူတို့သည် မင်္ဂလာရှိသောသူများ ဖြစ်ကြသော်လည်း ဤကြီးထွားဖွံ့ဖြိုးမှုသည် အချိန်တို တောင်းလှသဖြင့် အခြားသီအိုလော်ဂျီပိုင်းဆိုင်ရာ ကြီးထွားဖွံ့ဖြိုးမှု၌ မထင်မရှားဖြစ် တတ်ကြ၏။

Charismatic movement လှုပ်ရှားမှုအဖွဲ့တို့သည် ဝိညာဉ်ပိုင်းဆိုင်ရာ ဆုကျေးဇူးများမှစ၍ သန့်ရှင်းသောဝိညာဉ်တော်၏လမ်းစဉ်နှင့် ချိတ်ဆက်ထား သည်ဟု ဆိုရသော်လည်း အမှန်မှာ ထိုထက်မက ကျယ်ပြန့်၏။ လူတို့သည် အသက် မရှိသောအသင်းတော်များ၌ပင် ကျမ်းစာကို စတင်လေ့လာ၍ ဆုတောင်းတတ် ကြ၏။ ဤဆုကျေးဇူးများနှင့်မသက်ဆိုင်သည့် တစ်ဦးတစ်ယောက်၏အမြင်ကြောင့် တချို့နေရာများ၌ နိမိတ်လက္ခဏာများကို အလွန်အကျွံဦးစားပေး၍ မိမိတို့၏ အသက်တာထဲ၌ ဝိညာဉ်တော်၏လုပ်ဆောင်မှုအပေါ် ထိုသို့သောအာရုံစိုက်ခြင်း သည် သေနေသောအသင်းတော်ပုံစံကဲ့သို့ပင် အသက်တာကို သေစေနိုင်သည်။

မိမိတို့ခရစ်ယာန်အသက်တာများ၌ ဘုရားသခင်၏ဝိညာဉ်တော် ရှင်သန် လျက် လုပ်ဆောင်နေခြင်း အကြောင်းကို မသိရှိလေလေ ဝိညာဉ်ရေးရာ၌ ပို၍သေလေလေဖြစ်၏။ အသင်းတော်အကြောင်းကို သိရှိခြင်းသည် အသင်းသား မဖြစ်စေသလို ဘုရားသခင်အကြောင်းကို များများသိရှိခြင်းသည်လည်း ဘုရား သခင်ကို သိရှိခြင်းမဟုတ်ပေ။ ထိုအရာများကို သိရှိခြင်းသည် ကောင်းသော အရာဖြစ်သော်လည်း မိမိတို့အသက်တာထဲ၌ရှိသည့် ဘုရားသခင်၏အဓိကနေရာ အပေါ်၌ အလေးထားမှုကို လျစ်လျူရှုခြင်းသည် ကြီးမားသောခလုတ်ဖြစ်လာ နိုင်သည်။ ဤဝိညာဉ်ရေးရာ မျက်စိကန်းခြင်းကို မယုံကြည်ခြင်းဟုခေါ်၍ ကျွန်ုပ်တို့ အား အောင်မြင်ခြင်းနှင့် အလှမ်းဝေးစေလိမ့်မည်။

ဟောင်းသောအရာ၌ ပြန်လည်သက်ဝင်နိုးကြားလာခြင်းများ

ယခင်က ပြန်လည်သက်ဝင်နိုးကြားလာခြင်းများသည် ဘုရားသခင်ရှိနေ ခြင်းကို ကြီးကြီးမားမား နားလည်သဘောပေါက်စေပါသည်။ လူတို့သည် မိမိတို့၏လုပ်ဆောင်ခြင်းကြောင့် ထိုသို့ဖြစ်ခြင်းမဟုတ်ဘဲ သူတို့အားဖြင့် ဘုရားသခင်လုပ်ဆောင်တော်မူသည်ကို သိရှိကြ၏။ မိမိတို့၏အသက်တာအားဖြင့် ဘုရားသခင်ဝိညာဉ်တော် တက်တက်ကြွကြွလုပ်ဆောင်ခြင်းသည် အခြေခံလိုအပ ချက်ဖြစ်ပါသည်။ ၎င်းကို မသိရှိသောအခါ တလွဲတချော်ဖြစ်ခြင်းတည်းဟူသော ဘာသာရေးဆန်ခြင်း၊ သီအိုလော်ဂျီပိုင်းဆိုင်ရာ မာန၊ ဝိညာဉ်ရေးရာ စိတ်ပျက် ငြီးငွေ့ဖွယ် အခြေအနေ၊ အောက်တန်းကျသော အပြုအမူများ ဖြစ်ပေါ်စေတတ် သည်။ ထိုအရာအားလုံးတို့၏အကျိုးဆက်သည် မိမိတို့၏အသက်တာများ၌ ဘုရား သခင်မည်ကဲ့သို့ လုပ်ဆောင် သည်ကို မရှင်းမလင်းဖြစ်စေတတ်၏။

ထိုယုံကြည်မှု၏အကျိုးဆက်သည် လူသားဆန်သော ဘာသာရေးဖြင့် အဆုံးသတ်၏။ ဦးတည်ချက်ကား ဘုရားသခင်အပေါ်၌ထက် လူသား၏ကြိုးစား အားထုတ်မှုနှင့် တွေးတောကြံဆမှုပေါ်၌ အခြေခံထားသည်။ ထိုအရာတို့သည် ယနေ့ မိမိတို့ပတ်ဝန်းကျင်နှင့်ကမ္ဘာ၌ အတိအကျ မြင်တွေ့ရ၏။

လက်တွေ့ဆန်သော ဘုရားမဲ့ဝါဒ

ကျွန်တော်သည် နှစ်ပေါင်းများစွာအတွင်းတွင် ယုံကြည်သောသူများစွာ တို့၏စိတ်ပိုင်းဆိုင်ရာကို ဖော်ပြဖို့ရန် “လက်တွေ့ဆန်သော ဘုရားမဲ့ဝါဒ”ဟူသော အသုံးအနှုန်းကို အသုံးပြုခဲ့သည်။ ထိုသို့ဆိုရာတွင် သူတို့၏ခရစ်ယာန်အသက်တာ၌ ဘုရားသခင်ပါရှိခြင်းကို နားလည်သဘောပေါက်ခြင်း မရှိဘဲ ပြုမူသောသူများကို ဆိုလိုသည်။ ဆာလံဆရာက ဘုရားသခင်၏လူတို့သည် ထိုသို့သောသူများတည်း ဟူသော တိရစ္ဆာန်များကဲ့သို့ မဖြစ်ဖို့ရန် သတိပေး၏။ “ဂုဏ်အသရေနှင့် ပြည့်စုံ လျက် ပညာသတိမရှိသောသူသည်ကား ပျက်စီးခြင်းသို့ ရောက်တတ်သော တိရစ္ဆာန်နှင့်တူ၏”(ဆာ၊၄၉:၂၀)။

ခရစ်ယာန်တို့သည် မိမိတို့အသက်တာ၌ ဘုရားသခင်ပါရှိလျက် သက်ဝင် လှုပ်ရှားမှုကို အမှန်သဘောပေါက်နားလည်ခြင်း မရှိကြသောကြောင့် ကြောက်မက် ဖွယ်ကောင်းသော အသက်ရှင်ခြင်းနှင့် ရင်ဆိုင်ကြရ၏။ ဘုရားသခင်သည် အဖြစ်အပျက်၏နောက်ကွယ်၌ ပါရှိသော်လည်း ယုံကြည်သူသည် ၎င်းကို အမှန် သိရှိခြင်းမရှိဘဲ လျှောက်လှမ်းနေကြသည်။ ထို့အတူ ဘုရားသခင်ကို အစေခံသော သူတို့အတွက် အမှန်ဖြစ်၏။ သူတို့၏အထဲ၌ ဝိညာဉ်တော်၏လုပ်ဆောင်ချက်ကို နားလည်သဘောပေါက်ခြင်း မရှိဘဲလျက် ကျမ်းစာကိုဟောပြော၍ သင်ပေးကာ ဧဝံဂေလိလုပ်နိုင်၏။ ဘုရားသခင်သည် သူတို့၏ယုံကြည်မှုအပေါ်၌ အမှန်တကယ် ရှိမရှိဟူသည်ကို ကျွန်ုပ်တို့မေးမြန်းဆန်းစစ်ရမည်ဖြစ်သည်။ ထိုသူတို့၏ဘာသာ ရေး လှုပ်ရှားမှုများသည် ဘုရားသခင်မပါဘဲ သယ်ပိုးနိုင်ပါသလား။ အကယ်၍ သယ်ပိုးနိုင်ပါက ၎င်းသည် ဘုရားသခင်ပြုသောအမှုမဟုတ်ဘဲ လူကပြုသောအမှု ဖြစ်ကြောင်း အမှန်ပေါ်လွင်ထင်ရှားသည် မဟုတ်သလော။

အသင်းတော်ဘက်သို့ ပြန်လှည့်စေရမည့်သော့ချက်တစ်ခုမှာ ယုံကြည်သူ အထဲ၌ ဘုရားသခင်၏ လုပ်ဆောင်ချက်ကို သဘောပေါက်နားလည်ခြင်းပင် ဖြစ်သည်။ ၎င်းသည် တစ်စုံတစ်ဦးကို ပေးကမ်းခြင်း၊ အသင်းတော်သွားရောက်ခြင်း သို့မဟုတ် ဆင်းရဲသောသူကို ဖေးမခြင်းတို့မဟုတ်ပေ။ ကျွန်ုပ်တို့သည် ဘုရားသခင် ၏မျက်မှောက်တော်၌ အသက်ရှင်၍ ကိုယ်တော်သည် ကျွန်ုပ်တို့အသက်တာ အားဖြင့် သူ၏ကောင်းမွန်သော ရည်ရွယ်ချက်များကို သယ်ပိုးလျက်နေ၏။

ဘုရားသခင်မရှိဟု မိုက်သောသူသည် ထင်တတ်၏။ ထိုသို့သောသူတို့ သည် ဆွေးမြေ့ယိုယွင်း၍ စက်ဆုတ်ဖွယ်သောအမှုကို ပြုတတ်ကြ၏။ ကောင်းသော အမှုကို ပြုသောသူတစ်ယောက်မျှမရှိ။ နားလည်သောသူ၊ ဘုရားသခင်ကိုရှာသော သူ တစ်စုံတစ်ယောက်ရှိသည်မရှိသည်ကို သိမြင်ခြင်းငှာ ထာဝရဘုရားသည် ကောင်းကင်ပေါ်က လူသားတို့ကို ငုံ့၍ကြည့်ရှုတော်မူ၏။ လူအပေါင်းတို့သည် လမ်းလွဲကြပြီ။ တညီတညွတ်တည်း ဆွေးမြေ့ယိုယွင်းခြင်းရှိကြ၏။ ကောင်းသော အကျင့်ကို ကျင့်သောသူမရှိ။ တစ်ယောက်မျှမရှိ (ဆာ၊၁၄:၁-၄)။

ကိုယ်တော်၏မျက်မှောက်တော်ကို ရှာဖွေခြင်း

ကျွန်ုပ်တို့သည် မိမိတို့အသက်တာ၌ ဘုရားသခင်၏နေရာမှန်ကို နဂို အတိုင်းပြန်ဖြစ်ရန် နောက်ထပ်တစ်ခါ လိုလားသောအချိန်အခါ၌သာ ပြန်လည် သက်ဝင်နိုးကြားခြင်း ပေါ်လာတတ်၏။ ကျွန်ုပ်တို့သည် မိမိတို့ကိုယ်ကို ယုံကြည် စိတ်ချမှုရှိနေသရွေ့ မိမိတို့၏အင်အားများအားဖြင့် လုပ်ဆောင်သည်ဖြစ်၍ ဘုရား သခင်၏ဘုန်းအသရေမရှိပေ။

ကျွန်ုပ်တို့သည် ကြံရာမရဖြစ်သည့်အခါ ကိုယ်တော်ကိုခေါ်ကြ၏။ ကျွန်ုပ်တို့ သည် ကိုယ်တော်ပါရှိခြင်းကို နားလည်သဘောပေါက်သောအခါ ဆုတောင်းခြင်း အပေါ် ကိုယ်တော်၏အဖြေကိုရရှိ၍ စစ်မှန်သော ကိုးကွယ်ခြင်း အစပြုလာ၏။ ဤသို့ဖြင့် ဘုရားသခင်သည် ကျွန်ုပ်တို့အသက်တာထဲ၌ ခက်ခဲသော အချိန်အခါ များကို ကျွန်ုပ်တို့အား ပြန်လည်နုပျိုစေရန် အသုံးပြုတတ်၏ (ဆာ၊၁၁၉:၂၃-၂၄)။ အကယ်၍ ကျွန်ုပ်တို့သည် စမ်းသပ်ခြင်းအားဖြင့် လှုံ့ဆော်သည်ထက် ကိုယ်တော်၏ မျက်နှာတော်ကို ပုံမှန်ရှာဖွေပါက ဘာဖြစ်မည်နည်း။

အသက်ဟူသောအကြောင်းအရာနှင့်ပတ်သက်၍ ယနေ့ ကျွန်ုပ်တို့လူ့ ဘောင်အဖွဲ့အစည်း၏ထင်မြင် ယူဆချက်သည် ဘုရားသခင်လုပ်ဆောင်သည့် အတိုင်း မဟုတ်တော့ပေ။ ဤလောကီဆန်သော တွေးခေါ်ခြင်းသည် အသင်းတော် ထဲသို့ ယိုစိမ့်လာ၍ လောကနှင့်ယုံကြည်သူနှစ်ခု စပ်ကြား၌ ခြားနားချက် မရှိတော့ ကြောင်း ကျွန်ုပ်တို့မြင်တွေ့ရ၏။

သင်ခန်းစာ

  • လူသားများမှစ၍ များစွာသောခရစ်ယာန်တို့သည် ဘုရားသခင်နှင့်ဆိုင် သော ခန္ဓာရေးရာအသက်နှင့် ဝိညာဉ်ရေးရာအသက် အကြောင်းအရာ တို့ကို သိရှိခြင်းမရှိဘဲလျက် အသက်ရှင်ကြ၏။
  • မိမိတို့အထဲ၌ ဘုရားသခင်၏လုပ်ဆောင်ချက်ကို သိရှိခြင်းမရှိပါက မိမိတို့ ၏စိတ်နှလုံးသည် ခိုင်မာလာ၍ မာနကြီးလာမည်သာဖြစ်သည်။
  • ဘုရားသခင်၏မျက်မှောက်တော်ကိုသာ ရှေးရှုလာသောအခါ နှိမ့်ချ၍ ချီးမွမ်းဂုဏ်ပြုတတ်လာကာ ဘုရားသခင်ကို ဗဟိုပြုလျက် သူ့ကိုသာ မှန်မှန်ကန်ကန် မှီခိုအားထားလာ၏။

ကျက်မှတ် ဆင်ခြင်ပါ

  • ဆာ၊ ၁၄:၁-၂
  • ဖိ၊ ၃:၁၇-၁၉

တာဝန်ပေးအပ်ခြင်း

  • သင့်အသက်တာအတွက် ဘုရားသခင်ထံက လုပ်ပိုင်ခွင့် အမှတ်လက္ခဏာ များကိုဆန်းစစ်ပါ။ သင်လုပ်ဆောင်နေသောအရာပေါ်၌ ဘုရားသခင်၏ ကူညီခြင်း သို့မဟုတ် လမ်းပြခြင်းကို နားလည်ခြင်းမရှိဘဲလျက် သင့်ခရစ် ယာန်အသက်တာ၌ အသက်ရှင်နေပါသလား သို့မဟုတ် သင့်သာသနာ လုပ်ဆောင်နေပါသလား။ ရှင်းပြပါ။
  • သင့်ပတ်ပတ်လည်၌ရှိသော (အသင်းတော်နှင့်အသင်းတော်မဟုတ်သည့် အသင်းအဖွဲ့) အသင်းအဖွဲ့တို့၌ ဘုရားသခင်၏လုပ်ရှားခြင်းကို သုံးသပ်ပါ။ ခရစ်ယာန်တို့သည် ဆုတောင်း၍ ဘုရားသခင်နှင့် တစ်စိတ်တစ်ဝမ်း တည်းရှိကြပါသလား။ ဘုရားသခင်သည် နှုတ်ကပတ်တော်အားဖြင့် ထိုသူ တို့ကို စကားပြောဆိုသလော သို့မဟုတ် သူတို့သည် ထိုနှုတ်ကပတ်တော် ကို ဖတ်ရှုကြပါသလော။

© Paul J. Bucknell · Burmese translation: ဓမ္မဆရာတော် ဦးဘီထန်း (Bee Htan) · Biblical Foundations for Freedom