အသက်၏အနှစ်သာရ — The Life Core. ခရစ်ယာန် အသက်တာ၏ အခြေခံအမှန်တရားများ. Burmese edition banner with a growing seedling at sunrise over mountains.

အသက်၏အနှစ်သာရ — The Life Core

အခန်း ၈ — ဝိညာဉ်တော်ကို မှီတွယ်ခြင်း

ကြီးမားသောမြစ်ရေစီးကြောင်းသည် ယုံကြည်သူအသက်တာထဲ၌ အရှိန် အဟုန်နှင့် စီးဆင်းနေသောအရာတစ်ခုကို ပုံဖော်ထားသည်။ အခြားတစ်ခုမှာ အားကြီးသော လေစီးကြောင်းဖြစ်ပါသည်။ မုန်တိုင်း၌ လေပြင်းတိုက်ခတ်ခြင်း ပါဝင်သော်လည်း ၎င်းသည် ကြီးမာသောလေစီးကြောင်းများဖြင့် ဖွဲ့စည်းထားသည်။ တိုက်ခတ်နေသောလေသည် သူ့လမ်းကြောင်းရှိ၍ သတ်မှတ်ထားသည့် ဘောင် အတွင်း၌သာ တိုက်ခတ်တတ်၏။

ဤအားကြီးသောလေစီးကြောင်းသည် မိမိတို့အသက်တာ၌ သန့်ရှင်း သောဝိညာဉ်တော်၏လုပ်ဆောင်ချက်ကို ပိုမိုရှင်းလင်းစွာ စဉ်းစားဖို့ရန် အထောက် အကူဖြစ်စေသည်။ ဘုရားသခင်သည် မိမိ၏ရည်ရွယ်ချက်ကို လုပ်ဆောင်လျက် ရှိကြောင်း သတိပြုသင့်သည်။ ကျွန်ုပ်တို့သည် ဘဝမုန်တိုင်း တိုက်ခတ်နေစဉ် ဦးတည်ချက်အဖို့ ရှုပ်ထွေးလျက်နေနိုင်သည်။ မတရားသူများသည် ကျွန်ုပ်တို့ တစ်ဖက်၌ ထလျက်နေကြသော်လည်း ဘုရားသခင်သည် ထိန်းချုပ်သောအရှင ဖြစ်ကြောင့် စိုးရိမ်စရာမလိုအပ်ပေ။ မိမိတို့၏တာဝန်ကား ဘုရားသခင်၏ပိုမိုကြီး မြတ်သော ရည်ရွယ်ချက်၌ ရပ်တည်၍ သေးငယ်အမှုဖြစ် သည့်တိုင်အောင် အရေးပါသောအမှုကို လုပ်ဆောင်ရန်ဖြစ်သည်။ ပတ်ဝန်းကျင်အခြေအနေ မည်သို့ ဖြစ်စေကာမူ သင်သည် ဘုရားသခင်အဖို့ အသုံးတော်ခံလိုကြောင်းကို အတည်ပြု ရမည်။ ဘုရားသခင်၏ရည်ရွယ်ချက်ကို အကောင်အထည်ဖော်နိုင်ဖို့ရန် မိမိတို့ လိုအပ်သောခွန်အားရှိသမျှကို မိမိတို့ပိုင်ဆိုင်ထားကြောင်း သတိရပါ။ မိမိတို့၏ ဆန္ဒသည် ဘုရားသခင်အား နှစ်သက်စေရန်ဖြစ်၍ ကိုယ်တော်၏ခွန်အား၌ ကိုးစားရန်ဖြစ်ကြောင်း အတည်ပြုထောက်ခံဖို့ လိုအပ်သည်။

ထက်၌ရှိသောလေသည် ကျွန်ုပ်တို့၏ဘုရားသခင်ဝိညာဉ် တော် လိုအပ်မှုကို ပြသပါသည်။ ရွှေလင်းယုန် ငှက်သည် အား ကောင်းသောအတောင်ပံများကို ပိုင်ဆိုင်ထားသော်လည်း လေဟုန် ၌ပျံဝဲနိုင်ဖို့ရန် လေဟုန်ကိုစီးဖို့ လိုအပ်သည်။

သန့်ရှင်းသောဝိညာဉ်တော်ကို မှီတွယ်ခြင်း — ရွှေလင်းယုန်နှင့် ကျမ်းစာအဆိုအမိန့် ပါဝင်သော မြန်မာစာ သရုပ်ဖော်ပုံ

ကျွန်ုတော့်မိတ်ဆွေတစ်ဦးသည် မြင့်သောတစ်နေရာမှ စက်မဲ့လေယာဉ် ကိုလျှောစီးလျက်နေတတ်၏။ ထိုအမှုကို ငါမပြုလိုပေ။ ဘုရားသခင်၏ ဝိညာဉ်တော် ပို့ဆောင်ခြင်း မပါသော်လည်း ထိုအမှုကိုပြုသင့် မပြုသင့် ကျွန်ုပ်တို့၌ ရွေးချယ်ပိုင်ခွင့်ရှိသည်။ မိမိတို့ကိုယ်ကို မေးရမည့်မေးခွန်းမှာ ဘုရားသခင် ၏ရည်ရွယ်ချက်အပေါ်၌ မိမိတို့၏ အသိစိတ်သည် မိမိတို့၏အသက်တာ၌ မည်ကဲ့သို့ လုပ်ဆောင်နေပါသနည်းဟူ၍ဖြစ်သည်။ ဤသို့သော အနေအထားတွင် များစွာ သောသူတို့၏ယုံကြည်ခြင်းမှာ “ဘုရားသခင်လုပ်ဆောင်နေသောအရာကို ငါနားမ လည်ဟု ဆိုလျက် မရှင်းမလင်းဖြစ်တတ်ကြ၏။

အသက်ရှင်ခြင်းဆိုင်ရာ မဖြစ်နိုင်သောခြေလှမ်းများ

ဝိညာဉ်တော်သည် ဘုရားသခင်၏အလိုတော်ကိုပြုဖို့ရန် ကျွန်ုပ်တို့အား အမြဲပို့ဆောင်ပါလိမ့်မည်။ တစ်ခါတစ်ရံ မဖြစ်နိုင်ဘူးဟု ထင်ရသောလမ်းများထဲသို့ ကျွန်ုပ်တို့ကို ပို့ဆောင်ပါလိမ့်မည်။ ထိုအရာတို့ကို မဖြစ်နိုင်ဟုဘာ့ကြောင့် ထင်ရသနည်း။

  • ခန္ဓာကိုယ်အရ မိမိတို့၏စွမ်းရည်များထက် ကျော်လွန်သောအခါ
  • အချိန်လုံလောက်မှု မရှိသောအခါ
  • ငွေကြေးအရ မိမိတို့၏အစီအမံများထက် ကျော်လွန်သောအခါ
  • မိသားစုနှင့်မိတ်ဆွေများအားဖြင့် အတိုက်အခံပြုခြင်း ရှိသောအခါ
  • စွမ်းရည်များ သို့မဟုတ် ဆုကျေးဇူးများ မလုံလောက်သောအခါ
  • မိမိကိုယ်ကို ယုံကြည်စိတ်ချမှုကင်းမဲ့သောအခါ

ထိုသို့သော ဖော်ပြချက်သည် ဆက်ရှိနေမည်ဖြစ်သည်။ မည်သို့ပင်ဖြစ်စေ ဝိညာဉ်တော်သည် ၎င်းကဲ့သို့ ခက်ခဲသောအနေအထားများ၌လည်း ကျွန်ုပ်တို့ကို ပို့ဆောင်ပါလိမ့်မည်။ သင်သည် ခက်ခဲသောသူနှင့် တွေ့ကြုံဖူးပါသလား။ တွေ့ကြုံဖူးမှာပါ။ ထိုသူကို ချစ်ဖို့ရန် ဘုရားသခင်က သင့်အား စိတ်ရှည်ခြင်းကို ပေးပါလိမ့်မည်။ ကျွန်ုပ်တို့သည် ဘုရားသခင်ကိုသာ ကိုးစားရမည့်အကြောင်း ကိုယ်တော်သည် မိမိတို့၏သာမန်စွမ်းရည်ထက် ကျော်လွန်၍သွားရန် တောင်းဆို တတ်သည်။ ၎င်းသည်လည်း ဘုရားသခင်၏ ကြိုတင်စီမံချက် ဖြစ်ပါသည်။

ကျွန်ုပ်တို့သည် မကြာ ခဏ မိမိတို့၏သာမန် စိတ်ဆွဲခြင်း များမှစ၍ မိမိတို့၏ဖြစ်ခြင်းနှင့် ပင်ကိုစရိုက်များ အပေါ်တွင် မှီခို အားထားခြင်းဖြင့် ဆက်သွား ရန် ဂရုစိုက်တတ်ကြသည်။ တချို့မှာ ပေတရုကဲ့သို့ ရဲရင့်ကြ၏။ သို့သော် ထိုသူတို့ သည် အမြဲအောင်မြင်သောသူ မဟုတ်ကြပေ။ တချို့ကမူ သောမကဲ့သို့ ကြောက်ရွံ့၍ အရှုံးပေးတတ်ကြ၏။

ကျွန်ုပ်တို့သည် ဘုရားသခင်၏သန့်ရှင်းသောဝိညာဉ်တော်နှင့်အတူ မည်ကဲ့သို့လုပ်ဆောင်မည်ကို ဆိုလိုခြင်းမဟုတ်ဘဲ ကိုယ်တော်လုပ်ဆောင်သည့် လမ်းစဉ်ကို မီးမောင်းထိုးပေးခြင်းသာဖြစ်သည်။ သို့ဖြစ်၍ ကျွန်ုပ်တို့သည် ကိုယ်တော်၏မစခြင်းအပေါ် မည်ကဲ့သို့ မှီခိုအားထားမည်ကို သင်ယူရန် လိုအပ် ပါသည်။ ဘုရားသခင်၏အလိုတော် ပြီးပြည့်စုံစေဖို့ရန် အလွန်ပါးနပ်သော နတ်ဆိုး၏အကြံအစည်ကို သိမြင်ရမည်အကြောင်း ကိုယ်တော်၌သာလျှင် ခွန်အား မှစ၍ ဉာဏ်ပညာနှင့်ထိုးထွင်းသိမြင်စွမ်းရှိပါ၏။

အာရုံစိုက်လျက် သတိပြုကြလော့

ယေရှုက “ဖြားယောင်းသွေးဆောင်ရာထဲသို့ မကျရောက်စေရန် သတိနှင့် စောင့်နေလျက် ဆုတောင်းကြလော့။ စိတ်ဝိညာဉ်သည် ထက်သန်သော်လည်း ကိုယ်ကာယမူကား အားနည်း၏ဟု မိန့်တော်မူ၏ (မ၊၂၆:၄၁)။ စစ်မှန်သောယုံကြည် သူသည် ဘုရားသခင်ကို နှစ်သက်စေလိုသော်လည်း ကျပ်တည်းသောအချိန်ခါ၌ ဘုရားသခင်က မည်ကဲ့သို့ကိုင်တွယ်ဖြေရှင်းပေးနိုင်သည်ကို မမြင်တတ်သောအခါ စုံစမ်းခြင်းသို့ပါသွားတတ်၏။ ကျွန်ုပ်တို့သည် ဘုရားသခင်အလိုရှိသောအရာကို သိမြင်နိုင်ဖို့ရန် ဆုတောင်းခြင်းဖြင့် ကိုယ်တော်၌ အာရုံစိုက်ခြင်းကိုသာ လိုအပ် သည်မဟုတ်ဘဲ ကိုယ်တော့်ထံမှ ယုံကြည်ခြင်း၊ ခွန်အားနှင့်ဉာဏ်ပညာများ မည်ကဲ့သို့ရရှိမည်ကို သင်ယူဖို့ရန်လည်းလိုအပ်ပါသည်။ ကျွန်ုပ်တို့သည် စတင် ဆုတောင်းသောအခါ ဤလိုအပ်ချက်များကို မသိရှိသော်လည်း ကိုယ်တော်ထံသို့ အမှန် ချဉ်းကပ်လာသောအခါ ကိုယ်တော်သည် ၎င်းတို့ကို ကျွန်ုပ်တို့အား ပေးတော်မူလိမ့်မည်။

ဘုရားသခင်နှင့်ဆိုင်သောအရာများကို ချစ်ခြင်းမေတ္တာဖြင့် ထွေးပိုက်ရန် လိုလားမှုသည် သန့်ရှင်းသောဝိညာဉ်တော်ထံမှလာ၏။ ကျွန်ုပ်တို့သည် ကယ်တင် ခြင်းရရှိဖို့ ခရစ်တော်ကို စတင်ကိုးစားယုံကြည်၍ ဒုတိယမွေးဖွားခြင်းခံရသောအခါ ထိုအဖြစ်အပျက်သည် မိမိတို့၏အထဲ၌ သွတ်သွင်းပြီးဖြစ်သည်။ ဤခံစားချက် များကို မိမိတို့ကိုယ်တိုင် ဖန်တီးစရာမလိုပေ။ အသစ်သော ယုံကြည်သူသည် ခရစ်ယာန်တစ်ဦး၏အတွေ့အကြုံကဲ့သို့ပင် ဘုရားသခင်ကို နက်နက်ရှိုင်းရှိုင်း ကိုးကွယ်နိုင်သည်။ ကျွန်ုပ်တို့သည် ဤလိုအင်ဆန္ဒများ ကြီးထွားဖို့ရန် ရုန်းကန် လှုပ်ရှားစရာမလိုသော်လည်း မိမိတို့၌ ရှိသောမေတ္တာ၊ မိမိတို့ဟာမည်သူမည်ဝါ ဖြစ်ကြောင်း၊ မိမိတို့သည်ဘာကို ပြုသင့်ကြောင်းစသဖြင့် မေးခွန်းထုတ်လာ သောအခါ ရှုပ်ထွေးခြင်းရှိလာနိုင်သည်။ မိမိတို့၏ဖြစ်ခြင်းအမှန်ကို ခွာချွတ်ဖို့ရန် နတ်ဆိုးရှာကြံလာသောအခါ ခရစ်တော်၌ရှိသော မိမိတို့၏ဖြစ်ခြန်းအမှန်ကို ရှင်းလင်းစေဖို့ရန် ဘုရားသခင်၏ သမ္မာတရားကို ရယူဆည်းပူးရမည်။

ဘုရားသခင်သည် ကျွန်ုပ်တို့၏ခွန်အားဖြစ်တော်မူ၏။ ကျွန်ုပ်တို့သည် ကိုယ်တော်၌ တည်၍ ကိုယ်တော်ကို ခေါ်လျက်နေသောအခါ ထိုတန်ခိုးသည်လည်း မိမိတို့ကို ပို့ဆောင်ပေးလျက်နေတတ်၏။

သင်ခန်းစာ

  • ဘုရားသခင်သည် မိမိ၏အလုပ် ပြီးမြောက်စေရန်အတွက် ဉာဏ်ပညာ၊ အချိန်ကောင်း၊ အခွင့်အလမ်းများနှင့်အခြားသောအရာများအတွက် သူ့ထံ၌ ကိုးစားစေလိုသည်။
  • ဘုရားသခင်၏အလိုတော်ကို သယ်ပိုးရန်အတွက် မိမိတို့လိုအပ်သော အရာကို ပေးသနားတော်မူရန် ဘုရားသခင်သည် မိမိတို့အား စိတ်အား ထက်သန်စွာ ရှာဖွေလျက်နေ၏။ သို့သော် နောက်ဆုံး၌ မိမိတို့အား ရှုံးနိမ့်စေမည့်မိမိတို့၏အင်အား၌သာ ကိုးစားတတ်ကြ၏။
  • တစ်ခါတစ်ရံ ကျွန်ုပ်တို့သည် မဖြစ်နိုင်သောလူများနှင့် ရင်ဆိုင်တွေ့ကြုံ သော်လည်း သခင်ဘုရားသည် မိမိတို့အားကူညီရန် ထိုနေရာ၌ မိမိတို့ နှင့်အတူရှိတော်မူ၏။

ကျက်မှတ် ဆင်ခြင်ပါ

  • မ၊ ၂၆:၄၁
  • ဆာ၊ ၅:၃၊ဟေရှာ၊၄၀:၃၁

တာဝန်ပေးအပ်ခြင်း

  • ဘုရားသခင်၏အမှုတော်ထမ်းဆောင်ရန်အတွက် သင့်အင်အားများ အပေါ်၌ ပျက်ပြားခြင်းနှင့် ရှုံးနိမ့်ခြင်းကို ဖြစ်စေတတ်သောလမ်းစဉ် များကား အဘယ်နည်း။
  • သင်၌ မည်သို့သောပင်ကိုစရိုက်ရှိသနည်း။ ခက်ခဲသောအနေအထား များကို ကျော်လွှားဖို့ရန် ကြိုးစားသောအခါ ထိုပင်ကိုယ်စရိုက်က သင့်အား မည်ကဲ့သို့ ပုံသွင်းနိုင်စွမ်းရှိသနည်း။
  • မဿဲ ၂၆:၄၁ အရ သင်သည် နေ့စဉ်ဝိညာဉ်ရေးရာ၌ ခက်ခဲသော အခြေအနေဟု ယူဆသောအရာကို တွေ့ကြုံသောအခါ၌သာ ဆုတောင်း လျက် စောင့်နေတတ်သလော။

© Paul J. Bucknell · Burmese translation: ဓမ္မဆရာတော် ဦးဘီထန်း (Bee Htan) · Biblical Foundations for Freedom