
အသက်၏အနှစ်သာရ — The Life Core
အခန်း ၇ — အသက်၏ရင်းမြစ်
ခန္ဓာပိုင်းဆိုင်ရာအသက်ကဲ့သို့သော ဝိညာဉ်ပိုင်းဆိုင်ရာအသက်သည် ယုံကြည်သူခရစ်ယာန် အထဲ၌ အလွန်တန်ခိုးရှိသောအင်အားဖြစ်ပါသည်။ အသစ် သောအသက်ကို တစ်ကြိမ် ရယူဝန်ခံခြင်းသည် အဓိပ္ပာယ်အမျိုးမျိုးဖြင့် သူ့ဘာသူ စတင်ဖော်ပြသွားမည်။
အင်အားပြင်းလျှပ်စီးကဲ့သို့သော ဤအသစ်သောအသက်သည် ဦးတည် ချက်ရှိ၍ လမ်းညွှန်ချက်ရှိ၏။ ဥပမာ ထိုအသက်သည် ကျွန်ုပ်တို့အား သူတစ်ပါး၏ အမှားကို စဉ်းစားရာသို့ မပို့ဆောင်ပေ။ အဘယ့်ကြောင့်ဆိုသော် ထိုအသက်၏ ရင်းမြစ်သည် မိမိတို့အထဲ၌ ဘုရားသခင်ဖြစ်ပွားစေတော်မူသော သန့်ရှင်းသော ဝိညာဉ်တော်ဖြစ်သောကြောင့်တည်း။
ယေရှုက သင်တို့သည် အထက်အရပ်မှဖွားမြင်၏ သို့မဟုတ် ဒုတိယ မွေးဖွားခြင်းခံရ၏ဟု မိန့်တော်မူ၏။ ယေရှုက “သင့်အား ငါအမှန်အကန်ဆိုမည်။ လူသည် ရေနှင့်ဝိညာဉ်တော်အားဖြင့် မွေးဖွားခြင်းကို မခံလျှင် ဘုရားသခင်၏ နိုင်ငံတော်သို့ မဝင်နိုင်။ အသွေးအသားအားဖြင့် မွေးဖွားသောအရာသည် သွေးသား ဖြစ်၏။ ဝိညာဉ်တော်အားဖြင့် မွေးဖွားသောအရာသည် ဝိညာဉ်ဖြစ်၏” (ယော၊၃:၅-၆)။ မိမိတို့၏အသက်သစ်တန်ခိုးသည် ဘုရားသခင်ကိုယ်တိုင်ဖြစ်သည်။ ဤအသက် သစ်သည် ကျွန်ုပ်တို့ အသက်တာအားဖြင့် သန့်ရှင်းသော ဝိညာဉ်တော်ကိုယ်တိုင် သက်ဝင်လှုပ်ရှားခြင်းပင်ဖြစ်သည်။ ဤအကြောင်းကြောင့် ကျမ်းစာက ယုံကြည် သောသူသည် ဝိညာဉ်တော်၌ အသက်သစ်ကို ပိုင်ဆိုင်သူဖြစ်သည်ဟု ရည်ညွှန်းခြင်း ဖြစ်သည်။
ကျွန်ုပ်တို့အထဲ၌ ဘုရားသခင်၏ဝိညာဉ်တော် လုပ်ဆောင်လျက်ရှိ
ဤအကြောင်းအရာကို နားလည်ခြင်းသည် အရေးပါသောအရာဖြစ်သည်။ အကြောင်းမှာ ထိုသို့နားလည်ခြင်းအားဖြင့် မိမိတို့အပေါ် ဘုရားသခင်၏စဉ်ဆက် မပြတ် ကူညီမစခြင်း လမ်းစဉ်များကို တွေ့မြင်နိုင် သောကြောင့်တည်း။ သူသည် မိမိ၏တန်ခိုးကို အသုံးချနိုင်ရမည့်အကြောင်း ကျွန်ုပ်တို့အား ခမည်းတော်ဘုရားနှင့် ပို၍သဏ္ဌန်တူစေလိုသည်။ ထိုနည်းတူစွာ ဝိညာဉ်တော်သည်လည်း မိမိ၏ ကောင်းမြတ်ခြင်း၊ သန့်ရှင်းသောရည်ရွယ်ချက်တို့နှင့် ဆန့်ကျင်စေသည့် မည်သည့် မှားယွင်းမှုကိုမဆို ကျွန်ုပ်တို့အားပြုမိစေရန် မိမိ၏တန်ခိုးကို အသုံးပြုမည် မဟုတ်ပေ။
များသောအားဖြင့် ကျွန်ုပ်တို့ခရစ်ယာန်အသက်တာသည် သန့်ရှင်းသော ဝိညာဉ်တော်ပြုစေလိုသော အရာကို ဖော်ထုတ်ပြသခြင်းအားဖြင့် ဖွဲ့စည်းတည် ဆောက်ပါလိမ့်မည်။ ၎င်းတို့ကို ယုံကြည်ခြင်းအားဖြင့် သယ်ပိုးသွားမည်သာ ဖြစ်သည်။
ဝိညာဉ်တော်၏တန်ခိုးသည် အားကြီး၏။ ကျွန်ုပ်တို့သည် သန့်ရှင်းသော ဝိညာဉ်တော်ကို ဝမ်းနည်းစေနိုင်သော်လည်း ၎င်းကို မည်သည့်အခါမျှ မယဉ်ပါးစေ နိုင်သလို၊ မည်သည့်အခါမျှ မရင်ဆိုင်နိုင်ပေ(ဧ၊၄:၃၀)။ ကျွန်ုပ်တို့အဖို့ အကောင်း ဆုံးမျှော်လင့်ချက်ကား အားကြီးသော ဝိညာဉ်တော်၏လမ်းကြောင်း ပေါ်၌ နေလျက် မိမိတို၏အားထုတ်မှုမှာသမျှကို ချထားခြင်းရမည်သာဖြစ်သည်။
သင်ခန်းစာ
- သန့်ရှင်းသောဝိညာဉ်တော်သည် မိမိတို့၏အသက်သစ်ရင်းမြစ် အင်အား ဖြစ်၍ ဘုရားသခင်အလိုရှိသော အရာမှာသမျှကို ပြုဖို့ရန် ခွန်အားကို ဖြစ်ပေါ်စေပါသည်။
- မိမိတို့ကိုယ်ပိုင် ခိုင်ခံ့စရာမလိုအပ်ပေ။ ကျွန်ုပ်တို့သည် အရာမထင်သော ဝါးဖောင်သဖွယ် ဖြစ်သော်လည်း မိမိတို့အသက်တာအတွက် ဘုရားသခင် ၏ဝိညာဉ်တော် သယ်ပိုးစေသောအရာကို အထူးအာရုံစူးစိုက်ရန် လိုအပ် သည်။
ကျက်မှတ် ဆင်ခြင်ပါ
- ယော၊၃:၅-၆
- ၁ယော၊ ၅:၁၊၄
တာဝန်ပေးအပ်ခြင်း
- သင့်အား သန့်ရှင်းသောဝိညာဉ်တော် ပြုစေလိုသောအရာသုံးခုကို ဖော်ပြပါ။
- ဘုရားသခင်ထံ ဆုတောင်းပါ။ သင့်အား ကိုယ်တော့်ကို နှစ်သက် စေလိုသောဆန္ဒကိုပေး၍ ၎င်းတို့ကို သယ်ပိုးစေလိုသောကြောင့် ကိုယ်တော့်ကိုချီးမွမ်းပါ။ သင်သည် ဘုရားသခင်၏ဘုန်းတော်အတွက် ဝိညာဉ်တော်၏မစခြင်းအားဖြင့် ဤအရာများကို လုပ်ဆောင်နိုင်ဖို့ရန် ဘုရားသခင်အား အထူးဉာဏ်ပညာ၊ ခွန်အားနှင့်အကူအညီများကို တောင်းလျှောက်ရမည်။
© Paul J. Bucknell · Burmese translation: ဓမ္မဆရာတော် ဦးဘီထန်း (Bee Htan) · Biblical Foundations for Freedom