အသက်၏အနှစ်သာရ — The Life Core. ခရစ်ယာန် အသက်တာ၏ အခြေခံအမှန်တရားများ. Burmese edition banner with a growing seedling at sunrise over mountains.

အသက်၏အနှစ်သာရ — The Life Core

အခန်း ၆ — အသစ်သောအသက်၏အမှတ်လက္ခဏာများ

ဝိညာဉ်ပိုင်းဆိုင်ရာအသက်သည် ခန္ဓာရေးရာနှင့်ဆိုင်သော အသက်ကဲ့သို့ ဖြစ်သော်လည်း ယုံကြည်သူ ခရစ်ယာန်တိုင်း၌ တန်ခိုးနှင့်ပြည့်ဝသောခွန်အား ဖြစ်ပါသည်။ ထိုအသက်ကို မိမိတို့ပိုင်ဆိုင်ထားကြောင်း ယုံကြည်စိတ်ချရမည်။ ယေရှုက ကျွန်ုပ်တို့အား ဂျူံနှင့်မြက်သီးတို့၏ခြားနားချက် တနည်းဆိုသော် ဘုရားသခင်ထံက စစ်မှန်သောအသက်ကို ပိုင်ဆိုင်သောသူများနှင့် မပိုင်ဆိုင်သော သူများဟူ၍ သတိပေးပြီးဖြစ်သည် (မ၊၁၃:၂၄-၃၀)။

အစပိုင်း၌ ထိုခြားနားချက်ကို ရှာဖွေတွေ့ရှိရန် မဖြစ်နိုင်ပေ။ သားအိမ်၌ တည်နေသော သွေးသားဆိုင်ရာအသက်လည်း ထိုအတူ တွေ့ရှိရန် ခက်ခဲပါသည်။ သို့ရာတွင် အသက်၏တည်ရှိနေမှုကို အတည်ပြုနိုင်ရန် အမှတ်လက္ခဏာများ အားဖြင့် ကျွန်ုပ်တို့တွေ့မြင်နိုင်ပါသည်။ သားအိမ်ထဲ၌ရှိနေသော ကလေး၏ အနေအထားနှင့်လှုပ်ရှားမှုကို နှုန်းလွန်အသံလှိုင်းစက်ဖြင့် ပြသနိုင်၍ ကလေး မိခင်အား ကလေး၏ကျန်းမာရေးအခြေအနေကို စိတ်ချမှုပေးနိုင်သည်။ သားအိမ်ထဲ၌ ဖြစ်ပျက်နေမှုသည် မှန်ကန်ပါက သားအိမ်၏အပြင်ဘက် မွေးလာ ပြီးမှလည်း မှန်ကန်မှုရှိ၏။

ကလေးမွေးလာသည်နှင့်အမျှ ဝမ်းဆွဲဆရာများသည် ကလေး၏ကျန်းမာ ရေးအခြေအနေကို သိရှိရလေအောင် အသားအရောင်၊ အသက်ရှုခြင်း၊ သွေးခုန်နှုန်း၊ အလိုအလျောက် တုံ့ပြနိုင်စွမ်း၊ ကြွက်သား၏အရည်အသွေး စသည် တို့ကို စမ်းသပ်မှုပြုပါလိမ့်မည်။ ဤအရာအားလုံးတို့သည် အသက်၏တည်ရှိနေမှုကို ဖော်ပြခြင်းဖြစ်ပါသည်။

ရုပ်လောက၌လည်း လှုပ်ရှားမှုကြီးကြီးဖြစ်သည့်ရေ၊ လေထု၊ လေစသည် တို့ကိုဖော်ပြနိုင်၏။ ၎င်းတို့ အမှန်တည်ရှိနေကြောင်းကို တစ်စုံတစ်ဦးသည် ခံစား၍တွေ့မြင်နိုင်သည်။ အထက်မိုးကောင်ကင်၌ မိုးတိမ်များ တရွေ့ရွေ့ ရွေ့လျားလျက် ရေမျက်နှာပြင်ပေါ်၌ လေနှင့်အတူ သစ်ရွက်များ မျောပါလာသည် ကိုလည်း ကျွန်ုပ်တို့တွေ့မြင်နိုင်ပါသည်။

ယေရှုသည် ဘုရားသခင်၏ဝိညာဉ်တော်လုပ်ဆောင်မှုကို လေနှင့်ရေ တို့ဖြင့် နှိုင်းယှဉ်ပြသည်။ “လေသည် အလိုရှိရာသို့ တိုက်တတ်၏။ သင်သည် သူ့အသံကို ကြားရသော်လည်း မည်သည့်အရပ်မှလာ၍ မည်သည့်အရပ်သို့ သွားသည်ကိုမသိ။ ဝိညာဉ်တော်အားဖြင့် မွေးဖွားသူတိုင်းလည်း ထိုနည်းတူဖြစ်၏”ဟု ပြန်၍မိန့်တော်မူ၏ (ယော၊၃:၈)။ ယေရှုသည် ဝိညာဉ်ပိုင်းဆိုင်ရာအသက်ကို ကျွန်ပ်တို့အား ပို၍နားလည်စေရန် စီးဆင်းနေသောရေအကြောင်းကို အသုံးပြုခဲ့ သည်။ “ငါပေးမည့်ရေကို သောက်သောသူမူကား ကာလအစဉ်အဆက် မည်သည့် အခါမျှ ရေငတ်မည်မဟုတ်။ ထိုထက်မက ငါပေးမည့်ရေသည် ထိုသူ၌ ထာဝရ အသက်တိုင်အောင် ရေပန်းထွက်ရာ စမ်းရေပေါက်ဖြစ်လိမ့်မည်”ဟု ပြန်၍မိန့် တော်မူ၏ (ယော၊၄:၁၄)။

ဤအလားသဏ္ဌန်တူညီသည့် နှိုင်းယှဉ်ချက်နှစ်ခုသည် အသက်၏အထဲ၌ ရှိသည့် အင်အားကို ထိုးထွင်းသိမြင်စေ၍ အသီးသီးအသက်နှင့်ဆိုင်သော ကြီးကျယ်ထည်ဝါသည့်တန်ခိုးနှင့်အတူ ၎င်း၏ဦးတည်ချက်ကိုဖော်ပြသည်။ ယေရှုသည် ယောဟန်၃ ၌ ဝိညာဉ်တော်ကို ဟိုဘက်ဒီဘက် တိုက်ခတ်နေသော လေနှင့်အလားတူစွာ ဖော်ပြခဲ့သည်။ ထိုအင်အားသည် ပျံ့နှံ့ခြင်းထက် တစ်ခု အပေါ်၌ စူးစိုက်ခြင်းဖြစ်၏။ ထို့အတူ ဝိညာဉ်ပိုင်းဆိုင်ရာအသက်သည် ကြွယ်ဝပြည့်လျှံ၍ လွတ်လပ်သော်လည်း ခိုင်မာပြတ်သားသော ရည်ရွယ်ချက်ရှိ၏။

ဝိညာဉ်တော်အလုပ်၏ဖော်ပြချက်များ

ယုံကြည်သူသည် ဝိညာဉ်တော်အားဖြင့် မွေးဖွားသောသူဖြစ်ကြောင်း ယောဟန် ၃ ၌ ရှင်းလင်းစွာ ဖော်ပြသည်။ ထိုသူ၏ဝိညာဉ်ပိုင်းဆိုင်ရာ အသက်သည် ဘုရားသခင်၏ဝိညာဉ်တော် အတူပါရှိခြင်းအားဖြင့် သက်သေပြ၏။ ထိုသို့ဖြင့် ဝိညာဉ်ပိုင်းဆိုင်ရာအသက်သည် သန့်ရှင်းသောဝိညာဉ်တော်နှင့်ဆက်နွယ်ထား သည့် အသက်၏အမှတ်လက္ခဏာများ ရှိနေမည်ဖြစ်ပါသည်။ ဝိညာဉ်တော်အားဖြင့် ဖွားမြင်သော အသက်သစ်၏ အမှတ်လက္ခဏာများမှာ အောက်ပါအတိုင်းဖြစ်သည်။

  • ဘုရားသခင်၏နှုတ်ကပတ်တော်ကို စာငတ်ခြင်း
  • အခြားသော ခရစ်ယာန်ယုံကြည်သူများနှင့်အတူရှိခြင်းကို တောင့်တခြင်း
  • ဘုရားသခင်အား စကားပြောလိုခြင်း (ဆုတောင်းလိုခြင်း)
  • တစ်စုံတစ်ဦး၏အပြစ်ကို နားလည်သဘောပေါက်ခြင်း
  • ယေရှုခရစ်တော်အားဖြင့် ခွင့်လွှတ်ခြင်းရရှိရန် လိုအပ်မှု
  • ဘုရားသခင်နှင့်သူ၏လမ်းစဉ်များ၌ ကြီးထွားရန် နှစ်သက်ခြင်း
  • အခြားသောသူများအား နားလည်သဘောပေါက်၍ သူတို့၏လိုအပ် ချက်များကို အလေးထားခြင်း

မွေးကင်းစကလေးငယ်သည် အသက်ရှင်မွေးလာ၍ လှုပ်ရှားလျက်၊ ငိုလျက်၊ စာလျက်နေသကဲ့သို့ ခရစ်တော်၌ဖွားမြင်သည့်အသစ်သောအသက် သည်လည်း တချို့သောတောင့်တမှုများနှင့် အသိပညာအတွက် သူ့အလိုအ လျောက် ဖော်ပြလာမည်ဖြစ်သည်။

ဗတ္တိဇံဆရာယောဟန်က “သို့ဖြစ်၍ နောင်တနှင့်ထိုက်တန်သောအသီးကို သီးကြလော့” (မ၊၃:၈)။ ယောဟန်သည် ဘာကိုဆိုလိုပါသနည်း။ ယောဟန်သည် ရိုးရှင်းစွာ ပြောဆိုလျက် သင်တို့သည် (ဖာရိရှဲတို့) ဘုရားသခင်ရှေ့တော်မှောက်၌ အသက်ရှင်လျက်နေသည်ဟု ဆိုပါက သင်တို့၌ အသက်၏သက်သေ လက္ခဏာများ ရှိသင့်သည်ဟု ဆိုလိုခြင်းဖြစ်သည်။ ဤအမှု၌ ဖာရိရှဲတို့သည် သူတစ်ပါး၏ မှားယွင်းကို လက်ညှိုးထိုးမည့်အစား မိမိတို့၏အပြစ်ကို နားလည်၍ နှိမ့်ချစေရန် ဖြစ်သည်။ အသစ်သောအသက်၏ သက်သေလက္ခဏာများစွာရှိ၏။ အနေအထား အရ တချို့သော သူတို့၏သက်သေလက္ခဏာသည် အခြားသူများထက် ပိုများနိုင်သည်။ ဤအသစ်သောအသက်သည် သန့်ရှင်းသောဝိညာဉ်တော်အားဖြင့် ကျွန်ုပ်တို့စိတ်နှလုံး၌ နက်ရှိုင်းစွာ ဖွားမြင်ခြင်းခံရသည်။ ဤအသစ်သောအသက် သည် အချိန်ကြာလာသည်နှင့်အမျှ ကျွန်ုပ်တို့၏အကြံအစည်နှင့်အပြုအမူတို့ကို ပုံသွင်းပေး၍ မိမိတို့၏ ဝိညာဉ်ရေးရာကို ကြီးထွားစေကာ အခြားသူများထံသို့ ထင်ရှားစေပါလိမ့်မည်။

သင်ခန်းစာများ

  • လေနှင့်ရေသည် သန့်ရှင်းသောဝိညာဉ်တော်အတူပါရှိခြင်း၊ တန်ခိုးနှင့်ရည် ရွယ်ချက် အကြောင်းအရာ တို့ကို ကျွန်ုပ်တို့အား သွန်သင်ပေးသည်။
  • အသစ်သောအသက်သည် ကျွန်ုပ်တို့စိတ်နှလုံး၌ ဝိညာဉ်တော်ပါရှိခြင်း အားဖြင့် ဖြစ်ပေါ်လာသည်။
  • ဝိညာဉ်ပိုင်းဆိုင်ရာအသက်သည် ခန္ဓာပိုင်းဆိုင်ရာအသက်ကဲ့သို့ပင် တချို့သော လက္ခဏာများအားဖြင့် ၎င်း၏စစ်မှန်မှုကို ဖော်ပြသည်။
  • ဤဝိညာဉ်ပိုင်းဆိုင်ရာ အသက်၏သက်သေလက္ခဏာများသည် ဒုစရိုက် အပြစ်ကို ဆက်လက်ကျူးလွန်ခြင်းအားဖြင့် ထိခိုက်နိုင်သော်လည်း စစ်မှန် သောယုံကြည်သူ၌ အမြဲရှိနေမည်ပါလိမ့်မည်။

ကျက်မှတ် ဆင်ခြင်ပါ

  • မ၊ ၃:၈
  • ၁ ယော၊ ၃:၁၀၊၂၃-၂၄

တာဝန်ပေးအပ်ခြင်း

  • ယေရှုအား စတင်သိရှိလာသည့်အကြောင်းကို စဉ်းစားကြည့်ပါ။ အထက်မှာ ဖော်ပြခဲ့သည့် အသက်၏ သက်သေလက္ခဏာများကို ပြန်လည်ဆန်းစစ်ပါ။ ၎င်းတို့ကို သင့်အသက်တာ၌ လေ့လာနိုင်ပါသလား။ အထင်ရှားဆုံးတစ်ခုကို ရေးချပါ။
Burmese diagram with a green circle and arrows radiating outwards, describing signs of spiritual life.

_

_

_

_

  • ယနေ့အတွက် မည်သို့နည်း။ ဤသက်သေလက္ခဏာများသည် ဆက်လက်ရှိ နေသင့်သည်။ သခင်ဘုရားထံက စမ်းသပ်ခြင်းသည် ၎င်းတို့ကို ချုပ်ထိန်း နိုင်သည်မှန်သော်လည်း မည်သည့်အရာက သင့်အတွက် အရေးကြီးဆုံးနည်း။ အကယ်၍ အထက်မှာဖော်ပြသည့် အသက်၏သက်သေလက္ခဏာများထဲမှ တစ်ခုခုသည် သင့်အတွက် မှန်ကန်ပါက ၎င်းကိုရေးချပါ။
  • ၎င်းတို့ကို ရေးချပြီးနောက်တွင် "သခင်ဘုရား ကိုယ်တော်၏နှုတ်ကပတ်ကို ကျွန်ုပ်နှစ်သက်ပါ၏" ဟု အသံထွက်ဆုတောင်းပါ။ ကိုယ်တော်သည် ၎င်းတို့ကို တိတိကျကျ ဖော်ပြသည်ဖြစ်စေ၊ မဖော်ပြသည်ဖြစ်စေ ယခု ဤအရာတို့သည် ကိုယ်တော်ကြောင့်သာ နှစ်သက်ဖွယ်ဖြစ်၏။ (ထိုသို့ ဆုတောင်းခြင်းသည် အလွန်အရေးကြီးလှပါ၏။)
  • အကယ်၍ ဤဆန္ဓများသည် သင့်အဖို့မဟုတ်မှန်ပါက သင်၌ ဝိညာဉ်တော်၏ အသက် မရရှိသေးတာဖြစ်နိုင်ပါ၏။ သင်သည် ထိုသို့ဖြစ်နေသေးလျှင် သခင်ဘုရားကို သိရှိဖို့လိုအပ်ပါသည်။ ယေရှုခရစ်တော်အားဖြင့် ကယ်တင် ခြင်းရ ရှိဖို့ ကိုယ်တာ့်ကို ခေါ်ဖိတ်လက်ခံပါ။
  • ယော၊ ၃:၁-၈ နှင့် ၄:၁၀-၁၄ တို့ကို လေ့လာပါ။ သန့်ရှင်းသောဝိညာဉ် တော်သည် ထာဝရအသက်၏ရင်းမြစ်ဖြစ်ကြောင်းကို ကျွန်ုပ်တို့အားသတိ ပေး၍ ထိုဝိညာဉ်တော်နှင့်စပ်လျဉ်းသည့်လေ သို့မဟုတ် ရေ ဟူသောအဓိက စကားစုတို့ကိုရှာဖွေပါ။

© Paul J. Bucknell · Burmese translation: ဓမ္မဆရာတော် ဦးဘီထန်း (Bee Htan) · Biblical Foundations for Freedom