
အသက်၏အနှစ်သာရ — The Life Core
အခန်း ၅ — အသက်၏တွန်းအား
ရိုးရှင်းသောအရာသည် အကောင်းဆုံးဖြစ်၏။ အရိုးရှင်းဆုံးက အကောင်း ဆုံးဖြစ်ကြောင်းကို မကြာခဏ သက်သေပြခဲ့ပြီ။ ၎င်းသည် ဝိညာဉ်ရေးရာ ကြီးထွားခြင်း၌လည်း လေ့ကျင့်မှုအတွက် မှန်ကန်မှုရှိ၏။
ဘုရားသခင်သည် ဖန်ဆင်းခြင်း၌ လွယ်လွယ်ကူကူတွေ့မြင်နိုင်သော ဥပဒေသများအားဖြင့် အသက်နှင့်ပတ်သက်၍ အရေးပါဆုံးသောသမ္မာတရား များကို တဖြည်းဖြည်းစိမ့်ဝင်စေခဲ့သည်။ ဤအကြောင်းကြောင့် ယေရှုကလည်း သိပ်မရှင်းလင်းသောသမ္မာတရားများကို ဖော်ပြဖို့ရန် ဖန်ဆင်းခြင်းထဲက ရိုးရှင်း သောပုံဥပမာများကို အသုံးပြုရခြင်းဖြစ်၏။ ဖန်ဆင်းသောအရာများကို ဥပမာအဖြစ် အသုံးပြုခြင်းသည် ဝိညာဉ်ရေးရာကြီးထွားခြင်းဆိုင်ရာ ရုပ်လုံးကို ရှင်းလင်းစေ ပါသည်။ ဝိညာဉ်ရေးရာ အသက်တာကို ၎င်းဖြစ်ခြင်း၏ပကတိအတိုင်း ဖောပြရန် ခက်ခဲသော်လည်း ၎င်းနှင့်ပတ်သက်၍ အစပြုခြင်းနှင့်ဖွံ့ဖြိုးခြင်းကို ကျွန်ုပ်တို့သိရှိ နားလည်ထား၏။
အမှန်တကယ် ကျွန်ုပ်တို့မည်ကဲ့သို့အသက်ရှင်သည်ကို တခဏစဉ်းစား ကြည့်ပါ။ ဖခင်တစ်ဦးသည် မနက်စောစောထ၍ မိမိကလေး၏အိပ်ရာနားသို့ အပြေးအလွှားသွားလျက် သားလေးသားလေး ကြီးထွားလော့၊ ကြီးထွားလော့ဟု ပြောဆိုနေသည်ကို သင်တွေ့ဖူးပါသလား။ ထိုသို့ပြောဆိုလျှင် ရယ်စရာကောင်း လှ၏။ ထိုသို့ဆိုရာတွင် မိမိ၏ကလေးကို မကြီးထွားစေလိုသောကြောင့် မဟုတ်ပေ။ မိဘမှာသမျှ မိမိတို့၏ကလေးများ ပုံမှန်မကြီးထွားလာပါက စိုးရိမ်တတ်ကြ၏။ ဖခင်တစ်ဦးကဲ့သို့ ကျွန်ုပ်တို့မပြုခြင်းမှာ ကြီးထွားခြင်းသည် ကျွန်ုပ်တို့၏အစီအစဉ်၊ အားပေးခြင်းနှင့်စိုးရိမ်ခြင်းတို့ကြောင့် မဟုတ်ဘဲ အလိုအလျောက်ဖြစ်လာသည်ကို ကျွန်ုပ်တို့သိရှိထားကြ၏။ ကြီးထွားမှုသည် အသက်၏အပိုင်းအစတစ်ခုဖြစ်၏။ အသက်ကသာ သူ့ဖန်သာသူ မည်ကဲ့သို့ဖွံ့ဖြိုး၍ ကြီးထွားမည်ကို သိရှိနား လည်တတ်၏။
ဝိညာဉ်ရေးရာအသက်ရှင်ခြင်းသည်လည်း ထိုအတူဖြစ်၏။ တစ်စုံတစ်ဦး သည် မိမိ၏ဆုံးဖြတ်ချက်ဖြင့် ကြီးထွားဖို့ရန် တစ်ခါတင်ဆက်ထားသောအရာကို လွယ်လွယ်ကူကူ တွေ့မြင်နိုင်သည်။ မည်သူမျှ ခရစ်ယာန်တစ်ဦးဆိုကိုသွား၍ ကြီးထွားလော၊ ကြီးထွားလောဟု အထပ်ထပ် ပြောဆိုမည်မဟုတ်ပေ။ ထိုသို့ ပြောဆိုခြင်းသည် အထောက်အကူမဖြစ်စေဘဲ ပို၍ရှုပ်ထွေးစေပါလိမ့်မည်။
အသက်၏ပေါ်လွင်ထင်ရှားမှု
ဝိညာဉ်တော်သည် အသက်ဖြစ်သောကြောင့် ဘုရားသခင်၏ဝိညာဉ်တော် သည် အသက်နှင့်ဆိုင်သော ဤရုပ်လုံးသဏ္ဌန်များနှင့် ဆက်နွယ်မှုရှိ၏။ ဝိညာဉ် တော်သည် အသက်ကိုပေးတော်မူ၏ (၂ကော၊၃:၆)။ သန့်ရှင်းသောဝိညာဉ်တော် သည် လူတစ်ဦး၌ အသစ်သောအသက်ကို အစပြုလိုက်သောအခါ ထိုယုံကြည်သူ အထဲ၌ ဝိညာဉ်ရေးရာအသက်တာ ထင်ရှားလာ၏ (ရော၊၅:၅)။ ယုံကြည်သူအထဲ၌ သန့်ရှင်းသောဝိညာဉ်တော် ကျိန်းဝပ်လာသောအခါ ထိုသူသည် စတင်ကြီးထွား လာ၏။ ဝိညာဉ်ရေးရာ အသက်တာ၏ပန်းတိုင်မှာ ရပ်တည်ရှင်သန်နေခြင်း သက်သက်မဟုတ်ဘဲ သွေးသားခန္ဓာကိုယ်ကြီးထွားလာ သကဲ့သို့ ရင့်ကျက်ခြင်းသို့ ကြီးထွားဖို့ရန်ဖြစ်သည်။
ဤအကြောင်းအရာကို ယုံကြည်သူများ နားလည်သောအခါ သူတို့၏ ဝိညာဉ်ရေးရာနှင့်စပ်လျဉ်း၍ စိုးရိမ်ခြင်းများ ပျောက်ကွယ်သွားနိုင်သည်။ ယုံကြည် သူများအထဲ၌ သန့်ရှင်းသောဝိညာဉ်တော်ရှိနေခြင်းသည် သူတို့၏အသက် တာအား ရင့်ကျက်စေခြင်းငှာ ဝိညာဉ်ရေးရာတန်ခိုး ယူဆောင်ပေးခြင်းကို စိတ်ချမှု ရှိစေသည်။ သူတို့သည် ကြီးထွားနိုင်မည်လော သို့မဟုတ် ကျရှုံးရမည်လောဟူ၍ စိုးရိမ်နေမည့်အစား သူတို့အား ကြီးထွားစေမည့် ဘုရားသခင်၏ရည်ရွယ်ချက် အပေါ်၌ မွေ့လျော်နိုင်၍ ကိုယ်တော်၏ပန်းတိုင်များ ပြီးပြည့်စုံစေမည့်လမ်းစဉ် များကို ရှာဖွေလာကြ၏။
ယုံကြည်ခြင်းသည် စိုးရိမ်ခြင်းကိုအစားထိုး၏။ မျော်လင့်စောင့်ဆိုင်းလျက် တောင်းရမ်း နေသူများသည် ဦးတည်ရာကင်းမဲ့နေကြ၏။ ကျွန်ုပ်တို့သည် ကယ်တင်ခြင်းရရှိ၍ မိမိတို့အသက်တာ၌ ကိုယ်တော်အစပြုသည့် အလုပ်အပေါ်၌ အာရုံစိုက်လာသောအခါ စိတ်အားထက်သန်မှု အစပြုလာ၏။ ၎င်းသည် မိမိတို့၏ယုံကြည်ခြင်း အစပြုသည့်နေရာ အားသစ်လောင်းခြင်း စတင်ခြင်း၌ဖြစ်၏။ ၎င်းသည် ယုံကြည်သူတစ်ဦးချင်းအတွက်သာမကဘဲ ဘုရားသခင်၏လူတို့အား လေ့ကျင့်ပေးနေသောသူများအတွက်ပါ အကျိုးဝင်၏။ ဓမ္မဆရာများသည်လည်း ဘုရားသခင်၏အဩဖွယ်တန်ခိုးကို မှန်ကန်ကြောင်းဝန်ခံ၍ ယုံကြည်သူများအထဲ၌ ထိုဘုရားသခင်၏အဩဖွယ် လုပ်ဆောင်ချက်ကို ရှာဖွေတတ်ကြရမည်။
ဘုရားသခင်သည် အစပြုခဲ့သောအရာကို ဆက်လက်လုပ်ဆောင်သွားပါ လိမ့်မည်။ ကိုယ်တော်သည် ကျွန်ုပ်တို့အား အသစ်သောအသက်ကို ပေးအပ်ခဲ့ပါက ဤမြေကြီးပေါ်၌ မိမိတို့အသက်ရှင်သန်နေချိန်၌ပင် ထိုအသက်ကို ကြီးထွား ရင့်ကျက်စေရန်ဖြစ်ပါသည်။ “သင်တို့၌ ကောင်းသောအမှုကို အစပြုခဲ့သော အရှင်သည် ခရစ်တော်ယေရှု၏နေ့ရက်တိုင်အောင် ထိုအမှုကို ပြီးမြောက်စေတော် မူလိမ့်မည်ဟု ငါယုံကြည်စိတ်ချ၏ (ဖိ၊၁:၆)။
ဝိညာဉ်ရေးရာအသက်တာ၌ ထိုးထွင်းသိမြင်မှုများ
ကျွန်ုပ်တို့သည် ရိုးရှင်းသောချဉ်းကပ်မှုရှိရမည်။ သို့သော် တန်ခိုးရှိသော အဆုံးသတ်ခြင်းသည် ၎င်းထဲမှဖြစ်ရမည်။ ယုံကြည်သူများသည် ဝိညာဉ်ရေးရာကြီး ထွားခြင်း၌ အဘယ့်ကြောင့် မကြာခဏ နှောင့်နှေးကြသနည်းဟူ၍ တချို့က အံ့အား သင့်ကြ၏။ ဝိညာဉ်ရေးရာကြီးထွားခြင်း ပြဿနာသည် ထုံးစံအတိုင်း ၎င်း၏အရည် အချင်းကြောင့် မဟုတ်ပေ။ ခန္ဓာကိုယ်နှင့်ဆိုင်သောအသက်ကဲ့သို့ပင် မိမိတို့၏ ဝိညာဉ်ရေးရာ အသက်သည် ရှင်သန်နေသလော သို့မဟုတ် သေလျက်နေ သလောဟူ၍ ဖြစ်ပါသည်။ လူတစ်ဦး၏ ကျန်းမာရေးပြဿနာသည် သူ့ကို အချိန်မရွေးဒုက္ခပေးနိုင်လျက်ပင် “ငါကောင်းကောင်း အသက်ရှင်နိုင်သည်”ဟု မည်သည့်အခါမျှ ပြောဆိုမည်မဟုတ်ပေ။ လူတစ်ဦးသည် ဒုတိယမွေးဖွားခြင်းခံရ သောအခါ သူ၏ဝိညာဉ်ရေးရာ အသက်သည် ထင်ရှား၍ စွမ်းရည်နှင့်ပြည့်ဝလာကာ ကြီးထွားဖို့ရန် ပြင်ဆင်မှု ရှိလာ၏။
ဝိညာဉ်ရေးရာအသက်သည် အားလုံးအတွက် အတူတူဖြစ်ပါသည်။ ကျွန်ုပ်တို့သေချာပြုရန် လိုအပ်သောအရာကား အသက်ဟူသည် ထင်ရှားပေါ်လွင် သဖြင့် ထိုအသက်က ၎င်း၏ကြီးထွားခြင်း အပြည့်အဝကို အဆင့်ဆင့်ရှာဖွေ နေကြောင်း ယုံကြည်စိတ်ချရမည်ဖြစ်သည်။ အခြားသောဝိညာဉ်ရေးရာ အသက်၏ အရည်အချင်း သို့မဟုတ် အဆင့်ဟူ၍မရှိပေ။ သင်အုပ်သည် ကျွန်ုပ်တို့ထက် ပင်ကိုယ်ဝိညာဉ်ရေးရာ အရည်အချင်း ပိုကောင်းသည်ဟု နိဂိုးမချုပ်သင့်ပါ။
ခရစ်ယာန်များသည် အမျိုးမျိုးသောခြေလှမ်း၌ ကြီးထွားနိုင်သော်လည်း ၎င်းသည် အသက်၏တန်ခိုး သို့မဟုတ် ရင်းမြစ်ကြောင့်မဟုတ်ပေ။ အခြားသော အကြောင်းရင်းများစွာ ရှိပါသည်။
သင်ခန်းစာ
- ယုံကြည်သူများသည် သူတို့ဘာသူတို့ ကြီးထွားဖို့ရန် ပြုလုပ်စရာမလို အပ်ပေ။ အကြောင်းမှာ ထိုသို့ပြုခြင်းသည် ဓမ္မာတာအတိုင်းမဟုတ် သောကြောင့်ဖြစ်သည်။ ဝိညာဉ်ရေးရာအသက်သည် ပင်ကိုအားဖြင့် စစ်မှန်သောယုံကြည်သူတိုင်း၏အသက်တာများ၌ ကြီးထွားဖွံဖြိုးရန် ရှာဖွေ ခြင်းဖြစ်သည်။
- ဘုရားသခင်၏အသက်နှင့်ဆိုင်သော အဆင့်အတန်း သို့မဟုတ် အရည် အချင်းသည် အမျိုးမျိုးမရှိပေ။ ဘုရားသခင်သည် ယုံကြည်သူ တစ်ဦးချင်းစီ၌ ညီတူညီမျှ အသက်ရှင်လှုပ်ရှားတော်မူ၏။
- ကျွန်ုပ်တို့၏ခန္ဓာကိုယ်နှင့်ဝိညာဉ်ရေးရာ အသက်ရှင်ခြင်းမှတဆင့် ဘုရား သခင်၏အလိုတော်အတိုင်း အသက်ရှင်ကြီးထွား၍ လုပ်ဆောင်ရန် ကိုယ်တော်အပေါ်၌ မိမိတို့၏ချီးမွမ်းဂုဏ်ပြုခြင်း စိတ်နှလုံး ဖော်ပြမှု အားဖြင့်သာလျှင် အားသစ်လောင်းခြင်းကို အစပြုပါသည်။
ကျက်မှတ် ဆင်ခြင်ပါ
- ဖိ၊၁:၆
- ၂ ကော၊ ၃:၆
တာဝန်ပေးအပ်ခြင်း
- စစ်မှန်သောယုံကြည်သူများသာလျှင် ဒုတိယမွေးဖွားခြင်းခံရသူများ ဖြစ်သည်။ သင်သည် ကားတိုင်ပေါ်၌ အသေခံတော်မူခဲ့သော ယေရှု ခရစ်တော်အားဖြင့် အပြစ်၏ခွင့်လွှတ်ခြင်းကို ဘုရားသခင်ထံ၌ရရှိ၍ ဒုတိယမွေးဖွားခြင်းခံရကြောင်း ယုံကြည်စိတ်ချရပါသလား။ ရှင်းပြပါ။
- သင်ယုံကြည်သူဖြစ်လာသောနေ့ရက်၊ သင်၌ ဝိညာဉ်ရေးရာအစပြုလာ သည့်အချိန် စသည်တို့ကို သင်သတိပြုသလောက် ရေးဆွဲပါ။ ထို့နောက် ယာဘက်ကို ဦးတည်သောမြှားပုံကိုလည်း ရေးဆွဲရမည်။ ဤမြှားသည် သင့်အသက်တာ၌ ဘုရားသခင်ပို့ဆောင်ရန် ကြံစည်ထားသည့် ကြီးထွားခြင်းဆိုင်ရာ ကိုယ်တော်၏အထူးသရုပ်ဖော်ခြင်းဖြစ်၏။

- ဖတ်ရှုရန် ဧဖက်၁:၁၃-၁၄။ သန့်ရှင်းဝိညာဉ်တော်သည် စစ်မှန်သော ယုံကြည်သူတိုင်း၌ မည်ကဲ့သို့ ကျိန်းဝပ်သည်ကိုဂရုပြုပါ။ သင့်အထဲ၌ ဘုရားသခင်၏လုပ်ဆောင်ချက်အတွက် ကိုယ်တော့်ကို ချီးမွမ်းပါ။
© Paul J. Bucknell · Burmese translation: ဓမ္မဆရာတော် ဦးဘီထန်း (Bee Htan) · Biblical Foundations for Freedom