
အသက်၏အနှစ်သာရ — The Life Core
အခန်း ၄ — အသက်၏ဂုဏ်အသရေရှိသော ဖော်ပြမှု
အသက်သည် အံ့ဩဖွယ်ကောင်းသည့် လျှို့ဝှက်ဆန်းကြယ်သောအရာ ဖြစ်၍ ကမ္ဘာ့အကြီးဆုံး လျှို့ဝှက်ချက်ဖြစ်၏။ သွေးသားဇာတိနှင့်ဆိုင်သော အသက် အကြောင်းကို ကျွန်ုပ်တို့အားလုံးသိကြသော်လည်း လေ့လာစူးစမ်းခြင်းအားဖြင့်သာ အဓိပ္ပာယ်ဖွင့်နိုင်၏။ အသက်သည် လှုပ်ရှားလျက်၊ အသက်ရှုလျက်၊ မျိုးပွားလျက်၊ ကြီးထွားလျက်ရှိ၏။ ကျွန်ုပ်တို့လူသားတို့၏ဒီအေအေန်နှင့်ပတ်သက်၍ လူတို့၏ လေ့လာ ဖော်ထုတ်နိုင်မှုကို ဂုဏ်ယူဝင့်ကြွားကြသော်လည်း အသက်၏သဘော သဘာဝအကြောင်းကို ရှင်းပြဖို့ ဖြစ်လာသောအခါ မရေရာမသေချာ အမှောင် နက်ထဲမှာဘဲ ရှိလျက်နေပြန်၏။
ဝိညာဉ်ရေးရာအကြောင်းသည် ခရစ်ယာန်များ မကြာခဏ ပြောဆိုသည့် အကြောင်းအရာ ဖြစ်သော်လည်း အမှန်တကယ်ဖြစ်နေသည်မှာ မသိရှိခြင်းကြောင့် အသက်ရှူမဝခြင်းသာ အဖတ်တင်၏။ ကျွန်ုပ်တို့သည် ကံအားလျော်စွာ သမ္မာ ကျမ်းစာဆိုင်ရာ သတိပေးချက်များကိုရရှိထား၍ ထိုကျမ်းစာက မိမိတို့၏အသက် တာများကို အစွမ်းထက်စေရန် ၎င်းကို ဖွင့်ထားဖို့လိုအပ်ပါသည်။
အသက်၏အသွင်တူသည့် အချက်များ
ကျမ်းစာကို ရေးသားသူများနှင့်ယောဟန်သည် အထူးသဖြင့် အလင်း၊ ချစ်ခြင်းမေတ္တာနှင့် အသက်ဟူသော အရာသုံးခုတို့၏ကိုယ်စားပြုခြင်းအားဖြင့် အလွန်အံ့အားသင့်ကြ၏။ ဘုရားသခင်က ကျွန်ုပ်တို့ထံသို့ ဆက်သွယ်မှုပြုလိုသော ဝိညာဉ်ရေးရာသမ္မာတရားသည် ဤကမ္ဘာကို ဖန်ဆင်းခြင်း၌ အသွင်တူသည့် အချက်များပါရှိ၏။
ဤအရာသုံးမျိုးတွင် အသက်သည် အခြေခံအကျဆုံးဖြစ်၏။ ယောဟန်က “နှုတ်ကပတ်တော်၌ အသက်ရှိ၍ ထိုအသက်သည် လူတို့၏အလင်းဖြစ်၏”(ယော၊၁:၄)။ မှန်ပါသည်။ ယောဟန်ပြောဆိုနေသော အကြောင်းမှာ ယေရှုအ ကြောင်းအရာဖြစ်၏။ ယေရှု၌ အသက်ရှိ၍ ထိုအသက်သည် လူသားများကို အသိအမြင်နှင့် နားလည်လွယ်ခြင်းတို့ကို ယူဆောင်ပေး၏။
ဤအခြေခံဖြစ်သော အသက်၏အယူအဆသည် တပည့်တော်ဖြစ်ခြင်း ဆိုင်ရာ အသိအမြင်ကောင်း တစ်ခုရရှိဖို့ အရေးကြီးသောအရာဖြစပါသည်။ ကျွန်ုပ် တို့သည် အသက်၏အယူအဆကို ပို၍ဆုပ်ကိုင် ထားလေလေ အခြားသမ္မာတရား များ၏အဓိပ္ပာယ်ကို ပို၍လွယ်ကူစွာ ဆုပ်ကိုင်ထားနိုင်လေလေဖြစ်၏။ အသက် သည် အခြားသောသမ္မာတရားများ ချိတ်ဆွဲရန်ဘောင်ဖြစ်၏။
အသစ်သောအသက်သည် ဝိညာဉ်ရေးရာနှင့်ဆိုင်သော အသက်၏အစပြု ခြင်းကိုဖော်ပြသည်။ ကျွန်ုပ်တို့သည် ကယ်တင်ခြင်းကို ရှာဖွေလျက်နေသည် ဟုဆိုရာတွင် ဘုရားသခင်၏တရားစီရင်ခြင်းမှ လွတ်မြောက်ရန် ထာဝရအသက်ကို ရှာဖွေနေခြင်းသာဖြစ်သည်။ ကယ်တင်ခြင်း၏ပါဝင်ပတ်သက်နေခြင်းကို ကျွန်ုပ်တို့ အမှန်မသိရှိခဲ့ကြပေ။ ထိုအကြောင်းကို တကယ်စဉ်းစားခဲ့လျှင် အသက်ဟူသည် အစပြုခြင်း ရှိကြောင်း ကျွန်ုပ်တို့သိလာလိမ့်မည်။ ထိုအသက်ကိုထောက်၍ ဒုတိယမွေးဖွေးခြင်း လိုအပ်ကြောင်း မကြာခဏ သင်ပေးခဲ့ကြသော်လည်း ထိုအသက်သည် မည်ကဲ့သို့ရင့်ကျက်သည်ကိုမူ ကြုံတောင့်ကြုံခဲသာ သင်ပေး ကြရ၏။
အသက်သည် အခြားသောတရားမှန်သမျှ ချိတ်ဆွဲနိုင်သည့်ဘောင်ဖြစ်၏။
ဓမ္မပညာ စာသင်ခန်းများ၌ သန့်ရှင်းခြင်းနှင့်သန့်ရှင်းစင်ကြယ်ခြင်း အကြောင်းကို အရေးတကြီး သင်ကြားကြသော်လည်း ဝိညာဉ်ရေးရာ၌ လက်တွေ့ အသက်ရှင်ခြင်းထက် စကားလုံး အသုံးအနှုန်း၏ ဆိုလိုရင်း၌ ပို၍အားသန်ကြ၏။ များစွာသောသူတို့သည် သန့်ရှင်းစင်ကြယ်ခြင်းအကြောင်းကို ရှင်းပြနိုင်ကြသော် လည်း အနည်းငယ်ကသာ ဝိညာဉ်ရေးရာနှင့်ဆိုင်သောအသက်ကို မည်ကဲ့သို့ရရှိ နိုင်ကြောင်း ရှင်းပြနိုင်ကြ၏။
ကျွန်ုပ်တို့နှင့်ဘုရားသခင် ဆက်နွယ်ခြင်း၌ ကြီးထွားဖို့ရန် မသိရှိခြင်းနှင့် မတတ်နိုင်ခြင်းတို့သည် အခက်ခဲတစ်ခုတည်းသာဖြစ်၏။ ထိုသို့ဖြစ်ရခြင်းသည် လည်း တကယ်မသိရှိ၍ ဖြစ်နိုင်သလို မှန်ကန်စွာ သင်ပေးခြင်းမရှိသောကြောင့် လည်းဖြစ်နိုင်၏။ ကျွန်ုပ်တို့မသိသောအရာကို အခြားသောသူများလည်း မသင် ပေးနိုင်ပါ။
အမြင်အာရုံမှ ဖုံးကွယ်ခြင်း
အသင်းတော်ခေါင်းဆောင်များသည် သမ္မာတရား၏တန်ဖိုးရှိခြင်းကို မသိမြင်ဘဲလျက် ဓမ္မပညာကို ဆည်းပူးသောကျမ်းတတ်ပုဂ္ဂိုယ်များသာ နားလည် မည်ဟု တင်းတိမ်ရောင့်ရဲ၍ နေတတ်ကြ၏။ ၎င်းသည် ကျွန်ုပ်တို့နေ့စဉ် အသက်တာ၌ ယေရှုခရစ်တော်ကြုံတွေ့စေလိုသော သမ္မာတရားနှင့် ဆန့်ကျင်၏။
ဤအလွန်အရေးပါသော သမ္မာတရားသည် သီအိုလိုဂျီစာအုပ်များကို နှစ်သက်သောသူများမှတစ်ပါး သင်ယူ၍မရတော့သည့်အနေအထားသို့ ရောက်ရှိ လာသည်။ စိတ်ဝင်စားဖွယ်ကောင်းသည်မှာ ဤသမ္မာတရား သင်ကြားခြင်းနှင့် ပတ်သက်၍ ကျမ်းတတ်ပုဂ္ဂိုဟ်များက အေးတိအေးစက်အရှိဆုံးနှင့် အတိုက်အခံ ပြုသောသူများဖြစ်လာကြသည်။ ထိုသူတို့သည် အမြင်အာရုံ ဖုံးကွယ်ခြင်းခံနေ ရသူများ ဖြစ်နိုင်ပါသည်။
တချို့ကိစ္စများ၌ ဘုရားသခင်၏လူတို့သည် သူတို့ဝတ်ပြုကိုးကွယ်သည့် နေရာ၌ မှီခိုအားထားမှုပြု၍ မိမိတို့၏ခုံများကို မှီညားလျက်ထိုင်ကြ၏။ ထိုသူတို့ သည် ဘုရားသခင်ကို သိရှိလိုကြသော်လည်း များစွာသောသူတို့သည် ဘုရား သခင်နှင့် အထူးဆက်နွယ်ခြင်း၌ မည်ကဲ့သို့ လက်တွေ့ကြီးထွားလာမည်ကို မသိရှိဘဲ ကျန်ရစ်နေတတ်ကြ၏။ ထိုသို့သောသူတို့အဖို့ တန်ဖိုးကြီးမြတ်လှသော သမ္မာတရားသည် လက်လှမ်းမမှီဘဲနေကြ၏။
ကံအားလျော်စွာ ထိုသူတို့၌ ဝိညာဉ်ရေးရာကြီးထွားခြင်းကို ဦးတည်စေ သောလှုပ်ရှားမှုများ အနည်းငယ်ရှိ၏။ ထိုလှုပ်ရှားမှုကား ‘Keswick လှုပ်ရှားမှု’ဖြစ်၍ အလွန်ကန့်သတ်ထားသော လှုပ်ရှားမှုဖြစ်ပါသည်။ ဘုရားသခင်သည် မိမိ၏သမ္မာ တရားဘက်သို့ လူတို့၏စိတ်နှလုံးကို ဖွင်းဟလျက် အရှိန်တန်ခိုးကြီးသော နိုးထမှုရှိစေသည့်အကြောင်းကိုလည်း ကျွန်ုပ်တို့စဉ်းစားမိနိုင်သည်။ ကျွန်ုတော် အံ့အားသင့်သည်မှာ သင်ကြားပို့ချမှုနှင့် နှိုင်းယှဉ်လျက် အတွေ့အကြံအပေါ်၌ အလွန်အကျွံ အထူးပြုခြင်း ရှိသော်လည်း တနည်းဆိုလျှင် ဘုရားသခင်၏ မျက်မှောက်တော်သို့ ချဉ်းကပ်၍ သင်ယူဖို့မလိုအပ် ကြသော်လည်း ကိုယ်တော် သည် ၎င်းအရပ်၌ မိမိ၏ဘုန်းတန်ခိုးနှင့် ရှိတော်မူ၏။ ၎င်းကို သူတို့လည်း အလွယ်တကူ သိမြင်နားလည်နိုင်ကြ၏။
ဆုကျေးဇူးများနှင့်အနာငြိမ်းခြင်းအကြောင်းကို များစွာဆွေးနွေးခြင်းရှိ၏။ ၎င်းတို့သည် ဘုရားသခင်၏ အသင်းတော်အဖို့ အရေးပါသောအရာများဖြစ်သည်။ ဝိညာဉ်ရေးရာကြီးထွားခြင်းသည် ယုံကြည်ခြင်းအားဖြင့် အံ့ဩဖွယ်ရာများမှလာ သော်လည်း ဘုရားသခင်၏လူနည်းစုများသာ ထိုဝိညာဉ်ရေးရာ ကြီးထွားခြင်း ဘက်သို့ ပို့ဆောင်ပေးသည့် အခြေခံကျသောယုံကြည်ခြင်းကို ထူထောင်ကြသည်။ သို့သော် ၎င်းတို့သည် ကိုယ်တော်၏လူအများစုအတွက် ဘုရားသခင်အသုံးပြုသည့် ပုံစံမဟုတ်ပေ။ ၎င်းတို့သည် ကျွန်ုပ်တို့အထဲ၌ ခရစ်တော်၏အလုပ်ကို အတည်ပြု စေခြင်းဖြစ်ပါသည်။
ဘုရားသခင်၌ အံ့ဩဖွယ်ရာများအတွက် ပို၍ကြီးမြတ်သော ပန်းတိုင်များ ရှိ၏။ အံ့ဩဖွယ်ရာတို့သည် အစပြုခြင်းသာဖြစ်၏။ ဥပမာ တစ်စုံတစ်ယောက်သည် ခါးနာခြင်းဝေဒနာမှ ကျန်းမာ၍ ခရစ်တော်ကို တွေ့မြင်နိုင်၏။ သို့သော် ထိုသူသည် သန့်ရှင်းသောဝိညာဉ်တော်၏တန်ခိုးအားဖြင့် မိမိ၏အမျက်ဒေါသကို ထိန်းချုပ် နိုင်ဖို့လိုအပ်သေး၏။ ကျန်းမာခြင်းသည် မိမိ၏စိတ်နှလုံးတံခါးကို ဖွင့်ဟစေသော် လည်း အမျက်ထွက်ရာ၌ မိမိ၏လျှာကို ထိန်းချုပ်နိုင်သောစွမ်းရည်နှင့် မတူပေ (ဧ၊၄:၁၆-၂၉)။ အကယ်၍ ထိုသူသည် ဝိညာဉ်တော်က သူ့အား မည်ကဲ့သို့ကူညီ မစနိုင်သည်ကို မသင်ယူတတ်ပါက မိမိမယားအပေါ် ဆူပူမှုပြု၍ အသင်းတော်၌ပင် စိုးမိုးလိုစိတ်ရှိလာနိုင်သည်။
ဝိညာဉ်ရေးရာ စည်းကမ်းဥပဒေများ

ခရစ်ယာန်ဖွံ့ဖြိုးမှုအဖွဲ့သည် ခရစ်ယာန်ကြီးထွားမှုနှင့်တကွ ခရစ်ယာန် စည်းကမ်းဥပဒေများကို အလေးထားလာသောအခါ ပိုမိုကောင်းမွန်စွာလုပ် ဆောင်နိုင်၏။ သို့သော် တခါတရံ နည်းပညာပိုင်း၌ အာရုံစိုက်မှုများသောကြောင့် အရေးပါသည့်အရာဖြစ်လင့်ကစား ကျွန်ုပ်တို့၏နောက်ဆုံးရည်ရွယ်ချက်ကို လွဲစေ နိုင်ပါသည်။ သင်သည် ကျမ်းစာဖတ်၍ ဆုတောင်းပြီးသော်လည်း သင့်အသက်တာ၌ မည်သည့်အားသစ်လောင်းခြင်းမျှ မသယ်ပိုးပေးသည့်အခါ သင့်ကိုယ်ကို ဂုဏ်ယူဖူး ပါသလား။ ဤသို့သော အမှုတွင် တကယ်အစားထိုးကာ တကယ့်လိုအပ်ချက် အားသစ်လောင်းခံရမည်ဖြစ်သည်။
ယုံကြည်သူများအား ကြီးထွားရန် အားပေးခြင်းသည် သူတို့၏ခရီးပန်းတိုင် ရောက်ရှိဖို့ ပြောပြခြင်းဖြစ်သည်။ အစပိုင်း၌ သူတို့သည် ကားထဲဝင်ဖို့ အလွန်စိတ်လှုပ်ရှား ကြသော်လည်း တဖြည်းဖြည်း မောင်းရင်း မောင်းရင်း သူတို့၏ပန်းတိုင်ကို မရောက်ရှိဘဲ နေကြ၏။ ထိုအခါ သူတို့၏ဦးတည်ချက် လမ်းစပျောက်၍ “ဤအရာကို ဘာ့ကြောင့် ငါပြုရသနည်း”ဟု မေးလာကြ၏။
ခရစ်ယာန်သင်တန်းနှင့်ဓမ္မပညာနှစ်ခုစလုံးသည် ယုံကြည်သူများ၏ လျှောက်လှမ်းရာအရပ်နှင့်ရောက်ရှိရာအရပ်တို့ကို ဖော်ထုတ်ခြင်း၌ လွန်စွာမှ အားနည်း၏။ သခင်ဘုရားသည် ဤအခြေခံကျသော သမ္မာတရားများကို အလွန်ရိုး ရှင်းစွာပြု၍ ဆက်သွယ်နိုင်သော တရားဖြစ်စေပါသည်။ အသင်းတော်သည် ထိုသမ္မာတရားများကို လက်ဆင့်ကမ်းရာတွင် ဘာ့ကြောင့် ထိရောက်မှုသိပ် မရှိသနည်း။ အသင်းတော်သည် ဘုရားသခင်၏နှုတ်ကပတ်တော်ကို အလွယ်တကူ ဖတ်ရှူလေ့လာနိုင်သော်လည်း မလိုလားအပ်သောအရာနှင့်ရည်ရွယ်ချက်မဲ့သော အရာများကိုသာ ရေးသားလျက်နေ၏။
ယခုအချိန်သည် သင်ယူခြင်းသာမကဘဲ ကြွယ်ဝသောအသက်တာ ပိုင်ဆိုင်ဖို့ရန် အလွန်အရေးပါသည့်အကြောင်းကို လက်ဆင့်ကမ်းမည့် အချိန်ဖြစ်ပါ သည်။ ယေရှုက “ငါမူကား သိုးတို့အား အသက်ကို ရရှိစေရန်သာမက ထိုအသက်ကို ကြွယ်ဝပြည့်စုံစွာ ရရှိစေရန်လာ၏”(ယော၊၁၀:၁၀)။ ပေတရုက “ငါတို့သည် အပြစ်အရာ၌ သေဆုံး၍ ဖြောင့်မတ်ခြင်းအရာ၌ အသက်ရှင် မည့်အကြောင်း ကိုယ်တော်သည် သစ်တိုင်ပေါ်မှာ ငါတို့အပြစ်များကို မိမိ၏ကိုယ်ခန္ဓာ၌ ကိုယ်တော် ကိုယ်တိုင်ဆောင်ယူတော်မူ၏။ သင်တို့သည် ကိုယ်တော်၏ ဒဏ်ချက်တော်အားဖြင့် အနာရောဂါပျောက်ကင်းခြင်းအခွင့်ကိုရရှိကြ၏(၁ပေ၊၂:၂၄)။
သင်ခန်းစာ
- ဘုရားသခင်သည် ထိုသမ္မာတရားများကို ကျွန်ုပ်တို့အား နားလည်စေလို၍ ၎င်းတို့ကို မိမိ၏ ဖန်ဆင်းခြင်းထဲသို့ ရုပ်လုံးဖော်စေတော်မူ၏။
- ကျမ်းစာကိုရေးသားသူများနှင့်ယေရှုသည် ကျွန်ုပ်တို့အသက်တာအတွက် အရေးပါသော သမ္မာတရားများကို ဆုပ်ကိုင်စေ၍ နားလည်စေရန် ‘အသက်’ဟူသော အသုံးအနှုန်းကိုပါ အသွင်တူသည့် အချက်ဖြင့် အသုံးပြုခဲ့သည်။
- အသင်းတော်တစ်ခုလုံးသည် မည်သည့်အခါမျှ အသက်နှင့်ဆိုင်သော ဤအယူအဆနှင့် ရည်ရွယ်ချက်တို့ကို အမှန်တကယ် ဆုပ်ကိုင်ထားခြင်း မရှိခဲ့ပေ။
- ခရစ်ယာန်ဓမ္မပညာအဖွဲ့အစည်းတို့သည် မိမိတို့၏ကျောင်းသားများကို အရေးပါသော သမ္မာတရားများနှင့် ဝေးကွာစေ၍ ထိုကျောင်းသားတို့၏ အသက်တာများသာမကဘဲ အသင်းတော်များစွာတို့ကိုပါ တုံ့ဆိုင်း ရပ်တန့်စေကြ၏။
ကျက်မှတ် ဆင်ခြင်ပါ
- ယောဟန် ၁:၄
- ယောဟန် ၁၀:၁၀
တာဝန်ပေးအပ်ခြင်း
- သင့်ဝိညာဉ်ရေးရာအသက်တာနှင့် တစ်စုံတစ်ဦး၏ဝိညာဉ်ရေးရာ မည်ကဲ့ သို့ ကြီးထွားနေသည်ကို ဖော်ပြဖို့ရန် သင်အကောင်းဆုံးလုပ်ဆောင်ပါ။
- ခရစ်ယာန်အသက်တာ၏ပန်းတိုင်ကား အဘယ်နည်း။ အတိအကျဖြစ် စေပါ။
- ကြွယ်ဝသောခရစ်ယာန်အသက်ရှင်ခြင်းကို တွေ့ရှိထားသူများ သင်တွေ့ဖူး ပါသလား။ သင်၏ ဖြေကြားချက်ကိုရှင်းပြပါ။
- ဝိညာဉ်ရေးရာ အသက်တာ၏ကြီးထွားမှုနှင့် ၎င်း၏ပြည့်ဝမှုတို့အပေါ် မရှင်းလင်းသော သင်ကြားခြင်းကြောင့် မည်သည့်ပြဿနာများသည် အမြဲတစေရှိနေတတ်သနည်း။ အကြောင်းရင်းကို ရှင်းပြပါ။
© Paul J. Bucknell · Burmese translation: ဓမ္မဆရာတော် ဦးဘီထန်း (Bee Htan) · Biblical Foundations for Freedom