အသက်၏အနှစ်သာရ — The Life Core. ခရစ်ယာန် အသက်တာ၏ အခြေခံအမှန်တရားများ. Burmese edition banner with a growing seedling at sunrise over mountains.

အသက်၏အနှစ်သာရ — The Life Core

အခန်း ၃ — အပြောင်းအလဲရှိရမည်

အပြောင်းအလဲသည် သက်သောင့်သက်သာမရှိသောကြောင့် ၎င်းကို ခုခံရန် ကျွန်ုပ်တို့ကြိုးစားတတ် ကြ၏။ ကျမ်းစာကိုသင်ပေးသောဆရာတစ်ဦးက "သူတို့ကျောင်း၌ ဆရာသမားအားလုံး ကွန်ပြူတာအသုံးပြုရန် ဖိအားပေးခံ ရသည်"ဟု ငါ့ကို ညည်းညူပြီး ပြောဖူးသည်။ တကယ်တော့ အပြောင်းအလဲသည် သာမညပါ။ ယနေ့ အသင်းတော်ရင်ဆိုင်နေရသော စိန်ခေါ်မှုများနှင့် နှိုင်းယှဉ် ကြည့်ပါ။ အသင်းတော်သည် ရှင်သန်နိုင်ရေး အတွက် ဟန်ချက်နှစ်ခုကြား၌ရှိ၏။

၎င်းမှာ ကြီးထွားခြင်းလော သို့မဟုတ် ရပ်တန့်နေခြင်းလော။ အောင်မြင် ခြင်းလော သို့မဟုတ် ကျရှုံးခြင်းလော။ ဤအရာတို့သည် ကျွန်ုပ်တို့ရွေးချယ် ခြင်းနှင့်ဆိုင်သောအရာများဖြစ်၏။ ကျွန်ုပ်တို့ပတ်လည်၌ရှိသော အသင်းတော် အပေါင်းတို့သည် ညှိုးနွမ်းလျက်နေကြ၏။ တစ်ချိန်က လီဗရာဩဝါဒကို ခံယူခဲ့ သောအသင်းတော်များသည် သေအံ့ဆဲဆဲဖြစ်နေပြီ။ ယနေ့ ဧဝံဂေလိအသင်း တော်များပင်လျှင် ထိုသို့ဖြစ်လျက်နေပြီ။ မည်ကဲ့သို့ ထိုသို့ဖြစ်နိင်သနည်း။ လောကလူသားတို့သည် မှားယွင်းစွာ ကောက်ချက်ချလျက် သတင်းစကား မညီညွတ်၍ ထိရောက်စွာမစွမ်းဆောင်နိုင်သောကြောင့် ဖြစ်သည်ဟုဆိုကြ၏။ သူတို့ကို ကျွန်ုပ်တို့အပြစ်ဖို့နိုင်သလော။ အသင်းတော်သည် ယေရှု၌ရှိသော ယုံကြည်ခြင်းကို တစ်ကြိမ်စွန့်လွှတ်ပြီဆိုလျှင် ဆက်စပ်မှုမရှိတော့ပေ။ တန်ခိုး လည်း ပျောက်ကွယ်သွား၏။

သတင်းကွန်ရက်သည် ကျွန်ုပ်တို့မျက်လုံးနှင့်စိတ်နှလုံး စူးရှသည်အထိ မိမိတို့ထံ အချက်အလက်ပေါင်းစုံ အလျင်အမြင်ရောက်ရှိလာ၏။ ဘုရားသခင် သည် မိမိ၏သမ္မာတရား ဖြန့်ဝေခြင်းကို အရှိန်မြှင့်ဖို့ရန် ဤအသိတရား၏ ရေစီးကြောင်းကို ဖွင့်ထားမည်လော။ သေချာပေါက် ဖွင့်ထားမှာပါ။ သို့ရာတွင် တချိန်တည်းမှာပင် ရန်သူသည် ဤကိရိယာများကို မိမိ၏ဆိုညစ်သော အကြံ အစည်များအတွက် အသုံးပြုလာမည်ဖြစ်သည်။

ကျွန်ုပ်တို့သည် စီးနင်းခံရသည်ဟု မထင်သင့်ပေ။ ရန်သူသည် ကျွန်ုပ် တို့ကို တိုက်ခိုက်ရန်အတွက် မည်သည့်လက်နက်ကို ရွေးချယ်စေကာမူ ပြဿနာ မဟုတ်ပေ။ ဘုရားသခင်သည် ထိုရန်သူကို တိုက်ခိုက်ရန် မိမိတို့အားကူညီ မည်ဖြစ်သည်။ ဝင်လုတတ်သောစာတန်သည် ဘုရားသခင်၏လူတို့ကို အပြောင်း အလဲပြုနိုင်သော်လည်း သူ၏နည်းဗျူဟာသည် ပြောင်းလဲခြင်းမရှိပေ။ ဘုရား သခင်၏အစွမ်းသတ္တိသည် မိမိ၏လူများအား ခိုင်ခံ့စွာရပ်တည်နေနိုင်ရန် ကူညီပါ လိမ့်မည်။

ဘုရားသခင်၏လျှို့ဝှက် ပါဝင်ခြင်း

ကနဦးအသင်းတော်သည် ပုရွက်ဆိတ်များနှင့်ခြတောင်ပို့များကဲ့သို့ နှိမ်နင်းခြင်းခံလျက် နေရာအနှံ့ ဟိုတစ်စုသည်တစ်စု ကွဲလွင့်ကြသော်လည်း ဘုရားသခင်သည် သူတို့ကိုစွန့်ပစ်မထားဘဲ တစ်ဦးချင်းစီ နှင့်အတူ ရှိတော်မူ၏။ “သတေဖန်နှင့်ဆက်စပ်၍ ဖြစ်ပေါ်လာသည့် နှိပ်စက်ခြင်းကြောင့် ကွဲလွင့်သွား ကြသောသူတို့သည် …”(တ၊ ၁၁:၁၉)ဟူ၍ဖော်ပြ၏။ ဘုရားသခင်သည် အသင်းတော် အပေါ်၌ ကြည့်ရှုနေ ပါသလား။ ဟုတ်ကဲ့ ကြည့်ရှုလျက်နေ၏။ ဘုရားသခင်သည် အသင်းတော်အားဖြင့် မိမိ၏နုတ်ကပတ်တော် အလျင်အမြန်ပျံ့နှံ့ဖို့ရန် ထိုကာလ၌ ထိုသို့သောဖိနှိပ်ခြင်းကို အသုံးပြုတော်မူ၏။ ဤသို့ဖြင့် သူ၏နုတ်ကပတ်တော်ကို ဖြန့်ဖြူးစေ၏။ ညှင်းပန်းနှိပ်စက်ခြင်းသည် ကိုယ်တော်၏ကြီးမြတ်သော ရည်ရွယ် ချက်များအတွက် အလုပ်အကျွေးပြု့ခြင်းသာဖြစ်၏။

တမန်တော် အခန်းကြီး ၁၃ ၌ ဘာကိုတွေ့ရှိသနည်း။ ထိုကွဲလွင့်သွားသော တပည့်တော်များထဲမှ အသင်းတော်တစ်ပါးသည် လောကီအရပ်ရပ်သို့ ဘုရား သခင်၏ဧဝံဂေလိဝေငှရန် အသင့်ပြင်ဆင် ဖွဲ့စည်းထား၏။ “အန္တီအုတ်မြို့၌ရှိသော အသင်းတော်တွင် …. သူတို့သည် ဘုရားသခင်ကို ဝတ်ပြုလျက် အစာရှောင် နေကြစဉ် …” (တ၊၁၃:၁-၃)။ ဘုရားသခင်၏လူတချို့တို့သည် တမန်တော်အခန်းကြီး ၁၃ ကဲ့သို့ပင် သိမ်မွေ့သောညှင်းပန်းနှိပ်စက်ခြင်း သို့မဟုတ် ဗြောင်ညှင်း ပန်းနှိပ်စက်ခြင်းကိုခံကြ၏။ အရှေ့တောင်အာရှတိုင်းပြည်၌ရှိသော ငါ့မိတ်ဆွေများ ထဲမှ သင်းအုပ်တစ်ပါးသည် ဝေစာများ ဖြန့်ဝေခြင်းကြောင့် မရေရာသည့်စကား အရိပ်အမြွက်ဖြင့် မကြာခဏ ခြိမ်းခြောက်ခံရ၏။

အခြားသောသူများသည်လည်း ဆီလျော်မှုမရှိသည့် ခြိမ်းခြောက်မှုကိုခံ ကြ၏။ အသင်းတော်သည် အမှုမထားဘဲ အရင်နည်းတူ မိမိတို့၏လုပ်ဆောင် စရာများကို ဆက်လက်လုပ်ဆောင်ကြ၏။ သေးငယ်သော ဘေ့စ်ဘောကစားသမား များကပင်လျှင် ဘုရားသခင်၏လူများ စုဝေးဝတ်ပြုခြင်းကို ဟန့်တားကြ၏။

ဖြေရှင်းနည်းများကို ရှာဖွေခြင်း

ကျွန်ုပ်တို့၏ဝတ်ပြုကိုးကွယ်ခြင်း အစီအစဉ် ပို၍တိုစေခြင်းသည် ယိမ်း ယိုင်မှုတစ်ခုဖြစ်သည်။ ကျွန်ုပ်တို့က ၎င်းသည် အများသဘောဖြစ်သည်ဟု ဆိုကြသော်လည်း ဘုရားသခင်၏လူများကပင် ၎င်းကို စိတ်နှလုံး၌ နှစ်သက်ကြ၏။ အိမ်ကို စောစောပြန်သွား၍ ကျွန်ုပ်တို့ပြုလိုသောအရာများကို ပြုတတ်ကြ၏။ လူနည်းစုသာလျှင် မိမိတို့ရရှိထားသောအချိန်များစွာထဲမှ ဆယ်မိနစ်ခန့် ဆုတောင်းကြ၏။ ဘုရားသခင်၏ နှုတ်ကပတ်တော်သည် မိမိတို့အသက်တာ၌ မည်ကဲ့သို့အထောက်အကူဖြစ်သည်ကို ဆက်လက်မရှာဖွေ တော့သောကြောင့် ဘုရားသခင်၏နှုတ်ကပတ်တော်အပေါ် စိတ်ဝင်စားခြင်းလည်း မရှိတော့ပေ။

အမှန်မှာ မည်သည့်အရာမျှ မပြောင်းလဲပါ။ ဘုရားသခင်၏နှုတ်ကပတ် တော်ကို မြေကြီးပေါ်၌ရှိသော လူမျိုးပေါင်းစုံ၊ ယဉ်ကျေးမှုပေါင်းစုံ၊ ဘာသာပေါင်း စုံတို့ထံသို့ အစွမ်းထက်စွာဖြင့် ဝေငှနိုင်ပါသည်။ ဘုရားသခင်၏လူတို့အတွေးထဲသို့ ကျူးကျော်ဝင်ရောက်လာသည့် လောကီဆန်သောတွေးခေါ်မှုများကို ခုခံနိုင်ရန် မိမိတို့၏စနစ်ဟောင်းဖြစ်သည့် အသင်းတော်များအပေါ် ပြုစုခြင်းနှင့်စောင့်ရှောက် ခြင်းပြုရုံဖြင့် လုံလောက်မှုမရှိတော့ပေ။

ထွက်ပေါ်လာသောမေးခွန်းကား ထိုအရာများကို မိမိတို့မည်ကဲ့သို့ ပြောင်း လဲပစ်ရမည်နည်း။ အသစ်သောညွှန်ကြားချက်လော။ ဆန်းသစ်သော သင်ယူစရာ များလော။ ထိုအရာရှိသမျှတို့သည် နောက်ကျလွန်း၍ နှောင့်နှေးလွန်းပါ၏။ ကမ္ဘာအရပ်ရပ်၌ရှိသော ဘုရားသခင်၏လူမျိုးတို့သည် သူတို့အသက်တာ၌ သမ္မာ တရားရောင်ခြည် တန်ခိုးကင်းမဲ့နေခြင်း ဆင်းရဲဒုက္ခကို ခံစားနှင့်ပြီးဖြစ်ပါသည်။

အိမ်ထောင်ရေးအခြေအနေကို တစိတ်လောက် သုံးသပ်ကြည့်ပါ။ ထိုအိမ် ထောင်၌ ဘုရားသခင်၏ ချစ်ခြင်းမေတ္တာ၊ ဂရုစိုက်ခြင်း၊ စိတ်သဘောထား ညီညွတ်ခြင်းတို့ကို တွေ့နိုင်ပါသလား။ ငါလည်း ကမ္ဘာတဝှမ်း သင်းအုပ်များကို သင်တန်းပေး၍ သူတို့ကို အိမ်ထောင်ရေးအကြောင်းပို့ချခဲ့ဖူးသည်။ သို့သော် သိုးထိန်းများနှင့်သိုးတို့သည် ခြားနားခြင်းအလျှင်းမရှိ။ များစွာသောသူတို့သည် ကြောက်မက်ဖွယ် ကောင်းသောအိမ်ထောင်များဖြစ်၍ စိုးရိမ်ရသောပြဿနာ များနှင့် ရင်ဆိုင်နေကြ၏။

ငုပ်နေသော ပြဿနာကို ဖော်ထုတ်ပါ

ဘုရာသခင်၏ဝိညာဉ်တော်သည် ယဉ်ကျေးမှုပေါင်းစုံရှိသော လူအမျိုးမျိုး တို့ကို တန်ခိုးအပြည့်အဝဖြင့် ကယ်တင်ခဲ့ဖူးကြောင်း ငါတွေ့ဖူး၏။ သို့ရာတွင် နောက်မျိုးဆက်သစ်များ၌ ပို၍ငြင်းပယ်ခြင်းရှိလာတတ်၏။ ထိုသို့ဖြစ်ရခြင်း သည်လည်း သူတို့မိဘများ၌ရှိသည့် မုန်းတီးခြင်းနှင့်အမျက်ဒေါသများကို ဘုရား သခင်၏မေတ္တာအားဖြင့် သင့်တင့်လျောက်ပတ်စွာ မဖယ်ထုတ်ကြသောကြောင့် ဖြစ်သည်။ ထိုသူတို့သည် သူတို့သင်ယူခဲ့သောအရာကို အထင်အမြင်သေးခြင်းဖြင့် အဆုံးသတ်ကြ၏။ ထိုအရာသည် ခရစ်တော်၏ သမ္မာတရား ရောက်ရှိရာအရပ်၌ အပြည့်အဝလက်ခံခြင်းမရှိသော မျိုးဆက်အလိုက် ငြင်းပယ်ခြင်းဖြစ်သည် (တရား၊ ၁:၂-၃)။

အံ့ဩဖွယ်ဖြစ်ရပ်နှင့်အနာငြိမ်းခြင်းသည် ငြင်းပယ်ရန်ခက်ခဲသော်လည်း အခြားသော လက်ဝှေ့ယမ်းခြင်းကို ရှာဖွေခြင်းသည် ကျွန်ုပ်တို့ဖြစ်သင့်သော နေရာသို့ မပို့ဆောင်ပေးနိုင်ပါ။ များစွာသော ခေါင်းဆောင်တို့သည် ထူးထူးခြားခြား ကယ်တင်ခြင်းရရှိလျက် ဘုရားသခင်၏အထူးမစခြင်းကို ခံစားကြသော်လည်း များစွာသောကဏ္ဍများ၌ သူတို့၏မိန်းမများနှင့်ဆက်ဆံရာတွင် အဆင်မပြေ ကြောင်း ငါကိုယ်တိုင်တွေ့ခဲ့ဖူး၏။ ကျွန်ုပ်တို့သည် ခိုင်ခံ့၍ ဘုရားသခင်၏သူတော် စင်များဖြစ်ဖို့ရန် ကျွန်ုပ်တို့ အသက်တာများထဲမှ နယ်ပယ်တစ်ခုအတွက် အကူအညီရှာဖွေခြင်းထက်ကျော်လွန်၍ ရှာဖွေရန် လိုအပ်ပေသည်။ ဆိုလိုသည်မှာ ကျွန်ုပ်တို့အတက်တာများထဲမှ နယ်ပယ်တစ်ခုစီတိုင်း၌ရှိသောလူတို့သည် ဘုရား သခင်၏သန့်ရှင်းသော မျက်မှောက်တော်အားဖြင့် ထိတွေ့ခြင်းခံရမည်ဖြစ်သည်။

ဤပြဿနာများကြောင့် အသင်းတော်များနှင့်ကျမ်းစာကျောင်းများ၌ အမြဲတစေ သင်တန်းပို့ချခြင်း ဖြစ်သည်။ ထိုသူတို့သည် တန်ခိုးနှင့်ပြည့်စုံသော ခရစ်တော်၏ဧဝံဂေလိတရားကို လူတို့ထံသို့ ချိတ်ဆက်ပေးရန် ကောင်းမွန်သော နည်းလမ်းများကို မသိရှိကြပေ။

မယုံကြည်ခြင်းသည်လည်း ကျွန်ုပ်တို့၌ရှိသော လျှို့ဝှက်ပြဿနာတစ်ခု (ငုပ်နေသောပြဿနာ) ဖြစ်သည်။ မိမိတို့၏အတွေ့အကြုံများသည်လည်း မိမိတို့၏ ရှုထောင့်အမြင်များကို ပုံဖော်စေတတ်၏။ မိမိတို့၏အားနည်းချက်များ၌ ခရစ်ယာန် တစ်ဦးပီသစွာ အသက်ရှင်ဖို့ အားထုတ်ခဲ့သော်လည်း ဘုရားသခင်၏ နှုတ်ကပတ် တော်၌ ယုံကြည်စိတ်ချမှုနှင့်မျှော်လင့်ချက် ကင်းမဲ့လျက်နေပြန်၏။ မယုံကြည် ခြင်းသည် တစ်စတစ်စ ကြီးထွားလာ၏။ ထိုသို့ဖြင့် နိမ့်ကျသောအဆင့် အတန်းနှင့်ကျဆင်းနေသော မျှော်လင့်ချက်တို့သည် ဤမယုံကြည်ခြင်း၏ပခုံး နှစ်ဖက်ပေါ် စီးနင်းလျက်နေလေ၏။

အပြောင်းအလဲ လိုအပ်သည်

Burmese message with a large yellow arrow on a green background.

ကျွန်ုပ်တို့သည် ပြောင်းလဲရမည်လော သို့မဟုတ် ဤလောကကို ဆက်၍ အာရုံစိုက်နေရမည်လော။ အသစ်သောညွှန်ကြားချက်များသည် အပြောင်းအလဲကို ကမ်းလှမ်းသော်လည်း ၎င်းတို့သည် အပေါ်ယံမျှသာဖြစ်၍ ပြဿနာများကို အခြေခံကျကျ ကိုင်တွယ်ရန် ပျက်ကွက် လျက်နေ၏။ ပြဿနာများသည် အရင် အတိုင်း ဆက်လက်ရှိနေ၏။

အလုပ်ကို စွမ်းစွမ်းတမံလုပ် ဆောင် ကြသောသင်းအုပ်များ၊ ဓမ္မဆရာ များနှင့်ဧဝံ ဂေလိဆရာများကို ထောက်ခံ အားပေးပါ၏။ သူတို့က ချစ်ခြင်းမေတ္တာအကြောင်းကို ကျယ်ကျယ်ဟောပြော၍ တိုးပွားစေမည် ဆိုလျှင် ဘုရားသခင်၏ လူတို့အဖို့ အထောက်အကူ ပြုမည်ဟု ထင်ကြသော်လည်း အမှန်မှာအလုပ်မဖြစ်ပါ။

အခြားသူများက အသင်းတော်များ၊ ဂိုဏ်းဂဏအဖွဲ့အစည်းများကို ဖျော်ဖြေရေးသို့လှည့်၍ အရှေ့ကမ္ဘာ ဘာသာရေးဖြစ်သည့် ထီအမ်၊ ယိုကိုစသည့် တို့ကို ရွေးချယ်လာကြ၏။ ဤအရာများက သူတို့ရှာဖွေနေသောအရာများကို ပေးလိမ့်မည်ဟု မျှော်လင့်ကြသော်လည်း သူတို့မျှော်လင့်သည့်အတိုင်း ဖြစ်မလာဘဲ ထိုအရာများက အသက်၏ရင်းမြစ်တည်းဟူသော ယေရှုခရစ်တော်နှင့် ဝေးစေခဲ့၏။

အိမ်ပြန်ရာလမ်း

ကျွန်ုပ်တို့သည် ဘုရားသခင်ထံသို့ပြန်လှည့်ရမည်။ နောင်တသည် ကျွန်ုပ် တို့အဖို့ ဘုရားသခင်ထံသို့ ပြန်လှည့်ရာလမ်းဖြစ်သည်။ “ထို့ကြောင့် သင်တို့၏ အပြစ်များ ပယ်ဖျက်ခြင်းခံရစေရန် နောင်တရလျက် ပြောင်းလဲကြလော့” (တ၊၃:၁၉)။ ကျွန်ုပ်တို့သည် လူတို့၏အတွင်းပိုင်း ပြောင်းလဲခြင်း လိုအပ်မှုကို လှုံ့ဆော်မည့်အစား အပေါ်ယံပြောင်းလဲခြင်းအတွက် လှုံ့ဆော်နိုင်ရန် အခြားသော နည်းပညာများ အသုံးပြုခြင်းကို ရှောင်ရှားရပါမည်။

လူများစွာတို့၏စိတ်နှလုံး၌ တချိန်တည်း တနေရာတည်း၌ စစ်မှန်သော နောင်တ ဖြစ်ပေါ်စေရန် နိုးကြားစေခြင်းသည် လျော်ကန်သောအရာဖြစ်သည်။ ထိုအရာသည် တစ်ဦးချင်းစီကို ပြောင်းလဲစေ၍ ကျွန်ုပ်တို့ထုံးတမ်းဓလေ့၏ ညွှန်ကြားချက်များကိုပါ အမှန်တကယ်ပြောင်းလဲစေရန် လိုအပ်ပါသည်။ ပင်လယ် ရေမျက်နှာပြင်ပေါ်၌ ထနေသောလှိုင်းတံပိုးသည် အားပျော့ပါသည်ဟု မထင်မှတ် သင့်ပါ။ ဆူနာမီလှိုင်းလုံးကြီးသည် ကျွန်ုပ်တို့ခရစ်ယာန်အသက်ရှင်ခြင်း အစဉ် အလာကို ဖျက်စီးပစ်နိုင်သည်။

ယဇ်ပူဇော်ခဲ့သည့် ယဇ်ကောင်အရေအတွက်မှာ အထင်ကြီးလောက် အောင်ဖြစ်သော်လည်း ဘုရားသခင်၏လူတို့ကိုယ်စား ရှောလုမုန်၏ဆုတောင်း ခြင်းကြောင့်သာ ဗိမ္မာန်တော် ပြန်လည် ဆက်ကပ်ခြင်းသည် ထူးခြားသော ပွဲတော်ကျင်းပခြင်း ဖြစ်လာစေခဲ့သည်။ ကျွန်ုပ်တို့ဆုတောင်းသော နေရာသည် ရှောလုမုန်မင်းကြီးကဲ့သို့ ယဇ်ပလ္လင်ရှိရာသို့ ပို့ဆောင်ပေးသောစိတ်နှလုံးရှိဖို့ အထူးလိုအပ် ပေသည်။ "... ငါ့နာမဖြင့် သမုတ်သောငါ့လူတို့သည် ကိုယ်ကို နှိမ့်ချသဖြင့် ငါ့မျက်နှာကိုရှာလျက် ဆုတောင်းပနာပြု၍ အဓမ္မလမ်းကို လွှဲရှောင် လျှင် ငါသည် ကောင်းကင်ဘုံ၌ နားထောင်မည်။ သူတို့အပြစ်ကို ဖြေ၍ သူတို့ကို ချမ်းသာပေးမည်" (၆ရာ၊၇:၁၃-၁၄)။

အခြားလမ်းမရှိပေ။ ကျွန်ုပ်တို့သည် ခွင့်လွှတ်ခြင်းကို ရရှိနိုင်သည့်နေရာ ယဇ်ပလ္လင်ရှိရာသို့ အမြဲတစေ ပြန်လှည့်ကြရမည်။ အစ္စရေးအမျိုးသားတို့၌ မကောင်းသောအရာတည်းဟူသော ပင်နာကျရောဂါ၊ ငတ်မွတ်ခြင်း၊ ဖမ်းဆီးချုပ် နှောင်ခြင်းတို့ ရှိနေပါစေ ပြဿနာမဟုတ်ပေ။ သူတို့သည် ယဇ်ပလ္လင်ရှိရာသို့ ပြန်လှည့်ပါက ဘုရားသခင်သည် သူတို့၏စကားကိုနားထောင်၍ ချမ်းသာပေးတော် မူမည်။ ပဋိညာဉ်သစ်အောက်၌ရှိသော ကျွန်ုပ်တို့၏ယဇ်ပလ္လင်မှာ အပြစ်ကိုခွင့်လွှတ် နိုင်၍ ကျွန်ုပ်တို့အား ပကတိအတိုင်းဖြစ်စေတော်မူသော ယေရှုခရစ်တော်ပင် ဖြစ်သည်။

မျက်မှောက်ကာလ၌ အသင်းတော်ရင်ဆိုင်နေရသည့် ပြဿနာများမှာ သေးနုပ်သောအရာ မဟုတ်ပေ။ ကျွန်ုပ်တို့သည် ထိုပြဿနာများကို ကျမ်းချက် များအားဖြင့် အသေးဆုံးဖြစ်အောင် အားထုတ်နေခြင်းမဟုတ်ပေ။ လုပ်ဆောင်စရာ လိုအပ်ချက်များအပေါ်၌ ဘုရားသခင်၏အမြင်ကို ဆုပ်ကိုင်စေနိုင်မည့်နေရာသို့ မိမိတို့၏စိတ်နှလုံးတံခါးကိုဖွင့်လျက် အနည်းငယ်သောယုံကြည်ခြင်းကို အသုံးပြု နေခြင်းသာဖြစ်သည်။

ဘုရားသခင်သည် အသိတရားပိုင်းဆိုင်ရာ ထိုသို့သောပေါက်ကွဲမှုအတွက် စိုးရိမ်ခြင်းမရှိပေ။ ၎င်းကို အသုံးပြုနေခြင်းသာဖြစ်သည်။ သူ့အကြံအစည် သည်လည်း စာတန်၏တိုက်ခိုက်မှုအောက်၌ တဝဲဝဲလည်နေခြင်း မဟုတ်ပေ။ ဘုရားသခင်သည် ကောင်းကင်ဘုံ၌ ထိုင်တော်မူ၍ မိမိရန်သူတို့အပေါ်၌ ပြုံးရယ် တော်မူ၏ဟူ၍ ဆာလံ၂:၄ ၌ ဖောပြ၏။ ဧဝံဂေလိတရားသည် ယနေ့ခေတ် လူများနှင့်သက်ဆိုင်၍ တန်ခိုးနှင့်ပြည့်စုံကြောင်းကို ကျွန်ုပ်တို့မယုံကြည်နိုင်သည့် အတွက် မိမိတို့၏စိတ်နှလုံးများကို နှိမ့်ချခြင်းအားဖြင့် ဘုရားသခင်အလိုရှိ သည့်အတိုင်း မိမိတို့၏စိတ်နှလုံးများကို ပြင်ဆင်ဖို့လိုအပ်ပါသည်။ ထိုမယုံကြည် နိုင်ခြင်းအတွက် သခင်ဘုရားရှေ့တော်မှောက်၌ မိမိတို့၏ဒူးကို ထောက်လျက် ဝန်ချတောင်းပန်ဖို့ လိုအပ်ပါသည်။

အကယ်၍ ကျွန်ုပ်တို့သည် ကိုယ်တော်ထံသို့ ချဉ်းကပ်ပါက ကိုယ်တော် သည် ကျွန်ုပ်တို့ကိုချဉ်းကပ်၍ အသင်းတော်သည် သူ၏အလင်းတရားအားဖြင့် လောက၌ရှိသောအမှောင်ထုအပေါ် မည်ကဲ့သို့ တန်ခိုးပြည့်ဝစွာဖြင့် ထိပ်တိုက်တွေ့ မည်ကို ကျွန်ုပ်တို့အား ပြသသွားမည်ဖြစ်သည်။

သင်ခန်းစာ

  • ကျွန်ုပ်တို့သည် မိမိတို့၏အမြင်ဟောင်းထဲမှ ရုန်းထွက်၍ တန်ခိုးနှင့် ပြည့်ဝသော ကိုယ်တော်၏ သမ္မာတရားဘုန်းကို မြင်တွေ့ရမည့်အကြောင်း ဘုရားသခင်သည် အသင်းတော်အပေါ်၌ တိုက်ခိုက်မှုမျိုးကို အသုံးပြု တတ်၏။
  • အသင်းတော်ရင်ဆိုင်နေရသော အဓိကပြဿနာမှာ မယုံကြည်ခြင်းပင် ဖြစ်သည်။
  • ဘုရားသခင်ထံသို ပြန်လှည့်ခြင်း၊ မိမိတို့၏စိတ်နှလုံးများကို နှိမ့်ချခြင်းနှင့် မိမိတို့၏အပြစ်များကို ဝန်ချတောင်းပန်ခြင်းတို့အားဖြင့်သာ ပြောင်းလဲ ခြင်း အစပြုတတ်၏။
  • ဘုရားသခင်၏လူတို့သည် မိမိတို့၏ရန်သူများကို အမြစ်ပါမကျန် ရှင်း ထုတ်ပစ်ရမည်။

ကျက်မှတ် ဆင်ခြင်ပါ

  • ၆ရာ၊ ၇:၁၄
  • ၆ရာ၊ ၆-၇
  • နေ၊ ၁ (ဗီဒီယို ကြည့်ရန်)

တာဝန်ပေးအပ်ခြင်း

  • သင်နှင့်သင့်ပတ်ဝန်းကျင်သည် အပြစ်တရားအားဖြင့် ပျက်စီးနေပြီလား သို့မဟုတ် ဖြစ်ပျက်နေ သည့်အတိုင်း သင်လက်ခံနေပါသလား။
  • သင်သည် သင့်စိတ်နှလုံးနှင့်မျက်စိ၏ပြစ်မှားခြင်းအတွက်သာမကဘဲ ကိုယ်တော်၏တန်ခိုးတော် အောက်၌ အသက်ရှင်မည့်အစား မလိုအပ် သော ရှုံးနိမ့်ခြင်းနှင့်စိတ်ပျက်ခြင်း၌ လူးလှိမ့်ခံနေရသော ဘုရားသခင် လူတို့၏အားနည်းချက်အတွက်ပါ ဆုတောင်းပေး၍ ဘုရားသခင်၏ယဇ် ပလ္လင်ရှိရာသို့ ချဉ်းကပ်သောနေဟမိကဲ့သို့ ဖြစ်ဖို့လိုအပ်သည်။

© Paul J. Bucknell · Burmese translation: ဓမ္မဆရာတော် ဦးဘီထန်း (Bee Htan) · Biblical Foundations for Freedom