အသက်၏အနှစ်သာရ — The Life Core. ခရစ်ယာန် အသက်တာ၏ အခြေခံအမှန်တရားများ. Burmese edition banner with a growing seedling at sunrise over mountains.

အသက်၏အနှစ်သာရ — The Life Core

အခန်း ၂ — ရှုထောင့်အမြင် ထည့်တွက်ခြင်း

ရှုထောင့်အမြင်သည် အသက်တာ၌ ရင်ဆိုင်နေရသောအခက်ခဲများ၊ ဖြေရှင်းရန် ကြိုးစားနေသော ပြသာနာများအပေါ်၌ ကျွန်ုပ်တို့တွေးတောသည့် လမ်းစဉ်အတိုင်း ပုံဖော်တတ်၏။ သမ္မာကျမ်းစာအပေါ် အခြေခံ၍ မိမိတို့၏ရှုထောင့် အမြင်သည် မိမိတို့ကို အထောက်အမဖြစ်စေနိုင်သလို မိမိတို့ကို ထိခိုက်စေ နိုင်သည်။ ဥပမာ ကမ္ဘာလုံးကို ဝေဟင်မှကြည့်လျှင် ခြားနားသကဲ့သို့ထင်ရ သော်လည်း အမှန်မှာ တခြားကမ္ဘာမဟုတ်ဘဲ အပေါ်စီးမှ မြင်ရသောကြောင့်ဖြစ်၏။

လောကကို သမ္မာကျမ်းစာအတိုင်း ရှုမြင်ခြင်းသည် တိကျမှန်ကန်သော အမြင်ကို ရရှိစေပါသည်။ ကျွန်ုပ်တို့၏အမြင်များသည် မမှန်သောယူဆချက်များကို ပွေ့ဖက်လေလေ ခရစ်တော်ကဲ့သို့သော သွင်ပြင်နှင့်ဝေးသည်သာမက ကိုယ် တော်၏ကောင်းသောအမှုကို သယ်ပိုးရန် ၎င်းက အဟန့်အတား ဖြစ်စေ၏။

၎င်းသည် အသင်းတော်၌ သိသာထင်ရှား၍ မှားယွင်းသောအမြင်ကို ဆုပ်ကိုင်ထားပြီး ဘုရားတရား ကြည်ညိုမှုကို အကျိုးမပြုပေ။ အားနည်းသော အသင်းတော်နှင့် လောကီဆန်သောအပြုအမူများက ခရစ်တော်၌ မိမိတို့၏ ယုံကြည်ခြင်း အားနည်းမှုကိုဖော်ပြပေး၏။ တချိန်တည်းမှာပင် ၎င်းက အခြားသော အရာများထက် ပိုမိုကြီးမားသောယုံကြည်ခြင်းကို မိမိတို့ပိုင်ဆိုင်ထားကြောင်း ဖော်ပြပေး၏။

လောကသည် လက်ရှိနည်းပညာများအားဖြင့် စိတ်နှလုံးနှင့်မိသားစုကို ကျူးကျော်လျက်နေ၏။ ယနေ့ခေတ် မျိုးဆက်များ၌လည်း လောကီပုံသဏ္ဍန် ဆန်ဆန် ဖွဲ့စည်းထားသောတေးဂီသ၊ ရုပ်ရှင်နှင့် စာပေများအားဖြင့် ဖျောင်းဖျ လျက်နေသည်။ ကျွန်ုပ်တို့သည် မသိဘဲလျက်နှင့် လောကီ၏တွေးခေါ်မှု အလေ့ အထကို လက်ခံနေသောကြောင့် လောက၏အကျင့်စာရိတ္တပျက်ပြား ခြင်းသည် မိမိတို့၏လူမှုအသိုင်းအဝန်းကို ခြိမ်းခြောက်လျက်နေ၏။ အကယ်၍ ကျွန်ုပ်တို့သည် ၎င်းကို ကြိုဆိုခေါ်ဖိတ် နေမယ်ဆိုလျှင် မိမိတို့နှင့်ဆိုင်သော ခရစ်ယာန်မိသားစုနှင့် အသင်းတော်များကို ထိန်းသိမ်းနိုင် မည်မဟုတ်တော့ပေ။

အရေးကြီးသော ရွေးချယ်မှုပြုလုပ်ခြင်း

အသင်းတော်သည် ပြည်တွင်းစစ်ပွဲအတွင်း လူမျိုးတစ်မျိုးနှင့် များစွာတူ ညီ၏။ ကျွန်ုပ်တို့သည် စစ်ပွဲကို ဆန့်ကျင်ကြသော်လည်း မိမိတို့ကလေးများကို လေ့ကျင့်ပေးရန် တွန်းအားဖြစ်လာသည်။ အစ္စရေးတို့သည် ပတ်ပတ်လည်၌ရှိသော လူမျိုးခြားများကို ခုခံသကဲ့သို့ ကျွန်ုပ်တို့သည်လည်း အသင်းတော်၌ မိမိတို့၏ ကလေးများကို ဝိညာဉ်ရေးရာ၌ ခိုင်ခံ့အောင် လေ့ကျင့်ပေးရမည်လော သို့မဟုတ် သူတို့သည် ပတ်ပတ်လည်၌ရှိသောရန်သူများကို လက်လျှော့အရှုံးပေးရမည်လော။

ကမ္ဘာအဝှမ်း၌ရှိသော အသင်းတော်များသည် တူညီသောပြသာနာများကို ရင်ဆိုင်နေကြသည်။ ဤပြသာနာသည် အော်လိုင်းမှတဆင့် ကမ္ဘာအဝှမ်း၌ရှိသော နိုင်ငံတိုင်း၊ လူမျိုးတိုင်းအပေါ်၌ ကျူးကျော် လျက်ရှိ၏။ များမကြာမီက သင်းအုပ် များနှင့်ခရစ်ယာန်ခေါင်းဆောင်များအား သင်တန်းပေးရာ မာလာဝီ တောင်ဘက် မြို့ငယ်လေးမှ ပြန်ရောက်လာ၏။ ငါတွေ့မြင်ခဲ့တဲ့အရာကို မှန်းကြည့်ပါ။ ထိုနေရာ၌ ရှိသည့် လူငယ်များသည် စမတ်ဖုန်းရူးရူးနေကြ၏။ သူတို့သည် လွန်စွာမှ ဆင်းရဲကြ သော်လည်း လောက၏ လွှမ်းမိုးမှုသည် သူတို့နယ်မြေနှင့်စိတ်နှလုံးကို ပုံသွင်းနေ ပြီဖြစ်သည်။

ကျူးကျော်ခြင်းသည် ဝင်ရောက်လာပြီဖြစ်သည်။ လောက၏ကြွားဝါခြင်း၊ မောက်မာခြင်း၊ မိမိတို့စိတ်နှလုံး၌ မှားယွင်းသောတွေးတောခြင်းတို့ကြောင့် သမ္မာ ကျမ်းစာဘက်ကို ပြန်လှည့်၍ အဆောတလျင် ဆက်ကပ်အပ်နှံဖို့ လိုအပ်လာ၏။

အန္တာရာယ်ထဲ ရောက်ရှိနေသောအသင်းတော်ကို နိုးကြားစေသည့်တိုင် အောင် ပြသာနာချုပ်ငြိမ်း မည်လော။ မချုပ်ငြိမ်းနိုင်ပါ။ ခိုင်မာစွာ အမြစ်တွယ် ထားသော ရှုထောင့်အမြင်များကို ချေမှုန်းပစ်ရန် အလွန်ခက်ခဲပါ၏။ မိုက်မဲ့စွာ လက်ခံ၍ မိမိတို့ကျူးလွန်မိသောအမှားများအတွက် ပြောင်းလဲပစ်ရန် အလွန် ခက်ခဲပါ၏။ သို့ရာတွင် ထိုဖြစ်စဉ်များ၌ မိမိတို့တိုက်၍ နိုင်သောသူဖြစ်ဖို့ သခင် ဘုရားသည် မိမိတို့၏လိုအပ်ချက်ကို ဖြည့်ဆည်းပေး၏။ ယုံကြည်သူများသည် ဓားကို ပထမဆုံးအချိန် ကိုင်ဆောင်သောသူ ကဲ့သို့ဖြစ်၍ ကိုယ်တော်၏ နှုတ်ကပတ် တော်ကို သက်သေပြရာ၌ အပြည့်အဝ ထိရောက်မှုမရှိဘဲနေတတ်၏။

အပြောင်းအလဲ ရှိနေပြီ

အပြောင်းအလဲ ရှိရမည်။ ၎င်းသည် ဖြစ်လာလိမ့်မည်မှန်သော်လည်း လောက၏လမ်းစဉ်အတိုင်း ဆက်လက်မနစ်မွန်းဖို့ရန် ယုံကြည်စိတ်ချရမည်။ အခြားသောသူတို့အား ဖြောင့်မတ်ခြင်းတရား၌ လေ့ကျင့်ပေးခြင်းအားဖြင့် ကျွန်ုပ် တို့သည် ဘုရားသခင်၏သမ္မာတရားများကို သိမြင်နားလည်၍ အောင်မြင်ခြင်းကို စီးနင်းရမည်။

အမှားမပြုမိပါစေနှင့်။ အသစ်သောတရားများအကြောင်းကို ပြောနေခြင်း မဟုတ်ဘဲ ယုံကြည် ထိုက်သော ဘုရားသခင်၏နုတ်ကပတ်တော်အကြောင်းကို ပြောနေခြင်းဖြစ်၏။ “ဘုရားသခင်၏စကားတော်ရှိသမျှသည် စင်ကြယ်၏။ ခိုလှုံ သောသူအပေါင်းတို့၌ ဘုရားသခင်သည် အကွယ်အကာ ဖြစ်တော်မူ၏” (သု၊၃၀:၅)။ မည်သည့်အရာမျှ အပြောင်းအလဲမရှိပါ။

ကျွန်ုပ်တို့၏အားနည်းချက်များသည် ထင်ရှားလျက်ရှိ၏။ မှောင်မိုက်သည် လည်း အသင်းတော်အပေါ်၌ ကျူးကျော်လျက်နေ၏။ ယခုပင်လျှင် သမ္မာကျမ်း စာအတိုင်း တွေးခေါ်မှုအလေ့အထသို့ ပြန်လှည့်ရန် အချိန်ဖြစ်သည်။ ဓမ္မပညာ နှင့်ဆိုင်သော ကျွန်ုပ်တို့၏အမြင်မှာ လောကီနည်းလမ်းများအားဖြင့် အများဆုံး လွှမ်းမိုးခြင်းခံရ၏။ ဓမ္မကောလိပ်ကျောင်းများမှ ဘွဲ့ရပြီးသောသူများသည်လည်း ကောင်းကောင်း လေ့ကျင့်ပေးခြင်းခံရသူများ မဟုတ်ပေ။ ၎င်းက သူတို့၏ လိုက်လျော အသက်ရှင်ခြင်းကိုလည်းကောင်း၊ အသင်းတော်များ၌ ထိရောက်မှု မရှိသော သူတို့၏လုပ်ဆောင်ချက်များကိုလည်းကောင်း ပေါ်လွင်စေ၏။

ဘုရားသခင်၏အမြင်များ

ကျွန်ုပ်တို့အခြေအနေများ၌ ဘုရားသခင်၏အမြင် လိုအပ်ပါ၏။ ကျွန်ုပ်တို့ ဘာကို မြင်တွေ့ပါသနည်း။ ဘုရားသခင်သည် အသင်းတော်အား ကြီးထွား ခိုင်ခံ့မှုနှင့် အရှေ့မှအနောက်တိုင်အောင် တုန်လှုပ်စေရန် သူလိုအပ်ချက် ရှိသမျှကို ပေးအပ်ပြီးဖြစ်သည်။ ကိုယ်တော်၏လူတို့သည် အပြုအမူ၊ ယုံကြည်ခြင်း၊ ခမည်း တော်ဘုရား၏အလုပ်ကို ပြီးမြောက်စေရန် စိတ်အားထက်သန်ခြင်းတို့၌ ခရစ်နှင့် သဏ္ဌန်တူခြင်းကို ထင်ဟပ်စေနိုင်မည့်အကြောင်း ၎င်းကို ပေးအပ်ခြင်းဖြစ်၏။

Burmese Scripture quotation over a photograph of tall buildings.

ကိုယ်တော်ကို တွေ့မြင်၍ ရှိခိုး ကြ၏။ သို့သော် အချို့တို့သည် သံသယ ဖြစ်ကြ၏။ ထိုအခါ ယေရှုသည် သူတို့ ထံသို့ ချဉ်းကပ်၍ “ကောင်းကင်နှင့် မြေကြီးပေါ်၌ ရှိသမျှသော အခွင့်အာဏာ တို့ကို ငါ့ထံပေးအပ်တော်မူပြီ (မ၊၂၈:၁၇-၁၈)။

ဘုရားသခင်သည် အစ္စရေးအမျိုးသားတို့အား ကတိတော်ပြည်ကို သိမ်းပိုက်ရန် အခွင့်အာဏာကို ပေးအပ်သကဲ့သို့ ကျွန်ုပ်တို့လိုအပ်ချက်ရှိသမျှကို ပေးအပ်ရန် ကတိပြုခဲ့သည်။ ယေရှုခရစ်တော်သည် အခွင့်အာဏာကိုပိုင်ဆိုင်၏။ ဘုရာသခင်၏နှုတ်ကပတ်တော်ကို သင်ယုံကြည်ပါသလား သို့မဟုတ် သံသယရှိနေ ပါသလား။

သင်ခန်းစာ

  • ကျွန်ုပ်တို့စိတ်နှလုံးနှင့်အသက်တာများ၌ လောကီရေးရာ လွှမ်းမိုးမှုကြီး ထွားနေသောကြောင့် ကမ္ဘာတဝှမ်း၌ရှိသောအသင်းတော်သည် အန္တရာယ် ထဲ ကျရောက်လျက်နေ၏။
  • အသင်းတော်သည် ထိုအရေခွံဟောင်းကို ဖောက်ထွင်း၍ မိမိအတွက် သော်လည်းကောင်း၊ မ္ဘာနှင့်အဝှမ်းလူသားများအတွက်သော်လည်းကောင်း ဘုရားသခင်၏သမ္မာတရား ဘုန်းတော်ကို အပြည့်အဝအမွေခံကာ ရပ် တည်ရမည်။

ကျက်မှတ်ဆင်ခြင်ပါ

  • သုတ္တံကျမ်း ၃၀:၅
  • ရှင်မဿဲခရစ်ဝင် ၂၈:၁၇-၁၈

တာဝန်ပေးအပ်ခြင်း

အသင်းတော်သည် ဘုရားသခင်၏သမ္မာတရားကို ရရှိလျက် ကိုယ်တော် သည် မိမိ၏ကတိတော်နှင့် အတူပါရှိနေသောကြောင့် သင်သည် အသင်းတော်ကို ခြိမ်းခြောက်နေသောအရာများအား အနိုင်ယူမည်ဟု တွေးမိပါသလော။ တချို့သော တပည့်တော်များ သံသယရှိသည်ကို သင်သဘောတူပါသလား။ တကယ်လို့များ သဘောတူလျှင် သင်၏သံသယသည် အဘယ်နည်း။

သင့်အခြေအနေကို သေသေချာချာ စဉ်းစားပါ။ သင်အောင်မြင်သော နေရာနှင့်ကျရှုံးသောနေရာများကို မှတ်သားပါ။

  • ကိုယ်တိုင် အသက်ရှင်မှုများ
  • အလုပ်
  • မိသားစုနှင့်အိမ်
  • သာသနာလုပ်ငန်း
  • အခြား

© Paul J. Bucknell · Burmese translation: ဓမ္မဆရာတော် ဦးဘီထန်း (Bee Htan) · Biblical Foundations for Freedom