အသက်၏အနှစ်သာရ — The Life Core. ခရစ်ယာန် အသက်တာ၏ အခြေခံအမှန်တရားများ. Burmese edition banner with a growing seedling at sunrise over mountains.

အသက်၏အနှစ်သာရ — The Life Core

အခန်း ၁ — အောင်မြင်ခြင်း အကြောင်းအရာ

ရှုံးနိမ့်ခြင်းဆိုင်ရာအမှောင်ထုကြီးသည် အသင်းတော်အပေါ်၌ ကျရောက် လျက်နေ၏။ ခရစ်ယာန် တစ်ဦး၏လွတ်လပ်မှုဖြစ်သော မိမိအသက်ရှင်ခြင်းနှင့် ကိုးကွယ်ခြင်းတို့ကို ဖော်ပြရန်အတွက် တားဆီး ထိန်းချုပ်သော ရိုးရာဓလေ့သည် အလွန်ဆိုးရွားပါ၏။ ၎င်းသည် သူ့ကို တစ်စတစ်စ ဆုတ်ယုတ် စေခြင်းသာဖြစ်၏။ ယနေ့ခေတ် သင်းအုပ်များနှင့်ယုံကြည်သူများသည် ခြားနားခြင်းမရှိ၊ ဖောက် ပြန်ခြင်း၊ အစွန်းအထင်းရှိခြင်း၊ ညစ်ညမ်းသော ရုပ်ရှင်ကြည့်ခြင်း၊ လောင်းကစား ခြင်းနှင့် အပျော်ရည်းစားထားခြင်းတို့၌ ကျင်လည်ကြ၏။

ပိုဆိုးသည်မှာ မိသားစု၏အုတ်မြစ် ကွဲအက်လာခြင်းပေတည်း။ သခင် ဘုရားအပေါ်၌ ကျွန်ုပ်တို့ ကလေးများ၏ချစ်ခြင်းသည်လည်း အားနည်းယုတ်လျော့ လာသည်။ ကျွန်ုပ်တို့အသင်းတော်၌ရှိသော ဆယ်ကျော်သက်အရွယ်များ၏ သခင်ဘုရားနှင့်အသင်းတော်ကို စွန့်ခွာခြင်း ကိန်းဂဏန်းသည် ကြီးမားသော ဖော်ပြမှုဖြစ်၍ အလွန်စိုးရိမ်ဖွယ်ရာ မှားယွင်းမှုရှိကြောင်း သိသာထင်ရှားပေ၏။ အန္တရာယ်သည် ကျွန်ုပ်တို့ကို ချောင်းလျက်နေ၏။ ကျွန်ုပ်တို့အသင်းတော်၌ ရာစုနှစ်များစွာကပင် ထိုအရာများရှိနေပြီဖြစ်၍ ပွင့်လင်းမြင်သာမှု ပိုမိုရှိလာဖို့ လိုအပ်သည်ဟု ကျွန်တော်ယူဆပါသည်။ ရှုံးနိမ့်ခြင်းသည် မြေတပြင်လုံး၌ ပျံ့နှံ့ လျက်ရှိ၍ မိမိတို့အပေါ်သို့ ကျရောက်လာသောအခါ အရှုံးပေးလိုစိတ်ရှိလာမည်ကို စိုးရိမ်စရာရှိ၏။ တချိန်တည်းမှာပင် မိမိတို့ရရှိခံစားသော သမ္မာတရားသည် တကယ် ဟုတ်သလား မဟုတ်သလားဟူ၍ မိမိတို့ကိုယ်ကို မေးခွန်းထုတ်လာလိမ့်မည်။

ဘာပြုနိုင်သေးမည်နည်း။

ဤရှုံးနိမ့်ခြင်းနှင့်ဆိုင်သော ဆိုးညစ်သောစုံစမ်းခြင်းကို တိုက်ဖျက်ချေမှုန်း ရန် နည်းလမ်းများထဲက အကောင်းဆုံးတစ်ခုမှာ သမ္မာကျမ်းစာဘက်သို့ ပြန်လှည့် ခြင်းပင်ဖြစ်သည်။ သို့ဖြစ်လျှင် ဤအရာများကို ထောက်၍ မည်သို့ဆိုရမည်နည်း။ ဘုရားသခင်သည် ငါတို့ဘက်၌ရှိတော်မူလျှင် မည်သူသည် ငါတို့ကို ဆန့်ကျင် နိုင်မည်နည်း (ရော၊၈:၃၁)။ ဘုရားသခင်သည် ငါတို့ဘက်၌ အမှန်ရှိတော်မူ၏။ ဓမ္မဟောင်းကျမ်း၌ အောင်မြင်ခြင်း အကြောင်းအရာများစွာရှိ၏။ သူတို့၏အောင် မြင်ခြင်းသည် လူတော်လူကောင်းများ၏ အောင်မြင် ခြင်းနည်းတူမဟုတ်ဘဲ ခက်ခဲကြမ်းတမ်းခြင်းနှင့်အတူ ကြောက်မက်ဖွယ်ကောင်းသောအချိန်၌ပင် ဆေး ရောင်စုံ အကောင်းဆုံးခြယ်နိုင်ခဲ့သူများဖြစ်ကြ၏။

ထိုသို့သောအချိန်များ၌သာ ဘုရားသခင်သည် မိမိ၏နာမကို ခေါ်သောသူ များအပေါ်၌ ကြားဝင်ဖျန်ဖြေ၍ အံ့ဩဖွယ်ကောင်းသောအရာများကို ပြသကြောင်း သမ္မာကျမ်းစားက ဖော်ပြခဲ့သည်။ ဤဖြစ်ရပ်မှန် အကြောင်းအရာများက ပြောင်း လဲခြင်းမရှိသောသမ္မာတရားကို ကျွန်ုပ်တို့အား သတိပေး၏။ ကျွန်ုပ်တို့သည်လည်း ဆိုးယုတ်သောအချိန်၌ပင် ဘုရားသခင်၏လက်တော်ကို ကိုးစား၍ သူ၏ကယ် နုတ်ခြင်းကို တွေ့မြင်နိုင်၏။ ဘုရားသခင်ပြုသောအရာအားလုံးကို ကျွန်ုပ်တို့ မသိနိုင်သော်လည်း ယနေ့ ကျွန်ုပ်အား မည်ကဲ့သို့ ပြုစေလိုကြောင်း သိရှိနိင်၏။ ကျွန်ုပ်တို့အား ဘုရားသခင်ပေးအပ်သောအလုပ် ပြီးမြောက်စေဖို့ရန် သခင် ဘုရားသည် ကျွန်ုပ်တို့ကိုခွန်အားပေးလျက်နေ၏။

ဘုရားသခင်၏တန်ခိုးကို ပိုမိုအမှတ်ရလေ ဘုရားသခင်၏တန်ခိုးကို ပိုမို နားလည် ခံယူတတ်လေဖြစ်မည်။ ကိုယ်တော်သည် ကျွန်ုပ်တို့အား ကိုင်တွယ် ဖြေရှင်းတတ်ဖို့ရန် အင်အား ရင်းမြစ်များနောက်သို့ မလိုက်စေလိုဘဲ သူ့ကိုသာ လုံးလုံးကိုးစားစေလိုသည်။ ဘုရားသခင်သည် ကျွန်ုပ်တို့ဘက်၌ရှိကြောင်း နှုတ်က ပတ်တော်က ရှင်းလင်းစွာဖော်ပြ၏။ ၎င်းသည် ကျွန်ုပ်တို့အမှန်တကယ် လိုအပ် သောအရာ ဖြစ်ကြောင်းကိုသိရှိ၍ ယုံကြည်လက်ခံလျှင် ကျွန်ုပ်တို့၏ ဝိညာဉ်ရေးရာ အမှန်တကယ် အရှိန်မြင့်တက်လာမည် ဖြစ်သည်။ ဘုရားသခင်သည် ကျွန်ုပ်တို့ကို အောင်မြင်သောသူဖြစ်စေ၍ “အလုံးစုံတို့ကို ပြီးမြောက်လျက် ရပ်တည်နိုင်ရန်” ဟူ၍ ဧဖက် ၆:၁၃ ၌ဖတ်ရှုရ၏။ ဘုရားသခင်သည် ရန်သူကြောင့် ဘယ်နည်းနှင့်မဆို မစိုးရိမ်တတ်သောကြောင့် ဘုရားသခင်၏လူတို့သည်လည်း ခိုင်ခံ့စွာရပ်တည်နေ နိုင်၏။ ကျွန်ုပ်တို့သည် ကြောက်စရာမလိုအပ်ပေ။

ကျွန်ုပ်တို့၏အကြီးဆုံး အန္တရာယ်

ဘုရားသခင်သည် ရေစီးသန်သောမြစ်ကြီးသဖွယ် ကျွန်ုပ်တို့ပိုမိုကြီး ထွားဖို့ရန် ရေစုန်ဘက်ကို ဆွဲခေါ်တတ်၏။ ကျွန်ုပ်တို့အဖို့ အကြီးဆုံးအန္တရာယ်မှာ မြစ်ကြီး၏အစွန်အဖျားသို့ မိမိတို့၏ ဖောင်ဆိုက်ရောက်မိ၍ ရေတံခွန်အောက်သို့ ထိုးကျခြင်းပင်ဖြစ်သည်။ ခရစ်ယာန်တိုင်း အထူး သတိထားရမည်။ ကျွန်ုပ်တို့ အပေါ်သို့ မကောင်းသောအကြံများနှင့်အတူ စိတ်ကသောင်းကနင်း ဖြစ်စေသော စုံစမ်းနှောင့်ယှက်ခြင်းများ ရောက်ရှိလာသောအခါ ကိုယ်တော်သည် ကျွန်ုပ်တို့ကို လုံခြုံစွာလမ်းပြတော်မူ မည့်အကြောင်း ကျွန်ုပ်တို့သည် ဘုရားသခင်၏သမ္မာ တရားကို နားလည်သိရှိလျက် စဉ်ဆက်မပျက် တိုက်ပွဲဝင်ကြ၏။

ဘုရားသခင်၏တန်ခိုးတော်ထက် သို့မဟုတ် ခွန်အားထက် ပိုမိုကြီးမား သောတန်ခိုး မရှိတော့ပေ။ အကယ်၍ ကျွန်ုပ်တို့သည် ကိုယ်တော်၌ တည်မည် သို့မဟုတ် ကိုယ်တော်သည် ကျွန်ုပ်တို့နှင့်အတူ ရှိနေမည်ဆိုလျှင် မိမိတို့အသက် တာအားဖြင့် ကိုယ်တော်ပြုစေလိုသောအရာများကို ကျွန်ုပ်တို့ပြီးမြောက် နိုင်သည်။ ခက်ယဉ်းဆုတ်ယုတ်သောအချိန်၌ပင် ကိုယ်တော်မိန့်ဆိုခဲ့သည့်အရာများကို စွဲလန်းလျက် ကောင်းမွန်သောဆုံးဖြတ်ချက်များကို ချမှတ်နိုင်မည်ဖြစ်သည်။

မိမိတို့အသက်တာ၌ ဘုရားသခင်၏တန်ခိုးတော်နှင့်လုပ်ဆောင်ချက်ကို ပိုမိုနားလည်လာသည်နှင့်အမျှ ရှုပ်ထွေးနေချိန်၌ပင် ကိုယ်တော်ကို ပိုမိုယုံကြည် ကိုးစားလာ၍ ကိုယ်တော်၏အံ့ဩဖွယ်ငြိမ်သက်ခြင်းသည် မိမိတို့၏စိတ်နှလုံးကို စောင့်ထိန်းကြောင်း သိမြင်လာမည်။ ဤသို့သော ဘုရားသခင်အတူပါရှိခြင်းကို နားလည်သဘောပေါက်ခြင်းနှင့် ယုံကြည်စိတ်ချခြင်းသည် မိမိတို့အသက်တာ၌ အရှိန်ကြီးသော တန်ခိုးဖြစ်လာ၏။

သင်ခန်းစာ

  • တိုက်ပွဲနိုင်၏။ ဘုရားသခင်နိုင်၏။ ဘုရားသခင်၏တန်ခိုးကို အစဉ်သတိရ လျက် ကိုယ်တော်၌ ယုံကြည်ကိုးစားဖို့ လိုအပ်ပါသည်။
  • ဘုရားသခင်သည် ကျွန်ုပ်တို့အသက်တာ၌ သူ့အလိုတော်ပြည့်စုံစေ၍ ယောသပ်၊ ဒံယေလ၊ ယေရှုတို့ကဲ့သို့ သူနှင့်နီးကပ်စွာ အသက်ရှင်လျှောက် လှမ်းနိုင်ရန် ကျွန်ုပ်တို့ကို တန်ခိုးဖြည့်ဆည်း လိုပါ၏။

ကျက်မှတ်ဆင်ခြင်ပါ

  • ရောမ ၈:၃၁
  • ဧဖက် ၆:၁၃

တာဝန်ပေးအပ်ခြင်း

  • သင်သည် ဝိညာဉ်ရေးရာ၌ ဒဏ်ရာရနေသလား။ မည်သည့်နယ်ပယ်၌ ရှုံးနိမ့်ပါသနည်း။ သင့်စိတ်နှလုံးထဲ၌ အရင်ဆုံးပေါ်လာသောအရာများကို ရေးချပါ။
  • သင့်ယုံကြည်ခြင်းတည်းဟူသောဖောင်သည် လမ်းမှားခဲ့ပါက သင့်သံသယ များကို ဝန်ခံခြင်းအားဖြင့် သခင်ဘုရားအား ဝမ်းနည်းကြောင်း ပြောပြ၍ ခွင့်လွှတ်ခြင်းကို တောင်းခံကာ သခင်ခေါ်သွားရာ ရေစုန်ဘက်သို့ ပြန်လှည့် ရပါမည်။
  • မည်သို့ဖြစ်နေပါလေစေ ယခု ဟစ်အော်၍ဆုတောင်းပါ ။ တိုက်ပွဲသည် အကျိတ်အနယ် နွှဲနေရသော်လည်း ထိုနေရာ၌ သင်ရှိနေရမည်။ အကြမ်း တမ်းဆုံးသောပတ်ဝန်းကျင် အနေအထား၌ပင် ကိုယ်တော်၏နာမတော် ဘုန်းထင်ရှားစေရန် သင့်ကိုအောင်မြင်သောသူဖြစ်စေသောကြောင့် ကိုယ်တော့်ကို ချီးမွမ်းပါ။

© Paul J. Bucknell · Burmese translation: ဓမ္မဆရာတော် ဦးဘီထန်း (Bee Htan) · Biblical Foundations for Freedom