
အသက်၏အနှစ်သာရ — The Life Core
နိဒါန်း
လူမျိုးတကာတို့အား တပည့်တော်ဖြစ်စေရန် စိန်ခေါ်မှုတစ်ရပ် ဖြစ်ပါ သည်။ အသင်းတော်သည် ကမ္ဘာတဝှမ်းပျံ့နှံ့သွားသော်လည်း အနည်းငယ်သော အသင်းတော်များကသာ တပည့်တော်ဖြစ်ခြင်း/မည်ကဲ့သို့ တပည့် တော်မွေးထုတ် မည်ကို သိရှိကြ၏။ အကျိုးဆက်မှာ အသင်းတော်ကို ထိခိုက်လေ၏။.
အခြေအနေသည် နေ့စဉ်သတင်းအချက်အလက်၏အလွန်အကျွံ လှူံ့ဆော် မှုများကြောင့် လည်းကောင်း၊ မရပ်မနားသည့်ရုပ်ပုံနှင့် အသံတို့၏မြစ်တားမှုကြောင့် လည်းကောင်း အလျင်အမြန် ဆိုးရွား လာသည်။ မယုံကြည်ခြင်းနောက်မှာ မကျေမနပ်ဖြစ်ခြင်းလိုက်လာသည်။ ယုံကြည်သူတို့သည် လူတို့အတွက် ဘုရား သခင် လုပ်ပေးသည့်အရာကို ပြောပြပေးမည့်အစား သူတို့အသက်တာထဲ၌ ဘာ့ကြောင့် ဘုရားသခင် ပို၍မလုပ်ဆောင် သနည်းဟူ၍ မိန်းမောတွေဝေကြ၏။
ပူဖောင်းအကြောင်းကို စဉ်းစားကြည့်ပါ။ ၎င်းသည် လေမရှိလျှင် ပုံသွင်း၍ မရသကဲ့သို့ မလှုပ်ရှားနိုင်ပေ။ ထိုနည်းတူ ဘောင်မရှိသောစွန်သည် လေတိုက်နေ သော်လည်း မြေပြင်ပေါ်ကိုပဲ ပြန်ကျလာမည်ဖြစ်သည်။ မိုးကောင်းကင်အမြင့်သို့ စွန်လွှင့်တင်နိုင်ဖို့ရန် ဘောင်လိုအပ်ပါသည်။
ကျနော်တို့အသက်တာ၌ ခရစ်တော်၏အံ့ဩဖွယ်လုပ်ဆောင်ချက်မရှိလျှင် ကျနော်တို့၏ခန္ဓာကိုယ်သည် တစ်ရက်ပွင့်လန်း၍ နောက်ရက်၌ ညှိုးနွမ်းတတ် သောပန်းပွင့်ကဲ့သို့ဖြစ်သွားပေမည်။ သန့်ရှင်းသော ဝိညာဉ်တော်သည် တန်ခိုးနဲ့ ပြည့်စုံသော ဘုရားသခင်၏နှုတ်ကပတ်တော်အားဖြင့် ကျနော်တို့အသက်တာ ထဲသို့ ဝင်ရောက်လှုပ်ရှား၍ အသက်တာသစ်ကို ဖြစ်ပေါ်စေကာ ဝိညာဉ်ရေးရာပုံသွင်းခြင်း၊ တန်ခိုးနှင့် ရည်ရွယ်ချက်တို့ကို ပေးအပ်တော်မူ၏(၁ပေ၊၁:၂၄-၂၅)။ ခရစ်တော် မပါလျှင် ကျနော်တို့ဘာမျှမတတ်နိုင်။ သို့သော် ကိုယ်တော်ပါရှိလျှင် ကျနော်တို့ အသက်တာအားဖြင့် အံ့ဩဖွယ်ရာများ လုပ်ဆောင်သွားနိုင်သည်ကို ကျနော်တို့ သတိပြုသင့်သည်။
အသက်၏အနှစ်သာရသည် အသင်းတော်၌ အကျပ်အတည်းဖြစ်စေသည့် အခြေခံအကြောင်းရင်းကို ဖော်ထုတ်၍ တကယ့်ခေါင်းဆောင်မှုပညာ လေ့ကျင့် သင်ကြားခြင်းမှတဆင့် အသင်းတော်ထဲသို့ ဘုရားသခင်၏အသက် ပေါင်းစပ်ခြင်း အပေါ် အာရုံစိုက်ခြင်းအားဖြင့် လက်တွေ့ဆန်သော ဖြေရှင်းချက်များကို အကြံပြု စေ၏။ ဘုရားသခင်၏လူတို့အနေဖြင့် သူတို့၏အသင်းတော်များ၊ ကျမ်းစာကျောင်း များ၊ ကျောင်းများနှင့်ခေါင်းဆောင်များသည် မိမိတို့၏အသက်တာများကို အရင် ပြောင်းလဲအားဖြည့်ပြီးမှ အခြားသူများ၏အသက်တာများကို ပြောင်းလဲစေဖို့ရန် တန်ခိုးနဲ့ပြည့်စုံသောဘုရားသခင်၏သမ္မာတရားများကို တင်ဆက်သောသူများ ဖြစ်ကြောင်း အခိုင်အမာပြောဆိုဖို့လိုအပ်သည်။
ဘုရားသခင်၏လူတို့သည် မိမိတို့၏အသက်တာများ၌ ဘုရားသခင်၏ တန်ခိုးနှင့်ဝိညာဉ်ပိုင်းဆိုင်ရာ ရည်ရွယ်ချက်များတွင် ပြန်လည်နိုးကြားလာဖို့ လိုအပ် ပါသည်။ ဧဖက် ၄:၁၂-၁၆ က ကျနော်တို့အား ဤမြေကြီးပေါ်၌ ဘုန်းအသရေနဲ့ ပြည့်စုံသော ထမြောက်ခြင်းအသက်တာကို လိုက်စားရန် တိုက်တွန်းထား ပါသည်။ ဤစာအုပ်သည် ခရစ်ယာန်နဲ့စပ်ဆိုင်သည့် လေ့ကျင့်သင်ကြားခြင်းတစ်ခုတည်း ကိုသာ နားလည် သဘောပေါက်စေမှာမဟုတ်ပဲ ၎င်းနှင့်စပ်ဆိုင်သည့်ရည်မှန်းချက် ပန်းတိုင်များကို မည်ကဲ့သို့ရောက်ရှိရန် အထောက်အကူပြုသွားမည်ဖြစ်ပါသည်။
အခန်းတိုင်း၌ လေ့လာမှု၏အဓိကအချက်များ၊ ဆင်ခြင်စရာကျမ်းပိုဒ် များနှင့်သင်ယူစရာ မေးခွန်းများကို ထည့်သွင်းထားသည်။ ဝိညာဉ်ပိုင်းဆိုင်ရာ ကြီးထွားဖွံ့ဖြိုးမှု၏ဇယားနှစ်ခုကိုလည်း နောက်ဆက် တွဲပိုင်း၌ တွေ့မြင်နိုင်ပါသည်။
အသက်၏အနှစ်သာရ အကြောင်းသင်ကြားခြင်း၌ အသံအားဖြင့်ဖြစ်စေ၊ ဗီဒီယိုအားဖြင့်ဖြစ်စေ တွဲဖက်အသုံးပြုနိုင်ပါသည်။ အသင်းတော်၌ ဝိညာဉ် ရေးရာကြီးထွားမှု အစပြုခြင်း ဟူသောခေါင်းစဉ်သည် တပည့်တော် မွေးထုတ် ခြင်း၏အဓိကအကြောင်းအရာကို ဖော်ပြ၍ သင့်အသက်တာနှင့်အခြားသူများ၏ အသက်တာအတွက် ဝိညာဉ်ရေးရာအသက်တာ တဆင့်ပြီးတဆင့်ကြီးထွားခြင်းကို လက်တွေ့မြှင့်တင်ပေး သွားမည်ဖြစ်သည်။ ၎င်းကို D1 (BFF Discipleship #1 Digital) စာကြည့်တိုက်၌ တွေ့ရှိနိုင်သည်။
သမ္မာတရားသည် ရှင်သန်တိုးပွား၍ ဘုရားသခင်၏လူတို့သည်လည်း ပြန်လည်လန်းဆန်းကြ ပါစေသော။ ကျနော်တို့၏သာသနာလုပ်ငန်း ပြီးမြောက် နိုင်သော်လည်း ခရစ်ယာန်များအနေဖြင့် သူတို့၏ယုံကြည်ခြင်း၌ မည်ကဲ့သို့ ကြီးထွားရမည်ကို ပိုမိုရှင်းလင်းစွာ နားလည်သဘောပေါက်ဖို့လိုအပ်ပါသည်။ ယနေ့ မျိုးဆက်အနေဖြင့် ဤသင်ခန်းစာကို အသိပညာနှင့်နည်းပညာ၌သာ သက်သေခံ ခြင်းမဟုတ်ပဲ သခင်ဘုရားကို ပိုမိုနက်ရှိုင်းစွာသိရှိ၍ ဤအသိပညာ၊ ဝမ်းမြောက် ခြင်းနှင့် စိတ်အားထက်သန်ခြင်းတို့ကို အခြားသူများအား လက်ဆင့်ကမ်းပေး သူများဖြစ်ကြဖို့လိုပါသည်။
၂၀၁၂၊ ၂၀၁၄ ခုနှစ်၌ မွမ်းမံသည်။
Rev. Paul J. Bucknell
© Paul J. Bucknell · Burmese translation: ဓမ္မဆရာတော် ဦးဘီထန်း (Bee Htan) · Biblical Foundations for Freedom